သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီကာကွယ်ရေးတပ်ဖွဲ့


This photo taken on July 7, 2021 shows members of the Karenni People Defense Force (KPDF) taking part in military training at their camp near Demoso in Kayah state. - In their camp hidden in the forested hills of Kayah state near the Thai border, Myanmar. (Photo by STR / AFP)
This photo taken on July 7, 2021 shows members of the Karenni People Defense Force (KPDF) taking part in military training at their camp near Demoso in Kayah state. - In their camp hidden in the forested hills of Kayah state near the Thai border, Myanmar. (Photo by STR / AFP)
ကရင်နီကာကွယ်ရေးတပ်ဖွဲ့
please wait

No media source currently available

0:00 0:05:32 0:00
တိုက်ရိုက် လင့်ခ်

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

(((ဦးအောင်ခင်ရဲ့ ဒီသတင်းဆောင်းပါးမှာ “ကရင်ပြည်နယ်” လို့ စာစီအမှား ၃ ခုကို “ကရင်နီပြည်နယ်” ဟုပြန်လည်ပြင်ဆင်ထားပြီးဖြစ်ပါတယ်။ မူလ ရေဒီယိုအသံလွှင့်ချက်မှာ အမှားမပါရှိပါ။")))

ကယားပြည်နယ်လို့ မြန်မာအစိုးရသတ်မှတ်ထားတဲ့ ကရင်နီပြည်နယ်မှာ အင်အားအကြီးဆုံး အဖွဲ့အစည်းဟာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဖြစ်ပါတယ်။ ပါတီရဲ့တပ်ဖွဲ့ဖြစ်တဲ့ ကရင်နီတပ်မတော်ဟာ သက်တမ်းအနှစ် (၆၀) ကျော်ရှိတဲ့ ဝါရင့်စစ်တပ် ဖြစ်ပါတယ်။ ၂၀၁၂ မှာ ဦးသိန်းစိန်အစိုးရနဲ့ အပစ်ရပ်သဘောတူချက် လက်မှတ်ထိုးနိုင်တဲ့အတွက် စစ်ကောင်စီ တက်လာချိန်အထိ ကရင်နီဒေသဟာ စစ်ပွဲနဲ့ ကင်းဝေးခဲ့ပါတယ်။ ကရင်နီတပ်မတော်ဟာ စစ်အာဏာသိမ်းချိန်မှာ အင်အား (၂၀၀၀) ဝန်းကျင်သာ ရှိလိမ့်မယ်လို့ ခန့်မှန်းကြပေမယ့် အခုတော့ အင်အား (၈၀၀၀) ဝန်းကျင် ရှိနေပြီလို့ သိရပါတယ်။

စစ်ကောင်စီ ဖြုတ်ချရေးအတွက် ဒေသခံပြည်သူတွေ ဖွဲ့စည်းထားတဲ့ ကရင်နီကာကွယ်ရေးတပ်မှာ တပ်ရင်း (၁၈) ရင်းလောက်အထိ ရှိလာနိုင်တယ်လို့ ဇူလိုင်လ (၈) ရက်နေ့ထုတ် ကန္တာရဝတီတိုင်းမ် သတင်းစာစောင်မှာ ဖော်ပြထားပါတယ်။ အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓါတ်ကြောင့် လက်နက်ကိုင်ချင်တဲ့ အရပ်သားတွေ များပြားလာပါတယ်။ စစ်သင်တန်းပေးလို့ စစ်သည်တွေ များပြားလာပေမယ့် ကြီးကြပ်မယ့် စစ်ဦးစီးနဲ့ ဗျူးဟာမှူးတွေ လိုအပ်နေပါတယ်။ ကရင်နီတပ်မတော်ရဲ့ စစ်ဦးစီးချုပ်ဟာ ကရင်နီကာကွယ်ရေးတပ်ရဲ့ စစ်ဦးစီးချုပ် ဖြစ်လာရတယ်လို့ ကန္တာရဝတီတိုင်းမ်က ဆိုပါတယ်။

ကရင်နီပြည်နယ်မှာ လက်နက်ကိုင်တပ်ဖွဲ့ (၆) ဖွဲ့လောက် ရှိပေမယ့် အင်အားတရာမပြည့်တဲ့ အဖွဲ့လေး (၃) ဖွဲ့ဟာ နဝတစစ်အစိုးရခေတ်မှာ လက်နက်ချအညံ့ခံသွားပါတယ်။ ဒါကြောင့် အင်အားထောင်နဲ့ချီရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့ (၃) ဖွဲ့သာ ကရင်နီပြည်နယ်မှာ ကျန်ရှိနေပါတယ်။ ကရင်နီအမျိုးသားတိုးတက်ရေး KNPP ဟာ အင်အားအကြီးဆုံး ဖြစ်ပါတယ်။ KNPP က ခွဲထွက်သွားတဲ့ ‘ကလလတ’ အဖွဲ့မှာ အင်အား (၂၀၀၀) လောက်ဝန်းကျင်ရှိပြီး ၂၀၀၉ မှာ ဗမာ့တပ်မတော်ရဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ် ဖြစ်လာပါတယ်။ ‘ကလလတ’ ဟာ ကရင်နီလူမျိုးစုပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး ဖြစ်ပါတယ်။ ကရင်နီပြည်နယ်မှာ ကယား၊ ကယန်း၊ ကယော၊ ယင်းဘော်၊ ယင်းတလဲ၊ ဂေခို၊ ဂေဘား စသည်ဖြင့် တိုင်းရင်းသားမျိုးနွယ်တွေ ရှိတာကို ဖော်ပြတာဖြစ်ပုံရပါတယ်။ စစ်သည်အင်အား (၁၅၀၀) ဝန်းကျင်ရှိတဲ့ ကယန်းပြည်သစ်ပါတီကတော့ တတိယအင်အားအကြီးဆုံးတပ်ဖွဲ့ ဖြစ်ပါတယ်။

ကရင်နီပြည်နယ်က နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်ဟာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ KNPP, KNDF ကရင်နီကာကွယ်ရေးတပ်ကို တိုက်ခိုက်တာမျိုး မလုပ်သေးကြောင်း သိရပါတယ်။ ပြည်သူတွေ စစ်ရှောင်နိုင်အောင် ‘ကလလတ’ နဲ့ ကယန်းပြည်သစ်ပါတီတို့က ပန်ကြားတဲ့အတွက် ခေတ္တခဏ အပစ်ရပ်ထားပေမယ့် စစ်ကောင်စီတပ်နဲ့ စေ့စပ်ဆွေးနွေးပြီး အပစ်ရပ်ထားတာ မဟုတ်တဲ့အတွက် အနှေးနဲ့အမြန် တိုက်ပွဲပြန်ဖြစ်နိုင်တယ်လို့ KNDF ဦးဆောင်ကော်မတီဝင်တဦးက ကန္တာရဝတီတိုင်းမ်ကို ရှင်းပြပါတယ်။ KNDF ကရင်နီကာကွယ်ရေးတပ်ဟာ လူထုတပ်ဖွဲ့ဖြစ်လို့ အခြားလက်နက်ကိုင်တွေနဲ့ နားလည်မှုယူထားတဲ့ အခြေအနေဖြစ်ပြီး စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်တဲ့အဆင့် မရှိသေးဘူးလို့ ဆိုပါတယ်။

ဒေသခံလက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး တညီတညွှတ်တည်း ပူးပေါင်းဆောင်ရွက်နိုင်ရင် စစ်ကောင်စီကို တိုက်တဲ့နေရာမှာ ထိခိုက်မှုအနည်းဆုံးနဲ့ အောင်မြင်မှုအများဆုံး ဖြစ်လာလိမ့်မယ်လို့ KNDF လူထုတပ်ဖွဲ့က ယုံကြည်ကြပါတယ်။ ဒီလိုမဖြစ်ခဲ့ရင်လဲ KNDF လူထုတပ်ဖွဲ့ဟာ သိန္နိဌာန်ချထားတဲ့အတိုင်း ဆက်လက်တိုက်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အခြားလက်နက်ကိုင်တွေနဲ့ ပူးပေါင်းဖို့ မဖြစ်နိုင်တောင် နားလည်မှုတွေထားပြီး ကြားနေနိုင်လိမ့်မယ်လို့ လူထုတပ်ဖွဲ့က မျှော်လင့်ပါတယ်။ အခုဆိုရင် လွိုင်ကော်မြို့တော်အပါအဝင် မြို့တွေမှာ တိုက်ပွဲဖြစ်တဲ့အတွက် စစ်ရှောင်သူဦးရေ တိုးပွားနေပါတယ်။ ဒီမော့ဆို၊ နန်းမယ်ခုံနဲ့ မိုးဗြဲမှာ မြို့ပျက်သလို ဖြစ်သွားလို့ မြို့ကိုပစ်ပြီးစွန့်ခွါသွားကြတဲ့ စစ်ရှောင်သူတွေဦးရေ စုစုပေါင်းဟာ တစ်သိန်းလောက် ရှိနိုင်တယ်လို့ KNDF လူထုတပ်ဖွဲ့က ခန့်မှန်းပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ကြီးတွေက ခွဲထွက်ပြီး သီးခြားတပ်ဖွဲ့ တည်ထောင်ထားတဲ့ အုပ်စုလေးတွေကို တပ်မတော်က စည်းရုံးသိမ်းသွင်းပြီး နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ တည်ထောင်ထားပါတယ်။ နယ်ခြားစောင့်တပ်ကို တပ်မတော်က ရိက္ခာထောက်ပံ့ပြီး ပြည်သူ့စစ်ကိုတော့ စီးပွားရှာခွင့်ပေးပါတယ်။ ဒီတပ်ဖွဲ့တွေဟာ မိမိတို့ဘဝရပ်တည်ရေးအတွက် တပ်မတော်နဲ့ ဆက်ဆံကြရတာမို့ ယုံကြည်ချက်မရှိတာများပါတယ်။ တိုင်းရင်းသားအချင်းချင်း သတ်ဖြတ်ကုန်အောင် တပ်မတော်က စီစဉ်ထားတဲ့ လှည့်ကွက်တွေ ဖြစ်ပါတယ်။ ကရင်ပြည်နယ်မှာ ဒီလိုတိုက်ပွဲမျိုး အများဆုံး ဖြစ်ပွားပါတယ်။

စစ်အာဏာရှင် တိုက်ဖျက်ရေးမှာ အခုဆင်နွှဲနေတဲ့ လူထုတော်လှန်ရေးဟာ အကောင်းဆုံးအခွင့်အလမ်း ဖြစ်တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ အေဘယ်လ်တွိ က ပြောပါတယ်။ ဒါကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ လက်တွဲပြီး ကရင်နီတပ်မတော်က တိုက်ပွဲဝင်နေတာလို့ ဆိုပါတယ်။ ဒီတခါမှ ပြုတ်အောင်မတိုက်နိုင်ရင် နောက်ထပ်မတိုက်နိုင်တော့ဘူးလို့ ကန္တာရဝတီတိုင်းမ်စာစောင်နဲ့ တွေ့ဆုံစဉ် အောက်တိုဘာလ (၅) ရက်နေ့က ပြောသွားပါတယ်။ ဒါကြောင့် စုစုစည်းစည်း တိုက်ပွဲဝင်ကြရင် စစ်အာဏာရှင် ကျဆင်းချိန်ကို ရောက်လိမ့်မယ်လို့ KNPP ဥက္ကဋ္ဌ အေဘယ်လ်တွိက ယုံကြည်ပါတယ်။


== Unicode ==










XS
SM
MD
LG