သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကခ်င္ျပည္နယ္က လက္နက္ကိုင္မ်ား


KIA troops at front line in Kachin State
ကခ်င္ျပည္နယ္က လက္နက္ကိုင္မ်ား
please wait

No media source currently available

0:00 0:05:40 0:00
တိုက္႐ိုက္ လင့္ခ္

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

စစ္အာဏာသိမ္းၿပီး မၾကာမီ မတ္လအေစာပိုင္းကစၿပီး စစ္ေကာင္စီတပ္ကို ခုခံတိုက္ခိုက္တဲ့ စစ္ပြဲေတြ ကခ်င္ျပည္နယ္မွာ ျပန္လည္ျဖစ္ပြားလာပါတယ္။ ျပည္သူလူထုကလည္း KIA လက္နက္ကိုင္တပ္ကို ရိကၡာ၊ ေဆးဝါးနဲ႔ ေငြေၾကး ေထာက္ပံ့ၾကပါတယ္။ ဗမာလူမ်ဳိးႀကီးဝါဒ က်င့္သံုးတဲ့ စစ္အာဏာရွင္စနစ္ကို အျမစ္ျပတ္ေအာင္ တိုက္ခိုက္ဖို႔အတြက္ KIA ဟာ ဗမာျပည္သူလူထုနဲ႔ လက္တြဲလုပ္ကိုင္ေနတယ္လို႔ ဗိုလ္ခ်ဳပ္ႀကီး အင္ဘန္းလ က ေျပာပါတယ္။ ကခ်င္အာဇာနည္ေန႔ျဖစ္တဲ့ ၾသဂုတ္လ (၁၀) ရက္ေန႔က ေျပာဆိုသြားတာျဖစ္ေၾကာင္း KNG ကခ်င္သတင္းစာေစာင္မွာ ေဖာ္ျပထားပါတယ္။

ကခ်င္ျပည္နယ္မွာ KIA တပ္က PDF ျပည္သူ႔ကာကြယ္ေရးတပ္ေတြကို စစ္သင္တန္းေပးၿပီး NLD ပါတီဝင္ေတြကိုလည္း ခိုလံႈခြင့္ေပးပါတယ္။ ေႏြဦးေတာ္လွန္ေရးကို ႀကိဳဆိုတဲ့ ဝါရင့္ KIA တပ္ဖြဲ႔အင္အားစုကို စည္းရံုးသိမ္းသြင္းဖို႔ စစ္ေကာင္စီ ႀကိဳးပမ္းလာပံုရပါတယ္။ တပ္ခ်ဳပ္မင္းေအာင္လိႈင္ဟာ စက္တင္ဘာမွာ ျမစ္ႀကီးနားကို သြားေရာက္ၿပီး ေအာက္တိုဘာလ (၃) ရက္ေန႔မွာ နယ္စပ္ဝန္ႀကီး ဒုဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္ ပူတာအိုကို သြားပါတယ္။ ေဒသခံျပည္သူစစ္ေတြနဲ႔ ေတြ႔ဆံုေၾကာင္း သိရပါတယ္။

ေဒသခံနယ္ျခားေစာင့္တပ္ ခ်ဳပ္ကိုင္ထားတဲ့ နယ္ေျမေတြမွာ စစ္ေကာင္စီတပ္ဟာ KIA တိုက္ခိုက္တာကို ခံေနရၿပီး အက်အဆံုးမ်ားေနတာကို ေဆြးေႏြးဖို႔ တပ္ခ်ဳပ္ႀကီး ျမစ္ႀကီးနားကို သြားေရာက္တာလို႔ ၾကားသိရပါတယ္။ ေဒသခံတိုင္းရင္းသားျပည္သူစစ္ေတြကို လက္နက္အင္အား ျဖည့္ဆည္းေပးဖို႔ အစီအစဥ္ရိွေၾကာင္း သိရပါတယ္။ ျမစ္ႀကီးနားၿမိဳ ႔ေတာင္ဘက္က တာေလာႀကီးနဲ႔ ဆင္ဘုိအေျခစိုက္ ရွမ္းနီ (ေခၚ) တိုင္းလိုင္မ်ဳိးႏြယ္စုကို တပ္မေတာ္က ျပည္သူ႔စစ္ ဖြဲ႔ေပးထားပါတယ္။ အာဏာမသိမ္းမီက ရွမ္းနီျပည္သူ႔စစ္နဲ႔ KIA တိုက္ခိုက္တာမ်ဳိး ရိွခဲ့ေပမယ့္၊ အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ KIA ကို ယံုၾကည္လာၾကတယ္လို႔ ဆိုပါတယ္။ KIA က ခြဲထြက္ၿပီး၊ NDA-K တပ္ကို တည္ေထာင္တဲ့ စခုန္တိန္ယိန္းကေတာ့ နယ္စပ္ေဒသေတြျဖစ္တဲ့ ေဆာ့ေလာ္၊ ပန္ဝါ နဲ႔ ကန္ပိုက္တီတို႔မွာ နယ္ျခားေစာင့္တပ္ (၃) တပ္ ဖြဲ႔ထားပါတယ္။

ကခ်င္ေဒသခံလူမ်ဳိးေတြျဖစ္တဲ့ ဂ်ိမ္းေဖာ၊ လာခ်စ္၊ လာဗို၊ လီဆူ၊ ရဝမ္၊ ဇိုင္းဝ စတဲ့ လူမ်ဳိးစု (၆) စုမွာ ဂ်ိမ္းေဖာ (ေခၚ) ကခ်င္က လူမ်ားစုအေနနဲ႔ ႀကီးစိုးေလ့ ရိွပါတယ္။ ဂ်ိမ္းေဖာ (ကခ်င္) နဲ႔ ဆက္ဆံေရး အဆင္မေျပတာေလးေတြကို အခြင့္ေကာင္းယူၿပီး တပ္မေတာ္က ေသြးခြဲပစ္ပံုကို Emily Fishbein နဲ႔ အဖြဲ႔က ဇူလိုင္လ (၂) ရက္ေန႔ထုတ္ Frontier စာေစာင္မွာ Divide & Rule in Kachin State ကခ်င္ျပည္နယ္ကို ေသြးခြဲအုပ္ခ်ဳပ္ပံု ဆိုၿပီး ေရးသားထားပါတယ္။ ကခ်င္ျပည္နယ္ေျမာက္ပိုင္း ပူတာအုိ၊ ေနာင္မြန္း၊ ေခါင္လန္ဖူးနဲ႔ မခ်မ္းေဘာ ဟာ ရဝမ္လူမ်ဳိးအမ်ားစု ေနထိုင္ရာ အရပ္ပါ။ အပစ္ရပ္ထားခ်ိန္မွာ ရဝမ္ျပည္သူ႔စစ္ ေပၚထြက္လာၿပီး KIA နဲ႔ စစ္ျပန္ျဖစ္ခ်ိန္မွာ တပ္မေတာ္ဘက္က ရပ္တည္ၾကပါတယ္။ ဒါေၾကာင့္ စစ္ေကာင္စီအတြက္ ရဝမ္ျပည္သူ႔စစ္ဟာ အေရးႀကီးတဲ့အခန္းက ပါဝင္ေနပါတယ္။

စစ္ေကာင္စီနယ္စပ္ေရးရာဝန္ႀကီး ဒုဗိုလ္ခ်ဳပ္ႀကီးထြန္းထြန္းေနာင္ရဲ ႔ ပူတာအုိခရီးစဥ္ဟာ ရဝမ္ စည္းရံုးေရးလႈပ္ရွားမႈသာ ျဖစ္ပါတယ္။ ရဝမ္အမ်ားစု ေနထိုင္တဲ့ ေနာင္မြန္း၊ မခ်မ္းေဘာ၊ ေခါင္လန္ဖူးနဲ႔ ပန္နန္းဒင္တို႔ကို သြားေရာက္ၿပီး VOA, BBC နဲ႔ DVB သတင္းေတြကို မၾကည့္ဖို႔ ေဒသခံေတြကို ေဟာေျပာေၾကာင္း သိရပါတယ္။ ရဝမ္ျပည္သူ႔စစ္ သင္တန္းသြားေတြကိုလည္း အားေပးစကားေျပာၾကားပါတယ္။ ရဝမ္ယဥ္ေက်းမႈအသင္းဟာ ႀကံ့ဖြံ႔ပါတီနဲ႔ လက္တြဲၿပီး ျပည္သူ႔စစ္တပ္ဖြဲ႔ေတြ တည္ေထာင္ေနတယ္လို႔လည္း ဆိုပါတယ္။ ဒါေပမဲ့ စစ္အာဏာသိမ္းၿပီးတဲ့ေနာက္မွာ ျပည္တြင္းျပည္ပေန ရဝမ္တိုင္းရင္းသားေတြက ရဝမ္ျပည္သူ႔စစ္ရဲ ႔ KIA ဆန္႔က်င္မႈေတြကို ေဝဖန္ရွဳတ္ခ်ၾကပါတယ္။ ရဝမ္ယဥ္ေက်းမႈအသင္းနဲ႔ ႀကံ့ဖြ႔ံပါတီဝင္ေတြကိုသာ ၿမိဳ ႔နယ္နဲ႔ခရိုင္ရံုးေတြမွာ စစ္ေကာင္စီက ခန္႔အပ္ပါတယ္။

ရဝမ္လူငယ္ဟာ ႀကံ့ဖြံ႔ပါတီကို မေထာက္ခံဘဲ NLD ကို ပံ့ပိုးၾကပါတယ္။ အရင္ကေတာ့ ပူတာအိုေဒသက ျပည္သူေတြ အထူးသျဖင့္ ရဝမ္နဲ႔ လီစူးစတဲ့ တုိင္းရင္းသားေတြက KIA ကို လက္နက္ကိုင္ အႏိုင္က်င့္တဲ့အဖြဲ႔လို႔ သတ္မွတ္ၾကပါတယ္။ စစ္ေကာင္စီ အာဏာသိမ္းလိုက္ေတာ့မွ ဘယ္သူက အႏုိင္က်င့္တယ္ဆိုတာကို ရွင္းရွင္းလင္းလင္း သိသြားၾကတဲ့အတြက္ KIA ေထာက္ခံသူေတြ တုိးပြားလာတယ္လို႔ ဆိုပါတယ္။ ပူတာအုိ၊ ေဆာေလာ္၊ ဝိုင္းေမာ္၊ ေခါင္လန္ဖူး၊ တႏိုင္းနဲ႔ ျမစ္ႀကီးနားၿမိဳ ႔နယ္ေတြမွာ လီဆူတိုင္းရင္းသားေတြ ေနထိုင္ၾကပါတယ္။ လီဆူးရဲ ႔ ဒူေလးပါတီဟာ ႀကံ့ဖြံ႔ပါတီနဲ႔ ဆက္ဆံေရး ေျပလည္ပံုရပါတယ္။

အာဏာမသိမ္းမီက ဒူးေလးပါတီကို ေထာက္ခံသူမ်ားေပမယ့္ အာဏာသိမ္းလိုက္တဲ့အခါမွာ လီစူးေတြ သေဘာထား ေျပာင္းလဲလာတယ္လို႔ ဆုိပါတယ္။ ဒါေပမဲ့ ဂ်ိမ္းေဖာ္ကခ်င္နဲ႔ ေရာေႏွာတာကို မေက်နပ္သူေတြ ရိွေနဆဲ ျဖစ္ပါတယ္။ နယ္ျခားေစာင့္တပ္နဲ႔ ျပည္သူ႔စစ္ဟာ စစ္ေကာင္စီ ဆန္႔က်င္ေရးလႈပ္ရွားမႈကို ဟန္႔တားတာမ်ဳိး လုပ္တတ္ပါတယ္။ တုိင္းရင္းသားလူႀကီးပိုင္းမွာ KIA ကို မႀကိဳက္သူေတြ ရိွေနေသးေပမယ့္ လူငယ္ပိုင္းကေတာ့ KIA ရဲ ႔ ေဆာင္ရြက္ခ်က္ကို ေထာက္ခံအားေပးလာၾကေၾကာင္း Frontier စာေစာင္ထုတ္ Divide & Rule စာတမ္မွာ ေဖာ္ျပထားပါတယ္။


==Unicode ==

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

စစ်အာဏာသိမ်းပြီး မကြာမီ မတ်လအစောပိုင်းကစပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်တဲ့ စစ်ပွဲတွေ ကချင်ပြည်နယ်မှာ ပြန်လည်ဖြစ်ပွားလာပါတယ်။ ပြည်သူလူထုကလည်း KIA လက်နက်ကိုင်တပ်ကို ရိက္ခာ၊ ဆေးဝါးနဲ့ ငွေကြေး ထောက်ပံ့ကြပါတယ်။ ဗမာလူမျိုးကြီးဝါဒ ကျင့်သုံးတဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်အောင် တိုက်ခိုက်ဖို့အတွက် KIA ဟာ ဗမာပြည်သူလူထုနဲ့ လက်တွဲလုပ်ကိုင်နေတယ်လို့ ဗိုလ်ချုပ်ကြီး အင်ဘန်းလ က ပြောပါတယ်။ ကချင်အာဇာနည်နေ့ဖြစ်တဲ့ သြဂုတ်လ (၁၀) ရက်နေ့က ပြောဆိုသွားတာဖြစ်ကြောင်း KNG ကချင်သတင်းစာစောင်မှာ ဖော်ပြထားပါတယ်။

ကချင်ပြည်နယ်မှာ KIA တပ်က PDF ပြည်သူ့ကာကွယ်ရေးတပ်တွေကို စစ်သင်တန်းပေးပြီး NLD ပါတီဝင်တွေကိုလည်း ခိုလှုံခွင့်ပေးပါတယ်။ နွေဦးတော်လှန်ရေးကို ကြိုဆိုတဲ့ ဝါရင့် KIA တပ်ဖွဲ့အင်အားစုကို စည်းရုံးသိမ်းသွင်းဖို့ စစ်ကောင်စီ ကြိုးပမ်းလာပုံရပါတယ်။ တပ်ချုပ်မင်းအောင်လှိုင်ဟာ စက်တင်ဘာမှာ မြစ်ကြီးနားကို သွားရောက်ပြီး၊ အောက်တိုဘာလ (၃) ရက်နေ့မှာ နယ်စပ်ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ပူတာအိုကို သွားပါတယ်။ ဒေသခံပြည်သူစစ်တွေနဲ့ တွေ့ဆုံကြောင်း သိရပါတယ်။

ဒေသခံနယ်ခြားစောင့်တပ် ချုပ်ကိုင်ထားတဲ့ နယ်မြေတွေမှာ စစ်ကောင်စီတပ်ဟာ KIA တိုက်ခိုက်တာကို ခံနေရပြီး အကျအဆုံးများနေတာကို ဆွေးနွေးဖို့ တပ်ချုပ်ကြီး မြစ်ကြီးနားကို သွားရောက်တာလို့ ကြားသိရပါတယ်။ ဒေသခံတိုင်းရင်းသားပြည်သူစစ်တွေကို လက်နက်အင်အား ဖြည့်ဆည်းပေးဖို့ အစီအစဉ်ရှိကြောင်း သိရပါတယ်။ မြစ်ကြီးနားမြို့တောင်ဘက်က တာလောကြီးနဲ့ ဆင်ဘိုအခြေစိုက် ရှမ်းနီ (ခေါ်) တိုင်းလိုင်မျိုးနွယ်စုကို တပ်မတော်က ပြည်သူ့စစ် ဖွဲ့ပေးထားပါတယ်။ အာဏာမသိမ်းမီက ရှမ်းနီပြည်သူ့စစ်နဲ့ KIA တိုက်ခိုက်တာမျိုး ရှိခဲ့ပေမယ့်၊ အာဏာသိမ်းပြီးနောက်ပိုင်းမှာ KIA ကို ယုံကြည်လာကြတယ်လို့ ဆိုပါတယ်။ KIA က ခွဲထွက်ပြီး၊ NDA-K တပ်ကို တည်ထောင်တဲ့ စခုန်တိန်ယိန်းကတော့ နယ်စပ်ဒေသတွေဖြစ်တဲ့ ဆော့လော်၊ ပန်ဝါ နဲ့ ကန်ပိုက်တီတို့မှာ နယ်ခြားစောင့်တပ် (၃) တပ် ဖွဲ့ထားပါတယ်။

ကချင်ဒေသခံလူမျိုးတွေဖြစ်တဲ့ ဂျိမ်းဖော၊ လာချစ်၊ လာဗို၊ လီဆူ၊ ရဝမ်၊ ဇိုင်းဝ စတဲ့ လူမျိုးစု (၆) စုမှာ ဂျိမ်းဖော (ခေါ်) ကချင်က လူများစုအနေနဲ့ ကြီးစိုးလေ့ ရှိပါတယ်။ ဂျိမ်းဖော (ကချင်) နဲ့ ဆက်ဆံရေး အဆင်မပြေတာလေးတွေကို အခွင့်ကောင်းယူပြီး တပ်မတော်က သွေးခွဲပစ်ပုံကို Emily Fishbein နဲ့ အဖွဲ့က ဇူလိုင်လ (၂) ရက်နေ့ထုတ် Frontier စာစောင်မှာ Divide & Rule in Kachin State ကချင်ပြည်နယ်ကို သွေးခွဲအုပ်ချုပ်ပုံ ဆိုပြီး ရေးသားထားပါတယ်။ ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအို၊ နောင်မွန်း၊ ခေါင်လန်ဖူးနဲ့ မချမ်းဘော,ဟာ ရဝမ်လူမျိုးအများစု နေထိုင်ရာ အရပ်ပါ။ အပစ်ရပ်ထားချိန်မှာ ရဝမ်ပြည်သူ့စစ် ပေါ်ထွက်လာပြီး KIA နဲ့ စစ်ပြန်ဖြစ်ချိန်မှာ တပ်မတော်ဘက်က ရပ်တည်ကြပါတယ်။ ဒါကြောင့် စစ်ကောင်စီအတွက် ရဝမ်ပြည်သူ့စစ်ဟာ အရေးကြီးတဲ့အခန်းက ပါဝင်နေပါတယ်။

စစ်ကောင်စီနယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ရဲ့ ပူတာအိုခရီးစဉ်ဟာ ရဝမ် စည်းရုံးရေးလှုပ်ရှားမှုသာ ဖြစ်ပါတယ်။ ရဝမ်အများစု နေထိုင်တဲ့ နောင်မွန်း၊ မချမ်းဘော၊ ခေါင်လန်ဖူးနဲ့ ပန်နန်းဒင်တို့ကို သွားရောက်ပြီး VOA, BBC နဲ့ DVB သတင်းတွေကို မကြည့်ဖို့ ဒေသခံတွေကို ဟောပြောကြောင်း သိရပါတယ်။ ရဝမ်ပြည်သူ့စစ် သင်တန်းသွားတွေကိုလည်း အားပေးစကားပြောကြားပါတယ်။ ရဝမ်ယဉ်ကျေးမှုအသင်းဟာ ကြံ့ဖွံ့ပါတီနဲ့ လက်တွဲပြီး ပြည်သူ့စစ်တပ်ဖွဲ့တွေ တည်ထောင်နေတယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ ပြည်တွင်းပြည်ပနေ ရဝမ်တိုင်းရင်းသားတွေက ရဝမ်ပြည်သူ့စစ်ရဲ့ KIA ဆန့်ကျင်မှုတွေကို ဝေဖန်ရှုတ်ချကြပါတယ်။ ရဝမ်ယဉ်ကျေးမှုအသင်းနဲ့ ကြံ့ဖွံ့ပါတီဝင်တွေကိုသာ မြို့နယ်နဲ့ခရိုင်ရုံးတွေမှာ စစ်ကောင်စီက ခန့်အပ်ပါတယ်။

ရဝမ်လူငယ်ဟာ ကြံ့ဖွံ့ပါတီကို မထောက်ခံဘဲ NLD ကို ပံ့ပိုးကြပါတယ်။ အရင်ကတော့ ပူတာအိုဒေသက ပြည်သူတွေ အထူးသဖြင့် ရဝမ်နဲ့ လီစူးစတဲ့ တိုင်းရင်းသားတွေက KIA ကို လက်နက်ကိုင် အနိုင်ကျင့်တဲ့အဖွဲ့လိုပ သတ်မှတ်ကြပါတယ်။ စစ်ကောင်စီ အာဏာသိမ်းလိုက်တော့မှ ဘယ်သူက အနိုင်ကျင့်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိသွားကြတဲ့အတွက် KIA ထောက်ခံသူတွေ တိုးပွားလာတယ်လို့ ဆိုပါတယ်။ ပူတာအို၊ ဆောလော်၊ ဝိုင်းမော်၊ ခေါင်လန်ဖူး၊ တနိုင်းနဲ့ မြစ်ကြီးနားမြို့နယ်တွေမှာ လီဆူတိုင်းရင်းသားတွေ နေထိုင်ကြပါတယ်။ လီဆူရဲ့ ဒူလေးပါတီဟာ ကြံ့ဖွံ့ပါတီနဲ့ ဆက်ဆံရေး ပြေလည်ပုံရပါတယ်။

အာဏာမသိမ်းမီက ဒူးလေးပါတီကို ထောက်ခံသူများပေမယ့် အာဏာသိမ်းလိုက်တဲ့အခါမှာ လီစူးတွေ သဘောထား ပြောင်းလဲလာတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဂျိမ်းဖော်ကချင်နဲ့ ရောနှောတာကို မကျေနပ်သူတွေ ရှိနေဆဲ ဖြစ်ပါတယ်။ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်ဟာ စစ်ကောင်စီ ဆန့်ကျင်ရေးလှုပ်ရှားမှုကို ဟန့်တားတာမျိုး လုပ်တတ်ပါတယ်။ တိုင်းရင်းသားလူကြီးပိုင်းမှာ KIA ကို မကြိုက်သူတွေ ရှိနေသေးပေမယ့် လူငယ်ပိုင်းကတော့ KIA ရဲ့ ဆောင်ရွက်ချက်ကို ထောက်ခံအားပေးလာကြကြောင်း Frontier စာစောင်ထုတ် Divide & Rule စာတမ်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG