သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ျပည္နယ္ႏွင့္ သတင္းမီဒီယာ


လြတ္လပ္စြာေျပာဆိုခြင့္ ေတာင္းဆိုေနၾကတဲ့ ျမန္မာလူငယ္မ်ား (May 23, 2019. REUTERS/Ann Wang - RC18454AC350)
please wait

No media source currently available

0:00 0:05:40 0:00
တိုက္႐ိုက္ လင့္ခ္

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

စစ္အာဏာသိမ္းၿပီး ဖိႏွိပ္ခ်ဳပ္ခ်ယ္လာတဲ့အတြက္ လြတ္လပ္တဲ့ သတင္းမီဒီယာဟာ အြန္လိုင္းမွာ ရပ္တည္ႏိုင္ေအာင္ ႀကိဳးပမ္းေနရပါတယ္။ ဒါေပမဲ့ စစ္အာဏာမသိမ္းမီကလည္း သတင္းမီဒီမွာ လြတ္လပ္မႈရွိတာ မဟုတ္ပါဘူး။ အထူးသျဖင့္ ရခိုင္ျပည္ႏုယ္နဲ႔ ပတ္သက္လာရင္ သတင္းသမားေတြ အမ်ားဆုံးဖိႏွိပ္ခံရတာ ေတြ႕ရပါတယ္။ ႐ိုဟင္ဂ်ာနဲ႔ ပတ္သက္တဲ့ ႐ိုက္တာသတင္းေထာက္ ေက်ာ္စိုးဦးနဲ႔ ဝလုံးတို႔ကို အမႈထုပ္တာဟာလည္း ထင္ရွားပါတယ္။ ၂၀၀၁ ကတည္းက တည္ေထာင္ခဲ့တဲ့ နိရၪၥရာနဲ႔ ၂၀၁၂ မွာ တည္ေထာင္ခဲ့တဲ့ DMG – Development Media Group စတဲ့ ရခိုင္သတင္းဌာနေတြကေတာ့ အြန္လိုင္းက ထုတ္ေဝေနဆဲ ျဖစ္ပါတယ္။

NLD အစိုးရလက္ထက္ ၂၀၁၉ ဇြန္လကစၿပီး စစ္အာဏာသိမ္းတဲ့ ၂၀၁၂ ေဖေဖၚဝါရီလအထိ ရခိုင္ၿမိဳ႕နယ္ (၈) ခုနဲ႔ ခ်င္းၿမိဳ႕နယ္ (၁) ခုမွာ တႏွစ္ခြဲေက်ာ္ေက်ာ္ Internet ကို ပိတ္ထားခဲ့ပါတယ္။ ကိုဗစ္ (၁၉) ေရာဂါေၾကာင့္ ပညာေရးမွာ Internet ကို အားကိုးေနခ်ိန္ ရခိုင္ျပည္နယ္မွာ Internet ပိတ္ထားတဲ့အတြက္ လူငယ္ေတြ နစ္နာဆုံးရႈံးရၿပီး၊ သတင္းလြတ္လပ္မႈ ေပ်ာက္ဆုံးရပုံကို ေရးထားတဲ့ ၂၀၂၀ ႏိုဝင္ဘာလထုတ္ TIME မဂၢဇင္းေဆာင္းပါးဟာ လြန္ခဲ့တဲ့ ေမလက Human Rights Press Awards ဆု ရရွိသြားခဲ့ပါတယ္။ ေရးသူကေတာ့ ေျမာက္ဦးၿမိဳ႕သား ကိုေက်ာ္ဆန္းလႈိင္နဲ႔ အလြတ္သတင္းေထာက္ Emily Fishbein ျဖစ္ပါတယ္။

