သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေျပာင္းအလဲ ဘယ္အေပၚ တည္သလဲ


This picture taken on June 1, 2021 shows people taking refuge in a jungle area in Demoso, Kayah state, after they fled from conflict zones where fighting between the Myanmar military and members of the People's Defence Force (PDF) took place as the countr
အေျပာင္းအလဲ ဘယ္အေပၚ တည္သလဲ
please wait

No media source currently available

0:00 0:10:35 0:00
တိုက္႐ိုက္ လင့္ခ္

ေရွ႕မတိုးေနာက္မဆုတ္ ျဖစ္ေနတဲ့ ျမန္မာ့အက်ပ္အတည္းကို ေက်ာ္လႊားႏိုင္ေရးမွာ ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ လုပ္ေဆာင္ႏိုင္မႈဟာ အကန႔္အသတ္ေတြ ရွိေနတယ္လို႔ ဝါရွင္တန္ၿမိဳ႕ေတာ္ အေျခစိုက္ "မဟာဗ်ဴဟာ ႏွင့္ ႏိုင္ငံတကာ ေလ့လာေရးဌာန (CSIS)” က အေရွ႕ေတာင္အာရွေရးရာ သုေတသီ Michael Martin က ဆိုပါတယ္။ အဲဒီေတာ့ လက္ရွိ ျမန္မာ့ျပႆနာကို ေက်ာ္လႊားလြန္ေျမာက္ေစႏိုင္မဲ့ အင္အားက ဘယ္မွာရွိေနပါသလဲ၊ သုေတသီ Michael Martin နဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ျမန္မာႏိုင္ငံအပါအဝင္ အေရွ ႔ေတာင္အာရွေရးရာကို ႏွစ္ေပါင္း (၃၀) ေလာက္ ေစာင့္ၾကည့္ေလ့လာ သုေတသနျပဳခဲ့တဲ့ ပညာရွင္တေယာက္ကို အခုလို ေဆြးေႏြးေမးျမန္းခြင့္ရတဲ့အတြက္ အထူးပဲေက်းဇူးတင္ပါတယ္။ က်ေနာ္က Michael ကို အခုေမးရမွာ ပထမဦးဆံုးအႀကိမ္ ျဖစ္ေပမဲ့လဲ Michael ေရးတဲ့ ေဆာင္းပါးေတြကို အမ်ားအျပားဖတ္ဖူးတဲ့ စာဖတ္ပရိသတ္တေယာက္လည္း ျဖစ္ပါတယ္။ ဆုိေတာ့ ပထမဦးဆံုး ေမးခ်င္တဲ့ေမးခြန္းကေတာ့ ျမန္မာႏုိင္ငံမွာ ေလာေလာဆယ္ ျဖစ္ေနတဲ့ ပဋိပကၡ။ ဒီပဋိပကၡေတြက အင္မတန္မွ ဆိုးဝါးလွပါတယ္။ ႏိုင္ငံေရးအားျဖင့္ ေရွ ႔မတိုးေနာက္မဆုတ္ ျဖစ္ေနရံုသာမကဘူး၊ ဒီအေပၚမွာ အေျခခံၿပီးေတာ့ ျပည္သူလူထုရဲ ႔ စားဝတ္ေနေရး၊ က်န္းမာေရး၊ ပညာေရး အဘက္ဘက္က အဆမတန္ဆိုးယုတ္က်ဆင္းေနခ်ိန္ ျဖစ္ပါတယ္။ ဆိုေတာ့ ဒီေနရာကေနၿပီးေတာ့ ထြက္ေပါက္တစံုတရာ ရရိွမယ့္အေျခအေနကို Michael ဘယ္လို သံုးသပ္မိပါသလဲ။ မၾကာခင္အခ်ိန္အတြင္းမွာ ဒါမ်ဳိးေတြ ျမင္လာရလိမ့္မယ္လိုမ်ား ထင္မိပါသလား။ ဒါကို ပထမဦဆံုး ေျပာေပးပါ။

ေျဖ ။ ။ ဒီအခ်ိန္မွာေတာ့ မျဖစ္ေသးဘူးလို႔ပဲ ဝမ္းနည္းစြာျဖင့္ ေျပာရပါလိမ့္မယ္။ စစ္ေကာင္စီအေနနဲ႔ ထိုးစစ္ေတြကို ဆက္လက္လုပ္ေဆာင္သြားမယ္လုိ႔ ဆႏၵရိွတာကို ေတြ႔ရပါတယ္။ စစ္သားေဟာငး္ေတြကိုေတာင္ပဲ ျပန္ၿပီးေတာ့ တာဝန္ထမ္းေဆာင္ေနတာေတြလည္း ရိွပါတယ္။ ဆိုေတာ့ကာ ေတြ႔ဆံုေဆြးေႏြးေရး လမ္းဖြင့္ထားတာ မေတြ႔ရေသးပါဘူး။

ေမး ။ ။ ဟုတ္ကဲ့ … ဒီလိုနဲ႔ (၁၀) လ ေက်ာ္လာခဲ့ပါၿပီ။ အတိုက္အခံဘက္ကေတာ့ PDF ေတြ၊ EAO တခ်ဳိ ႔ကလည္း အရိွန္ျမွင့့္ၿပီးေတာ့ တိုက္ေနၾကတာကို ေတြ႔ရပါတယ္။ သူေသကိုယ္ေသ တုိက္တဲ့တိုက္ပြဲလို႔ ဆိုၾကပါစို႔။ ျပည္သူလူထု ဆင္းရဲမႈကလည္း အင္မတန္ ဆိုးဆိုးဝါးဝါး ျဖစ္ေနပါၿပီ။ ဒီအေျခအေနမွာ ႏုိင္ငံတကာအသိုင္းအဝိုင္းကလည္း ျပည္သူေတြရဲ ႔ အျမင္အတိုင္း ေျပာရရင္ ေလသံပဲပစ္ေနၾကတယ္။ ထိထိေရာက္ေရာက္ ဘာမွလုပ္မေပးဘူးလို႔ ဆုိေနၾကပါတယ္။ ဘယ္လိုသေဘာရပါသလဲ။

ေျဖ ။ ။ အေမရိကန္သံအမတ္ေဟာင္း Bill Richardson, ဂ်ပန္က ဆာဆာကာဝါတုိ႔ မၾကာခင္ကပဲ သြားေရာက္ခဲ့ေပမယ့္ ျမန္မာ့အက်ပ္အတည္း ေျပလည္မည့္ကိစၥကို မၾကားရေသးပါဘူး။ တရုတ္ - အာဆီယံ ေဆြးေႏြးပြဲဟာ စစ္ေကာင္စီကို မဖိတ္ဘဲ က်င္းပသြားပါတယ္။ က်ေနာ္ၾကားမိသေလာက္ စစ္ေကာင္စီအေနနဲ႔ ေစ့စပ္ေဆြးေႏြးေရး လက္မခံတဲ့ကိစၥ တရုတ္ဘက္က အေတာ္ေလးကသိကေအာက္ ျဖစ္ေနတယ္လို႔ ဆိုပါတယ္။ တကယ္ေတာ့ စစ္တပ္ဘက္ကလည္း အက်အဆံုးေတြ အမ်ားႀကီး ရိွတာပါ။ ဒီလိုအေျခအေနမ်ဳိးမွာ သူတုိ႔ဟာ သူတုိ႔ရဲ ႔ မဟာဗ်ဴဟာကို ျပန္လည္သံုးသပ္ႏိုင္ပါတယ္။ ယာယီအပစ္အခတ္္ရပ္စဲေရးအတြက္ ေဆြးေႏြးညိွႏိႈင္းၾကမလား။ ဒီလိုသာဆို တုိက္ပြဲေတြ တစံုတရာ အရိွန္ေလ်ာ့သြားလိမ့္မယ္လို႔ ထင္ပါတယ္။

ေမး ။ ။ ဆိုေတာ့ အဲဒီအဆင့္ကို ေရာက္ဖို႔အတြက္ေကာ ႏိုင္ငံတကာအသိုင္းအဝိုင္းက တြန္းတြန္းတိုက္တိုက္ လုပ္ေပးဖို႔ မလိုေပဘူးလား။ ဒီအတြက္လဲ သိပ္ၿပီးေတာ့ တြန္းတြန္းတိုက္တိုက္ မရိွလာဘူးလို႔ တခ်ဳိ ႔က သံုးသပ္ၾကတယ္။ ျမန္မာႏိုင္ငံဟာ ႏုိင္ငံတကာအသိုင္းအဝိုင္းအတြက္ ႏုိင္ငံေရးအရင္းအႏီွး စိုက္ထုတ္ၿပီးေတာ့ တြန္းအားေပးေလာက္ေအာင္ အေရးမပါတဲ့ အေျခအေနမ်ား ရိွေနသလား။ ဥပမာေျပာရရင္ အေမရိကန္အတြက္ဆိုပါေတာ့ - Richardson သြားတယ္။ သူတုိ႔အေမရိကန္ႏိုင္ငံသား သတင္းေထာက္ကို ျပန္ေခၚထုတ္သြားတယ္။ ဒါ့အျပင္ ဘာမွေရွ ႔တုိးလာတာ မေတြ႔ရဘူး။

ေျဖ ။ ။ ၿပီးခဲ့တဲ့အပတ္ကပဲ အေမရိကန္နဲ႔ တျခားႏုိင္ငံေတြက ျမန္မာစစ္တပ္ကို လက္နက္မပို႔ဘို႔ ေၾကညာခ်က္ထုတ္ျပန္ခဲ့တာကို ၾကည့္မယ္ဆိုရင္ တိုက္ခိုက္မႈေတြ ရပ္တန္႔ဖို႔ လိုလားတယ္ဆိုတာကို ေတြ႔ရပါတယ္။ ဒါေပမဲ့ က်ေနာ္တို႔ သိတဲ့အတုိင္းပါပဲ တပ္မေတာ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္ေတြပါ အေသးစားလက္နက္ေတြကို ကိုယ္တုိင္ထုတ္လုပ္ႏိုင္ၾကတာပါ။ ဘာပဲေျပာေျပာ အေမရိကန္ႏုိင္ငံအေနနဲ႔ကေတာ့ တုိက္ပြဲေတြ ရပ္တန္႔ေစခ်င္တာပါ။ အေမရိကန္လြႊတ္ေတာ္ကလည္း ျမန္မာျပည္တြင္း စီးပြားေရးလုပ္ငန္းနဲ႔ တျခားေဆာင္ရြက္ခ်က္ေတြ ပိုမိုထိန္းခ်ဳပ္ဖို႔ အဆိုျပဳတာေတြ ရိွပါတယ္။ ဒါေပမဲ့ အဲဒီအဆုိျပဳခ်က္ေတြက တန္းစီေစာင့္ေနရတုန္းပါ။ ေအာက္လႊတ္ေတာ္က အတည္ျပဳၿပီး၊ အထက္လႊတ္ေတာ္မွာ အျခားပိုအေရးႀကီးတဲ့ကိစၥေတြ ရိွေနပါတယ္။ ေနာက္ႏွစ္ေလာက္က်မွ ျမန္မာဥပေဒကို အလွည့္ေပးႏိုင္မယ္ ထင္ပါတယ္။

