သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္တပ္ရဲ ႔ အပစ္ရပ္ဗ်ဴဟာ


Myanmar Ethnic Rebel
စစ္တပ္ရဲ ႔ အပစ္ရပ္ဗ်ဴဟာ
please wait

No media source currently available

0:00 0:05:38 0:00
တိုက္႐ိုက္ လင့္ခ္

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

ေအာက္တိုဘာလဆန္းကေန ေရွ ႔ႏွစ္ေဖေဖၚဝါရီလကုန္အထိ (၅) လအၾကာ အပစ္အခတ္ရပ္စဲမယ္လို႔ စစ္ေကာင္စီက စက္တင္ဘာလ (၂၇) ရက္ေန႔က ေၾကညာပါတယ္။ ဒါေပမဲ့ စစ္ေကာင္စီရဲ ႔ လံုၿခံဳေရးနဲ႔ အုပ္ခ်ဳပ္ေရးယႏၱရားကို ထိပါးလာရင္ေတာ့ ျပန္တိုက္ရမယ္လို႔ ဆိုပါတယ္။ အက်ပ္အတည္း ျဖစ္လာၿပီးဆိုတာကို သက္ေသျပတာ ျဖစ္ပါတယ္။ အရင္ကလည္း တဖြဲ႔နဲ႔အပစ္ရပ္ၿပီး အျခားတဖြဲ႔ကို ထိုးစစ္ဆင္ေလ့ ရိွပါတယ္။ စစ္တပ္ရဲ ႔ အပစ္ရပ္ပရိယာရ္ေၾကာင့္ ခြဲထြက္တဲ့အုပ္စုေတြ ေပၚေပါက္လာသလို စစ္ဆင္ေရးနဲ႔ ပတ္သက္တဲ့ သေဘာထားအျမင္ အမ်ဳိးမ်ဳိးကိုလည္း ျဖစ္ေပၚေစပါတယ္။

ရွစ္ေလးလံုးအေရးေတာ္ပံုေၾကာင့္ ယိမ္းယိုင္သြားတဲ့ စစ္တပ္ဟာ ၁၉၈၉ နဲ႔ ၁၉၉၅ အၾကားမွာ လက္နက္ကိုင္အဖြဲ႔ (၂၀) ေက်ာ္နဲ႔ အပစ္ရပ္ သေဘာတူခ်က္ ရယူခဲ့ပါတယ္။ အပစ္ရပ္အဖြဲ႔ေတြကို လက္နက္ကိုင္ေဆာင္ခြင့္နဲ႔ စီးပြားေရးလုပ္ခြင့္ေပးတဲ့အတြက္ စစ္အစိုးရ အေတာ္ႀကီး အသက္ရွဳေခ်ာင္သြားပါတယ္။ ဒါေပမဲ့ ရွမ္းျပည္နယ္နဲ႔ ကခ်င္ျပည္နယ္မွာ အပစ္ရပ္သေဘာတူခ်က္ေတြ ရယူႏုိင္ခဲ့ၿပီး ကရင္ျပည္နယ္မွာ မရယူႏိုင္ခဲ့တာဟာ KNU ကရင္အဖြဲ႔ကို အက်ပ္အတည္း ျဖစ္ေစခဲ့ပါတယ္။ အဲဒီအခ်ိန္ကစၿပီး အပစ္ရပ္ဗ်ဴဟာနဲ႔ ပတ္သက္ၿပီး KNU ေခါင္းေဆာင္ပိုင္းမွာ သေဘာထားကြဲလြဲလာပါတယ္။

စစ္အစိုးရအပစ္ရပ္ဖို႔ ကမ္းလွမ္းတာကို လက္ခံခ်င္သူနဲ႔ လက္ခံခ်င္သူဆိုၿပီး KNU အဖြဲ႔မွာ အျမင္ (၂) မ်ဳိး ကြဲျပားသြားပါတယ္။ ဒါေပမဲ့ ေခါင္းေဆာင္ပိုင္းက လက္မခံဖို႔ ဆံုးျဖတ္ပါတယ္။ ဒီအေတာအတြင္း ဗုဒၶဘာသာဝင္ ကရင္စစ္သည္တစုက KNU က ခြဲထြက္ၿပီး၊ DKBA ေခၚ ကရင္ဗုဒၶဘာသာတပ္ကို တည္ေထာင္ပါတယ္။ KNU လက္ေအာက္ခံ လက္နက္ကိုင္ (၃၀၀၀) ပါဝင္ေၾကာင္း သိရပါတယ္။ စစ္အစိုးရက DKBA ခြဲထြက္အဖြဲ႔ကို စည္းရံုးသိမ္းသြင္းၿပီး KNU ကို တိုက္ခိုက္ရာမွာ အသံုးျပဳပါတယ္။ ကခ်င္နဲ႔ ရွမ္းျပည္နယ္မွာ အပစ္ရပ္ႏိုင္တဲ့အတြက္ စစ္အင္အားပိုေကာင္းလာတဲ့ တပ္မေတာ္ဟာ DKBA အကူအညီနဲ႔ ထိုးစစ္ဆင္တဲ့အခါ ၁၉၉၅ မွာ မယ္နာပေလာ KNU ဌာနခ်ဳပ္ က်ဆံုးသြားပါတယ္။ အဲဒီေနာက္ပိုင္းမွာ KNU က ခြဲထြက္ခဲ့တဲ့ လက္နက္ကိုင္အဖြဲ႔ေတြ ေပၚထြက္လာပါေတာ့တယ္။

KNU အဖြဲ႔က ခ်ဳပ္ကိုင္တဲ့နယ္ေျမ က်ဥ္းေျမာင္းသြားတာနဲ႔အတူ နယ္စပ္ကုန္သြယ္ေရးကရတဲ့ ဝင္ေငြလည္း က်ဆင္းသြားပါတယ္။ ကရင္တပ္ရင္း (၇) ရင္းဟာ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ရပ္တည္ေပမယ့္၊ ဌာနခ်ဳပ္ရဲ ႔ ဦးေဆာင္မႈကို ခံယူႏိုင္တဲ့အတြက္ အထိုက္အေလ်ာက္စုစည္းမႈ ရိွၾကပါတယ္။ ဒါေၾကာင့္ မယ္နာပေလာဌာနခ်ဳပ္ က်ဆံုးသြားတာဟာ ကရင့္ေတာ္လွန္ေရးရဲ ႔ စုစည္းမႈကုိ အမ်ားႀကီးထိေစပါတယ္။ ၁၉၉၈ မွာ အပစ္ရပ္တဲ့ KNU သစ္ေတာဝန္ႀကီး ဖဒိုေအာင္ဆန္းဟာ ၂၀၁၀ ေရြးေကာက္ပြဲမွာ ႀကံ့ဖြတ္အမတ္ ျဖစ္လာပါတယ္။ အင္အားတရာခန္႔ရိွတဲ့ သံေတာင္ၿငိမ္းခ်မ္းေရးအဖြဲ႔က ၁၉၉၈ မွာ အပစ္ရပ္ဖို႔ သေဘာတူပါတယ္။ DKBA ကေတာ့ ၂၀၁၀ မွာ နယ္ျခားေစာင့္တပ္ ျဖစ္လာပါတယ္။ တပ္မဟာ (၇) တပ္ရင္းမွဴး ဗိုလ္ခ်ဳပ္ထိန္ေမာင္ကလည္း ေနာက္လုိက္ (၅၀၀) နဲ႔အတူ ၂၀၀၇ မွာ အပစ္ရပ္ပါတယ္။

