သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီရဲ ႔ ဖိႏိွပ္မႈနဲ႔ ျပည္သူ႔ခုခံမႈ


A flash mob protest in Yangon, Myanmar, Sunday, July 11, 2021. (AP Photo)
စစ္ေကာင္စီရဲ ႔ ဖိႏိွပ္မႈနဲ႔ ျပည္သူ႔ခုခံမႈ
please wait

No media source currently available

0:00 0:05:32 0:00
တိုက္႐ိုက္ လင့္ခ္

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္း ျမန္မာျပည္အေရွ႕ေတာင္ပိုင္းေဒသမွာ စစ္ေကာင္စီတပ္ေတြ က်ဴးလြန္တဲ့ ရာဇဝတ္မႈ၊ ဖိႏွိပ္မႈ၊ မတရားမႈနဲ႔ ရက္စက္ၾကမ္းၾကဳတ္မႈေတြကို မွတ္တမ္းတင္ထားတဲ့ အစီရင္ခံစာ လြန္ခဲ့တဲ့လက ထြက္လာပါတယ္။ ဘယ္အဖြဲ႕အစည္းနဲ႔မွ ပတ္သက္ျခင္းမရွိတဲ့ သီးျခားလြတ္လပ္တဲ့ ကရင္လူ႔အခြင့္အေရးအဖြဲ႕ရဲ႕ စာမ်က္ႏွာတရာေက်ာ္ (၁၂၂) အစီရင္ခံစာ ျဖစ္ပါတယ္။ ဒီအဖြဲ႕ တည္ေထာင္ထားတာ အႏွစ္ (၃၀) နီးပါး ရွိေနပါၿပီ။ အေရွ႕ေတာင္ပိုင္းျဖစ္တဲ့ ေတာင္ငူ၊ ေညာင္ေလးပင္၊ ဖာပြန္၊ သထုံ၊ ေမာ္လၿမိဳင္၊ ဖားအံ၊ ၿမိတ္၊ ထားဝယ္စတဲ့ ေဒသေတြမွာ သတင္းစုေဆာင္းထားတယ္လို႔ ဆိုပါတယ္။

စစ္ေကာင္စီကို ဘုံရန္သူအျဖစ္ သတ္မွတ္ဖို႔ ေျပာၾကေပမယ့္ အရင္ကရွိခဲ့တဲ့ ေတာင္းဆိုခ်က္ကို ျပန္ၿပီးအားသစ္ေလာင္းတာမ်ိဳး ရွိပါတယ္။ ဥပမာ ဖာပြန္ခ႐ိုင္မွာ ဆႏၵျပသူေတြက အာဇာနည္ ေစာဘဦးႀကီးရဲ႕ မူ (၄) ရပ္ကို အေလးေပးပါတယ္။ လက္နက္မခ်ေရး၊ ကရင္ကံၾကမၼာ ကရင္ဖန္တီးေရးနဲ႔ ကရင္ျပည္ကို အသိအမွတ္ျပဳေရးေတြ အဓိကထားၾကပါတယ္။ စစ္အာဏာရွင္စနစ္ရဲ႕ဒဏ္ကို ႏွစ္ေပါင္းမ်ားစြာ ခံခဲ့ရတဲ့ ကရင္ျပည္သူေတြဟာ စနစ္ဆိုးေအာက္ ျပန္မေရာက္ခ်င္ၾကလို႔ ဆႏၵျပၾကတာလို႔ ဆိုပါတယ္။ ၿငိမ္းခ်မ္းတဲ့ ျပည္သူ႔ဆႏၵျပပြဲေတြ တျပည္လုံးမွာ ျဖစ္ေပၚလာသလို ကရင္ျပည္နယ္မွာလည္း ေပၚေပါက္လာပါတယ္။

ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြကို စစ္ေကာင္စီ လုံၿခဳံေရးတပ္က ၿခိမ္းေျခာက္၊ ဖမ္းဆီး၊ အၾကမ္းဖက္ၿပီး တုံ႔ျပန္ပါတယ္။ ဆႏၵျပသူမ်ားေလေလ အၾကမ္းဖက္မႈလည္း မ်ားေလေလ ျဖစ္လာပါတယ္။ လုံၿခဳံေရးတပ္ဖြဲ႕ေတြဟာ လက္နက္ပစၥည္းမ်ိဳးစုံကိုသုံးၿပီး ႏွိမ္နင္းဖို႔ ႀကိဳးပမ္းၾကပါတယ္။ ဆႏၵျပသူေတြကို ပစ္မွတ္ထားၿပီး အၾကမ္းဖက္တိုက္ခိုက္ပုံကို ေမးျမန္းခံရသူက ျပန္ေျပာၾကပါတယ္။ ျပည္သူေတြကို ေတြ႕တဲ့ေနရာမွာ တမင္ပစ္သတ္တဲ့ လူမဆန္တဲ့ လုပ္ရပ္ျဖစ္တယ္လို႔ လႈိင္းဘြဲ႕ၿမိဳ႕နယ္က ဆႏၵျပသူက ေျပာပါတယ္။ သတ္ျဖတ္မႈေတြ ရွိေပမယ့္ ဆႏၵျပဖို႔ စိတ္အားထက္သန္ၾကတယ္လို႔ ဖားအံၿမိဳ႕ေဒသခံတဦးက ေျပာပါတယ္။ အမ်ိဳးသမီးေတြကို စစ္ေကာင္စီတပ္သားေတြက ႐ိုက္ႏွက္ကန္ေၾကာက္တဲ့ ျဖစ္ရပ္ေတြလည္း ရွိပါတယ္။ ဖားအံမွာဆိုရင္ အမ်ိဳးသမီးေတြဟာ ဆႏၵျပတာကို ရပ္တန႔္ရတဲ့အထိ အေျခအေန ဆိုးသြားပါတယ္။

ဆႏၵျပပြဲေခါင္းေဆာင္ေတြနဲ႔ စီစဥ္သူေတြဟာ ေန႔တိုင္းေျပးလႊာေနရပါတယ္။ သူတို႔ကို စစ္သားေတြက မွတ္မိတဲ့အတြက္ အၿမဲတမ္း ေျပးလႊာပုန္းေအာင္းေနရပါတယ္။ အလြန္အကြၽံအင္အားသုံးၿပီး ဆႏၵျပပြဲေတြကို ၿဖိဳခြင္းေၾကာင္း အာဏာဖိဆန္ေရး လႈပ္ရွားမႈမွာ ပါဝင္လာတဲ့ စစ္သားနဲ႔ ရဲသားအခ်ိဳ႕က အတည္ျပဳပါတယ္။ စစ္သားက ရဲဝတ္စုံဝတ္ၿပီး ျပည္သူကို ပစ္ခတ္သတ္ျဖတ္ေနတာဟာ ရဲသားေတြကို ျပည္သူကမုန္းေအာင္ တမင္လုပ္ေနတာလို႔ ေျပာပါတယ္။ ဆႏၵျပသူေတြကလည္း အၾကမ္းဖက္မႈနဲ႔ ဖမ္းဆီးခံရမႈကို တိမ္းေရွာင္ႏိုင္ေအာင္ အဖြဲ႕ငယ္ေတြခြဲၿပီး ေနရာကြက္က်ား လွ်င္ျမန္စြာ ဆႏၵျပၾကပါတယ္။ ဖားအံၿမိဳ႕မွာ ဆႏၵျပလို႔ မရတဲ့အခါ ေက်း႐ြာေတြမွာ ဆႏၵျပၾကပါတယ္။ ဒါေၾကာင့္ ဆႏၵျပပြဲေတြ ပုံစံအမ်ိဳးမ်ိဳးနဲ႔ ေပၚထြက္လာတာ ျဖစ္ပါတယ္။ လုံၿခဳံေရးတပ္နဲ႔ ထိပ္တိုက္မေတြ႕ေအာင္ ေရွာင္ၾကရပါတယ္။

စစ္အာဏာသိမ္းၿပီး ေနာက္တေန႔မွာ ေပၚေပါက္လာတဲ့ CDM အာဏာဖီဆန္ေရး လႈပ္ရွားမႈမွာ ကရင္ျပည္နယ္လည္း တက္တက္ႂကြႂကြ ပါဝင္ပါတယ္။ KNU က ထိန္းခ်ဳပ္တဲ့ ခ႐ိုင္ (၇) ခုစလုံးမွာ CDM လုပ္သူေတြအတြက္ ခိုလႈံေရးစခန္းေတြ လုပ္ေပးပါတယ္။ စစ္တပ္ေအာက္မွာ အလုပ္မလုပ္ခ်င္လို႔ အာဏာဖီဆန္ေရး လႈပ္ရွားမႈမွာ ပါဝင္လာၾကတာပါ။ မတရားတဲ့အမိန႔္ကို မနာခံခ်င္လို႔ CDM လုပ္တာ ျဖစ္ပါတယ္။ ေဒသခံတိုင္းရင္းသား အာဏာပိုင္ေတြက CDM လုပ္သူေတြကို ေထာက္ပံ့ပါတယ္။ CDM ေထာက္ပံ့ေရးကြန္ရက္ေတြေတာင္ ေပၚေပါက္လာတာ ေတြ႕ရပါတယ္။ KNU နယ္ေျမကို လာေရာက္ခိုလႈံတဲ့ CDM လုပ္သူေတြဟာ စားဝတ္ေနေရး လုံၿခဳံေရးမွာ အဆင္ေျပၾကပါတယ္။ စစ္ေကာင္စီခန႔္ ရပ္႐ြာအုပ္ခ်ဳပ္ေရးမႉးေတြကို ဆန႔္က်င္ရတာဟာလည္း ေဒသခံေတြရဲ႕ ခုခံေရးတိုက္ပြဲတခု ျဖစ္လာပါတယ္။

စစ္အာဏာသိမ္းတာကို ကန႔္ကြက္ဆႏၵျပၾကတဲ့ ျပည္သူလူထုကို စစ္ေကာင္စီက ရန္သူလို သေဘာထားၿပီး တိုက္ခိုက္ေခ်မႈန္းတာေၾကာင့္ အသက္ေပါင္းမ်ားစြာ ဆုံးရႈံးၿပီး၊ အိုးအိမ္မဲ့တဲ့ ဒုကၡသည္ဦးေရ သိန္းနဲ႔ခ်ီၿပီး ရွိလာပါတယ္။ ေက်းလက္ေတာ႐ြာေတြကို စစ္ေကာင္စီတပ္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္မႈနဲ႔ ေလယာဥ္နဲ႔ ဗုံးႀကဲမႈေတြေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနရသူဦးေရလည္း တိုးပြားေနပါတယ္။ ႐ြာသူ႐ြာသားေတြဟာ ကိုဗစ္ေရာဂါ ကူးစက္ခံရမွာကို အာ႐ုံမစိုက္ႏိုင္ေတာ့ဘဲ စစ္ေကာင္စီတပ္ အႏၲရာယ္ကိုပဲ ေၾကာက္႐ြံေနၾကရတယ္လို႔ ထြက္ေျပးလာသူေတြက ေျပာၾကပါတယ္။

စစ္တပ္ရဲ႕ အၾကမ္းဖက္မႈေတြကို ဘိုးဘြားလက္ထက္ကတည္းက ေတြ႕ႀကဳံခံစားခဲ့ရပါတယ္။ စစ္အာဏာရွင္ေခတ္မွာ ၿငိမ္းခ်မ္းမႈနဲ႔ ေမတၱာတရား ကင္းမဲ့ေနတာကို တိုင္းရင္းသားေတြ သိၾကပါတယ္။ စစ္အာဏာရွင္စနစ္ကို ဖ်က္ဆီးပစ္မွသာ မ်ိဳးဆက္သစ္ေတြရဲ႕ဘဝ ရွင္သန္ႏိုင္လိမ့္မယ္လို႔ ယုံၾကည္သူေတြ မ်ားပါတယ္။ စစ္ေကာင္စီနဲ႔ ေစ့စပ္ညႇိႏႈိင္းလို႔ အက်ိဳးရွိမွာ မဟုတ္ဘူးလို႔ အမ်ားစုက ယုံၾကည္ေပမယ့္ လူတစုကေတာ့ ၿငိမ္းခ်မ္းတဲ့နည္းနဲ႔ အေျဖရွာႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေနဆဲ ျဖစ္ပါတယ္။ ျပည္သူက လက္ခံထားလို႔သာ စစ္အာဏာရွင္စနစ္ တည္ရွိေနတာျဖစ္လို႔ ျပည္သူက လက္မခံေတာ့တဲ့အခါမွာ ပ်က္စီးရမယ္လို႔ အမ်ားစုက ယုံၾကည္ေၾကာင္း ကရင္လူ႔အခြင့္အေရး အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။


==Unicode ===

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာပြည်အရှေ့တောင်ပိုင်းဒေသမှာ စစ်ကောင်စီတပ်တွေ ကျူးလွန်တဲ့ ရာဇဝတ်မှု၊ ဖိနှိပ်မှု၊ မတရားမှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို မှတ်တမ်းတင်ထားတဲ့ အစီရင်ခံစာ လွန်ခဲ့တဲ့လက ထွက်လာပါတယ်။ ဘယ်အဖွဲ့အစည်းနဲ့မှ ပတ်သက်ခြင်းမရှိတဲ့ သီးခြားလွတ်လပ်တဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့ရဲ့ စာမျက်နှာတရာကျော် (၁၂၂) အစီရင်ခံစာ ဖြစ်ပါတယ်။ ဒီအဖွဲ့ တည်ထောင်ထားတာ အနှစ် (၃၀) နီးပါး ရှိနေပါပြီ။ အရှေ့တောင်ပိုင်းဖြစ်တဲ့ တောင်ငူ၊ ညောင်လေးပင်၊ ဖာပွန်၊ သထုံ၊ မော်လမြိုင်၊ ဖားအံ၊ မြိတ်၊ ထားဝယ်စတဲ့ ဒေသတွေမှာ သတင်းစုဆောင်းထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကို ဘုံရန်သူအဖြစ် သတ်မှတ်ဖို့ ပြောကြပေမယ့် အရင်ကရှိခဲ့တဲ့ တောင်းဆိုချက်ကို ပြန်ပြီးအားသစ်လောင်းတာမျိုး ရှိပါတယ်။ ဥပမာ ဖာပွန်ခရိုင်မှာ ဆန္ဒပြသူတွေက အာဇာနည် စောဘဦးကြီးရဲ့ မူ (၄) ရပ်ကို အလေးပေးပါတယ်။ လက်နက်မချရေး၊ ကရင်ကံကြမ္မာ ကရင်ဖန်တီးရေးနဲ့ ကရင်ပြည်ကို အသိအမှတ်ပြုရေးတွေ အဓိကထားကြပါတယ်။ စစ်အာဏာရှင်စနစ်ရဲ့ဒဏ်ကို နှစ်ပေါင်းများစွာ ခံခဲ့ရတဲ့ ကရင်ပြည်သူတွေဟာ စနစ်ဆိုးအောက် ပြန်မရောက်ချင်ကြလို့ ဆန္ဒပြကြတာလို့ ဆိုပါတယ်။ ငြိမ်းချမ်းတဲ့ ပြည်သူ့ဆန္ဒပြပွဲတွေ တပြည်လုံးမှာ ဖြစ်ပေါ်လာသလို ကရင်ပြည်နယ်မှာလည်း ပေါ်ပေါက်လာပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စစ်ကောင်စီ လုံခြုံရေးတပ်က ခြိမ်းခြောက်၊ ဖမ်းဆီး၊ အကြမ်းဖက်ပြီး တုံ့ပြန်ပါတယ်။ ဆန္ဒပြသူများလေလေ အကြမ်းဖက်မှုလည်း များလေလေ ဖြစ်လာပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေဟာ လက်နက်ပစ္စည်းမျိုးစုံကိုသုံးပြီး နှိမ်နင်းဖို့ ကြိုးပမ်းကြပါတယ်။ ဆန္ဒပြသူတွေကို ပစ်မှတ်ထားပြီး အကြမ်းဖက်တိုက်ခိုက်ပုံကို မေးမြန်းခံရသူက ပြန်ပြောကြပါတယ်။ ပြည်သူတွေကို တွေ့တဲ့နေရာမှာ တမင်ပစ်သတ်တဲ့ လူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ လှိုင်းဘွဲ့မြို့နယ်က ဆန္ဒပြသူက ပြောပါတယ်။ သတ်ဖြတ်မှုတွေ ရှိပေမယ့် ဆန္ဒပြဖို့ စိတ်အားထက်သန်ကြတယ်လို့ ဖားအံမြို့ဒေသခံတဦးက ပြောပါတယ်။ အမျိုးသမီးတွေကို စစ်ကောင်စီတပ်သားတွေက ရိုက်နှက်ကန်ကြောက်တဲ့ ဖြစ်ရပ်တွေလည်း ရှိပါတယ်။ ဖားအံမှာဆိုရင် အမျိုးသမီးတွေဟာ ဆန္ဒပြတာကို ရပ်တန့်ရတဲ့အထိ အခြေအနေ ဆိုးသွားပါတယ်။

ဆန္ဒပြပွဲခေါင်းဆောင်တွေနဲ့ စီစဉ်သူတွေဟာ နေ့တိုင်းပြေးလွှာနေရပါတယ်။ သူတို့ကို စစ်သားတွေက မှတ်မိတဲ့အတွက် အမြဲတမ်း ပြေးလွှာပုန်းအောင်းနေရပါတယ်။ အလွန်အကျွံအင်အားသုံးပြီး ဆန္ဒပြပွဲတွေကို ဖြိုခွင်းကြောင်း အာဏာဖိဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်လာတဲ့ စစ်သားနဲ့ ရဲသားအချို့က အတည်ပြုပါတယ်။ စစ်သားက ရဲဝတ်စုံဝတ်ပြီး ပြည်သူကို ပစ်ခတ်သတ်ဖြတ်နေတာဟာ ရဲသားတွေကို ပြည်သူကမုန်းအောင် တမင်လုပ်နေတာလို့ ပြောပါတယ်။ ဆန္ဒပြသူတွေကလည်း အကြမ်းဖက်မှုနဲ့ ဖမ်းဆီးခံရမှုကို တိမ်းရှောင်နိုင်အောင် အဖွဲ့ငယ်တွေခွဲပြီး နေရာကွက်ကျား လျှင်မြန်စွာ ဆန္ဒပြကြပါတယ်။ ဖားအံမြို့မှာ ဆန္ဒပြလို့ မရတဲ့အခါ ကျေးရွာတွေမှာ ဆန္ဒပြကြပါတယ်။ ဒါကြောင့် ဆန္ဒပြပွဲတွေ ပုံစံအမျိုးမျိုးနဲ့ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ လုံခြုံရေးတပ်နဲ့ ထိပ်တိုက်မတွေ့အောင် ရှောင်ကြရပါတယ်။

စစ်အာဏာသိမ်းပြီး နောက်တနေ့မှာ ပေါ်ပေါက်လာတဲ့ CDM အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ကရင်ပြည်နယ်လည်း တက်တက်ကြွကြွ ပါဝင်ပါတယ်။ KNU က ထိန်းချုပ်တဲ့ ခရိုင် (၇) ခုစလုံးမှာ CDM လုပ်သူတွေအတွက် ခိုလှုံရေးစခန်းတွေ လုပ်ပေးပါတယ်။ စစ်တပ်အောက်မှာ အလုပ်မလုပ်ချင်လို့ အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်လာကြတာပါ။ မတရားတဲ့အမိန့်ကို မနာခံချင်လို့ CDM လုပ်တာ ဖြစ်ပါတယ်။ ဒေသခံတိုင်းရင်းသား အာဏာပိုင်တွေက CDM လုပ်သူတွေကို ထောက်ပံ့ပါတယ်။ CDM ထောက်ပံ့ရေးကွန်ရက်တွေတောင် ပေါ်ပေါက်လာတာ တွေ့ရပါတယ်။ KNU နယ်မြေကို လာရောက်ခိုလှုံတဲ့ CDM လုပ်သူတွေဟာ စားဝတ်နေရေး လုံခြုံရေးမှာ အဆင်ပြေကြပါတယ်။ စစ်ကောင်စီခန့် ရပ်ရွာအုပ်ချုပ်ရေးမှူးတွေကို ဆန့်ကျင်ရတာဟာလည်း ဒေသခံတွေရဲ့ ခုခံရေးတိုက်ပွဲတခု ဖြစ်လာပါတယ်။

စစ်အာဏာသိမ်းတာကို ကန့်ကွက်ဆန္ဒပြကြတဲ့ ပြည်သူလူထုကို စစ်ကောင်စီက ရန်သူလို သဘောထားပြီး တိုက်ခိုက်ချေမှုန်းတာကြောင့် အသက်ပေါင်းများစွာ ဆုံးရှုံးပြီး၊ အိုးအိမ်မဲ့တဲ့ ဒုက္ခသည်ဦးရေ သိန်းနဲ့ချီပြီး ရှိလာပါတယ်။ ကျေးလက်တောရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုနဲ့ လေယာဉ်နဲ့ ဗုံးကြဲမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူဦးရေလည်း တိုးပွားနေပါတယ်။ ရွာသူရွာသားတွေဟာ ကိုဗစ်ရောဂါ ကူးစက်ခံရမှာကို အာရုံမစိုက်နိုင်တော့ဘဲ စစ်ကောင်စီတပ် အန္တရာယ်ကိုပဲ ကြောက်ရွံနေကြရတယ်လို့ ထွက်ပြေးလာသူတွေက ပြောကြပါတယ်။

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ဘိုးဘွားလက်ထက်ကတည်းက တွေ့ကြုံခံစားခဲ့ရပါတယ်။ စစ်အာဏာရှင်ခေတ်မှာ ငြိမ်းချမ်းမှုနဲ့ မေတ္တာတရား ကင်းမဲ့နေတာကို တိုင်းရင်းသားတွေ သိကြပါတယ်။ စစ်အာဏာရှင်စနစ်ကို ဖျက်ဆီးပစ်မှသာ မျိုးဆက်သစ်တွေရဲ့ဘဝ ရှင်သန်နိုင်လိမ့်မယ်လို့ ယုံကြည်သူတွေ များပါတယ်။ စစ်ကောင်စီနဲ့ စေ့စပ်ညှိနှိုင်းလို့ အကျိုးရှိမှာ မဟုတ်ဘူးလို့ အများစုက ယုံကြည်ပေမယ့် လူတစုကတော့ ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာနိုင်လိမ့်မယ်လို့ ယုံကြည်နေဆဲ ဖြစ်ပါတယ်။ ပြည်သူက လက်ခံထားလို့သာ စစ်အာဏာရှင်စနစ် တည်ရှိနေတာဖြစ်လို့ ပြည်သူက လက်မခံတော့တဲ့အခါမှာ ပျက်စီးရမယ်လို့ အများစုက ယုံကြည်ကြောင်း ကရင်လူ့အခွင့်အရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG