သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ နဲ႔ ကခ်င္ျပည္သူ႔သေဘာထား


Myanmar Kachin Refugee
ျမန္မာ နဲ႔ ကခ်င္ျပည္သူ႔သေဘာထား
please wait

No media source currently available

0:00 0:05:48 0:00
တိုက္႐ိုက္ လင့္ခ္

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

ျမန္မာႏိုင္ငံကို ဂ်ိမ္းေဖာကခ်င္ေတြက ဘယ္လိုျမင္ၾကသလဲ။ ဘယ္ေလာက္သံေယာဇဥ္ ရိွသလဲဆုိတာကို သိရေအာင္ ဂ်ိမ္းေဖာကခ်င္အမ်ဳိးသမီး ‘ဂ်ာငိုင္ဂ်ပ္ (Jagai Jap)’ က ကြင္းဆင္းသုေတသနလုပ္ၿပီး ေရးထားတဲ့စာတမ္းကို Oxford Tea Circle အဖြဲ႔က လြန္ခဲ့တဲ့ႏွစ္ ဇူလိုင္လ (၂) ရက္ေန႔က ထုတ္ေဝလိုက္ပါတယ္။ အေမရိကန္ျပည္ေထာင္စု George Washington တကၠသိုလ္မွာ Ph.D ေဒါက္တာဘြဲ႔ရဖို႔ ဂ်ာငိုင္ဂ်ပ္က ႀကိဳးပမ္းေနပါတယ္။ ၂၀၁၈ နဲ႔ ၂၀၁၉ ၾကား ကခ်င္ျပည္နယ္မွာ ကြင္းဆင္းသုေတသန လုပ္ထားတဲ့ အခ်က္အလက္ေတြေပၚမွာ အေျခခံၿပီးေရးထားတဲ့ သုေတသနစာတမ္း ျဖစ္ပါတယ္။

တဦးခ်င္းေတြ႔ဆံုေမးျမန္္းလို႔ သိရတဲ့သေဘာထားနဲ႔ စစ္တမ္းေကာက္ယူလို႔ သိရတဲ့ သေဘာထားကြာျခားေနတာကို ေတြ႔ရတယ္လို႔ ဆိုပါတယ္။ ဘာသာေရးေခါင္းေဆာင္၊ ခရစ္ယာန္လူငယ္၊ ကခ်င္ေရးရာ လႈပ္ရွားသူေတြကို တဦးခ်င္းေတြ႔ဆံုေမးျမန္းတဲ့အခါမွာ ျမန္မာႏိုင္ငံအေပၚ သံေယာဇဥ္ သိပ္မရိွတာကို ေတြ႔ရတယ္လို႔ ဆုိပါတယ္။ KIA ကခ်င္တပ္နဲ႔ တပ္မေတာ္ တုိက္ပြဲျဖစ္ပြားေနခ်ိန္မို႔ ကခ်င္အမ်ဳိးသား စိတ္ဓါတ္ျပင္းထန္ေနတာ ျပသတာလည္း ျဖစ္ႏိုင္ပါတယ္။ ဒါေပမဲ့ စစ္တမ္း (Survey) ေကာက္ယူလို႔ ရရိွထားတဲ့ အခ်က္အလက္ေတြမွာေတာ့ ျမန္မာႏိုင္ငံေပၚမွာ သံေယာဇဥ္ ပိုၿပီးရိွတာေတြ႔ရတယ္လို႔ ဆိုပါတယ္။

စစ္တမ္းေကာက္ယူတဲ့ နည္းေပၚမွာလိုက္ၿပီး သေဘာထားေျပာင္းလဲသြားတာလည္း ျဖစ္ႏိုင္ပါတယ္။ ကခ်င္လူဦးေရ ထူထပ္တဲ့ ၿမိဳ ႔နယ္ (၁၉) နယ္ကို စစ္တမ္းေကာက္သူ သံုးရာနီးပါး ေစလႊတ္ၿပီးေတာ့ ေဒသခံေတြကို မ်က္ႏွာခ်င္းဆိုင္ ေတြ႔ဆံုတဲ့နည္း ျဖစ္ပါတယ္။ ဂ်င္းေဖာစကားတတ္သူေတြကို ဂ်င္းေဖာစကားနဲ႔ ေမးျမန္းၿပီး၊ မတတ္သူေတြကိုေတာ့ ျမန္မာလို စီစစ္ေမးျမန္းပါတယ္။ ျမန္မာႏိုင္ငံသား ျဖစ္ရတာကို ဂုဏ္ယူသလား။ မွားမွားမွန္မွန္ ဒို႔ႏိုင္ငံလို႔ ယံုၾကည္သလား စတဲ့ ေမးခြန္းေတြကို ေမးပါတယ္။ တိုင္းျပည္အေပၚ သံေယာဇဥ္အရိွဆံုးအဆင့္ကို (၃) မွတ္ ေပးထားပါတယ္။ ေျဖဆိုသူ ကခ်င္အားလံုးဟာ ပ်မ္းမွ်အမွတ္ (၂) သို႔မဟုတ္ (၂) မွတ္နီးပါး ရၾကတာမို႔ ျမန္မာႏုိင္ငံကို သံေယာဇဥ္ အေတာ္ႀကီးမားသလို ျဖစ္ေနပါတယ္။ အာဏာရွင္ အုပ္ခ်ဳပ္မႈ အစဥ္အလာႀကီးမားၿပီး ဒီမိုကေရစီ အသြင္ေျပာင္းမႈ မပီျပင္ေသးလို႔ အေရးယူခံရမွာ စိုးရိမ္ရၿပီး ဆန္႔က်င္ဘက္သေဘာထားကို မထုတ္ေဖာ္တာလည္း ျဖစ္ႏိုင္ပါတယ္။

ေမးခြန္းကို ဆန္႔က်င္ၿပီး မေျဖဘဲ၊ အျခားအေၾကာင္းရင္းက အာဏာရွင္အုပ္ခ်ဳပ္တဲ့ဓေလ့ မဟုတ္ဘဲ အားနာတတ္တဲ့ ဓေလ့ေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ ေမးခြန္းနဲ႔ ဆန္႔က်င္ဘက္ သေဘာထားကို ေျပာရမွာ အားနာလို အလိုက္အထိုက္ ေျပာတာလည္း ျဖစ္ႏိုင္ပါတယ္။ ဥပမာ ျမန္မာႏိုင္ငံသား ျဖစ္ရတာ ဂုဏ္ယူပါသလားဆိုတဲ့ ေမးခြန္းကို ေျဖဆိုရာမွာ စိတ္မပါေပမယ့္ အားနာၿပီး ဂုဏ္ယူပါတယ္လို႔ ေျဖၾကားတာမ်ဳိးေတြ ရိွပါတယ္။ ဒါေၾကာင့္မို႔ ျမန္မာႏိုင္ငံကို သံေယာဇဥ္ရိွၿပီး ျမန္မာႏိုင္ငံသား ျဖစ္ရတာကို ဂုဏ္ယူတဲ့ေနရာမွာ ကခ်င့္သေဘာထားဟာ ထင္တာထက္ပိုၿပီး အားေကာင္းေနတာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဒါေပမဲ့ ကခ်င္ေတြရဲ ႔ ေယဘုယ်သေဘာထားမွာေတာ့ ျမန္မာႏုိင္ငံေတာ္ကို သံေယာဇဥ္ရိွေၾကာင္း မျပသၾကတာ မ်ားပါတယ္။ လူမႈကြန္ရက္ေတြမွာလည္း မေက်နပ္ခ်က္ေတြကို ေဖာ္ျပၾကပါတယ္။ တခ်ဳိ ႔ဆိုရင္ သူတို႔အခ်င္းခ်င္း မ်က္ေမွာက္ေရးရာ ေဆြးေႏြးတဲ့အခါမွာ ျမန္မာႏိုင္ငံနဲ႔ ျမန္မာအစိုးရကို ေဝဖန္ၾကပါတယ္။ တဦးေဝဖန္တာကို တဦးက ေထာက္ခံတာမ်ဳိးလည္း ရိွပါတယ္။ ဒါေပမဲ့ အုပ္စုနဲ႔မဟုတ္ဘဲ တဦးခ်င္းကို ေတြ႔ဆံုေမးျမန္းရင္ေတာ့ အဲဒီေလာက္ ျပင္းထန္မွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။ ဒါေၾကာင့္မို႔ တိုင္းျပည္အေပၚမွာရိွတဲ့ ကခ်င္ေတြရဲ ႔ သံေယာဇဥ္ဟာ ထင္တာထက္ပိုၿပီး ျမင့္မားႏိုင္တယ္လို႔ ဆိုပါတယ္။ ေနာက္ၿပီးေတာ့ ကခ်င္ျပည္နယ္မွာ ဂ်င္းေဖာ၊ လာခ်စ္၊ လာဗို (မရူး)၊ လီစူး၊ ရဝမ္၊ ဇိုင္းဝ (အဇီ) စတဲ့ မ်ဳိးႏြယ္စု (၆) စု ရိွတာကိုလည္း ထည့္တြက္ဖို႔ လိုတယ္လို႔ ဆိုပါတယ္။ ဂ်င္းေဖာက အမ်ားစု ျဖစ္ေပမယ့္ အျခားလူမ်ဳိးစုေတြကလည္း ႏုိင္ငံေရးတက္ၾကြတာမို႔ သီးျခားသေဘာထားကို ထုတ္ေဖာၾကပါတယ္။