KNU အဖြဲ႔ ၾသဇာအာဏာ အရိွန္အဝါ က်ဆင္းေနခ်ိန္ ၂၀၀၆ မွာ ဗိုလ္ခ်ဳပ္ႀကီးေစာဗိုလ္ျမ ကြယ္လြန္သြားပါတယ္။ ဗိုလ္ခ်ဳပ္ျမဟာ ဗဟိုခ်ဳပ္ကိုင္မႈအရ KNU ကို ထိန္းခ်ဳပ္ခဲ့ပါတယ္။ ဒါေပမဲ့ KNU ဌာနခ်ဳပ္ဟာ နယ္ေျမ (၇) ခုမွာ အေျခစိုက္တဲ့ တပ္ရင္း (၇) ရင္းအေပၚမွာ မီွခိုေနရပါတယ္။ ထိန္းခ်ဳပ္တဲ့နယ္ေျမကိုလိုက္ၿပီး KNU တပ္ရင္းေတြမွာ စီးပြားေရး၊ စစ္ေရးအင္အား အနည္းအမ်ား ကြာျခားၾကပါတယ္။ ဥပမာ တပ္မဟာ (၆) နဲ႔ (၇) နယ္ေျမဟာ ဗဟိုကို အမ်ားဆံုးေထာက္ပံ့ႏုိင္ပါတယ္။ ဒါေပမဲ့ KNU ဌာနခ်ဳပ္ က်ဆံုးသြားခ်ိန္နဲ႔ အပစ္ရပ္ကမ္းလွမ္းခ်ိန္မွာ အပစ္ရပ္ၿပီး စီးပြားေရးလုပ္ခ်င္လို႔ ခြဲထြက္တဲ့ တပ္ဖြဲ႔ေတြ ေပၚထြက္လာပါတယ္။ အရင္တုန္းက တဖြဲ႔တည္းသာ ရိွခဲ့တဲ့ KNU ဟာ အဖြဲ႔ခြဲေတြနဲ႔ ယွဥ္ၿပိဳင္ရေတာ့မယ့္ အေျခအေနကို ရင္ဆိုင္လာရပါေတာ့တယ္။

တဘက္က အပစ္ရပ္ဗ်ဴဟာနဲ႔ စည္းရံုးသိမ္းသြင္းၿပီး တဘက္က စစ္ဆင္ေရးလုပ္တဲ့အတြက္ KNU အဖြဲ႔မွာ မထိန္းႏိုင္မသိမ္းႏိုင္ ျဖစ္သြားရပံုေတြကို ကိုယ္တိုင္ကြင္းဆင္းေလ့လာခဲ့သူ ၿဗိတိန္ႏုိင္ငံ Surrey တကၠသိုလ္ကထိက Dr. David Brenner က “Inside the Karen Insurgency” ဆိုတဲ့ စာတမ္းမွာ အေသးစိတ္တင္ျပထားပါတယ္။ အပစ္ရပ္လမ္းစဥ္ကို KNU ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးေစာမူတူးေစးေဖာနဲ႔ တပ္ဖြဲ႔အႀကီးအကဲ ဗိုလ္ခ်ဳပ္ေစာေဂ်ာနီ ေခါင္းေဆာင္တဲ့အုပ္စု ေထာက္ခံၾကပါတယ္။ အပစ္ရပ္ၿပီး စီးပြားေရးလုပ္ငန္းေတြနဲ႔ KNU ကို ျပန္လည္အားျဖည့္မယ္ဆိုတဲ့ ရည္ရြယ္ခ်က္ ျဖစ္ပါတယ္။

KNU ဒု-ဥကၠ႒ Naw Zipporah Sein, တြဲဘက္အတြင္းေရးမွဴး ဖဒိုေသာသိဘြယ္နဲ႔ တပ္မဟာ (၅) တပ္ရင္းမွဴး ဒုဗိုလ္ခ်ဳပ္ႀကီးေဘာ္ေက်ာ္ဟဲတို႔ အဖြဲ႔ကေတာ့ အပစ္ရပ္ၿပီး စီးပြားေရးလုပ္ရမယ့္ လမ္းစဥ္ကို အယံုအၾကည္ မရိွၾကပါဘူး။ အျငင္းပြားစရာ ျဖစ္ေနေပမယ့္ ၂၀၁၂ ဇန္နဝါရီမွာ KNU နဲ႔ ဦးသိန္းစိန္အစိုးရတို႔ အပစ္ရပ္စာခ်ဳပ္ လက္မွတ္ေရးထိုးၾကပါတယ္။ ဒါေၾကာင့္ KNU ထဲမွာ အပစ္ရပ္တာကို လက္ခံသူနဲ႔ လက္မခံသူဆိုၿပီး အုပ္စု (၂) စု ရိွလာပါတယ္။ KNU တပ္ဖြဲ႔နဲ႔ စစ္ေကာင္စီတပ္ေတြ မၾကာခဏ တိုက္ပြဲျဖစ္ၾကတဲ့အတြက္ အပစ္ရပ္စာခ်ဳပ္ ပ်က္ျပယ္ၿပီလို႔ ယူဆသူရိွသလို၊ မပ်က္ဘူးလို႔ ယူဆသူေတြလည္း ရိွပါတယ္။ စစ္တပ္ရဲ ႔ အပစ္ရပ္ပရိယာရ္ဟာ လက္နက္ကိုင္ေတာ္လွန္ေရးကို ဇေဝဇဝါ ျဖစ္ေစပါတယ္။


==Unicode==

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

အောက်တိုဘာလဆန်းကနေ ရှေ့နှစ်ဖေဖေါ်ဝါရီလကုန်အထိ (၅) လအကြာ အပစ်အခတ်ရပ်စဲမယ်လို့ စစ်ကောင်စီက စက်တင်ဘာလ (၂၇) ရက်နေ့က ကြေညာပါတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးယန္တရားကို ထိပါးလာရင်တော့ ပြန်တိုက်ရမယ်လို့ ဆိုပါတယ်။ အကျပ်အတည်း ဖြစ်လာပြီးဆိုတာကို သက်သေပြတာ ဖြစ်ပါတယ်။ အရင်ကလည်း တဖွဲ့နဲ့အပစ်ရပ်ပြီး အခြားတဖွဲ့ကို ထိုးစစ်ဆင်လေ့ ရှိပါတယ်။ စစ်တပ်ရဲ့ အပစ်ရပ်ပရိယာရ်ကြောင့် ခွဲထွက်တဲ့အုပ်စုတွေ ပေါ်ပေါက်လာသလို စစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ သဘောထားအမြင် အမျိုးမျိုးကိုလည်း ဖြစ်ပေါ်စေပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံကြောင့် ယိမ်းယိုင်သွားတဲ့ စစ်တပ်ဟာ ၁၉၈၉ နဲ့ ၁၉၉၅ အကြားမှာ လက်နက်ကိုင်အဖွဲ့ (၂၀) ကျော်နဲ့ အပစ်ရပ် သဘောတူချက် ရယူခဲ့ပါတယ်။ အပစ်ရပ်အဖွဲ့တွေကို လက်နက်ကိုင်ဆောင်ခွင့်နဲ့ စီးပွားရေးလုပ်ခွင့်ပေးတဲ့အတွက် စစ်အစိုးရ အတော်ကြီး အသက်ရှုချောင်သွားပါတယ်။ ဒါပေမဲ့ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ အပစ်ရပ်သဘောတူချက်တွေ ရယူနိုင်ခဲ့ပြီး ကရင်ပြည်နယ်မှာ မရယူနိုင်ခဲ့တာဟာ KNU ကရင်အဖွဲ့ကို အကျပ်အတည်း ဖြစ်စေခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး အပစ်ရပ်ဗျူဟာနဲ့ ပတ်သက်ပြီး KNU ခေါင်းဆောင်ပိုင်းမှာ သဘောထားကွဲလွဲလာပါတယ်။

စစ်အစိုးရအပစ်ရပ်ဖို့ ကမ်းလှမ်းတာကို လက်ခံချင်သူနဲ့ လက်ခံချင်သူဆိုပြီး KNU အဖွဲ့မှာ အမြင် (၂) မျိုး ကွဲပြားသွားပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်ပိုင်းက လက်မခံဖို့ ဆုံးဖြတ်ပါတယ်။ ဒီအတောအတွင်း ဗုဒ္ဓဘာသာဝင် ကရင်စစ်သည်တစုက KNU က ခွဲထွက်ပြီး၊ DKBA ခေါ် ကရင်ဗုဒ္ဓဘာသာတပ်ကို တည်ထောင်ပါတယ်။ KNU လက်အောက်ခံ လက်နက်ကိုင် (၃၀၀၀) ပါဝင်ကြောင်း သိရပါတယ်။ စစ်အစိုးရက DKBA ခွဲထွက်အဖွဲ့ကို စည်းရုံးသိမ်းသွင်းပြီး KNU ကို တိုက်ခိုက်ရာမှာ အသုံးပြုပါတယ်။ ကချင်နဲ့ ရှမ်းပြည်နယ်မှာ အပစ်ရပ်နိုင်တဲ့အတွက် စစ်အင်အားပိုကောင်းလာတဲ့ တပ်မတော်ဟာ DKBA အကူအညီနဲ့ ထိုးစစ်ဆင်တဲ့အခါ ၁၉၉၅ မှာ မယ်နာပလော KNU ဌာနချုပ် ကျဆုံးသွားပါတယ်။ အဲဒီနောက်ပိုင်းမှာ KNU က ခွဲထွက်ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့တွေ ပေါ်ထွက်လာပါတော့တယ်။

KNU အဖွဲ့က ချုပ်ကိုင်တဲ့နယ်မြေ ကျဉ်းမြောင်းသွားတာနဲ့အတူ နယ်စပ်ကုန်သွယ်ရေးကရတဲ့ ဝင်ငွေလည်း ကျဆင်းသွားပါတယ်။ ကရင်တပ်ရင်း (၇) ရင်းဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရပ်တည်ပေမယ့်၊ ဌာနချုပ်ရဲ့ ဦးဆောင်မှုကို ခံယူနိုင်တဲ့အတွက် အထိုက်အလျောက်စုစည်းမှု ရှိကြပါတယ်။ ဒါကြောင့် မယ်နာပလောဌာနချုပ် ကျဆုံးသွားတာဟာ ကရင့်တော်လှန်ရေးရဲ့ စုစည်းမှုကို အများကြီးထိစေပါတယ်။ ၁၉၉၈ မှာ အပစ်ရပ်တဲ့ KNU သစ်တောဝန်ကြီး ဖဒိုအောင်ဆန်းဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ဖွတ်အမတ် ဖြစ်လာပါတယ်။ အင်အားတရာခန့်ရှိတဲ့ သံတောင်ငြိမ်းချမ်းရေးအဖွဲ့က ၁၉၉၈ မှာ အပစ်ရပ်ဖို့ သဘောတူပါတယ်။ DKBA ကတော့ ၂၀၁၀ မှာ နယ်ခြားစောင့်တပ် ဖြစ်လာပါတယ်။ တပ်မဟာ (၇) တပ်ရင်းမှူး ဗိုလ်ချုပ်ထိန်မောင်ကလည်း နောက်လိုက် (၅၀၀) နဲ့အတူ ၂၀၀၇ မှာ အပစ်ရပ်ပါတယ်။

KNU အဖွဲ့ သြဇာအာဏာ အရှိန်အဝါ ကျဆင်းနေချိန် ၂၀၀၆ မှာ ဗိုလ်ချုပ်ကြီးစောဗိုလ်မြ ကွယ်လွန်သွားပါတယ်။ ဗိုလ်ချုပ်မြဟာ ဗဟိုချုပ်ကိုင်မှုအရ KNU ကို ထိန်းချုပ်ခဲ့ပါတယ်။ ဒါပေမဲ့ KNU ဌာနချုပ်ဟာ နယ်မြေ (၇) ခုမှာ အခြေစိုက်တဲ့ တပ်ရင်း (၇) ရင်းအပေါ်မှာ မှီခိုနေရပါတယ်။ ထိန်းချုပ်တဲ့နယ်မြေကိုလိုက်ပြီး KNU တပ်ရင်းတွေမှာ စီးပွားရေး၊ စစ်ရေးအင်အား အနည်းအများ ကွာခြားကြပါတယ်။ ဥပမာ တပ်မဟာ (၆) နဲ့ (၇) နယ်မြေဟာ ဗဟိုကို အများဆုံးထောက်ပံ့နိုင်ပါတယ်။ ဒါပေမဲ့ KNU ဌာနချုပ် ကျဆုံးသွားချိန်နဲ့ အပစ်ရပ်ကမ်းလှမ်းချိန်မှာ အပစ်ရပ်ပြီး စီးပွားရေးလုပ်ချင်လို့ ခွဲထွက်တဲ့ တပ်ဖွဲ့တွေ ပေါ်ထွက်လာပါတယ်။ အရင်တုန်းက တဖွဲ့တည်းသာ ရှိခဲ့တဲ့ KNU ဟာ အဖွဲ့ခွဲတွေနဲ့ ယှဉ်ပြိုင်ရတော့မယ့် အခြေအနေကို ရင်ဆိုင်လာရပါတော့တယ်။

တဘက်က အပစ်ရပ်ဗျူဟာနဲ့ စည်းရုံးသိမ်းသွင်းပြီး တဘက်က စစ်ဆင်ရေးလုပ်တဲ့အတွက် KNU အဖွဲ့မှာ မထိန်းနိုင်မသိမ်းနိုင် ဖြစ်သွားရပုံတွေကို ကိုယ်တိုင်ကွင်းဆင်းလေ့လာခဲ့သူ ဗြိတိန်နိုင်ငံ Surrey တက္ကသိုလ်ကထိက Dr. David Brenner က “Inside the Karen Insurgency” ဆိုတဲ့ စာတမ်းမှာ အသေးစိတ်တင်ပြထားပါတယ်။ အပစ်ရပ်လမ်းစဉ်ကို KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖောနဲ့ တပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ်စောဂျောနီ ခေါင်းဆောင်တဲ့အုပ်စု ထောက်ခံကြပါတယ်။ အပစ်ရပ်ပြီး စီးပွားရေးလုပ်ငန်းတွေနဲ့ KNU ကို ပြန်လည်အားဖြည့်မယ်ဆိုတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။

KNU ဒု-ဥက္ကဋ္ဌ Naw Zipporah Sein, တွဲဘက်အတွင်းရေးမှူး ဖဒိုသောသိဘွယ်နဲ့ တပ်မဟာ (၅) တပ်ရင်းမှူး ဒုဗိုလ်ချုပ်ကြီးဘော်ကျော်ဟဲတို့ အဖွဲ့ကတော့ အပစ်ရပ်ပြီး စီးပွားရေးလုပ်ရမယ့် လမ်းစဉ်ကို အယုံအကြည် မရှိကြပါဘူး။ အငြင်းပွားစရာ ဖြစ်နေပေမယ့် ၂၀၁၂ ဇန်နဝါရီမှာ KNU နဲ့ ဦးသိန်းစိန်အစိုးရတို့ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးကြပါတယ်။ ဒါကြောင့် KNU ထဲမှာ အပစ်ရပ်တာကို လက်ခံသူနဲ့ လက်မခံသူဆိုပြီး အုပ်စု (၂) စု ရှိလာပါတယ်။ KNU တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ မကြာခဏ တိုက်ပွဲဖြစ်ကြတဲ့အတွက် အပစ်ရပ်စာချုပ် ပျက်ပြယ်ပြီလို့ ယူဆသူရှိသလို၊ မပျက်ဘူးလို့ ယူဆသူတွေလည်း ရှိပါတယ်။ စစ်တပ်ရဲ့ အပစ်ရပ်ပရိယာရ်ဟာ လက်နက်ကိုင်တော်လှန်ရေးကို ဇဝေဇဝါ ဖြစ်စေပါတယ်။

XS
SM
MD
LG