သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မြန်မာ့ပြဿနာ


COP26
COP26
တိုက်ရိုက် လင့်ခ်

အခု ဆယ်စုနှစ်အကုန် ၂၀၃၀ ပြည်မှာ ကမ္ဘာ့သစ်တောပြုန်းတီးမှုကို အဆုံးသတ်ဖို့ COP26 (ခေါ်) ကမ္ဘာ့ ဥတုရာသီဆိုင်ရာ ညီလာခံကြီးမှာ ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်အတွက်ကော ဒါဖြစ်နိုင်ပါ့မလား၊ ကမ္ဘာပေါ်မှာ သဘာဝဘေးအန္တရာယ်ဒဏ် ခံရနိုင်ဖွယ်အရှိဆုံး စာရင်းမှာပါဝင်နေတဲ့ မြန်မာနိုင်ငံအတွက် သတိပြုစရာတွေက ဘာလဲ စတာတွေကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ ဒေါ်ဒေဝီသန့်စင်နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ဆရာမဒေဝီသန့်စင်ခင်များ အခု Glasgow မှာ ဥတုရာသီ ပြောင်းလဲမှုနဲ့ ပတ်သက်ပြီးတော့ ညီလာခံကြီး ကျင်းပနေပါတယ်။ ၂၀၃၀ ပြည့်မှာ သစ်တောပြုန်းတီးမှု တားဆီးရေးပါတော့ အဲဒါကို ကျနော်မေးချင်ပါတယ်။ ၂၀၃၀ မှာ မြန်မာနိုင်ငံသစ်တောပြုန်းတီးမှု ရပ်ဆိုင်းနိုင်မယ့် အလားအလာ ဘယ်လောက်ရှိသလဲဆိုတာကို ပထမဦးဆုံးပြောပေးပါ။

ဖြေ ။ ။ မြန်မာပြည်က သစ်တောပြုန်းတီးမှုမှာ အဆင့်နံပတ် (၃၀)။ အရည်အသွေးနိမ့်ကျတာကော၊ သစ်တောတွေ ပြုန်းတီးရာမှာလည်း မြန်မာပြည်က မလုပ်ပါ။ ဒီကိစ္စကို ကျမပြောချင်တာက သစ်တောမှာ ဥပဒေကတော့ ရှိပြီသားပါ။ ဟိုးအရင် ဗြိတိသျှလက်ထက်ကတည်းက သူတို့အုပ်ချုပ်တဲ့ အချိန်အခါတုန်းက ကျွန်သစ်ရဲ့တန်းဖိုးကို သိလိုက်တဲ့အခါကြတော့ ပညာရှင်တွေခေါ်ပြီး သုတေသန လုပ်ခဲ့တယ်။ နှစ် (၃၀) ကြာမှာ တပတ်လည်ခုတ်မယ်။ လုံးပတ် (၇) ပေ (၆) ပေ ရှိတော့မှ ခုတ်မယ် အဲဒီလိုတွေ သတ်မှတ်ခဲ့ကြတယ်။ ဒါကို ရေရှည်ထိန်းသိမ်းဖို့ သူတို့ကတော့ အားလုံးလုပ်ပေးခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဒါတွေကို ဆက်လက်ပြီး မထိန်းသိမ်းနိုင်ခဲ့ဘူး။ အဲဒီတော့ သစ်တောတွေ ပြုန်းတီးနေတယ်လို့သာ ပြောနေတာ ခိုးထုတ်တဲ့ဟာတွေကို ဥပဒေနဲ့ နိုင်နိုင်နင်းနင်း မထိန်းသိမ်းနိုင်ခဲ့ဘူး။ အဲဒါတွေက ကျမတို့ မြန်မာပြည်ရဲ့ အားနည်းချက်တွေပါ။ ဒီနေ့အထိပါပဲ။

မေး ။ ။ အဲဒီနေရာမှာ တချို့ပြောကြတာကတော့ အာဏာရှိတဲ့လူတချို့ကိုယ်တိုင်က ချိုးဖောက်တာ။ ကင်းလွတ်ခွင့်ရပြီးတော့ လုပ်နေကြတာကို တွေ့ရတယ်လို့ ဝေဖန်ကြပါတယ်။ အဲဒါကော ဘယ်လောက်မှန်ပါသလဲ။

ဖြေ ။ ။ အဲဒါကတော့ ဆရာဦးရဲမြင့် ရေးခဲ့ပါတယ်။ ဆရာက သစ်တောကပါပဲ။ သစ်တောသမားတဦးရဲ့ ရင်ဖွင့်သံမှာ ဆရာက ခေတ်အလိုက်ပဲ သစ်တောတွေကို ဘယ်လိုအဆင့်ဆင့် ထိန်းသိမ်းလာခဲ့သလဲဆိုတာတွေကို ဆရာ ရေးပြခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကိုလိုခေတ်တို့ဘာတို့ ဖြစ်လာခဲ့ပေမယ့် ဗမာပြည်မှာ တာဝန်ရှိတဲ့ အထက်ပိုင်းအရာရှိကြီးတွေက ဒါကိုလုပ်ပါဆိုပေမယ့် ဒါကို သူတို့ အကျိုးအကြောင်းနဲ့ ဒါတွေက လုပ်လို့မရဘူး။ ဘယ်လိုဘယ်ဝါဆိုတာကို ပြန်ပြောတဲ့အခါမှာ ဟိုဘက်ကလဲ လက်ခံတယ်။ အဲဒါမျိုး လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေ ပြောတဲ့ဟာကို အုပ်ချုပ်တဲ့လူတွေက မူဝါဒချတဲ့လူတွေက နားထောင်ဖို့လိုတယ်။

မေး ။ ။ နောက်တခုက ကမ္ဘာပေါ်မှာ ဥတုရာသီး ဆိုးဝါးမှုဒဏ်ကို အများဆုံးခံရနိုင်တဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်းပါတယ်လို့ ပြောကြပါတယ်။ တချို့က အဲဒါကို ဒီရေတောတွေ၊ လမုတောတွေ ပြုန်းတီးသွားတာတွေ၊ ဆည်မြောင်းဆောက်လုပ်တဲ့ ကိစ္စတွေကြောင့် ဖြစ်တယ်ဆိုပြီးတော့ ထောက်ပြကြပါတယ်။ အဲဒီတော့ ဒီရောက်တော့ ပြုန်းတီးမှုနဲ့ ဆည်မြောင်းတွေ၊ တာတမံတွေ တည်ဆောက်တဲ့ကိစ္စက ဘယ်လောက်အထိ ဆိုးဝါးပါသလဲ။

ဖြေ ။ ။ မှန်ပါတယ် ဆရာ။ ကျမလည်း ဆည်မြောင်းထွက်ပါပဲ။ ကျမက ဆည်မြောင်းထွက်ဆိုတော့ ဆည်မြောင်းဟာ လိုအပ်တဲ့နေရာမှာ ဆောက်လို့ရှိရင် အင်မတန်မှ အသုံးဝင်ပါတယ်။ ဒါက ကျမတို့လုပ်ခဲ့တဲ့ ၁၉၉၀ အထိပေါ့။ အဲဒီအချိန်တွေမှာတော့ တွက်ချက်တာတွေကလည်း မှန်တယ်။ နှစ်တစ်ရာ ခန့်မှန်းချက် maximum ဘာညာလာမယ်ဆိုတာလည်း မှန်တယ်။ ရေကြီးမှုတွေ ဘာတွေပေါ့။ နောက်တော့ စနစ်တကျလည်း အဲဒီအချိန်အထိ လုပ်ကြတုန်းပဲ။ ဒါပေမဲ့ နောက်ပိုင်းကြတော့ ဒါကို business တခုလို ဖြစ်လာတယ်။ ဆည်တွေကို မလိုအပ်ဘဲလဲ ဆောက်တယ်ဆိုတော့ ကျမတို့ ဗမာပြည်မှာ ဆည်က အများကြီးပဲ။ သုံးရာကျော်လောက် ရှိတယ်။ တချို့ဆည်တွေဆိုရင် ဆောက်ပြီးတော့ ရေမနေတာတွေ ရှိတယ်။ ကျမပြောတာက နည်းပညာအရနဲ့ မလိုအပ်ဘဲနဲ့ ဆည်ဆောက်မှုတွေကို မလုပ်စေချင်ဘူး။ ရှိတဲ့ဆည်တွေကိုပဲ maintenance ထိန်းသိမ်းပြီးတော့ မွံမမ်းပြီးတော့ ဒီထက်ခိုင်ခံ့အောင် ဒီထက်ကောင်းအောင် ပြန်လုပ်ဖို့ management စီမံလုပ်ဆောင်ဖို့ ပိုပြီးတော့ လုပ်စေချင်တယ်။

ဒီရေတောကြတော့လဲ ဆရာပြောသလိုပဲ ဒီရေတောကို ဆရာကြီးဦးအုန်းက ကျမတို့ မြန်မာအစိမ်းရောင်ကွန်ရက်ရဲ့ အကြံပေး။ ဆရာကြီးက နာယကလည်းဖြစ်တော့ ကျမတို့နဲ့တွဲပြီး အလုပ်လုပ်ဖူးတော့ ဆရာကြီးက ဘာပြောလဲဆိုတော့ ဒီရေတောက သိပ်အရေးကြီးတယ်။ ကာဘွန်စုပ်မှုမှာလည်း သူက ကုန်ပေါ်မှာရှိတဲ့ အပင်တွေထက်ကို နှစ်ဆသုံးဆ စုပ်ယူအားရှိတယ်။ နောက်တော့ လေပြင်းမုန်တိုင်တို့ ဘာတို့ လာတဲ့အခါမှာလဲ သူက အကာအကွယ် ဖြစ်တယ်ဆိုပြီးတော့ နာဂစ်ဖြစ်ပြီးတဲ့အခါမှာ ဧရာဝတီတိုင်းကို ဆင်းပြီးတော့ ဒီရေတောပညာပေးတွေ ပေးခဲ့တယ်။ အခြေအနေ ဘယ်လိုရှိသလဲဆိုပြီးတော့ နောက်တခေါက်ပြန်ကြည့်တဲ့အခါမှာ အဲဒီကလူတွေက ဘာပြောသလဲဆိုတော့ ဆရာကြီးတို့၊ ဆရာမတို့ လာပြီးဟောပြောတာကို ကျနော်တို့ သဘောပေါက်ပါတယ်။ ဒါပေမဲ့ ကျနော်တို့မှာ ကျနော်တို့က အဆာခံနိုင်ပေမယ့် ကျနော်တို့ ခလေးတွေ ငိုတဲ့အခါမှာ ကျနော်တို့ ဒီရေတောကို မျှောတိုင်တို့ ဘာတို့ ရောင်းပြီးတော့ မကျွေးလို့မရဘူး။ အဲဒီတော့ ဒီအပင်တွေကိုပဲ သွားပြီးတော့ ထိရတယ်။ မီးသွေးဖုတ်ဖို့တို့ ဘာတို့ပေါ့။ ဆိုတော့ အဲဒီမှာ ဆရာအုန်းက ပြောခဲ့တယ် - ဒါဆိုရင် ဒါ သူတို့ရဲ့ livelihood စားဝတ်နေရေးကို အစားထိုးပြီးမှသာလျှင် ဒီကိစ္စက ရေရှည်တည်မြဲမယ့် လုပ်ငန်းဖြစ်တယ်။ အဲဒီတော့ ကျမတို့က အဲဒါတွေကိုလည်း သတိထားရမယ်။ မလုပ်ပါနဲ့လို့ awareness အနေနဲ့ သူတို့ ဒီအသိပညာတွေ ရတယ်၊ သိတယ်။ ဒါပေမဲ့ သူတို့ရဲ့ စားဝတ်နေရေးကို ကျမတို့ ရေရှည်လမ်းတခု မဖွင့်ပေးခဲ့ရင် ဒီလုပ်ငန်းဟာ မအောင်မြင်နိုင်ဘူးဆိုတာကို ဆရာအုန်းက ပြောသွားခဲ့ဖူးပါတယ်။

မေး ။ ။ ဒီအတိုင်းပါပဲ နိုင်ငံတကာမှာလည်း ဒီစကားသံတွေကို ကြားရပါတယ်။ ဆင်းရဲတဲ့နိုင်ငံတွေက ငါတို့က ဒီသဘာဝပတ်ဝန်းကျင်ကို တိုက်ရိုက်အသုံးချပြီးတော့ မှီခိုနေရတယ်ဆိုတော့ မင်းတို့ဖွံ့ဖြိုးပြီး နိုင်ငံတွေလို နေလို့ မရဘူး။ အဲဒီတော့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ငါတို့နိုင်ငံတွေကို မင်းတို့တွေက ပိုက်ဆံပံ့ပိုးပေးပါလို့ တောင်းကြပါတယ်။ အခုတော့ သူတို့ကတိကဝတ်ပေးတာတွေ အများကြီး ကြားရပါတယ်။ ဒါပေမဲ့ အဲဒီကတိကဝတ်တွေကို အကောင်ထည်ဖော်ဖို့ဆိုတာ ဘယ်လောက်အထိ မျှော်လင့်ချက်ထားပါသလဲ - တကယ်ဖြစ်လာလိမ့်မယ်လို့ ကျနော်တို့ ပြည်တွင်းမှာနဲ့ နိုင်ငံတကာအနေနဲ့ လိုအပ်လို့ သစ်တောကို မှီခိုရတယ်ဆိုတဲ့ လူတွေကို မမှီခိုရအောင် အထောက်အပံ့ပေးနိုင်မယ့်ကိစ္စ နိုင်ငံတကာနဲ့ မြန်မာနိုင်ငံအခြေအနေ ဘယ်လိုဖြစ်နိုင်ပါသလဲ။ အလားအလာ ရှိပါသလဲ။

ဖြေ ။ ။ အထူးသဖြင့် ကျမတို့ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေ။ ဖွံ့ဖြိုးပြီးတဲ့နိုင်ငံတွေကတော့ နည်းပညာနဲ့ ငွေရေးကြေးရေး - နောက် သူတို့ရဲ့ ပညာရပ်ဆိုင်ရာ တွေးခေါ်မှု အဆင့်မြင့်တဲ့အတွက်ကြောင့် Global Warming Climate Change ကမ္ဘာကြီး ပူနွေးလာတာကြောင့် ရာသီဥတု ပြောင်းလဲလာတယ်ဆိုတာ သူတို့တိုင်းပြည်တွေက လုပ်သလောက် ပြန်ပြီးတော့ ဖာထေးနိုင်တယ်။ ကျမတို့ကြတော့ အခုနလိုပဲ သင်တန်းတွေပေးတယ်။ ထောက်ပံ့ကြေးတွေနဲ့ ဘယ်လောက်ပဲလုပ်လုပ် သူတို့ရဲ့ စားဝတ်နေရေးကို ကျမတို့က ရေရှည် မထိန်းသိမ်းထားနိုင်ဘူး။ အစားမထိုးပေးနိုင်ဘူးဆိုရင် သစ်ခုတ်တာ မကောင်းဘူး၊ ဒီရေတောခုတ်တာ မကောင်းဘူးဆိုတာ သူတို့သိပေမဲ့လဲ အဲဒါကို သူတို့စားဝတ်နေရေး မဖူလုံတဲ့အတွက် ဘဝလုံခြုံမှု မရှိတဲ့အတွက် သူတို့က ဒါတွေကို ထပ်ပြီးတော့ ကျူးလွန်နေမှာပဲ။ အဲဒီတော့ ဆရာအုန်းပြောသလိုပေါ့ ဒီမှာတခုခု စိုက်ပျိုးမယ်။ ဒါမှမဟုတ် သူတို့ကို အစားထိုး အုန်းသီးနဲ့ ပတ်သက်တဲ့လုပ်ငန်း။ အုန်းဆံကျစ်တာတို့ ဘာတို့ အဲဒါမျိုးတွေ တခုခု ရေရှည်လုပ်နိုင်မယ့် လုပ်ငန်းတွေကို လုပ်ပေးပါဆိုတော့ အဲဒါကတော့ ကျမထင်တယ် အဖြေလို့ ထင်ပါတယ်။

မေး ။ ။ ဒါတွေကတော့ လူတွေ မှီခိုနေရတဲ့ကိစ္စဖြစ်တော့ မလွဲမသွေကိစ္စ။ ဒါပေမဲ့ နောက်တခု ပိုပြီးဆိုးတယ်လို့ ထင်တာကတော့ လုပ်ငန်းရှင်တွေ လုပ်နိုင်ကိုင်နိုင်တဲ့ လုပ်ပိုင်ခွင့်ကို ဖန်တီးယူနိုင်လို့ရတဲ့ လူတွေက ဒီဟာထက်ပိုပြီးကြီးကျယ်တဲ့ သစ်တောခုတ်တာတို့ ဥပမာအားဖြင့် ဒီရေတောဆိုရင်လဲ မွေးမြူးရေးအတွက် အဲဒီဟာတွေကို ဖျက်ဆီးလိုက်ပြီးတော့ သူတို့ရဲ့ စီးပွားဖြစ် လုပ်တာတို့ဘာတို့ ဒီကိစ္စတွေကို ဟန့်တားနိုင်မယ့် အခြေအနေကော မရှိဘူးလား။

ဖြေ ။ ။ အဲဒါကတော့ တော်တော်များများ မြန်မာနိုင်ငံမှ မဟုတ်ဘူး။ ကျမလေ့လာထားသလောက် တော်တော်ကို မဖွံ့ဖြိးသေးတဲ့ နိုင်ငံတွေမှာ လုပ်ငန်းရှင်တွေနဲ့ အစိုးရနဲ့ ပူးပေါင်းပြီးတော့ ဒီကိစ္စတွေကို ကိုင်တွယ်တဲ့နေရာမှာ မမှန်ကန်တဲ့အတွက်၊ ဥပဒေခိုင်မာမှု မရှိတဲ့အတွက် ဒီလိုမျိုး အောက်ခြေမှာတော့ ခံရတဲ့တိုင်းပြည်တွေ အများကြီးပါပဲ။ အဲဒီတော့ ကျမပြောချင်တာက အခု ကမ္ဘာကြီးပူနွေးတယ်၊ ကမ္ဘာကြီးပူနွေးမှုကြောင့် ရောဂါဘယတွေ၊ ဒါတွေလဲ သုတေသနလုပ်တဲ့ လူတွေက အကုန်ဟောပြောပြီသား ကြာလှပြီ။ အခုပြောနေတာကိုမှ နားမထောင်ဘူးဆိုရင်တော့ COP26 က ကျမတို့ ပုံမှန် ကာဘွန်ဒိုက်အောက်ဆိုဒ်တွေ လေထုထဲမှာရှိတာကို ပြန်ဖြစ်ဖို့ကို မစဉ်းစားနဲ့ ဒါကို ဒီထက်မတိုးအောင် ပြင်ဆင်နေတာလဲ ဖြစ်တယ်ဆိုတာကို လူတိုင်းသိဖို့တော့လိုတယ်။ အဲဒီအထဲမှာ Policy Maker တွေလည်း ပါတယ်။ ဥပဒေပြဌာန်းနိုင်တဲ့ လူတွေ၊ တားဆီးနိုင်တဲ့ လူတွေ၊ လုပ်ငန်းရှင်တွေ၊ စီးပွားရေးသမားတွေ၊ နောက် ပြည်သူလူထု။ အဲဒီလို သုံးဦးသုံးဖလှယ် နားလည်နိုင်မှ။ အခုလို ကိုဗစ်ကြီး ဖြစ်တဲ့အခါမှာ တကမ္ဘာလုံး ထိခိုက်သွားတာ။ တိုင်းပြည်တိုင်း ပြန်လည်ထူထောင်တဲ့နေရာမှာ စုပေါင်းပြီးတော့ အတွေးအခေါ်တွေ ပြောင်းပြီးတော့ လုပ်ကြရမှာ။ သူတော့ နာပါစေ၊ ကိုယ်တော့ အသာရ ဖြစ်မယ်ဆိုလို့ရှိရင် ဒီထက်မက ကြီးမားတဲ့ ကပ်ရောဂါတွေနဲ့ ရင်ဆိုင်တွေ့ရမှာပဲ။

မေး ။ ။ နောက်တခုက ကာဘွန်ဒိုင်အောက်ဆိုဒ်ကိစ္စကော မြန်မာနိုင်ငံမှာ ထုတ်လွှင့်တဲ့ ပမာဏကတော့ စက်မှုထွန်းကားတဲ့ နိုင်ငံတွေလောက် မများဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ လေထုညစ်နွမ်းမှုဆိုတာက အမျိုးသားရေးနယ်နမိတ်ဆိုတာ မရှိတဲ့အတွက် ဘေးကလည်း လာတာပဲပေါ့။ အထူးသဖြင့် မြန်မာနိုင်ငံက တရုတ်၊ အိန္ဒိယတို့ကြားမှာ ရောက်နေတော့ - ဒီကိစ္စက မြန်မာနိုင်ငံအတွက် ဘယ်လောက်အထိ အရေးကြီးပါသလဲ။

ဖြေ ။ ။ လေထုညစ်ညမ်းမှုကတော့ အခုလက်တွေ့ပါပဲ နှစ်စဉ် လူတွေသန်းနဲ့ချီပြီးတော့ သေနေကြတယ်။ လေထုညစ်ညမ်းမှုကြောင့် ပြန်ပြီးတော့ ညစ်ညမ်းမှုတွေကို ဆေးကြောနေရတယ်ဆိုတာတွေက သတင်းတွေက ကမ္ဘာပေါ်မှာ ရှိနေတာပဲ။ ကာဘွန်ဒိုင်အောက်ဆိုဒ် အများဆုံး ထုတ်လုပ်တဲ့ တိုင်းပြည်နှစ်ခုကြားမှာ ဗမာပြည်က ရှိနေတဲ့အခါကြတော့ တနိုင်ငံထက် တနိုင်ငံ ဒီ ကူးတဲ့ဟာတွေ ရှိတယ်။

မေး ။ ။ နောက်တခုက မြန်မာနိုင်ငံရဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ပြောတဲ့အခါ waste management အမှိုက်စွန့်ပစ်တဲ့စနစ်ဟာလည်း တော်တော်ဆိုးဝါးတယ်လို့ ဝေဖန်ထောက်ပြကြတာကို တွေ့ရပါတယ်။

ဖြေ ။ ။ ဒါကြတော့ အစိုးရကို တဘက်တည်းပဲ ညှိထားလို့ မရဘူး။ ပြည်သူကလည်း တဘက်က စည်းကမ်းရှိမယ်။ အစိုးရကလည်း သေချာစနစ်တကျနဲ့ အမှိုက်သိမ်းတာကို သိမ်းမယ်။ အခုတော့ အမှိုက်ပုံတွေကို ရပ်ကွက်တိုင်းရဲ့ လမ်းထိပ်တွေမှာ ချထားတယ်။ ဒါပေမဲ့ အမှိုက်ပုံက ပြည့်နေပေမယ့်လဲ သူများတိုင်းပြည်တွေလို အချိန်တန်လို့ ဆွဲသွားပြီးတော့ အမှိုက်ကလည်း ခွဲထည့်ထားမယ် - စက္ကူကစက္ကူ၊ ဖာကဖာ၊ ဘူးပုလင်းစပြီးထားရင် စက်ရုံက ဒါကို အဆင်သင့် recycling ပြန်လည်ပြုပြင်ပြီး အသုံးပြုဖို့ပစ္စည်းလုပ်ဖို့ - ဥပမာ စက္ကူဆိုလဲ ပျော့ဖတ်လုပ်ပြီးတော့ ပြန်ပြီး စက္ကူတွေဘာတွေထုတ်မယ်။ အဲဒီလိုမျိုးလုပ်မယ့် စက်ရုံကလည်း အဆင်သင့်မရှိဘူး။ အဲဒီအခက်အခဲတွေကလည်း ရှိပါတယ်။


==Unicode==

















XS
SM
MD
LG