သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရွမ္းျပည္နယ္က လက္နက္ကိုင္မ်ား


SSA (South) marching on Shan National Day
ရွမ္းျပည္နယ္က လက္နက္ကိုင္မ်ား
please wait

No media source currently available

0:00 0:05:14 0:00
တိုက္႐ိုက္ လင့္ခ္

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

ရွမ္းလက္နက္ကိုင္အခ်င္းခ်င္း ျဖစ္ပြားတဲ့တိုက္ပြဲဟာ ရွမ္းျပည္နယ္မွာ မၾကာခဏ ၾကားေနရတဲ့သတင္း ျဖစ္ပါတယ္။ ရွမ္းျပည္နယ္တိုးတက္ေရးပါတီရဲ ႔ တပ္နဲ႔ ရွမ္းျပည္နယ္ျပန္လည္ထူေထာင္ေရးေကာင္စီရဲ ႔တပ္ေတြ တိုက္ပြဲျဖစ္လို႔ အိုးအိမ္စြန္႔ခြါထြက္ေျပးရတဲ့ ေဒသခံေတြ ေထာင္ေသာင္းခ်ီေနပါၿပီ။ တိုးတက္ေရးတပ္ကို SSA ေျမာက္ပိုင္းတပ္လို႔ေခၚၿပီး ထူေထာင္ေရးတပ္ကို SSA ေတာင္ပိုင္းတပ္လို႔ ေခၚပါတယ္။ ရွမ္းျပည္နယ္ေတာင္ပိုင္း မိုင္းကိုင္ၿမိဳ ႔နယ္မွာ ဒီတပ္ (၂) တပ္ တိုက္ပြဲျဖစ္လုိ႔ ရြာသား (၃၀၀၀) ေက်ာ္ ေနရပ္ကိုစြန္႔ခြါရေၾကာင္း ေအာက္တိုဘာ (၈) ရက္ေန႔ထုတ္ ဧရာဝတီသတင္းမွာ ေဖာ္ျပပါတယ္။

SSA ရွမ္းတပ္ဖြဲ႔ (၂) ဖြဲ႔မွာ ႏုိင္ငံေရးခံယူခ်က္နဲ႔ ရည္ရြယ္ခ်က္ခ်င္း ကြဲျပားျခားနားတာေၾကာင့္ အမ်ဳိးသားေရးမွာ သေဘာတူညီမႈ မရိႏိုင္တာလို႔ ျမင္ၾကပါတယ္။ ရွမ္းျပည္နယ္မွာ SSA ေတာင္ပိုင္းတပ္နဲ႔ SSA ေျမာက္ပိုင္းတပ္အျပင္၊ ပအို႔ဝ္အမ်ဳိးသားတပ္၊ တာအင္းပေလာင္အမ်ဳိးသားတပ္၊ ကခ်င္လြတ္ေျမာက္ေရးတပ္၊ ကိုးကန္႔တပ္၊ ‘ဝ’တပ္၊ မိုင္းလားတပ္စတဲ့ စစ္တပ္ႀကီး ရွစ္တပ္နဲ႔ စစ္ေကာင္စီတပ္ရဲ ႔ လက္ေအာက္ခံ နယ္ျခားေစာင့္တပ္တခ်ဳိ ႔နဲ႔ ျပည္သူစစ္အဖြဲ႔ အမ်ားအျပား ရိွပါတယ္။ SSA ေျမာက္ပိုင္းတပ္နဲ႔ SSA ေတာင္ပိုင္းတပ္တို႔ တုိက္ခိုက္ေနၾကတာ ႏွစ္နဲ႔ခ်ီေနပါၿပီ။

ဒီလက္နက္ကိုင္ တပ္ဖြဲ႔ေတြထဲမွာ SSA ေတာင္ပိုင္းတပ္ဖြဲ႔နဲ႔ PNLO ပအို႔ဝ္တပ္ဖြဲ႔ (၂) ဖြဲ႔သာ NCA အပစ္ရပ္သေဘာတူခ်က္ကို လက္မွတ္ထိုးထားပါတယ္။ ဒါေၾကာင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ တာအင္းပေလာင္တပ္၊ MNDAA ကိုးကန္႔တပ္၊ KIA ကခ်င္တပ္၊ SSA ေျမာက္ပိုင္းတပ္စတဲ့ တပ္ေတြဟာ စစ္ေကာင္စီတပ္နဲ႔ မၾကာခဏ တိုက္ပြဲျဖစ္ေလ့ ရိွပါတယ္။ ဒါေပမဲ့ ‘ဝ’၊ မိုင္းလားတပ္ဖြဲ႔ေတြနဲ႔ စစ္ေကာင္စီတပ္တုိ႔ တိုက္ပြဲမျဖစ္ခဲ့တာ အေတာ္ၾကာေနပါၿပီ။ ဒီတပ္ဖြဲ႔ေတြဟာ သူတုိ႔ကိုယ္သူတို႔ ‘ေျမာက္ပိုင္းမဟာမိတ္’ ျဖစ္တယ္လုိ႔ ေၾကညာထားပါတယ္။ အခုေတာ့ PDF ျပည္သူ႔ကာကြယ္ေရးတပ္ေတြ ေနရာအႏံွ႔ ေပၚထြက္လာတဲ့အတြက္ စစ္ေကာင္စီတပ္ဟာ စစ္မ်က္ႏွာသစ္နဲ႔ ရင္ဆိုင္ေနရပါတယ္။ စစ္အာဏာသိမ္းတဲ့ ေဖေဖၚဝါရီလဆန္းက ဇူလိုင္လအထိ ကခ်င္၊ ကရင္နဲ႔ ရွမ္းျပည္နယ္မွာ တိုက္ပြဲေပါင္း (၇၆၀) ေလာက္ ျဖစ္ပြားတယ္လို႔ ၾသဂုတ္လ (၂၂) ရက္ေန႔ထုတ္ ISP စာေစာင္မွာ ေဖာ္ျပထားပါတယ္။

စစ္ေကာင္စီတပ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္ေတြ ျဖစ္ပြားတဲ့ တုိက္ပြဲေတြ၊ အာဏာသိမ္းတပ္နဲ႔ ေဒသခံ PDF ျပည္သူ႔ကာကြယ္ေရးတပ္ ျဖစ္ပြားတဲ့ တုိက္ပြဲေတြ၊ တိုင္းရင္းသားလက္နက္ကိုင္အခ်င္းခ်င္း ျဖစ္ပြားတဲ့ တုိက္ပြဲေတြစသျဖင့္ စစ္ပြဲ (၃) မ်ဳိး ရိွလာပါတယ္။ စစ္ကိုင္းနဲ႔ မေကြးတိုင္း၊ ခ်င္းနဲ႔ ကယားျပည္နယ္ေတြမွာ PDF ျပည္သူ႔ကာကြယ္ေရးတပ္ေတြနဲ႔ အာဏာသိမ္းတပ္ေတြၾကား ျဖစ္ပြားတဲ့ တိုက္ပြဲေတြ ျပင္းထန္လာတာ ေတြ႔ရပါတယ္။ ရွမ္းျပည္ေျမာက္ပိုင္းနဲ႔ ေတာင္ပိုင္းမွာေတာ့ စစ္ေကာင္စီတပ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္ေတြ ျဖစ္ပြားတဲ့တုိက္ပြဲေတြအျပင္ တိုင္းရင္းသားလက္နက္ကိုင္အခ်င္းခ်င္း ပစ္ခတ္ၾကတဲ့ တုိက္ပြဲေတြလည္း ရိွပါတယ္။ ဒါေၾကာင့္ ၾသဂုတ္လေရာက္ေတာ့ စစ္ေျပးဒုကၡသည္ (၁၂၀၀၀) ေက်ာ္ ရိွလာပါတယ္။

ျမန္မာ့ၿငိမ္းခ်မ္းေရးေလ့လာေစာင့္ၾကည့္ေရးအဖြဲ႔ရဲ ႔ ၂၀၂၀ ဒီဇင္ဘာလထုတ္ စာေစာင္အမွတ္ (၄) မွာ စစ္အာဏာမသိမ္းမီက ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲေတြကို မွတ္တမ္းတင္ထားပါတယ္။ ၂၀၂၀ တႏွစ္လံုးမွာ တိုက္ပြဲျဖစ္ပြားတဲ့ ရက္ေပါင္း (၅၀) ေက်ာ္ရိွေၾကာင္း စာေစာင္မွာ ေဖာ္ျပထားပါတယ္။ ရွမ္းျပည္နယ္မွာ ျဖစ္ပြၾၚတဲ့ တုိက္ပြဲေတြကို ေလ့လာတဲ့အခါမွာ တပ္မေတာ္နဲ႔ တအာင္းပေလာင္တပ္ဖြဲ႔ ျဖစ္ပြားတဲ့ တုိက္ပြဲက အမ်ားဆံုး ျဖစ္တယ္လုိ႔ ဆိုပါတယ္။ NCA လက္မွတ္ေရးထိုးထားတဲ့ SSA ေတာင္ပိုင္းတပ္ဖြဲ႔နဲ႔ တပ္မေတာ္ ျဖစ္ပြားတဲ့ တိုက္ပြဲက ဒုတိယအမ်ားဆံုးျဖစ္ၿပီး KIA ကခ်င္တပ္နဲ႔ တပ္မေတာ္ျဖစ္ပြဲတဲ့ တုိက္ပြဲက တတိယ အမ်ားဆံုး ျဖစ္ေနပါတယ္။ ၂၀၂၁ စစ္အာဏာသိမ္းၿပီးတဲ့ ေနာက္ပိုင္းမွာေတာ့ ရွမ္းျပည္နယ္မွာ SSA ေျမာက္ပိုင္းတပ္ဖြဲ႔နဲ႔ SSA ေတာင္ပိုင္းတပ္ဖြဲ႔ေတြၾကား တိုက္ပြဲျဖစ္တာက ပိုမ်ားလာပါတယ္။

SSA ေျမာက္ပိုင္းတပ္ဖြဲ႔နဲ႔ SSA ေတာင္ပိုင္းတပ္ဖြဲ႔ေတြၾကား ျဖစ္ပြားတဲ့ စစ္ပြဲေတြကို ေရွာင္ေျပးတဲ့ ဒုကၡသည္ေတြလည္း မ်ားျပားလာပါတယ္။ ရွမ္းျပည္သူလူထုကေတာ့ SSA ႏွစ္ဖြဲ႔ေပါင္းစည္းၿပီး စစ္ေကာင္စီကိုတိုက္ဖို႔သာ လိုလားၾကပါတယ္။ တိုင္းရင္းသားအခ်င္းခ်င္း စစ္ခင္းေလေလ စစ္ေကာင္စီတပ္ အသက္ရွဳေခ်ာင္ေလေလ ျဖစ္ေနပါတယ္။ အခုလည္း ေဒသခံ PDF ျပည္သူ႔ကာကြယ္ေရးတပ္ေတြကို ႏိွမ္နင္းဖို႔အတြက္ စစ္ေကာင္စီတပ္က ေဒသခံျပည္သူစစ္ေတြကို စည္းရံုးသိမ္းသြင္းေနပါတယ္။

ရွမ္းျပည္နယ္ေတာင္ပိုင္းမွာ လႈပ္ရွားေနတဲ့ PDF ျပည္သူ႔ကာကြယ္ေရးတပ္ေတြကို တိုက္ခိုက္ဖို႔အတြက္ လိြဳင္လင္ခရိုင္၊ ခိုလမ္ၿမိဳ ႔အေျခစိုက္ စစ္ေကာင္စီအေရွ ႔အလယ္ပိုင္းတိုင္းရံုးက ေဒသခံျပည္သူစစ္ကို စစ္ကူေတာင္းေၾကာင္း ၾသဂုတ္လ (၁၇) ရက္ေန႔ထုတ္ သွ်မ္းသံေတာ္ဆင့္မွာ ေဖာ္ျပထားပါတယ္။ လိြဳင္လင္ခရို္င္မွာ ျပည္သူ႔စစ္ (၇) ဖြဲ႔ ရိွပါတယ္။ စစ္ေကာင္စီရဲ ႔ ႀကိဂံေဒသစစ္ဌာနခ်ဳပ္ကလည္း တာခ်ီလိတ္ၿမိဳ ႔နယ္က ျပည္သူ႔စစ္ကို စည္းရံုးေနပါတယ္။ တာခ်ီလိတ္ၿမိဳ ႔နယ္တခုတည္းမွာတင္ ျပည္သူ႔စစ္ (၃၅) ဖြဲ႔ ရိွပါတယ္။ SSA ရွမ္းတပ္ဖြဲ႔ေတြအခ်င္းခ်င္း တိုက္ေနၾကသလို ေဒသခံျပည္သူစစ္နဲ႔ ေဒသခံ PDF တပ္ေတြ တိုက္ခုိက္လာေအာင္ စစ္ေကာင္စီတပ္က ႀကိဳးပမ္းေနတာ ထင္ရွားပါတယ္။