သူတို႔ဟာ စစ္အာဏာမသိမ္းမီ ဇန္နဝါရီလမွာ သတင္းသမား (၇) ဦးကို ေတြ႕ဆုံၿပီး ရခိုင္ျပည္နယ္က လက္နက္ကိုင္ပဋိပကၡေတြအေၾကာင္း ေမးျမန္းၾကပါတယ္။ တကယ္ေတာ့ ၂၀၁၆ ေအာက္တိုဘာလမွာ စတင္တဲ့ ရခိုင္ေျမာက္ပိုင္း နယ္ေျမရွင္းလင္းမႈ စစ္ဆင္ေရးလုပ္ေနခ်ိန္ကစၿပီး သတင္းမီဒီယာေတြကို အမ်ိဳးမ်ိဳးခ်ဳပ္ခ်ယ္လာပါတယ္။ AA ရခိုင္တပ္က ၂၀၁၈ မွာ ထိုးစစ္ဆင္တဲ့အခါ တပ္မေတာ္ကလည္း မီးကုန္ယမ္းကုန္ ျပန္လည္တိုက္ခိုက္တဲ့အတြက္ အရပ္သားအမ်ားအျပား ေသဆုံးခဲ့ရပါတယ္။ DMG နဲ႔ နိရၪၥရာသတင္းဌာနအပါအဝင္ Website (၂၃၀) ကို ပိတ္ထားဖို႔ ၂၀၂၀ မတ္လ (၂၃) ရက္ေန႔မွာ အစိုးရက အမိန႔္ထုတ္ခဲ့ပါတယ္။ AA တပ္ေတာ္ကိုလည္း အၾကမ္းဖက္အဖြဲ႕အျဖစ္ ေၾကညာပါတယ္။ NLD အစိုးရဟာ ပထမ (၄) ႏွစ္မွာ သတင္းမီဒီယာကို (၃၁) ႀကိမ္ တရားစြဲၿပီး တပ္မေတာ္က (၁၁) ႀကိမ္ တရားစြဲပါတယ္။

DMG သတင္းဌာနဟာ ၿမိဳ႕နယ္ (၁) နယ္မွာ သတင္းေထာက္တဦးထားတဲ့အတြက္ သတင္းေထာက္ (၁၇) ေယာက္ရွိၿပီး AA နဲ႔ တပ္မေတာ္ၾကား ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲေတြကို အရင္ဆုံးသတင္းပို႔ႏိုင္ပါတယ္။ ၂၀၁၉ ေမလကစၿပီး စစ္အာဏာသိမ္းခ်ိန္အထိ (၂) ႏွစ္နီးပါးအတြင္း ရခိုင္စစ္ေဘးဒုကၡသည္ေတြအေၾကာင္း ေဆာင္းပါးေပါင္း (၁၅၂) ေစာင္ ထုတ္ေဝႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။ ၂၀၁၉ ေမလမွာ DMG အယ္ဒီတာခ်ဳပ္ ကိုေအာင္မင္းဦးကို မတရားအသင္း ဆက္သြယ္မႈနဲ႔ အစိုးရက စြဲခ်က္တင္ထားလို႔ အခုထိ တိမ္ေရွာင္ေနရဆဲ ျဖစ္ပါတယ္။ ဒါေပမဲ့ DMG သတင္းကို အဂၤလိပ္-ျမန္မာ ႏွစ္ဘာသာနဲ႔ အြန္လိုင္းကေန ဆက္လက္ထုတ္ေဝႏိုင္တာဟာ DMG သတင္းအဖြဲ႕ ရွင္သန္ေနတာကို ျပသရာေရာက္ပါတယ္။

ရခိုင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္နဲ႔ AA တပ္ေတာ္တို႔ကို အၾကမ္းဖက္အဖြဲ႕အျဖစ္ ေၾကညာၿပီး တႏွစ္ၾကာတဲ့အခါ လြန္ခဲ့တဲ့ မတ္လ (၁၁) ရက္ေန႔က ဒီေၾကညာခ်က္ကို စစ္ေကာင္စီက ႐ုတ္သိမ္းလိုက္ပါတယ္။ AA နဲ႔ ဆက္စပ္တယ္ဆိုတဲ့ သံသယနဲ႔ တရားစြဲခံထားရသူ (၂၀၀) ေက်ာ္ရွိတဲ့အနက္ လြတ္ေျမာက္လာသူ (၁၀၂) ဦးရွိေၾကာင္း ေအာက္တိုဘာ (၃၁) ရက္ေန႔ထုတ္ DMG သတင္းမွာ ေဖာ္ျပထားပါတယ္။ ရခိုင္ဗုဒၶဘာသာဝင္၊ ႐ိုဟင္ဂ်ာမြတ္စလင္ နဲ႔ ကမန္မြတ္စလင္ေတြကို ၂၀၁၆ မွာ ကြင္းဆင္းေလ့လာခဲ့သူ သုေတသီ ‘အိမ့္သီရိသူ’ က သတင္းအခ်က္အလက္ စုေဆာင္းရတာ အလြန္ခက္ခဲပုံကို Frontier စာေစာင္မွာ ေရးဖူးပါတယ္။ ဒုကၡေရာက္ရတာေတြကို ႏိုင္ငံျခားကသိရေအာင္ ေျပာခ်င္လြန္းတဲ့အတြက္ ပုံႀကီးခ်ဲ႕တာမ်ိဳးေတြ ျဖစ္သြားတာကို မၾကာခဏ ႀကဳံေတြ႕ရတာဟာလည္း သတင္းစုေဆာင္းရာမွာ အခက္အခဲတခု ျဖစ္တယ္လို႔ ဆိုပါတယ္။

ဝါအရင့္ဆုံး နိရၪၥရာသတင္းဌာနကို ဒါကာအေျခစိုက္ ရခိုင္ဒီမိုကေရစီသမားတစုက ၂၀၀၁ စက္တင္ဘာမွာ တည္ေထာင္ထားတာမို႔ အႏွစ္ (၂၀) ရွိေနပါၿပီ။ ပထမဦးဆုံး email နဲ႔ သတင္းပို႔ပါတယ္။ ေနာက္ အလုပ္႐ုံေဆြးေႏြးပြဲ က်င္းပၿပီး၊ ၂၀၀၂ ဧၿပီမွာ နိရၪၥရာ သတင္းသမား (၃) ဦးကို ကာတားမွာ သင္တန္းတက္ပါတယ္။ BBC, AIR နဲ႔ PTI သတင္းဌာနေတြက ဝါရင့္သတင္းသမားေတြ ပို႔ခ်တဲ့ သင္တန္းျဖစ္ပါတယ္။ အခုေတာ့ နိရၪၥရာသတင္းစဥ္ကို အဂၤလိပ္-ျမန္မာ ႏွစ္ဘာသာနဲ႔ Online မွာ ၾကည့္ႏိုင္ပါတယ္။ နိရၪၥရာရဲ႕ ထုတ္ေဝခ်က္ေတြကိုၾကည့္ရင္ ျပန္လည္ထူေထာင္ေရးမွာ အျပဳသေဘာနဲ႔ ပါဝင္ေနပုံရပါတယ္။

၂၀၁၆ ေဖေဖၚဝါရီလ ေျမာက္ဦးၿမိဳ႕မွာ က်င္းပတဲ့ စတုတၳအႀကိမ္ေျမာက္ တိုင္းရင္းသားမီဒီယာ ညီလာခံမွာ တိုင္းရင္းသားမီဒီယာေတြဟာ ၿငိမ္းခ်မ္းေရးနဲ႔ သင့္ျမတ္ေရးတို႔ကို ေဖာ္ေဆာင္ရမယ္ဆိုတဲ့ ေဆာင္ပုဒ္ခ်မွတ္ထားပါတယ္။ အပစ္ရပ္ထား႐ုံနဲ႔ ၿငိမ္းခ်မ္းေရး မရႏိုင္ဘဲ၊ တရားမွ်တမႈ၊ သဟဇာတ ျဖစ္မႈစတဲ့ တိုးတက္ဖြံ႕ၿဖိဳးမႈေတြ ျဖစ္ေပၚလာမွသာ ၿငိမ္းခ်မ္းေရး ရႏိုင္မွာျဖစ္ေၾကာင္း ၿငိမ္းခ်မ္းေရးမီဒီယာ လက္ဦးဆရာတဦးျဖစ္တဲ့ ေနာ္ေဝပညာရွင္ Dr. Johan Vincent Galtung ရဲ႕ အဆိုအမိန႔္ ရွိပါတယ္။

== Unicode ==

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

စစ်အာဏာသိမ်းပြီး ဖိနှိပ်ချုပ်ချယ်လာတဲ့အတွက် လွတ်လပ်တဲ့ သတင်းမီဒီယာဟာ အွန်လိုင်းမှာ ရပ်တည်နိုင်အောင် ကြိုးပမ်းနေရပါတယ်။ ဒါပေမဲ့ စစ်အာဏာမသိမ်းမီကလည်း သတင်းမီဒီမှာ လွတ်လပ်မှုရှိတာ မဟုတ်ပါဘူး။ အထူးသဖြင့် ရခိုင်ပြည်နုယ်နဲ့ ပတ်သက်လာရင် သတင်းသမားတွေ အများဆုံးဖိနှိပ်ခံရတာ တွေ့ရပါတယ်။ ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ ရိုက်တာသတင်းထောက် ကျော်စိုးဦးနဲ့ ဝလုံးတို့ကို အမှုထုပ်တာဟာလည်း ထင်ရှားပါတယ်။ ၂၀၀၁ ကတည်းက တည်ထောင်ခဲ့တဲ့ နိရဉ္စရာနဲ့ ၂၀၁၂ မှာ တည်ထောင်ခဲ့တဲ့ DMG – Development Media Group စတဲ့ ရခိုင်သတင်းဌာနတွေကတော့ အွန်လိုင်းက ထုတ်ဝေနေဆဲ ဖြစ်ပါတယ်။

NLD အစိုးရလက်ထက် ၂၀၁၉ ဇွန်လကစပြီး စစ်အာဏာသိမ်းတဲ့ ၂၀၁၂ ဖေဖေါ်ဝါရီလအထိ ရခိုင်မြို့နယ် (၈) ခုနဲ့ ချင်းမြို့နယ် (၁) ခုမှာ တနှစ်ခွဲကျော်ကျော် Internet ကို ပိတ်ထားခဲ့ပါတယ်။ ကိုဗစ် (၁၉) ရောဂါကြောင့် ပညာရေးမှာ Internet ကို အားကိုးနေချိန် ရခိုင်ပြည်နယ်မှာ Internet ပိတ်ထားတဲ့အတွက် လူငယ်တွေ နစ်နာဆုံးရှုံးရပြီး၊ သတင်းလွတ်လပ်မှု ပျောက်ဆုံးရပုံကို ရေးထားတဲ့ ၂၀၂၀ နိုဝင်ဘာလထုတ် TIME မဂ္ဂဇင်းဆောင်းပါးဟာ လွန်ခဲ့တဲ့ မေလက Human Rights Press Awards ဆု ရရှိသွားခဲ့ပါတယ်။ ရေးသူကတော့ မြောက်ဦးမြို့သား ကိုကျော်ဆန်းလှိုင်နဲ့ အလွတ်သတင်းထောက် Emily Fishbein ဖြစ်ပါတယ်။

သူတို့ဟာ စစ်အာဏာမသိမ်းမီ ဇန်နဝါရီလမှာ သတင်းသမား (၇) ဦးကို တွေ့ဆုံပြီး ရခိုင်ပြည်နယ်က လက်နက်ကိုင်ပဋိပက္ခတွေအကြောင်း မေးမြန်းကြပါတယ်။ တကယ်တော့ ၂၀၁၆ အောက်တိုဘာလမှာ စတင်တဲ့ ရခိုင်မြောက်ပိုင်း နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးလုပ်နေချိန်ကစပြီး သတင်းမီဒီယာတွေကို အမျိုးမျိုးချုပ်ချယ်လာပါတယ်။ AA ရခိုင်တပ်က ၂၀၁၈ မှာ ထိုးစစ်ဆင်တဲ့အခါ တပ်မတော်ကလည်း မီးကုန်ယမ်းကုန် ပြန်လည်တိုက်ခိုက်တဲ့အတွက် အရပ်သားအများအပြား သေဆုံးခဲ့ရပါတယ်။ DMG နဲ့ နိရဉ္စရာသတင်းဌာနအပါအဝင် Website (၂၃၀) ကို ပိတ်ထားဖို့ ၂၀၂၀ မတ်လ (၂၃) ရက်နေ့မှာ အစိုးရက အမိန့်ထုတ်ခဲ့ပါတယ်။ AA တပ်တော်ကိုလည်း အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာပါတယ်။ NLD အစိုးရဟာ ပထမ (၄) နှစ်မှာ သတင်းမီဒီယာကို (၃၁) ကြိမ် တရားစွဲပြီး တပ်မတော်က (၁၁) ကြိမ် တရားစွဲပါတယ်။

DMG သတင်းဌာနဟာ မြို့နယ် (၁) နယ်မှာ သတင်းထောက်တဦးထားတဲ့အတွက် သတင်းထောက် (၁၇) ယောက်ရှိပြီး AA နဲ့ တပ်မတော်ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကို အရင်ဆုံးသတင်းပို့နိုင်ပါတယ်။ ၂၀၁၉ မေလကစပြီး စစ်အာဏာသိမ်းချိန်အထိ (၂) နှစ်နီးပါးအတွင်း ရခိုင်စစ်ဘေးဒုက္ခသည်တွေအကြောင်း ဆောင်းပါးပေါင်း (၁၅၂) စောင် ထုတ်ဝေနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၉ မေလမှာ DMG အယ်ဒီတာချုပ် ကိုအောင်မင်းဦးကို မတရားအသင်း ဆက်သွယ်မှုနဲ့ အစိုးရက စွဲချက်တင်ထားလို့ အခုထိ တိမ်ရှောင်နေရဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ DMG သတင်းကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ အွန်လိုင်းကနေ ဆက်လက်ထုတ်ဝေနိုင်တာဟာ DMG သတင်းအဖွဲ့ ရှင်သန်နေတာကို ပြသရာရောက်ပါတယ်။

ရခိုင်အမျိုးသားအဖွဲ့ချုပ်နဲ့ AA တပ်တော်တို့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာပြီး တနှစ်ကြာတဲ့အခါ လွန်ခဲ့တဲ့ မတ်လ (၁၁) ရက်နေ့က ဒီကြေညာချက်ကို စစ်ကောင်စီက ရုတ်သိမ်းလိုက်ပါတယ်။ AA နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ တရားစွဲခံထားရသူ (၂၀၀) ကျော်ရှိတဲ့အနက် လွတ်မြောက်လာသူ (၁၀၂) ဦးရှိကြောင်း အောက်တိုဘာ (၃၁) ရက်နေ့ထုတ် DMG သတင်းမှာ ဖော်ပြထားပါတယ်။ ရခိုင်ဗုဒ္ဓဘာသာဝင်၊ ရိုဟင်ဂျာမွတ်စလင် နဲ့ ကမန်မွတ်စလင်တွေကို ၂၀၁၆ မှာ ကွင်းဆင်းလေ့လာခဲ့သူ သုတေသီ ‘အိမ့်သီရိသူ’ က သတင်းအချက်အလက် စုဆောင်းရတာ အလွန်ခက်ခဲပုံကို Frontier စာစောင်မှာ ရေးဖူးပါတယ်။ ဒုက္ခရောက်ရတာတွေကို နိုင်ငံခြားကသိရအောင် ပြောချင်လွန်းတဲ့အတွက် ပုံကြီးချဲ့တာမျိုးတွေ ဖြစ်သွားတာကို မကြာခဏ ကြုံတွေ့ရတာဟာလည်း သတင်းစုဆောင်းရာမှာ အခက်အခဲတခု ဖြစ်တယ်လို့ ဆိုပါတယ်။

ဝါအရင့်ဆုံး နိရဉ္စရာသတင်းဌာနကို ဒါကာအခြေစိုက် ရခိုင်ဒီမိုကရေစီသမားတစုက ၂၀၀၁ စက်တင်ဘာမှာ တည်ထောင်ထားတာမို့ အနှစ် (၂၀) ရှိနေပါပြီ။ ပထမဦးဆုံး email နဲ့ သတင်းပို့ပါတယ်။ နောက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြီး၊ ၂၀၀၂ ဧပြီမှာ နိရဉ္စရာ သတင်းသမား (၃) ဦးကို ကာတားမှာ သင်တန်းတက်ပါတယ်။ BBC, AIR နဲ့ PTI သတင်းဌာနတွေက ဝါရင့်သတင်းသမားတွေ ပို့ချတဲ့ သင်တန်းဖြစ်ပါတယ်။ အခုတော့ နိရဉ္စရာသတင်းစဉ်ကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ Online မှာ ကြည့်နိုင်ပါတယ်။ နိရဉ္စရာရဲ့ ထုတ်ဝေချက်တွေကိုကြည့်ရင် ပြန်လည်ထူထောင်ရေးမှာ အပြုသဘောနဲ့ ပါဝင်နေပုံရပါတယ်။

၂၀၁၆ ဖေဖေါ်ဝါရီလ မြောက်ဦးမြို့မှာ ကျင်းပတဲ့ စတုတ္ထအကြိမ်မြောက် တိုင်းရင်းသားမီဒီယာ ညီလာခံမှာ တိုင်းရင်းသားမီဒီယာတွေဟာ ငြိမ်းချမ်းရေးနဲ့ သင့်မြတ်ရေးတို့ကို ဖော်ဆောင်ရမယ်ဆိုတဲ့ ဆောင်ပုဒ်ချမှတ်ထားပါတယ်။ အပစ်ရပ်ထားရုံနဲ့ ငြိမ်းချမ်းရေး မရနိုင်ဘဲ၊ တရားမျှတမှု၊ သဟဇာတ ဖြစ်မှုစတဲ့ တိုးတက်ဖွံ့ဖြိုးမှုတွေ ဖြစ်ပေါ်လာမှသာ ငြိမ်းချမ်းရေး ရနိုင်မှာဖြစ်ကြောင်း ငြိမ်းချမ်းရေးမီဒီယာ လက်ဦးဆရာတဦးဖြစ်တဲ့ နော်ဝေပညာရှင် Dr. Johan Vincent Galtung ရဲ့ အဆိုအမိန့် ရှိပါတယ်။

XS
SM
MD
LG