ဒါေပမဲ့ ပိုႀကီးတဲ့ျပႆနာကေတာ့ ျမန္မာစစ္ေကာင္စီအေပၚ ပိုမိုဖိအားေပးတဲ့ကိစၥကို အေရးပါတဲ့ ႏိုင္ငံႀကီးေတြက ခုခံေနၾကတဲ့ကိစၥ ျဖစ္ပါတယ္။ အဓိကေတာ့ တရုတ္နဲ႔ ရုရွား ျဖစ္ပါတယ္။ မၾကာေသးခင္က ေဆာင္းပါးတပုဒ္ ဖတ္ရတာက အိႏိၵယလည္း စစ္ေကာင္စီနဲ႔သာ ပိုမုိသင့္ျမတ္ခ်င္တယ္ဆိုတာကို ေတြ႔ရပါတယ္။ အလားတူပဲ ဂ်ပန္၊ စကၤာပူ၊ ထုိင္းတို႔ဆီကလည္း ထိေရာက္တဲ့ ဖိအားေတြ လာစရာ မရိွပါဘူးဆိုေတာ့ အေမရိကန္ဘက္က ဖိအားေပးရမယ္ဆိုတာကို က်ေနာ္ သေဘာတူပါတယ္။ သမၼတဘိုင္ဒန္ဟာ လႊတ္ေတာ္ကို မေစာင့္ဘဲ၊ လုပ္ႏုိင္တာ ပိုလုပ္ဖို႔ လိုအပ္ပါလိမ့္မယ္။ ဒီအတုိင္းပါပဲ က်ေနာ္ေျပာခဲ့တဲ့ အျခားႏုိင္ငံေတြကလည္း မင္းေအာင္လိႈင္နဲ႔ သူ႔အေပၚ ေထာက္ခံသူေတြကို ပိုမိုပစ္မွတ္ထား အေရးယူဖုိ႔နဲ႔ အခုလုပ္ေနတဲ့ လမ္းေၾကာင္းဟာ ျမန္မာျပည္သူေတြရဲ ႔ ဒုကၡကို သက္ဆိုးရွည္ေစတယ္ဆိုတာ သေဘာေပါက္ဖို႔ လိုအပ္ပါတယ္။

ေမး ။ ။ ဒီေနရာမွာ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီးေတာ့ ႏုိင္ငံတကာအသိုင္းအဝိုင္းမွာ သေဘာထားေတြ ပိုမိုၿပီးေတာ့ ကြဲျပားေနၾကတယ္။ ဆိုေတာ့ ဒီလိုသေဘာထား ကြဲလြဲမႈဟာ ျမန္မာႏိုင္ငံ စစ္ေကာင္စီအတြက္ အက်ဳိးရိွေစတာေပါ့။ သူတုိ႔ကို ဖိဖိစီးစီး တုိက္တြန္း တြန္းအားေပးတာေတြ မလာဘူးဆိုေတာ့ ျမန္မာႏုိင္ငံ စစ္ေကာင္စီအတြက္သာ အက်ဳိးရိွေစတာ မဟုတ္ဘဲနဲ႔ တဘက္မွာၾကည့္မယ္ဆိုရင္ အေမရိကန္ႏုိင္ငံအပါအဝင္ ဒီမိုကေရစီႏုိင္ငံေတြကလည္း စစ္ေကာင္စီနဲ႔ ပိုမိုနီးစပ္တဲ့ ရွရွား၊ တရုတ္လို ႏုိင္ငံမ်ဳိးေတြနဲ႔ ထိပ္တိုက္တိုးရမွာကို ေၾကာက္ေနတဲ့သေဘာမ်ဳိးလား။ အဲဒီလိုမ်ဳိး ေျပာလို႔ရမလား။

ေျဖ ။ ။ ေၾကာက္တဲ့ဆိုတဲ့စကားကိုေတာ့ က်ေနာ္ မသံုးလိုပါဘူး။ ဒါက Diplomacy လို႔ပဲ ဆုိခ်င္ပါတယ္။ ဖိအားပိုေပးတာက အျပဳသေဘရလဒ္ေတြ ထြက္ေပၚမလား။ တုိးတိုးတိတ္တိတ္ နားခ်တာက ပိုေကာင္းမလားဆိုတာလဲ စဥ္းစားသံုးသပ္စရာပါ။ ဥပမာ ကုလသမဂၢမွာ ဘယ္သူကို အသိအမွတ္ျပဳမလဲ။ အစမထိုးဘဲ လက္ရိွ သံအမတ္ကို တစံုတရာ အတုိင္းအတာနဲ႔ ဆက္ထားမယ့္ကိစၥမ်ဳိးမွာ သေဘာတူညီမႈ ရရိွနုိင္တဲ့ဟာေတြ ရိွပါတယ္။ ဆိုေတာ့ အျပည့္အဝ ေက်နပ္စရာ မရိွေပမယ့္၊ ႏုိင္ငံတကာအသိုင္းအဝိုင္းၾကားမွာ သေဘာတူညီမႈ ရႏိုင္တဲ့ နယ္ပယ္တခ်ဳိ ႔ေတာ့ ရိွပါတယ္။ ေလာေလာဆယ္ေတာ့ ျပည္သူေတြရဲ ႔ ဆင္းရဲဒုကၡေတြက ပိုဆိုးေနပါတယ္။ အိမ္နီးခ်င္းႏုိင္ငံေတြကို အမ်ားအျပား ထြက္ေပးတိမ္းေရွာင္ေနၾကပါတယ္။ ဒါဟာ ပိုၿပီးအေလးထားရမယ့္ ျပႆနာပါ။ ႏုိင္ငံတကာဘက္က ဒီေနရာမွာ လစ္ဟာမႈေတြ ရိွပါတယ္။ အာရံုစူးစိုက္မႈ မရိွဘူးလို႔ ထင္ပါတယ္။

ေမး ။ ။ ေနာက္တခုက က်ေနာ္ အမွတ္မမွားဘူးဆိုရင္ေပါ့။ ခင္မ်ားေရးတဲ့ ေဆာင္းပါးတပုဒ္ - အဲဒီနာမည္က Rethinking US Policy in Myanmar ဆိုတဲ့ ေဆာင္းပါး ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံဆိုင္ရာ အေမရိကန္ရဲ ႔ မူဝါဒကို ျပန္လည္သံုးသပ္ျခင္း။ အဲဒီေဆာင္းပါးမွာ ခင္မ်ား ေရးထားတာကိုိ က်ေနာ္ မွတ္မိသေလာက္ ေျပာရရင္ေတာ့ အေမရိကန္အစိုးရအေနနဲ႔ တုိင္းရင္းသားလက္နက္ကိုင္ အင္အားစုေတြကို စစ္သင္တန္းေတြ ေပးသင့္တယ္ဆိုတာမ်ဳိးလည္း အႀကံျပဳထားတယ္လို႔ ထင္ပါတယ္ဆိုေတာ့ အဲဒီအႀကံျပဳခ်က္ အခုေကာ ျဖစ္ႏိုင္ေသးတယ္။ ျဖစ္သင့္တယ္လို႔ ထင္တုန္းပဲလား။

ေျဖ ။ ။ က်ေနာ္ ေနာက္ေၾကာင္းအရာ ျဖစ္ႏုိင္တဲ့ကိစၥအားလံုးကို ပစ္ပယ္မထားဘူးဆိုတဲ့ သေဘာပါ။ လက္ရိွအေျခအေနမွာ ဘိုင္ဒန္အစိုးရ ဒါမွမဟုတ္ ကြန္ဂရက္လႊတ္ေတာ္အေနနဲ႔ ရန္ပံုေငြ ေထာက္ပံ့မလား။ ေလ့က်င့္သင္တန္း ေပးမလား၊ မေပးဘူးလားဆိုတာကေတာ့ သူတုိ႔က ဆံုးျဖတ္ရမွာ ျဖစ္ပါတယ္။ စစ္ေကာင္စီကို ဆန္႔က်င္ေနတဲ့ အင္အားစုေတြအေနနဲ႔လည္း သူတုိ႔နည္းသူတုိ႔ဟန္နဲ႔ ရရိွေနၾကပါတယ္။ ဘိုင္ဒန္အစိုးရနဲ႔ ကြန္ဂရက္လႊတ္ေတာ္တို႔ကေတာ့ မၾကာေသးခင္ကပဲ အာဖဂန္နိစၥတန္ႏုိင္ငံက ဆုတ္ခြါခဲ့တဲ့ အေတြ႔အႀကံဳအရ ေနာက္ထပ္ပဋိပကၡတခုမွာ၊ ေနာက္ထပ္တေနရာရာမွာ ပါဝင္ပတ္သက္ဖို႔ မသင့္ဘူးဆိုတာ အထူးနားလည္သေဘာေပါက္သြားၾကၿပီလို႔ ထင္ပါတယ္။ အထူးသျဖင့္ စစ္ေရးအရ ဝင္ေရာက္စြက္ဖက္ေရးကိစၥကို ဆိုလုိတာပါ။

ေမး ။ ။ နိဂံုးခ်ဳပ္ရရင္ေတာ့ ေလာေလာဆယ္မွာ ေရွ ႔မတိုးေနာက္မဆုတ္ ျဖစ္ေနတဲ့ ျမန္မာႏုိင္ငံအေျခအေနဆိုးက ထြက္ေပါက္ရရိွဖို႔အတြက္ ရုန္းထြက္ႏုိင္ဖို႔အတြက္ ႏိုင္ငံတကာအသိုင္းအဝိုင္းကို သိပ္အားကိုးလို မရဘူးဆိုတဲ့ သေဘာမ်ဳိးေပါ့။