== Unicode ===

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

ရှမ်းလက်နက်ကိုင်အချင်းချင်း ဖြစ်ပွားတဲ့တိုက်ပွဲဟာ ရှမ်းပြည်နယ်မှာ မကြာခဏ ကြားနေရတဲ့သတင်း ဖြစ်ပါတယ်။ ရှမ်းပြည်နယ်တိုးတက်ရေးပါတီရဲ့ တပ်နဲ့ ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီရဲ့တပ်တွေ တိုက်ပွဲဖြစ်လို့ အိုးအိမ်စွန့်ခွါထွက်ပြေးရတဲ့ ဒေသခံတွေ ထောင်သောင်းချီနေပါပြီ။ တိုးတက်ရေးတပ်ကို SSA မြောက်ပိုင်းတပ်လို့ခေါ်ပြီး ထူထောင်ရေးတပ်ကို SSA တောင်ပိုင်းတပ်လို့ ခေါ်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်မှာ ဒီတပ် (၂) တပ် တိုက်ပွဲဖြစ်လို့ ရွာသား (၃၀၀၀) ကျော် နေရပ်ကိုစွန့်ခွါရကြောင်း အောက်တိုဘာ (၈) ရက်နေ့ထုတ် ဧရာဝတီသတင်းမှာ ဖော်ပြပါတယ်။

SSA ရှမ်းတပ်ဖွဲ့ (၂) ဖွဲ့မှာ နိုင်ငံရေးခံယူချက်နဲ့ ရည်ရွယ်ချက်ချင်း ကွဲပြားခြားနားတာကြောင့် အမျိုးသားရေးမှာ သဘောတူညီမှု မရိနိုင်တာလို့ မြင်ကြပါတယ်။ ရှမ်းပြည်နယ်မှာ SSA တောင်ပိုင်းတပ်နဲ့ SSA မြောက်ပိုင်းတပ်အပြင်၊ ပအို့ဝ်အမျိုးသားတပ်၊ တာအင်းပလောင်အမျိုးသားတပ်၊ ကချင်လွတ်မြောက်ရေးတပ်၊ ကိုးကန့်တပ်၊ ‘ဝ’တပ်၊ မိုင်းလားတပ်စတဲ့ စစ်တပ်ကြီး ရှစ်တပ်နဲ့ စစ်ကောင်စီတပ်ရဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ်တချို့နဲ့ ပြည်သူစစ်အဖွဲ့ အများအပြား ရှိပါတယ်။ SSA မြောက်ပိုင်းတပ်နဲ့ SSA တောင်ပိုင်းတပ်တို့ တိုက်ခိုက်နေကြတာ နှစ်နဲ့ချီနေပါပြီ။

ဒီလက်နက်ကိုင် တပ်ဖွဲ့တွေထဲမှာ SSA တောင်ပိုင်းတပ်ဖွဲ့နဲ့ PNLO ပအို့ဝ်တပ်ဖွဲ့ (၂) ဖွဲ့သာ NCA အပစ်ရပ်သဘောတူချက်ကို လက်မှတ်ထိုးထားပါတယ်။ ဒါကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တာအင်းပလောင်တပ်၊ MNDAA ကိုးကန့်တပ်၊ KIA ကချင်တပ်၊ SSA မြောက်ပိုင်းတပ်စတဲ့ တပ်တွေဟာ စစ်ကောင်စီတပ်နဲ့ မကြာခဏ တိုက်ပွဲဖြစ်လေ့ ရှိပါတယ်။ ဒါပေမဲ့ ‘ဝ’၊ မိုင်းလားတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲမဖြစ်ခဲ့တာ အတော်ကြာနေပါပြီ။ ဒီတပ်ဖွဲ့တွေဟာ သူတို့ကိုယ်သူတို့ ‘မြောက်ပိုင်းမဟာမိတ်’ ဖြစ်တယ်လို့ ကြေညာထားပါတယ်။ အခုတော့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေ နေရာအနံှ့ ပေါ်ထွက်လာတဲ့အတွက် စစ်ကောင်စီတပ်ဟာ စစ်မျက်နှာသစ်နဲ့ ရင်ဆိုင်နေရပါတယ်။ စစ်အာဏာသိမ်းတဲ့ ဖေဖေါ်ဝါရီလဆန်းက ဇူလိုင်လအထိ ကချင်၊ ကရင်နဲ့ ရှမ်းပြည်နယ်မှာ တိုက်ပွဲပေါင်း (၇၆၀) လောက် ဖြစ်ပွားတယ်လို့ သြဂုတ်လ (၂၂) ရက်နေ့ထုတ် ISP စာစောင်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ဖြစ်ပွားတဲ့ တိုက်ပွဲတွေ၊ အာဏာသိမ်းတပ်နဲ့ ဒေသခံ PDF ပြည်သူ့ကာကွယ်ရေးတပ် ဖြစ်ပွားတဲ့ တိုက်ပွဲတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေစသဖြင့် စစ်ပွဲ (၃) မျိုး ရှိလာပါတယ်။ စစ်ကိုင်းနဲ့ မကွေးတိုင်း၊ ချင်းနဲ့ ကယားပြည်နယ်တွေမှာ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အာဏာသိမ်းတပ်တွေကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေ ပြင်းထန်လာတာ တွေ့ရပါတယ်။ ရှမ်းပြည်မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာတော့ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ဖြစ်ပွားတဲ့တိုက်ပွဲတွေအပြင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း ပစ်ခတ်ကြတဲ့ တိုက်ပွဲတွေလည်း ရှိပါတယ်။ ဒါကြောင့် သြဂုတ်လရောက်တော့ စစ်ပြေးဒုက္ခသည် (၁၂၀၀၀) ကျော် ရှိလာပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ရဲ့ ၂၀၂၀ ဒီဇင်ဘာလထုတ် စာစောင်အမှတ် (၄) မှာ စစ်အာဏာမသိမ်းမီက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကို မှတ်တမ်းတင်ထားပါတယ်။ ၂၀၂၀ တနှစ်လုံးမှာ တိုက်ပွဲဖြစ်ပွားတဲ့ ရက်ပေါင်း (၅၀) ကျော်ရှိကြောင်း စာစောင်မှာ ဖော်ပြထားပါတယ်။ ရှမ်းပြည်နယ်မှာ ဖြစ်ပွြါ်တဲ့ တိုက်ပွဲတွေကို လေ့လာတဲ့အခါမှာ တပ်မတော်နဲ့ တအာင်းပလောင်တပ်ဖွဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲက အများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့ SSA တောင်ပိုင်းတပ်ဖွဲ့နဲ့ တပ်မတော် ဖြစ်ပွားတဲ့ တိုက်ပွဲက ဒုတိယအများဆုံးဖြစ်ပြီး KIA ကချင်တပ်နဲ့ တပ်မတော်ဖြစ်ပွဲတဲ့ တိုက်ပွဲက တတိယ အများဆုံး ဖြစ်နေပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာတော့ ရှမ်းပြည်နယ်မှာ SSA မြောက်ပိုင်းတပ်ဖွဲ့နဲ့ SSA တောင်ပိုင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်တာက ပိုများလာပါတယ်။

SSA မြောက်ပိုင်းတပ်ဖွဲ့နဲ့ SSA တောင်ပိုင်းတပ်ဖွဲ့တွေကြား ဖြစ်ပွားတဲ့ စစ်ပွဲတွေကို ရှောင်ပြေးတဲ့ ဒုက္ခသည်တွေလည်း များပြားလာပါတယ်။ ရှမ်းပြည်သူလူထုကတော့ SSA နှစ်ဖွဲ့ပေါင်းစည်းပြီး စစ်ကောင်စီကိုတိုက်ဖို့သာ လိုလားကြပါတယ်။ တိုင်းရင်းသားအချင်းချင်း စစ်ခင်းလေလေ စစ်ကောင်စီတပ် အသက်ရှုချောင်လေလေ ဖြစ်နေပါတယ်။ အခုလည်း ဒေသခံ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေကို နှိမ်နင်းဖို့အတွက် စစ်ကောင်စီတပ်က ဒေသခံပြည်သူစစ်တွေကို စည်းရုံးသိမ်းသွင်းနေပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာ လှုပ်ရှားနေတဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေကို တိုက်ခိုက်ဖို့အတွက် လွိုင်လင်ခရိုင်၊ ခိုလမ်မြို့အခြေစိုက် စစ်ကောင်စီအရှေ့အလယ်ပိုင်းတိုင်းရုံးက ဒေသခံပြည်သူစစ်ကို စစ်ကူတောင်းကြောင်း သြဂုတ်လ (၁၇) ရက်နေ့ထုတ် သျှမ်းသံတော်ဆင့်မှာ ဖော်ပြထားပါတယ်။ လွိုင်လင်ခရိုင်မှာ ပြည်သူ့စစ် (၇) ဖွဲ့ ရှိပါတယ်။ စစ်ကောင်စီရဲ့ ကြိဂံဒေသစစ်ဌာနချုပ်ကလည်း တာချီလိတ်မြို့နယ်က ပြည်သူ့စစ်ကို စည်းရုံးနေပါတယ်။ တာချီလိတ်မြို့နယ်တခုတည်းမှာတင် ပြည်သူ့စစ် (၃၅) ဖွဲ့ ရှိပါတယ်။ SSA ရှမ်းတပ်ဖွဲ့တွေအချင်းချင်း တိုက်နေကြသလို ဒေသခံပြည်သူစစ်နဲ့ ဒေသခံ PDF တပ်တွေ တိုက်ခိုက်လာအောင် စစ်ကောင်စီတပ်က ကြိုးပမ်းနေတာ ထင်ရှားပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG