သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တိုက္ပြဲ ဘယ္ေတာ့ ၿပီးမလဲ


PDF ေတာင္ပိုင္းတို္င္းစစ္ဌာနခ်ဳပ္ သင္တန္းဆင္းပြဲ အခမ္းအနား။ (ဓာတ္ပုံ - Screenshot from CRPH Facebook)
တိုက္ပြဲ ဘယ္ေတာ့ ၿပီးမလဲ
please wait

No media source currently available

0:00 0:10:48 0:00
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံက အာဏာသိမ္းစစ္ေကာင္စီနဲ႔ ဒီမိုကေရစီအင္အားစုေတြၾကား ပဋိပကၡဟာ လက္နက္ကိုင္တိုက္ပြဲနဲ႔သာ ၿပီးျပတ္ႏိုင္ဖြယ္ရွိတယ္လို႔ ဝါရင့္တရားလႊတ္ေတာ္ေရွ႕ေနႀကီး ဦးႀကီးျမင့္က သုံးသပ္ပါတယ္။ ဘာေၾကာင့္ပါလဲ။ လက္ရွိအေျခအေနက ဘယ္လိုလဲ။ ဘယ္ေလာက္ ၾကာျမင့္ႏိုင္သလဲ ဆိုတာ ေရွ႕ေနမ်ားကြန္ယက္ဥကၠဌ ဦးႀကီးျမင့္နဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ အခု ျမန္မာႏိုင္ငံတခ်ဳိ ႔ေဒသေတြမွာ ၿငိမ္သက္ေနၿပီ၊ အုပ္ခ်ဳပ္ေရးစနစ္က ပံုမွန္ျဖစ္ေနၿပီလို႔ စစ္ေကာင္စီဘက္က၊ အာဏာပိုင္အသိုင္းအဝိုင္းဘက္က ေျပာတာကို ၾကားရပါတယ္။ အခ်က္အခ်ာမက်တဲ့ ၿမိဳ ႔ႀကီးေတြမွာေတာ့ ဆူပူမႈေတြ၊ ကန္႔ကြက္ဆႏၵျပမႈေတြ ရိွေနေသးတယ္လို႔လည္း ေျပာၾကပါတယ္။ ဆိုေတာ့ ေလာေလာဆယ္ ျမန္မာႏိုင္ငံရဲ ႔ ေအးခ်မ္းသာယာမႈ ဘယ္လိုရိွသလဲဆိုတာကို အၾကမ္းမ်ဥ္း အရင္ဆံုးေျပာပါ။

ေျဖ ။ ။ တရားဥပေဒစိုးမိုးတယ္၊ ၿငိမ္သက္တယ္ဆိုတာကလဲ ရန္ကုန္ၿမိဳ ႔ဆိုရင္ ေန႔တိုင္းေသၾကတယ္။ နွစ္ဘက္ေသၾကတာ။ ၿငိမ္းခ်မ္းမႈကလည္း တေန႔တျခား လံုးဝမရိွဘူး။ အိမ္ေတြရဲ ႔ လံုၿခံဳမႈကလည္း လံုးဝမရိွဘူး။ တရားရံုးေတြကလည္း အမ်ားအားျဖင့္ မဖြင့္ၾကဘူး။ ဖြင့္လည္း ခဏေလးပဲ။ အေရးႀကီးတဲ့ အမႈေတြေလာက္ကိုသာ ကပ်ာကသီ လုပ္ၾကၿပီးေတာ့ ျပန္ၾကတာပဲ။ နယ္စပ္ေတြမွာလည္း အဲဒီအတိုင္းပဲ။ လံုၿခံဳေရးအရမ္းေကာင္းတဲ့ ေနရာေတြမွာေတာ့ ျပစ္မႈေတြကို အဓိကထား စီရင္ၾကတယ္။ တရားမကေတာ့ လံုးဝမကိုင္ပါဘူး။ နည္းနည္းေလး တရားဥပေဒ စိုးမိုးတယ္ဆိုတဲ့ ေနရာေတြၾကေတာ့ ရက္ျခားေလာက္ပဲ သူတုိ႔ လုပ္ၾကတယ္။ ေျပာခ်င္တာကေတာ့ တရားဥပေဒ စိုးမိုးေရးဆုိတာ ေဒၚေအာင္ဆန္းစုၾကည္ကို စစ္ေနတဲ့ဟာေတြ၊ မၾကာခင္ အမိန္႔ခ်ေတာ့မယ္ ေဒၚနန္းခင္ေထြးျမင့္တို႔ကို ႏွစ္ (၉၀) ခ်ျပစ္လိုက္တာေတြ။ ႏွစ္ (၆၀) ခ်ျပစ္တာေတြ၊ အဲဒါေတြ အပါအဝင္ တရားဥပေဒ စိုးမိုးေရးဆိုတာကေတာ့ ျပတ္လံုးသဖြယ္ အဲဒီလိုျဖစ္ေနပါတယ္။ ငါတုိ႔ တိုက္မွရေတာ့့မယ္ဆိုၿပီးေတာ့ အဲဒီဘက္ကို ေရာက္သြားတာပါ။

ေမး ။ ။ တကယ္ေတာ့ တုိုက္မွရမယ္ဆိုတာကလဲ လက္နက္ကိုင္ၿပီး တိုက္မလား။ အခု NUG ဘက္ကလည္း စစ္ေရးအားျဖင့္ တံု႔ျပန္မယ္။ လက္နက္ကိုင္မယ္ဆိုၿပီးေတာ့ ေျပာေနတယ္။ အဲဒီေနာက္ပိုင္းမွာ တက္တက္ၾကြၾကြ လက္နက္နဲ႔ တံု႔ျပန္လာတာကိုလည္း ေတြ႔ရပါတယ္။ ဆိုေတာ့ အဲဒီဟာက ဒီမိုကေရစီ လိုလားတဲ့လူေတြအတြက္ အက်ဳိးရိွႏိုင္ပါရဲ ႔လား။ တကယ္ေတာ့ သူတုိ႔က လက္နက္ကိုင္ၿပီးေတာ့ တံု႔ျပန္မယ္လို႔ ေျပာလိုက္တဲ့အခါမွာ ႏိုင္ငံတကာအေနနဲ႔ အသိအမွတ္ျပဳရ၊ လက္ခံရတာေတြ နည္းနည္းတြန္႔ဆုတ္သြားသလို က်ေနာ္ စဥ္းစားမိပါတယ္။ ဦးႀကီးျမင့္ ဘယ္လိုျမင္ပါသလဲ။

ေျဖ ။ ။ အဲဒီလို တိုက္မွရေတာ့မယ္ဆိုၿပီးေတာ့ ပထမဦးဆံုး အသံထြက္တဲ့လူေတြ ၂၀၀၈ ကို ဖ်က္မယ္။ အာဏာရွင္ကို မတိုက္ရင္မရဘူး တိုက္တဲ့နည္းမွမသံုးရင္ ဘယ္လိုမွ မပ်က္ေတာ့ဘူး။ တသက္လံုး စစ္ကၽြန္ျဖစ္လိမ့္မယ္ မ်ဳိးဆက္ေတြက။ က်ေနာ္တို႔ ပထမဦးဆံုး စထြက္တဲ့အသံပဲ။ က်ေနာ္တို႔ ကေလးေတြကို စႏိုက္ပါနဲ႔ ေခါင္းခ်ိန္းပစ္ေနတာကို တကမာၻလံုး၊ တျပည္လံုး ျမင္ေနရတယ္။ ဘယ္သူမွ မခံႏိုင္ဘူး။ တေယာက္လဲမဟုတ္၊ ႏွစ္ေယာက္လဲမဟုတ္ - အဲဒီလို ပထမဦးဆံုး အသံထြက္တဲ့လူေတြမွာ က်ေနာ္တို႔ ပါတယ္။ က်ေနာ္တို႔က NLD ေပ်ာ့လြန္းလို႔ မႀကိဳက္ဘူး။ စစ္အာဏာရွင္နဲ႔ ပလူးပလဲလုပ္တယ္ဆိုၿပီး မႀကိဳက္ခဲ့ဘူး။ မဲလည္း တခါမွ မေပးခဲ့ဘူး။ ဒါေပမဲ့ အခုၾကေတာ့ ဘာလဲဆိုေတာ့ NUG က တိုက္မွရမယ္၊ တိုက္ေတာ့မယ္လို႔ ေျပာလိုက္တဲ့အခါမွာ က်ေနာ္က ျခြင္းခ်က္မရိွဘဲ တစ္ရာရာခိုင္ႏႈန္းအျပည့္ ျဖစ္သြားတယ္။

ေမး ။ ။ ဦးႀကီးျမင့္က အဲဒီလို တိုက္မွျဖစ္မယ္ဆိုတဲ့ အယူအဆကို ဆက္လက္ၿပီးေတာ့ ဆြဲကိုင္ေနတုန္းပဲလား။

ေျဖ ။ ။ အခု အဲဒါေတြကို ေျပာခ်င္တာပါ။ ေခါင္းေဆာင္တေယာက္ကို ေစာေစာတုန္းကပဲ ဖုန္းဆက္ၿပီးေတာ့ ေဆြးေႏြးတယ္။ ‘အကို မတိုက္လို႔ မရဘူးေလ။ က်ေနာ္တို႔က တျပည္လံုး ဆံုးျဖတ္ခ်က္ပဲ။’ အဲဒီလို ထြက္လာတယ္။ တိုက္ကိုတိုက္မွ ရမယ္။ ဒီတိုက္ပြဲက ႏုိင္မွာပါဆိုၿပီးေတာ့ သူကေတာ့ အခိုင္အမာ ေျပာတယ္။ နာမည္ေတာ့ က်ေနာ္ ထုတ္မေျပာေတာ့ပါဘူး။ သူကလည္း အဲဒါကို သေဘာတူပါတယ္။ ဒါေပမဲ့ ျခြင္းခ်က္နဲ႔ သေဘာတူတာ။

ေမး ။ ။ ျခြင္းခ်က္ကို ေျပာပါအံုး။

ေျဖ ။ ။ ျခြင္းခ်က္ကေတာ့ NUG က (၇) ရက္ေန႔မွာ တိုက္မယ္လို႔ စစ္ေၾကညာလိုက္တယ္။ ဒါေပမဲ့လို႔ အဲဒီေနာက္မွာ အားပါမလာတဲ့အခါၾကေတာ့ ကမာၻ႔ႏိုင္ငံေတြကလည္း အလုပ္ပါမလာဘူးလို႔ သူတုိ႔ ျမင္ၾကတယ္။ အဲဒါက တစ္ခ်က္။ ေနာက္တစ္ခ်က္က ဘာလဲဆိုေတာ့ ဒီလိုေၾကညာၿပီးေနာက္ ဘာမွလဲ ရလဒ္ေကာင္းေတြလည္း မထြက္ဘူးဆိုတဲ့အခါမွာ နဂိုကတည္းက အေနာက္ႏုိင္ငံေတြရဲ ႔ ေပၚလစီအရ အရင္အစိုးရမွာလည္း ဒီအတိုင္းပဲ စစ္ေရးအရ မေပးဘူး။ အဲဒီလို သံတမန္နည္းအရ ေထာက္ခံမႈနဲ႔ပဲ အတိုက္အခံေခါင္းေဆာင္က ထြက္ေျပးရတာပဲ။ အဲဒီလိုျဖစ္တယ္။ အဲဒီလို အေတြးအႀကံဳေတြအရ က်ေနာ္ကေတာ့ တိုက္မယ္ဆိုရင္လဲ ေသခ်ာတိုက္ေတာ့။ မတိုက္ဘူးဆိုရင္လဲ တိုင္းျပည္ကိုေျပာ ေၾကညာခ်က္ထုတ္ေတာ့ - က်ေနာ္တို႔ဟာ ၂၀၀၈ ကိုေတာ့ လက္မခံဘူး။ ဒါေပမဲ့ ေစ့စပ္ေဆြးေႏြးေရးကို မပစ္ပယ္ဘူးလို႔ ေၾကညာလိုက္။ တုိက္လည္း မတိုက္ဘူး၊ ေၾကညာလည္း မေၾကညာဘူးဆိုရင္ေတာ့ ကမာၻႀကီးက သံသယ ျဖစ္လာစရာ ရိွလာတာေပါ့။

ေမး ။ ။ အခုေတာ့ တိုက္မယ္ဆိုတဲ့က႑နဲ႔ ပတ္သက္လို႔ နည္းနည္းဆက္ေမးခ်င္ပါတယ္။ တိုက္မယ္ဆိုတဲ့ကိစၥကို တခ်ဳိ ႔က ေဝဖန္ၾကတယ္။ တခ်ဳိ ႔ဆိုတဲ့ေနရာမွာ စစ္ေကာင္စီကို ေထာက္ခံတဲ့လူေတြ မဟုတ္ဘူး။ သာမန္ျပည္သူေတြရဲ ႔ ေဝဖန္သံေတြကို ၾကားရတာပါ။ ကေလးေတြကို ေျမွာက္ေပးေနၾကတယ္။ သူတုိ႔ၾကေတာ့ ဘာမွမလုပ္ႏုိင္ၾကဘူး။ ေနာက္ၿပီးေတာ့ လုပ္ႏုိင္တဲ့ အင္အားလည္း အမွန္တကယ္ မရိွဘဲနဲ႔ ဘာေၾကာင့္ ကေလးေတြကို ေျမွာက္ေပးေနရသလဲလုိ႔ ေျပာေနၾကပါတယ္။ အဲဒီလို ေျပာဆိုေဝဖန္ခ်က္ကို ဘယ္လို တံု႔ျပန္ၾကမလဲ။

ေျဖ ။ ။ က်ေနာ္ကေတာ့ တစ္ရာရာခိုင္ႏႈန္း ပယ္ခ်တယ္။ က်ေနာ္က အထဲမွာေနလို႔ သိတာ။ အဲဒါ အဖ်က္သမားေတြပဲ။ စဥ္းစားဆင္ျခင္တံုတရား ရိွတယ္လူေတြကေတာ့ မွ်ၿပီးေတာ့ ေဝဖန္တယ္။ NDF ေတြကို ငဲ့ညွာသင့္တယ္။ သူတုိ႔ကိုလည္း အကူအညီေပးသင့္တယ္။ NUG ရဲ ႔ လုပ္ေဆာင္ခ်က္ေတြက သူတုိ႔က လစာယူမယ္။ CDM ဝန္ထမ္းေတြကို ေပးမယ္ဆိုတာ ဟိုမွာေသေနတဲ့ ကေလးေတြကို ဘာမွမေပးဘူး။ အဲဒီလို ျဖစ္ေနတယ္ဆိုတဲ့ တကယ့္အျဖစ္အပ်က္နဲ႔ တကယ့္တိုက္ပြဲသူေတြသာ ေဝဖန္ေနၾကတာ။ အဲဒီလို ေျမွာက္ေပးေနတာကိုက အဖ်က္သမားေတြနဲ႔ ဟိုဟာလုပ္ေနတဲ့သေဘာပဲ။ အဲဒီလူေတြရဲ ႔ သမိုင္းကို ၾကည့္လိုက္ရင္လဲ အဲဒီလူေတြက ႏိုင္ငံတေလွ်ာက္လံုးမွာ အဲဒီလိုပဲ အေခ်ာင္ႏိႈက္ၿပီးေတာ့ အဲဒီလိုပဲ ဟိုေပါင္းလိုက္ ဒီေပါင္းလိုက္နဲ႔ေနတဲ့ လူမ်ဳိးေတြ ျဖစ္တယ္။ အဲဒါကို က်ေနာ္ လံုးဝလက္မခံဘူး။ ဟုတ္လဲမဟုတ္ဘူး။ လက္ရိွ ျဖစ္ပ်က္ေနတဲ့ အေျခအေနက တိုက္ေနၿပီ။ အခုဆိုရင္ သတ္ေနတာပဲ။ ေန႔တိုင္းသတ္ေနတာ။

ေမး ။ ။ အာဏာသိမ္းတဲ့ စစ္ေကာင္စီကေတာ့ သတ္ေနတာ ကမာၻက သိတာေပါ့။ တကမာၻလံုးကလည္း ဝိုင္းဝန္းရွဳတ္ခ်ေနၾကတယ္။ ဘယ္သူမွလဲ ဒါကို မႀကိဳက္ၾကဘူး။ ဆိုေတာ့ အဲဒီလို သတ္ေနတဲ့အျပင္ ဒီဘက္ကလဲ တံု႔ျပန္မယ္လို႔ ေျပာလိုက္ေတာ့ တံု႔ျပန္တဲ့ဘက္က တကယ့္ပစ္မွတ္ထားတဲ့ target ကို မေရာက္ဘဲနဲ႔ သူတို႔ဘက္ကလဲ သံသယနဲ႔ ပစ္ခတ္တာေတြ၊ သတ္ျဖတ္တာေတြ ရိွတယ္လို႔လဲ ေျပာၾကပါတယ္။ ျပည္သူေတြ ႏွစ္ဘက္သတ္ျဖတ္မႈကို ပိုၿပီးေတာ့ ခံေနရတဲ့သေဘာမ်ား ျဖစ္ေနသလား။ တဘက္တည္း မဟုတ္ဘဲနဲ႔။

ေျဖ ။ ။ အဲဒီလို ေတြးလို႔မရဘူး။ ခံရတဲ့လူက မတရားခံရၿပီေတာ့မွ ဒီဘက္က တံု႔ျပန္တဲ့လူေတြက ခဲနဲ႔ျပန္ေပါက္တာ နည္းနည္းေလးပဲ။ ေလာက္ေလးနဲ႔ပစ္တဲ့ အဆင့္သာသာပဲ ရိွတယ္။ သူတုိ႔မွာ စစ္တပ္အဆက္ဆက္က လံုးဝေဆြးေႏြးလိုတာ မရိွဘူး။ သူတို႔အသာစီးယူမယ္။ သူတုိ႔ပဲလုပ္မယ္။ ေရြးေကာက္ပြဲကိုလည္း အႏိုင္အထက္ အတင္းလုပ္အံုးမွာ PR စနစ္နဲ႔။ ျဖစ္လာေအာင္ အတင္းလုပ္လိမ့္မယ္။ လူသတ္မယ္။ ပစၥည္းသိမ္းမယ္။ ေထာင္ခ်မယ္။ ေဆြစဥ္မ်ဳိးဆက္ကို ဒုကၡေပးမယ္။ အဲဒီလိုရတဲ့နည္းနဲ႔ အႏိုင္ယူမယ္။ ဆက္ေပးရင္ စစ္အာဏာရွင္စနစ္ကို ျပန္ေထာင္မွာ။ ဘယ္လိုမ်ဳိးေတာင္ ေထာင္မလဲဆိုရင္ သူတို႔ကို ေထာက္ခံမယ့္ ပါတီအုပ္စုေတြ - PR စနစ္ဆိုေတာ့။

ေမး ။ ။ ဒီမွာ က်ေနာ့္ရဲ ႔ အဓိကစဥ္းစားခ်က္က အခုတိုက္ၾကမယ္။ တိုက္လို႔ႏိုင္ႏုိင္တဲ့ အေျခအေနရိွသလားဆိုတာက အၿမဲတမ္း သံသယ ရိွေနတဲ့ကိစၥပါ။ ဒီလူေတြကို လက္နက္နဲ႔ တိုက္လို႔ႏိုင္ေျခရိွသလား။ အဲဒါကိုလဲ စဥ္းစားတာပါ။

ေျဖ ။ ။ အခု PDF ေတြ လက္ထက္မွာ တိုက္ေနတာက automatic ျဖစ္သြားၿပီ။ အကုန္လံုးနီးပါး ျဖစ္သြားၿပီ။ သူရွင္ကိုယ္ရွင္ပဲ။ စစ္ကိုင္းတိုင္းမွာ တုိက္တဲ့တိုက္ပြဲေတြက ေျပာက္ၾကား မဟုတ္ေတာ့ဘူး။ ထိပ္တိုက္တိုက္ၾကတာ။ မိုင္းစနစ္ေတြကလည္း အရမ္းေခတ္မီတယ္။ အာဖဂန္နိစၥတန္၊ အီရတ္တို႔မွာသံုးတဲ့ မိုင္းစနစ္ေတြက ဒီကိုေရာက္လာတာ။ အဲဒီမိုင္းစနစ္ေတြနဲ႔ ေသတာက အမ်ားႀကီး။ ေလယာဥ္ကို ပစ္ခ်တယ္။ အတိအက်ေတာ့ မရေသးဘူး။ မီးေလာင္းတဲ့ပံုႀကီးေတာ့ ျပတယ္။ ေလယာဥ္ကို ပစ္ခ်လိုက္တယ္။ အဲဒီလိုမ်ဳိးေတြ ျဖစ္လာတယ္ဆိုေတာ့ လူေတြကလည္း ငါတုိ႔ မလႊဲမေသြး ႏိုင္မွျဖစ္မယ္။ ႏုိင္မွျဖစ္မယ္ဆိုတဲ့ စိတ္ေတြက နည္းနည္းေလးေတာင္ မေလ်ာ့ဘူး။ အခုနေျပာတဲ့ ေစ့စပ္ေရးသမားတို႔ ဘာတို႔ အေၾကာက္သမားတို႔ကေတာ့ တိုင္းတတိုင္းျပည္ေပါ့။ အဲဒါကေတာ့ ဘယ္သူမွန္မလဲဆိုတာကို ေစာင့္ၾကည့္ရမွာေပါ့။

ေမး ။ ။ ေနာက္ က်ေနာ္ ဆက္ေမးခ်င္တာက ေစာေစာက ဦးႀကီးျမင့္ ေျပာသြားတဲ့ ေရြးေကာက္ပြဲ အတင္းလုပ္မယ္။ မျဖစ္မေန သူတုိ႔လုပ္မယ့္ PR စနစ္ဆိုၿပီးေတာ့ PR စနစ္တို႔ ၿငိမ္းခ်မ္းေရးဆိုတာက တုိင္းရင္းသားေတြကို သူတို႔ဘက္ပါေအာင္ စည္းရံုးတာေပါ့။ ဒါေပမဲ့လဲ တုိင္းရင္းသားေတြက အမွန္တကယ္ ယံုၾကည္သက္ဝင္လာစရာ ရိွတယ္ထင္ပါသလား။

ေျဖ ။ ။ ေရြးေကာက္ပြဲက ႏွစ္ဘက္သတ္မွာ။ ပ်ဴးေစာထီးကလည္း ျပည္သူဘက္က လူေတြကို သတ္မွာ။ PDF ကလည္း ျပည္သူကို ႏိွပ္စက္မယ့္ ဟိုေကာင္နဲ႔ ေပါင္းတဲ့ေကာင္ေတြကို သတ္မွာ။ အခု ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေတြ အကုန္လံုး ထြက္ကုန္ၾကၿပီ။ ေတာ္ေတာ္မ်ားမ်ားက။ ဒီေန႔ပဲ လိႈင္သာယာမွာ တစ္ေယာက္ေသတယ္။ ပုလဲ၊ ဂန္႔ေဂၚတို႔ဘက္မွာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေတြအျပင္ ဝန္ထမ္းေတြပါ ႏႈတ္ထြက္ကုန္ၿပီ။ အဲဒီေတာ့ ေျပာခ်င္တာက ေအာင္ျမင္ေနတဲ့ ေနရာေတြကလည္း အမ်ားႀကီးပဲ။ ဒါေပမဲ့ လူေတြက အခု မေက်မနပ္ ျဖစ္ေနတာက ေအာင္ျမင္သင့္သေလာက္ မေအာင္ျမင္ဘူး။ NUG ရဲ ႔ တုိက္ပြဲ ေသနဂၤဗ်ဴဟာက ဘာလဲဆိုရင္ KIA ကလည္း ေျပာေနတယ္။ ခ်င္းကေတာ့ အျပတ္အသတ္ တိုက္ေနတယ္။ ကယားကလည္း တုိက္ေနတယ္။ KIA ကေတာ့ သတိနဲ႔ထားၿပီးေတာ့ တိုက္ေနတယ္။ KIA က ေျပာတယ္ NUG က တိုက္ပြဲႀကီး တိုက္ၿပီဆိုတဲ့အခါမွာ သူတို႔လည္း ျပည္မအထိ ဝင္လာၿပီးေတာ့ တိုက္မယ္။ ေၾကညာတာကေတာ့ ဥကၠ႒က ေၾကညာတာ။

ေမး ။ ။ တခ်ဳိ ႔က မ်ဳိးဆက္နဲ႔ခ်ီၿပီးေတာ့ ၾကာျမွင့္သြားလိမ့္မယ္။ ဒီလိုတိုက္ပြဲမ်ဳိးကဆိုၿပီးေတာ့ ေျပာၾကပါတယ္။ ဦးႀကီးျမင့္က အဲဒါကို စဥ္းစားမိပါသလား။

ေျဖ ။ ။ မ်ဳိးဆက္နဲ႔ခ်ီၿပီးေတာ့ ၾကာသြားမယ္ဆိုတာကို က်ေနာ္ လံုးဝလက္မခံဘူး။ ႏုိင္ငံေရးမွာေတာ့ ပံုေသတြက္လို႔မရဘူး။ အခုေျပာမယ္ဆိုရင္လဲ (၉) လ ရိွသြားၿပီ။ က်ေနာ္တို႔ဘက္က ဘယ္ေလာက္ေလာက္ တုိးတက္မႈျပႏိုင္သလဲဆိုရင္ေတာ့ ၿမိဳ ႔ေပၚတက္ သတ္ေနတယ္။ စစ္ကိုင္းတိုင္း တတိုင္းလံုးမွာ တိုက္ပြဲေတြ ညံေနတယ္။ ကခ်င္မွာလည္း ျဖစ္ေနတယ္။

ေမး ။ ။ က်ေနာ့္ေမးခြန္းရဲ ႔ အေျဖက ခန္႔မွန္းမယ္ဆိုရင္ ခန္႔မွန္းလို႔ မရႏိုင္ဘူးေပါ့။ ဘယ္အခ်ိန္ၾကာမလဲဆိုတာ။

ေျဖ ။ ။ ခ်က္ခ်င္းလည္း ျဖစ္ႏုိင္တယ္။ အခုနေျပာတဲ့ မ်ဳိးဆက္နဲ႔ခ်ီၿပီဆိုတာကေတာ့ လံုးဝမဟုတ္ဘူး။ အဲဒီေလာက္အထိ မၾကာဘူး။ က်ေနာ္တုိ႔ကေတာ့ ေသသြားႏိုင္တယ္။ အသက္အရြယ္ က်န္းမာေရးေၾကာင့္။ ေသသြားလည္း ေနာက္လူေတြ ဆက္တိုက္လိမ့္မယ္။ မ်ဳိးဆက္ပိုင္မ်ဳိးဆက္ေတာ့ မဟုတ္ေတာ့ဘူး။ ဒီမ်ဳိးဆက္မ်ာပဲ ျပတ္မွာပါ။ ဒါကေတာ့ ေသခ်ာတယ္။ က်ေနာ္ အာမခံႏိုင္တယ္။


== Unicode ==

မြန်မာနိုင်ငံက အာဏာသိမ်းစစ်ကောင်စီနဲ့ ဒီမိုကရေစီအင်အားစုတွေကြား ပဋိပက္ခဟာ လက်နက်ကိုင်တိုက်ပွဲနဲ့သာ ပြီးပြတ်နိုင်ဖွယ်ရှိတယ်လို့ ဝါရင့်တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်က သုံးသပ်ပါတယ်။ ဘာကြောင့်ပါလဲ။ လက်ရှိအခြေအနေက ဘယ်လိုလဲ။ ဘယ်လောက် ကြာမြင့်နိုင်သလဲ ဆိုတာ ရှေ့နေများကွန်ယက်ဥက္ကဌ ဦးကြီးမြင့်နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ အခု မြန်မာနိုင်ငံတချို့ဒေသတွေမှာ ငြိမ်သက်နေပြီ၊ အုပ်ချုပ်ရေးစနစ်က ပုံမှန်ဖြစ်နေပြီလို့ စစ်ကောင်စီဘက်က၊ အာဏာပိုင်အသိုင်းအဝိုင်းဘက်က ပြောတာကို ကြားရပါတယ်။ အချက်အချာမကျတဲ့ မြို့ကြီးတွေမှာတော့ ဆူပူမှုတွေ၊ ကန့်ကွက်ဆန္ဒပြမှုတွေ ရှိနေသေးတယ်လို့လည်း ပြောကြပါတယ်။ ဆိုတော့ လောလောဆယ် မြန်မာနိုင်ငံရဲ့ အေးချမ်းသာယာမှု ဘယ်လိုရှိသလဲဆိုတာကို အကြမ်းမျဉ်း အရင်ဆုံးပြောပါ။

ဖြေ ။ ။ တရားဥပဒေစိုးမိုးတယ်၊ ငြိမ်သက်တယ်ဆိုတာကလဲ ရန်ကုန်မြို့ဆိုရင် နေ့တိုင်းသေကြတယ်။ နှစ်ဘက်သေကြတာ။ ငြိမ်းချမ်းမှုကလည်း တနေ့တခြား လုံးဝမရှိဘူး။ အိမ်တွေရဲ့ လုံခြုံမှုကလည်း လုံးဝမရှိဘူး။ တရားရုံးတွေကလည်း အများအားဖြင့် မဖွင့်ကြဘူး။ ဖွင့်လည်း ခဏလေးပဲ။ အရေးကြီးတဲ့ အမှုတွေလောက်ကိုသာ ကပျာကသီ လုပ်ကြပြီးတော့ ပြန်ကြတာပဲ။ နယ်စပ်တွေမှာလည်း အဲဒီအတိုင်းပဲ။ လုံခြုံရေးအရမ်းကောင်းတဲ့ နေရာတွေမှာတော့ ပြစ်မှုတွေကို အဓိကထား စီရင်ကြတယ်။ တရားမကတော့ လုံးဝမကိုင်ပါဘူး။ နည်းနည်းလေး တရားဥပဒေ စိုးမိုးတယ်ဆိုတဲ့ နေရာတွေကြတော့ ရက်ခြားလောက်ပဲ သူတို့ လုပ်ကြတယ်။ ပြောချင်တာကတော့ တရားဥပဒေ စိုးမိုးရေးဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်နေတဲ့ဟာတွေ၊ မကြာခင် အမိန့်ချတော့မယ် ဒေါ်နန်းခင်ထွေးမြင့်တို့ကို နှစ် (၉၀) ချပြစ်လိုက်တာတွေ။ နှစ် (၆၀) ချပြစ်တာတွေ၊ အဲဒါတွေ အပါအဝင် တရားဥပဒေ စိုးမိုးရေးဆိုတာကတော့ ပြတ်လုံးသဖွယ် အဲဒီလိုဖြစ်နေပါတယ်။ ငါတို့ တိုက်မှရတော့မယ်ဆိုပြီးတော့ အဲဒီဘက်ကို ရောက်သွားတာပါ။

မေး ။ ။ တကယ်တော့ တိုက်မှရမယ်ဆိုတာကလဲ လက်နက်ကိုင်ပြီး တိုက်မလား။ အခု NUG ဘက်ကလည်း စစ်ရေးအားဖြင့် တုံ့ပြန်မယ်။ လက်နက်ကိုင်မယ်ဆိုပြီးတော့ ပြောနေတယ်။ အဲဒီနောက်ပိုင်းမှာ တက်တက်ကြွကြွ လက်နက်နဲ့ တုံ့ပြန်လာတာကိုလည်း တွေ့ရပါတယ်။ ဆိုတော့ အဲဒီဟာက ဒီမိုကရေစီ လိုလားတဲ့လူတွေအတွက် အကျိုးရှိနိုင်ပါရဲ့လား။ တကယ်တော့ သူတို့က လက်နက်ကိုင်ပြီးတော့ တုံ့ပြန်မယ်လို့ ပြောလိုက်တဲ့အခါမှာ နိုင်ငံတကာအနေနဲ့ အသိအမှတ်ပြုရ၊ လက်ခံရတာတွေ နည်းနည်းတွန့်ဆုတ်သွားသလို ကျနော် စဉ်းစားမိပါတယ်။ ဦးကြီးမြင့် ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ အဲဒီလို တိုက်မှရတော့မယ်ဆိုပြီးတော့ ပထမဦးဆုံး အသံထွက်တဲ့လူတွေ ၂၀၀၈ ကို ဖျက်မယ်။ အာဏာရှင်ကို မတိုက်ရင်မရဘူး တိုက်တဲ့နည်းမှမသုံးရင် ဘယ်လိုမှ မပျက်တော့ဘူး။ တသက်လုံး စစ်ကျွန်ဖြစ်လိမ့်မယ် မျိုးဆက်တွေက။ ကျနော်တို့ ပထမဦးဆုံး စထွက်တဲ့အသံပဲ။ ကျနော်တို့ ကလေးတွေကို စနိုက်ပါနဲ့ ခေါင်းချိန်းပစ်နေတာကို တကမ္ဘာလုံး၊ တပြည်လုံး မြင်နေရတယ်။ ဘယ်သူမှ မခံနိုင်ဘူး။ တယောက်လဲမဟုတ်၊ နှစ်ယောက်လဲမဟုတ် - အဲဒီလို ပထမဦးဆုံး အသံထွက်တဲ့လူတွေမှာ ကျနော်တို့ ပါတယ်။ ကျနော်တို့က NLD ပျော့လွန်းလို့ မကြိုက်ဘူး။ စစ်အာဏာရှင်နဲ့ ပလူးပလဲလုပ်တယ်ဆိုပြီး မကြိုက်ခဲ့ဘူး။ မဲလည်း တခါမှ မပေးခဲ့ဘူး။ ဒါပေမဲ့ အခုကြတော့ ဘာလဲဆိုတော့ NUG က တိုက်မှရမယ်၊ တိုက်တော့မယ်လို့ ပြောလိုက်တဲ့အခါမှာ ကျနော်က ခြွင်းချက်မရှိဘဲ တစ်ရာရာခိုင်နှုန်းအပြည့် ဖြစ်သွားတယ်။

မေး ။ ။ ဦးကြီးမြင့်က အဲဒီလို တိုက်မှဖြစ်မယ်ဆိုတဲ့ အယူအဆကို ဆက်လက်ပြီးတော့ ဆွဲကိုင်နေတုန်းပဲလား။

ဖြေ ။ ။ အခု အဲဒါတွေကို ပြောချင်တာပါ။ ခေါင်းဆောင်တယောက်ကို စောစောတုန်းကပဲ ဖုန်းဆက်ပြီးတော့ ဆွေးနွေးတယ်။ ‘အကို မတိုက်လို့ မရဘူးလေ။ ကျနော်တို့က တပြည်လုံး ဆုံးဖြတ်ချက်ပဲ။’ အဲဒီလို ထွက်လာတယ်။ တိုက်ကိုတိုက်မှ ရမယ်။ ဒီတိုက်ပွဲက နိုင်မှာပါဆိုပြီးတော့ သူကတော့ အခိုင်အမာ ပြောတယ်။ နာမည်တော့ ကျနော် ထုတ်မပြောတော့ပါဘူး။ သူကလည်း အဲဒါကို သဘောတူပါတယ်။ ဒါပေမဲ့ ခြွင်းချက်နဲ့ သဘောတူတာ။

မေး ။ ။ ခြွင်းချက်ကို ပြောပါအုံး။

ဖြေ ။ ။ ခြွင်းချက်ကတော့ NUG က (၇) ရက်နေ့မှာ တိုက်မယ်လို့ စစ်ကြေညာလိုက်တယ်။ ဒါပေမဲ့လို့ အဲဒီနောက်မှာ အားပါမလာတဲ့အခါကြတော့ ကမ္ဘာ့နိုင်ငံတွေကလည်း အလုပ်ပါမလာဘူးလို့ သူတို့ မြင်ကြတယ်။ အဲဒါက တစ်ချက်။ နောက်တစ်ချက်က ဘာလဲဆိုတော့ ဒီလိုကြေညာပြီးနောက် ဘာမှလဲ ရလဒ်ကောင်းတွေလည်း မထွက်ဘူးဆိုတဲ့အခါမှာ နဂိုကတည်းက အနောက်နိုင်ငံတွေရဲ့ ပေါ်လစီအရ အရင်အစိုးရမှာလည်း ဒီအတိုင်းပဲ စစ်ရေးအရ မပေးဘူး။ အဲဒီလို သံတမန်နည်းအရ ထောက်ခံမှုနဲ့ပဲ အတိုက်အခံခေါင်းဆောင်က ထွက်ပြေးရတာပဲ။ အဲဒီလိုဖြစ်တယ်။ အဲဒီလို အတွေးအကြုံတွေအရ ကျနော်ကတော့ တိုက်မယ်ဆိုရင်လဲ သေချာတိုက်တော့။ မတိုက်ဘူးဆိုရင်လဲ တိုင်းပြည်ကိုပြော ကြေညာချက်ထုတ်တော့ - ကျနော်တို့ဟာ ၂၀၀၈ ကိုတော့ လက်မခံဘူး။ ဒါပေမဲ့ စေ့စပ်ဆွေးနွေးရေးကို မပစ်ပယ်ဘူးလို့ ကြေညာလိုက်။ တိုက်လည်း မတိုက်ဘူး၊ ကြေညာလည်း မကြေညာဘူးဆိုရင်တော့ ကမ္ဘာကြီးက သံသယ ဖြစ်လာစရာ ရှိလာတာပေါ့။

မေး ။ ။ အခုတော့ တိုက်မယ်ဆိုတဲ့ကဏ္ဍနဲ့ ပတ်သက်လို့ နည်းနည်းဆက်မေးချင်ပါတယ်။ တိုက်မယ်ဆိုတဲ့ကိစ္စကို တချို့က ဝေဖန်ကြတယ်။ တချို့ဆိုတဲ့နေရာမှာ စစ်ကောင်စီကို ထောက်ခံတဲ့လူတွေ မဟုတ်ဘူး။ သာမန်ပြည်သူတွေရဲ့ ဝေဖန်သံတွေကို ကြားရတာပါ။ ကလေးတွေကို မြှောက်ပေးနေကြတယ်။ သူတို့ကြတော့ ဘာမှမလုပ်နိုင်ကြဘူး။ နောက်ပြီးတော့ လုပ်နိုင်တဲ့ အင်အားလည်း အမှန်တကယ် မရှိဘဲနဲ့ ဘာကြောင့် ကလေးတွေကို မြှောက်ပေးနေရသလဲလို့ ပြောနေကြပါတယ်။ အဲဒီလို ပြောဆိုဝေဖန်ချက်ကို ဘယ်လို တုံ့ပြန်ကြမလဲ။

ဖြေ ။ ။ ကျနော်ကတော့ တစ်ရာရာခိုင်နှုန်း ပယ်ချတယ်။ ကျနော်က အထဲမှာနေလို့ သိတာ။ အဲဒါ အဖျက်သမားတွေပဲ။ စဉ်းစားဆင်ခြင်တုံတရား ရှိတယ်လူတွေကတော့ မျှပြီးတော့ ဝေဖန်တယ်။ NDF တွေကို ငဲ့ညှာသင့်တယ်။ သူတို့ကိုလည်း အကူအညီပေးသင့်တယ်။ NUG ရဲ့ လုပ်ဆောင်ချက်တွေက သူတို့က လစာယူမယ်။ CDM ဝန်ထမ်းတွေကို ပေးမယ်ဆိုတာ ဟိုမှာသေနေတဲ့ ကလေးတွေကို ဘာမှမပေးဘူး။ အဲဒီလို ဖြစ်နေတယ်ဆိုတဲ့ တကယ့်အဖြစ်အပျက်နဲ့ တကယ့်တိုက်ပွဲသူတွေသာ ဝေဖန်နေကြတာ။ အဲဒီလို မြှောက်ပေးနေတာကိုက အဖျက်သမားတွေနဲ့ ဟိုဟာလုပ်နေတဲ့သဘောပဲ။ အဲဒီလူတွေရဲ့ သမိုင်းကို ကြည့်လိုက်ရင်လဲ အဲဒီလူတွေက နိုင်ငံတလျှောက်လုံးမှာ အဲဒီလိုပဲ အချောင်နှိုက်ပြီးတော့ အဲဒီလိုပဲ ဟိုပေါင်းလိုက် ဒီပေါင်းလိုက်နဲ့နေတဲ့ လူမျိုးတွေ ဖြစ်တယ်။ အဲဒါကို ကျနော် လုံးဝလက်မခံဘူး။ ဟုတ်လဲမဟုတ်ဘူး။ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေက တိုက်နေပြီ။ အခုဆိုရင် သတ်နေတာပဲ။ နေ့တိုင်းသတ်နေတာ။

မေး ။ ။ အာဏာသိမ်းတဲ့ စစ်ကောင်စီကတော့ သတ်နေတာ ကမ္ဘာက သိတာပေါ့။ တကမ္ဘာလုံးကလည်း ဝိုင်းဝန်းရှုတ်ချနေကြတယ်။ ဘယ်သူမှလဲ ဒါကို မကြိုက်ကြဘူး။ ဆိုတော့ အဲဒီလို သတ်နေတဲ့အပြင် ဒီဘက်ကလဲ တုံ့ပြန်မယ်လို့ ပြောလိုက်တော့ တုံ့ပြန်တဲ့ဘက်က တကယ့်ပစ်မှတ်ထားတဲ့ target ကို မရောက်ဘဲနဲ့ သူတို့ဘက်ကလဲ သံသယနဲ့ ပစ်ခတ်တာတွေ၊ သတ်ဖြတ်တာတွေ ရှိတယ်လို့လဲ ပြောကြပါတယ်။ ပြည်သူတွေ နှစ်ဘက်သတ်ဖြတ်မှုကို ပိုပြီးတော့ ခံနေရတဲ့သဘောများ ဖြစ်နေသလား။ တဘက်တည်း မဟုတ်ဘဲနဲ့။

ဖြေ ။ ။ အဲဒီလို တွေးလို့မရဘူး။ ခံရတဲ့လူက မတရားခံရပြီတော့မှ ဒီဘက်က တုံ့ပြန်တဲ့လူတွေက ခဲနဲ့ပြန်ပေါက်တာ နည်းနည်းလေးပဲ။ လောက်လေးနဲ့ပစ်တဲ့ အဆင့်သာသာပဲ ရှိတယ်။ သူတို့မှာ စစ်တပ်အဆက်ဆက်က လုံးဝဆွေးနွေးလိုတာ မရှိဘူး။ သူတို့အသာစီးယူမယ်။ သူတို့ပဲလုပ်မယ်။ ရွေးကောက်ပွဲကိုလည်း အနိုင်အထက် အတင်းလုပ်အုံးမှာ PR စနစ်နဲ့။ ဖြစ်လာအောင် အတင်းလုပ်လိမ့်မယ်။ လူသတ်မယ်။ ပစ္စည်းသိမ်းမယ်။ ထောင်ချမယ်။ ဆွေစဉ်မျိုးဆက်ကို ဒုက္ခပေးမယ်။ အဲဒီလိုရတဲ့နည်းနဲ့ အနိုင်ယူမယ်။ ဆက်ပေးရင် စစ်အာဏာရှင်စနစ်ကို ပြန်ထောင်မှာ။ ဘယ်လိုမျိုးတောင် ထောင်မလဲဆိုရင် သူတို့ကို ထောက်ခံမယ့် ပါတီအုပ်စုတွေ - PR စနစ်ဆိုတော့။

မေး ။ ။ ဒီမှာ ကျနော့်ရဲ့ အဓိကစဉ်းစားချက်က အခုတိုက်ကြမယ်။ တိုက်လို့နိုင်နိုင်တဲ့ အခြေအနေရှိသလားဆိုတာက အမြဲတမ်း သံသယ ရှိနေတဲ့ကိစ္စပါ။ ဒီလူတွေကို လက်နက်နဲ့ တိုက်လို့နိုင်ခြေရှိသလား။ အဲဒါကိုလဲ စဉ်းစားတာပါ။

ဖြေ ။ ။ အခု PDF တွေ လက်ထက်မှာ တိုက်နေတာက automatic ဖြစ်သွားပြီ။ အကုန်လုံးနီးပါး ဖြစ်သွားပြီ။ သူရှင်ကိုယ်ရှင်ပဲ။ စစ်ကိုင်းတိုင်းမှာ တိုက်တဲ့တိုက်ပွဲတွေက ပြောက်ကြား မဟုတ်တော့ဘူး။ ထိပ်တိုက်တိုက်ကြတာ။ မိုင်းစနစ်တွေကလည်း အရမ်းခေတ်မီတယ်။ အာဖဂန်နိစ္စတန်၊ အီရတ်တို့မှာသုံးတဲ့ မိုင်းစနစ်တွေက ဒီကိုရောက်လာတာ။ အဲဒီမိုင်းစနစ်တွေနဲ့ သေတာက အများကြီး။ လေယာဉ်ကို ပစ်ချတယ်။ အတိအကျတော့ မရသေးဘူး။ မီးလောင်းတဲ့ပုံကြီးတော့ ပြတယ်။ လေယာဉ်ကို ပစ်ချလိုက်တယ်။ အဲဒီလိုမျိုးတွေ ဖြစ်လာတယ်ဆိုတော့ လူတွေကလည်း ငါတို့ မလွှဲမသွေး နိုင်မှဖြစ်မယ်။ နိုင်မှဖြစ်မယ်ဆိုတဲ့ စိတ်တွေက နည်းနည်းလေးတောင် မလျော့ဘူး။ အခုနပြောတဲ့ စေ့စပ်ရေးသမားတို့ ဘာတို့ အကြောက်သမားတို့ကတော့ တိုင်းတတိုင်းပြည်ပေါ့။ အဲဒါကတော့ ဘယ်သူမှန်မလဲဆိုတာကို စောင့်ကြည့်ရမှာပေါ့။

မေး ။ ။ နောက် ကျနော် ဆက်မေးချင်တာက စောစောက ဦးကြီးမြင့် ပြောသွားတဲ့ ရွေးကောက်ပွဲ အတင်းလုပ်မယ်။ မဖြစ်မနေ သူတို့လုပ်မယ့် PR စနစ်ဆိုပြီးတော့ PR စနစ်တို့ ငြိမ်းချမ်းရေးဆိုတာက တိုင်းရင်းသားတွေကို သူတို့ဘက်ပါအောင် စည်းရုံးတာပေါ့။ ဒါပေမဲ့လဲ တိုင်းရင်းသားတွေက အမှန်တကယ် ယုံကြည်သက်ဝင်လာစရာ ရှိတယ်ထင်ပါသလား။

ဖြေ ။ ။ ရွေးကောက်ပွဲက နှစ်ဘက်သတ်မှာ။ ပျူးစောထီးကလည်း ပြည်သူဘက်က လူတွေကို သတ်မှာ။ PDF ကလည်း ပြည်သူကို နှိပ်စက်မယ့် ဟိုကောင်နဲ့ ပေါင်းတဲ့ကောင်တွေကို သတ်မှာ။ အခု ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ အကုန်လုံး ထွက်ကုန်ကြပြီ။ တော်တော်များများက။ ဒီနေ့ပဲ လှိုင်သာယာမှာ တစ်ယောက်သေတယ်။ ပုလဲ၊ ဂန့်ဂေါ်တို့ဘက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေအပြင် ဝန်ထမ်းတွေပါ နှုတ်ထွက်ကုန်ပြီ။ အဲဒီတော့ ပြောချင်တာက အောင်မြင်နေတဲ့ နေရာတွေကလည်း အများကြီးပဲ။ ဒါပေမဲ့ လူတွေက အခု မကျေမနပ် ဖြစ်နေတာက အောင်မြင်သင့်သလောက် မအောင်မြင်ဘူး။ NUG ရဲ့ တိုက်ပွဲ သေနင်္ဂဗျူဟာက ဘာလဲဆိုရင် KIA ကလည်း ပြောနေတယ်။ ချင်းကတော့ အပြတ်အသတ် တိုက်နေတယ်။ ကယားကလည်း တိုက်နေတယ်။ KIA ကတော့ သတိနဲ့ထားပြီးတော့ တိုက်နေတယ်။ KIA က ပြောတယ် NUG က တိုက်ပွဲကြီး တိုက်ပြီဆိုတဲ့အခါမှာ သူတို့လည်း ပြည်မအထိ ဝင်လာပြီးတော့ တိုက်မယ်။ ကြေညာတာကတော့ ဥက္ကဋ္ဌက ကြေညာတာ။

မေး ။ ။ တချို့က မျိုးဆက်နဲ့ချီပြီးတော့ ကြာမြှင့်သွားလိမ့်မယ်။ ဒီလိုတိုက်ပွဲမျိုးကဆိုပြီးတော့ ပြောကြပါတယ်။ ဦးကြီးမြင့်က အဲဒါကို စဉ်းစားမိပါသလား။

ဖြေ ။ ။ မျိုးဆက်နဲ့ချီပြီးတော့ ကြာသွားမယ်ဆိုတာကို ကျနော် လုံးဝလက်မခံဘူး။ နိုင်ငံရေးမှာတော့ ပုံသေတွက်လို့မရဘူး။ အခုပြောမယ်ဆိုရင်လဲ (၉) လ ရှိသွားပြီ။ ကျနော်တို့ဘက်က ဘယ်လောက်လောက် တိုးတက်မှုပြနိုင်သလဲဆိုရင်တော့ မြို့ပေါ်တက် သတ်နေတယ်။ စစ်ကိုင်းတိုင်း တတိုင်းလုံးမှာ တိုက်ပွဲတွေ ညံနေတယ်။ ကချင်မှာလည်း ဖြစ်နေတယ်။

မေး ။ ။ ကျနော့်မေးခွန်းရဲ့ အဖြေက ခန့်မှန်းမယ်ဆိုရင် ခန့်မှန်းလို့ မရနိုင်ဘူးပေါ့။ ဘယ်အချိန်ကြာမလဲဆိုတာ။

ဖြေ ။ ။ ချက်ချင်းလည်း ဖြစ်နိုင်တယ်။ အခုနပြောတဲ့ မျိုးဆက်နဲ့ချီပြီဆိုတာကတော့ လုံးဝမဟုတ်ဘူး။ အဲဒီလောက်အထိ မကြာဘူး။ ကျနော်တို့ကတော့ သေသွားနိုင်တယ်။ အသက်အရွယ် ကျန်းမာရေးကြောင့်။ သေသွားလည်း နောက်လူတွေ ဆက်တိုက်လိမ့်မယ်။ မျိုးဆက်ပိုင်မျိုးဆက်တော့ မဟုတ်တော့ဘူး။ ဒီမျိုးဆက်မျာပဲ ပြတ်မှာပါ။ ဒါကတော့ သေချာတယ်။ ကျနော် အာမခံနိုင်တယ်။

XS
SM
MD
LG