ေျဖ ။ ။ ဟုတ္ပါတယ္။ အဲဒီေဆာင္းပါးနဲ႔ က်ေနာ္ မၾကာေသးခင္က ေရးလိုက္တဲ့ ေနာက္ေဆာင္းပါးအရေတာ့ အခုအေနအထားမွာ အေရးႀကီးဆံုး ေမာင္းႏွင္းအားကေတာ့ ျပည္တြင္းအေျခအေနပဲ ျဖစ္ပါတယ္။ တဘက္မွာ ေစ့စပ္ေဆြးေႏြးေရးကို လိုလားဟန္မရိွတဲ့ စစ္တပ္၊ ယခင္အစိုးရအရာရိွေတြကို ဆက္လက္ဖမ္းဆီးေနတယ္။ အခု ေဒၚေအာင္ဆန္္းစုၾကည္ စီရင္ခ်က္ကို ေရႊ ႔ဆိုင္းတယ္။ ဒါက က်ေနာ့္အျမင္မွာ ဘာမွမထူးပါဘူး။ တျခားတဘက္မွာေတာ့ နည္းနည္းရွဳပ္ရွဳပ္ေထြးေထြး ရိွေနေပမယ့္ တိုင္းရင္းသားလက္နက္ကိုင္ အင္အားစု (၂၀) ေက်ာ္မွာ တခ်ဳိ ႔ကေတာ့ တကယ့္ကို ထိထိေရာက္ေရာက္ ရိွပါတယ္။ အလားတူပါပဲ တခ်ဳိ ႔ေဒသေတြက PDF ေတြကလည္း ေလာက္ေလာက္လားလား ျဖစ္လာပါတယ္။ ဆိုေတာ့ ဒီအင္အားစုေတြေပါင္းၿပီး တပ္မေတာ္ရဲ ႔ အေနအထားကို ေျပာင္းလဲလာေစႏုိင္ပါတယ္။ စစ္တပ္ေခါင္းေဆာင္ေတြအေနနဲ႔ ေစ့စပ္မလား။ ေခ်မႈန္းခံမလားဆိုတာ စဥ္းစားရမယ့္အေျခအေန ဆိုက္ေရာက္လာႏိုင္ပါတယ္။ ဒါဟာ က်ေနာ့္အေနနဲ႔ Wishful Thinking ျဖစ္ခ်င္တာေတြကို ေတြးၿပီးေတာ့ ေျပာေနတာ ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ က်ေနာ္ဟာ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြ အမ်ားႀကီးနဲ႔ ေတြ႔ဖူးပါတယ္။ တဖြဲ႔နဲ႔တဖြဲ႔ လက္တြဲၿပီး တေပါင္းတည္းျဖစ္ဖို႔ ခက္ပါတယ္။ ဒါေပမဲ့ စစ္တပ္ဘက္က ျပန္စဥ္းစားရမယ့္ကိန္းဆိုက္တဲ့အထိ လက္တြဲႏုိင္ၾကမယ္ဆိုရင္ေတာ့ ေျပာခဲ့သလို ျဖစ္လာႏုိင္ပါတယ္။ သို႔မဟုတ္ရင္ေတာ့ ေလာေလာဆယ္ ထြက္ေပါက္ မျမင္မိပါဘူး။


===Unicode===

ရှေ့မတိုးနောက်မဆုတ် ဖြစ်နေတဲ့ မြန်မာ့အကျပ်အတည်းကို ကျော်လွှားနိုင်ရေးမှာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လုပ်ဆောင်နိုင်မှုဟာ အကန့်အသတ်တွေ ရှိနေတယ်လို့ ဝါရှင်တန်မြို့တော် အခြေစိုက် "မဟာဗျူဟာ နှင့် နိုင်ငံတကာ လေ့လာရေးဌာန (CSIS)” က အရှေ့တောင်အာရှရေးရာ သုတေသီ Michael Martin က ဆိုပါတယ်။ အဲဒီတော့ လက်ရှိ မြန်မာ့ပြဿနာကို ကျော်လွှားလွန်မြောက်စေနိုင်မဲ့ အင်အားက ဘယ်မှာရှိနေပါသလဲ၊ သုတေသီ Michael Martin နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှရေးရာကို နှစ်ပေါင်း (၃၀) လောက် စောင့်ကြည့်လေ့လာ သုတေသနပြုခဲ့တဲ့ ပညာရှင်တယောက်ကို အခုလို ဆွေးနွေးမေးမြန်းခွင့်ရတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ်။ ကျနော်က Michael ကို အခုမေးရမှာ ပထမဦးဆုံးအကြိမ် ဖြစ်ပေမဲ့လဲ Michael ရေးတဲ့ ဆောင်းပါးတွေကို အများအပြားဖတ်ဖူးတဲ့ စာဖတ်ပရိသတ်တယောက်လည်း ဖြစ်ပါတယ်။ ဆိုတော့ ပထမဦးဆုံး မေးချင်တဲ့မေးခွန်းကတော့ မြန်မာနိုင်ငံမှာ လောလောဆယ် ဖြစ်နေတဲ့ ပဋိပက္ခ။ ဒီပဋိပက္ခတွေက အင်မတန်မှ ဆိုးဝါးလှပါတယ်။ နိုင်ငံရေးအားဖြင့် ရှေ့မတိုးနောက်မဆုတ် ဖြစ်နေရုံသာမကဘူး၊ ဒီအပေါ်မှာ အခြေခံပြီးတော့ ပြည်သူလူထုရဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး အဘက်ဘက်က အဆမတန်ဆိုးယုတ်ကျဆင်းနေချိန် ဖြစ်ပါတယ်။ ဆိုတော့ ဒီနေရာကနေပြီးတော့ ထွက်ပေါက်တစုံတရာ ရရှိမယ့်အခြေအနေကို Michael ဘယ်လို သုံးသပ်မိပါသလဲ။ မကြာခင်အချိန်အတွင်းမှာ ဒါမျိုးတွေ မြင်လာရလိမ့်မယ်လိုများ ထင်မိပါသလား။ ဒါကို ပထမဦဆုံး ပြောပေးပါ။

ဖြေ ။ ။ ဒီအချိန်မှာတော့ မဖြစ်သေးဘူးလို့ပဲ ဝမ်းနည်းစွာဖြင့် ပြောရပါလိမ့်မယ်။ စစ်ကောင်စီအနေနဲ့ ထိုးစစ်တွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆန္ဒရှိတာကို တွေ့ရပါတယ်။ စစ်သားဟောင်းတွေကိုတောင်ပဲ ပြန်ပြီးတော့ တာဝန်ထမ်းဆောင်နေတာတွေလည်း ရှိပါတယ်။ ဆိုတော့ကာ တွေ့ဆုံဆွေးနွေးရေး လမ်းဖွင့်ထားတာ မတွေ့ရသေးပါဘူး။

မေး ။ ။ ဟုတ်ကဲ့ … ဒီလိုနဲ့ (၁၀) လ ကျော်လာခဲ့ပါပြီ။ အတိုက်အခံဘက်ကတော့ PDF တွေ၊ EAO တချို့ကလည်း အရှိန်မြှင့်ပြီးတော့ တိုက်နေကြတာကို တွေ့ရပါတယ်။ သူသေကိုယ်သေ တိုက်တဲ့တိုက်ပွဲလို့ ဆိုကြပါစို့။ ပြည်သူလူထု ဆင်းရဲမှုကလည်း အင်မတန် ဆိုးဆိုးဝါးဝါး ဖြစ်နေပါပြီ။ ဒီအခြေအနေမှာ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ပြည်သူတွေရဲ့ အမြင်အတိုင်း ပြောရရင် လေသံပဲပစ်နေကြတယ်။ ထိထိရောက်ရောက် ဘာမှလုပ်မပေးဘူးလို့ ဆိုနေကြပါတယ်။ ဘယ်လိုသဘောရပါသလဲ။

ဖြေ ။ ။ အမေရိကန်သံအမတ်ဟောင်း Bill Richardson, ဂျပန်က ဆာဆာကာဝါတို့ မကြာခင်ကပဲ သွားရောက်ခဲ့ပေမယ့် မြန်မာ့အကျပ်အတည်း ပြေလည်မည့်ကိစ္စကို မကြားရသေးပါဘူး။ တရုတ် - အာဆီယံ ဆွေးနွေးပွဲဟာ စစ်ကောင်စီကို မဖိတ်ဘဲ ကျင်းပသွားပါတယ်။ ကျနော်ကြားမိသလောက် စစ်ကောင်စီအနေနဲ့ စေ့စပ်ဆွေးနွေးရေး လက်မခံတဲ့ကိစ္စ တရုတ်ဘက်က အတော်လေးကသိကအောက် ဖြစ်နေတယ်လို့ ဆိုပါတယ်။ တကယ်တော့ စစ်တပ်ဘက်ကလည်း အကျအဆုံးတွေ အများကြီး ရှိတာပါ။ ဒီလိုအခြေအနေမျိုးမှာ သူတို့ဟာ သူတို့ရဲ့ မဟာဗျူဟာကို ပြန်လည်သုံးသပ်နိုင်ပါတယ်။ ယာယီအပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးညှိနှိုင်းကြမလား။ ဒီလိုသာဆို တိုက်ပွဲတွေ တစုံတရာ အရှိန်လျော့သွားလိမ့်မယ်လို့ ထင်ပါတယ်။

မေး ။ ။ ဆိုတော့ အဲဒီအဆင့်ကို ရောက်ဖို့အတွက်ကော နိုင်ငံတကာအသိုင်းအဝိုင်းက တွန်းတွန်းတိုက်တိုက် လုပ်ပေးဖို့ မလိုပေဘူးလား။ ဒီအတွက်လဲ သိပ်ပြီးတော့ တွန်းတွန်းတိုက်တိုက် မရှိလာဘူးလို့ တချို့က သုံးသပ်ကြတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတကာအသိုင်းအဝိုင်းအတွက် နိုင်ငံရေးအရင်းအနှီး စိုက်ထုတ်ပြီးတော့ တွန်းအားပေးလောက်အောင် အရေးမပါတဲ့ အခြေအနေများ ရှိနေသလား။ ဥပမာပြောရရင် အမေရိကန်အတွက်ဆိုပါတော့ - Richardson သွားတယ်။ သူတို့အမေရိကန်နိုင်ငံသား သတင်းထောက်ကို ပြန်ခေါ်ထုတ်သွားတယ်။ ဒါ့အပြင် ဘာမှရှေ့တိုးလာတာ မတွေ့ရဘူး။

ဖြေ ။ ။ ပြီးခဲ့တဲ့အပတ်ကပဲ အမေရိကန်နဲ့ တခြားနိုင်ငံတွေက မြန်မာစစ်တပ်ကို လက်နက်မပို့ဘို့ ကြေညာချက်ထုတ်ပြန်ခဲ့တာကို ကြည့်မယ်ဆိုရင် တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ လိုလားတယ်ဆိုတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ကျနော်တို့ သိတဲ့အတိုင်းပါပဲ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေပါ အသေးစားလက်နက်တွေကို ကိုယ်တိုင်ထုတ်လုပ်နိုင်ကြတာပါ။ ဘာပဲပြောပြော အမေရိကန်နိုင်ငံအနေနဲ့ကတော့ တိုက်ပွဲတွေ ရပ်တန့်စေချင်တာပါ။ အမေရိကန်လွှတ်တော်ကလည်း မြန်မာပြည်တွင်း စီးပွားရေးလုပ်ငန်းနဲ့ တခြားဆောင်ရွက်ချက်တွေ ပိုမိုထိန်းချုပ်ဖို့ အဆိုပြုတာတွေ ရှိပါတယ်။ ဒါပေမဲ့ အဲဒီအဆိုပြုချက်တွေက တန်းစီစောင့်နေရတုန်းပါ။ အောက်လွှတ်တော်က အတည်ပြုပြီး၊ အထက်လွှတ်တော်မှာ အခြားပိုအရေးကြီးတဲ့ကိစ္စတွေ ရှိနေပါတယ်။ နောက်နှစ်လောက်ကျမှ မြန်မာဥပဒေကို အလှည့်ပေးနိုင်မယ် ထင်ပါတယ်။

ဒါပေမဲ့ ပိုကြီးတဲ့ပြဿနာကတော့ မြန်မာစစ်ကောင်စီအပေါ် ပိုမိုဖိအားပေးတဲ့ကိစ္စကို အရေးပါတဲ့ နိုင်ငံကြီးတွေက ခုခံနေကြတဲ့ကိစ္စ ဖြစ်ပါတယ်။ အဓိကတော့ တရုတ်နဲ့ ရုရှား ဖြစ်ပါတယ်။ မကြာသေးခင်က ဆောင်းပါးတပုဒ် ဖတ်ရတာက အိန္ဒိယလည်း စစ်ကောင်စီနဲ့သာ ပိုမိုသင့်မြတ်ချင်တယ်ဆိုတာကို တွေ့ရပါတယ်။ အလားတူပဲ ဂျပန်၊ စင်္ကာပူ၊ ထိုင်းတို့ဆီကလည်း ထိရောက်တဲ့ ဖိအားတွေ လာစရာ မရှိပါဘူးဆိုတော့ အမေရိကန်ဘက်က ဖိအားပေးရမယ်ဆိုတာကို ကျနော် သဘောတူပါတယ်။ သမ္မတဘိုင်ဒန်ဟာ လွှတ်တော်ကို မစောင့်ဘဲ၊ လုပ်နိုင်တာ ပိုလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒီအတိုင်းပါပဲ ကျနော်ပြောခဲ့တဲ့ အခြားနိုင်ငံတွေကလည်း မင်းအောင်လှိုင်နဲ့ သူ့အပေါ် ထောက်ခံသူတွေကို ပိုမိုပစ်မှတ်ထား အရေးယူဖို့နဲ့ အခုလုပ်နေတဲ့ လမ်းကြောင်းဟာ မြန်မာပြည်သူတွေရဲ့ ဒုက္ခကို သက်ဆိုးရှည်စေတယ်ဆိုတာ သဘောပေါက်ဖို့ လိုအပ်ပါတယ်။

မေး ။ ။ ဒီနေရာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ သဘောထားတွေ ပိုမိုပြီးတော့ ကွဲပြားနေကြတယ်။ ဆိုတော့ ဒီလိုသဘောထား ကွဲလွဲမှုဟာ မြန်မာနိုင်ငံ စစ်ကောင်စီအတွက် အကျိုးရှိစေတာပေါ့။ သူတို့ကို ဖိဖိစီးစီး တိုက်တွန်း တွန်းအားပေးတာတွေ မလာဘူးဆိုတော့ မြန်မာနိုင်ငံ စစ်ကောင်စီအတွက်သာ အကျိုးရှိစေတာ မဟုတ်ဘဲနဲ့ တဘက်မှာကြည့်မယ်ဆိုရင် အမေရိကန်နိုင်ငံအပါအဝင် ဒီမိုကရေစီနိုင်ငံတွေကလည်း စစ်ကောင်စီနဲ့ ပိုမိုနီးစပ်တဲ့ ရှရှား၊ တရုတ်လို နိုင်ငံမျိုးတွေနဲ့ ထိပ်တိုက်တိုးရမှာကို ကြောက်နေတဲ့သဘောမျိုးလား။ အဲဒီလိုမျိုး ပြောလို့ရမလား။

ဖြေ ။ ။ ကြောက်တဲ့ဆိုတဲ့စကားကိုတော့ ကျနော် မသုံးလိုပါဘူး။ ဒါက Diplomacy လို့ပဲ ဆိုချင်ပါတယ်။ ဖိအားပိုပေးတာက အပြုသဘေရလဒ်တွေ ထွက်ပေါ်မလား။ တိုးတိုးတိတ်တိတ် နားချတာက ပိုကောင်းမလားဆိုတာလဲ စဉ်းစားသုံးသပ်စရာပါ။ ဥပမာ ကုလသမဂ္ဂမှာ ဘယ်သူကို အသိအမှတ်ပြုမလဲ။ အစမထိုးဘဲ လက်ရှိ သံအမတ်ကို တစုံတရာ အတိုင်းအတာနဲ့ ဆက်ထားမယ့်ကိစ္စမျိုးမှာ သဘောတူညီမှု ရရှိနိုင်တဲ့ဟာတွေ ရှိပါတယ်။ ဆိုတော့ အပြည့်အဝ ကျေနပ်စရာ မရှိပေမယ့်၊ နိုင်ငံတကာအသိုင်းအဝိုင်းကြားမှာ သဘောတူညီမှု ရနိုင်တဲ့ နယ်ပယ်တချို့တော့ ရှိပါတယ်။ လောလောဆယ်တော့ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေက ပိုဆိုးနေပါတယ်။ အိမ်နီးချင်းနိုင်ငံတွေကို အများအပြား ထွက်ပေးတိမ်းရှောင်နေကြပါတယ်။ ဒါဟာ ပိုပြီးအလေးထားရမယ့် ပြဿနာပါ။ နိုင်ငံတကာဘက်က ဒီနေရာမှာ လစ်ဟာမှုတွေ ရှိပါတယ်။ အာရုံစူးစိုက်မှု မရှိဘူးလို့ ထင်ပါတယ်။

မေး ။ ။ နောက်တခုက ကျနော် အမှတ်မမှားဘူးဆိုရင်ပေါ့။ ခင်များရေးတဲ့ ဆောင်းပါးတပုဒ် - အဲဒီနာမည်က Rethinking US Policy in Myanmar ဆိုတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ရဲ့ မူဝါဒကို ပြန်လည်သုံးသပ်ခြင်း။ အဲဒီဆောင်းပါးမှာ ခင်များ ရေးထားတာကို ကျနော် မှတ်မိသလောက် ပြောရရင်တော့ အမေရိကန်အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကို စစ်သင်တန်းတွေ ပေးသင့်တယ်ဆိုတာမျိုးလည်း အကြံပြုထားတယ်လို့ ထင်ပါတယ်ဆိုတော့ အဲဒီအကြံပြုချက် အခုကော ဖြစ်နိုင်သေးတယ်။ ဖြစ်သင့်တယ်လို့ ထင်တုန်းပဲလား။

ဖြေ ။ ။ ကျနော် နောက်ကြောင်းအရာ ဖြစ်နိုင်တဲ့ကိစ္စအားလုံးကို ပစ်ပယ်မထားဘူးဆိုတဲ့ သဘောပါ။ လက်ရှိအခြေအနေမှာ ဘိုင်ဒန်အစိုးရ ဒါမှမဟုတ် ကွန်ဂရက်လွှတ်တော်အနေနဲ့ ရန်ပုံငွေ ထောက်ပံ့မလား။ လေ့ကျင့်သင်တန်း ပေးမလား၊ မပေးဘူးလားဆိုတာကတော့ သူတို့က ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ အင်အားစုတွေအနေနဲ့လည်း သူတို့နည်းသူတို့ဟန်နဲ့ ရရှိနေကြပါတယ်။ ဘိုင်ဒန်အစိုးရနဲ့ ကွန်ဂရက်လွှတ်တော်တို့ကတော့ မကြာသေးခင်ကပဲ အာဖဂန်နိစ္စတန်နိုင်ငံက ဆုတ်ခွါခဲ့တဲ့ အတွေ့အကြုံအရ နောက်ထပ်ပဋိပက္ခတခုမှာ၊ နောက်ထပ်တနေရာရာမှာ ပါဝင်ပတ်သက်ဖို့ မသင့်ဘူးဆိုတာ အထူးနားလည်သဘောပေါက်သွားကြပြီလို့ ထင်ပါတယ်။ အထူးသဖြင့် စစ်ရေးအရ ဝင်ရောက်စွက်ဖက်ရေးကိစ္စကို ဆိုလိုတာပါ။

မေး ။ ။ နိဂုံးချုပ်ရရင်တော့ လောလောဆယ်မှာ ရှေ့မတိုးနောက်မဆုတ် ဖြစ်နေတဲ့ မြန်မာနိုင်ငံအခြေအနေဆိုးက ထွက်ပေါက်ရရှိဖို့အတွက် ရုန်းထွက်နိုင်ဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းကို သိပ်အားကိုးလို မရဘူးဆိုတဲ့ သဘောမျိုးပေါ့။

ဖြေ ။ ။ ဟုတ်ပါတယ်။ အဲဒီဆောင်းပါးနဲ့ ကျနော် မကြာသေးခင်က ရေးလိုက်တဲ့ နောက်ဆောင်းပါးအရတော့ အခုအနေအထားမှာ အရေးကြီးဆုံး မောင်းနှင်းအားကတော့ ပြည်တွင်းအခြေအနေပဲ ဖြစ်ပါတယ်။ တဘက်မှာ စေ့စပ်ဆွေးနွေးရေးကို လိုလားဟန်မရှိတဲ့ စစ်တပ်၊ ယခင်အစိုးရအရာရှိတွေကို ဆက်လက်ဖမ်းဆီးနေတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် စီရင်ချက်ကို ရွှေ့ဆိုင်းတယ်။ ဒါက ကျနော့်အမြင်မှာ ဘာမှမထူးပါဘူး။ တခြားတဘက်မှာတော့ နည်းနည်းရှုပ်ရှုပ်ထွေးထွေး ရှိနေပေမယ့် တိုင်းရင်းသားလက်နက်ကိုင် အင်အားစု (၂၀) ကျော်မှာ တချို့ကတော့ တကယ့်ကို ထိထိရောက်ရောက် ရှိပါတယ်။ အလားတူပါပဲ တချို့ဒေသတွေက PDF တွေကလည်း လောက်လောက်လားလား ဖြစ်လာပါတယ်။ ဆိုတော့ ဒီအင်အားစုတွေပေါင်းပြီး တပ်မတော်ရဲ့ အနေအထားကို ပြောင်းလဲလာစေနိုင်ပါတယ်။ စစ်တပ်ခေါင်းဆောင်တွေအနေနဲ့ စေ့စပ်မလား။ ချေမှုန်းခံမလားဆိုတာ စဉ်းစားရမယ့်အခြေအနေ ဆိုက်ရောက်လာနိုင်ပါတယ်။ ဒါဟာ ကျနော့်အနေနဲ့ Wishful Thinking ဖြစ်ချင်တာတွေကို တွေးပြီးတော့ ပြောနေတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ကျနော်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အများကြီးနဲ့ တွေ့ဖူးပါတယ်။ တဖွဲ့နဲ့တဖွဲ့ လက်တွဲပြီး တပေါင်းတည်းဖြစ်ဖို့ ခက်ပါတယ်။ ဒါပေမဲ့ စစ်တပ်ဘက်က ပြန်စဉ်းစားရမယ့်ကိန်းဆိုက်တဲ့အထိ လက်တွဲနိုင်ကြမယ်ဆိုရင်တော့ ပြောခဲ့သလို ဖြစ်လာနိုင်ပါတယ်။ သို့မဟုတ်ရင်တော့ လောလောဆယ် ထွက်ပေါက် မမြင်မိပါဘူး။

XS
SM
MD
LG