ဒါေၾကာင့္မို႔ ကခ်င္မ်ဳိးႏြယ္စု (၆) စုမွာ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္တဲ့ သေဘာထားအမ်ဳိးမ်ဳိး ရိွႏိုင္ပါတယ္။ စစ္တမ္းေကာက္ယူဖို႔ ေမးျမန္းခံရသူေတြထဲမွာ ျမန္မာႏိုင္ငံကို သံေယာဇဥ္ႀကီးတဲ့ ကခ်င္မ်ဳိးႏြယ္စုက မ်ားေနတာလည္း ျဖစ္ႏိုင္ပါတယ္။ သေဘာထားကြဲလြဲတာကို သိျမင္ႏိုင္ေအာင္ ေမးျမန္းခံရသူ သံုးရာကို ဂ်င္းေဖာစကားေျပာသူနဲ႔ မေျပာသူဆိုၿပီး အုပ္စုႏွစ္စု ခြဲလိုက္ပါတယ္။ အဲဒီအခါမွာ ျမန္မာႏိုင္ငံသား ျဖစ္ရတာကို ဂ်င္းေဖာစကားမေျပာတဲ့ ကခ်င္ေတြက ဂ်င္းေဖာစကားေျပာတဲ့ ကခ်င္ေတြထက္ပိုၿပီး ဂုဏ္ယူတာကို ေတြ႔ရပါတယ္။ လာခ်စ္၊ လာဗို၊ လီစူးနဲ႔ ရဝမ္မ်ဳိးႏြယ္မ်ားတဲ့ ပူတာအုိ၊ ခ်ီေဖြ နဲ႔ မုိးကုတ္ေဒသ ကခ်င္မ်ဳိးႏြယ္စုေတြဟာ ျမန္မာျပည္သား ျဖစ္ရတာမို႔ ဂ်င္းေဖာကခ်င္ထက္ပိုၿပီး ဂုဏ္ယူၾကပါတယ္။

ျမန္မာျပည္သား ျဖစ္ရတာကို ဂုဏ္ယူေနတဲ့ ေဒသခံလူမ်ဳိးစုေတြဟာ စစ္အစိုးရနဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ အခြင့္အလမ္း ပိုမ်ားတာကို ေတြ႔ရပါတယ္။ KIA နဲ႔ ဆက္ဆံေရး အဆင္မေျပတဲ့ မ်ဳိးႏြယ္စုေတြကို ျပည္သူ႔စစ္အျဖစ္ အသြင္ေျပာင္းရတာ ပိုၿပီးလြယ္ကူပံု ရပါတယ္။ ဥပမာ ေခါင္လန္ဖူးက ရဝမ္ျပည္သူ႔စစ္ဟာ ၂၀၁၁ မွာ အပစ္ရပ္အဆံုးသတ္တဲ့အခါ တပ္မေတာ္နဲ႔ လက္တြဲၿပီး KIA ကို တိုက္ခိုက္လာပါတယ္။ ဒါေပမဲ့ စစ္ေကာင္စီေခတ္မွာ KIA ကို ေထာက္ခံသူမ်ားလာတဲ့အတြက္ ကခ်င္မ်ဳိးႏြယ္စုေတြမွာလည္း သေဘာထား ေျပာင္းလဲလာႏိုင္ေၾကာင္း တင္ျပလိုက္ရပါတယ္။


=== Unicode ==

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

မြန်မာနိုင်ငံကို ဂျိမ်းဖောကချင်တွေက ဘယ်လိုမြင်ကြသလဲ။ ဘယ်လောက်သံယောဇဉ် ရှိသလဲဆိုတာကို သိရအောင် ဂျိမ်းဖောကချင်အမျိုးသမီး ‘ဂျာငိုင်ဂျပ် (Jagai Jap)’ က ကွင်းဆင်းသုတေသနလုပ်ပြီး ရေးထားတဲ့စာတမ်းကို Oxford Tea Circle အဖွဲ့က လွန်ခဲ့တဲ့နှစ် ဇူလိုင်လ (၂) ရက်နေ့က ထုတ်ဝေလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု George Washington တက္ကသိုလ်မှာ Ph.D ဒေါက်တာဘွဲ့ရဖို့ ဂျာငိုင်ဂျပ်က ကြိုးပမ်းနေပါတယ်။ ၂၀၁၈ နဲ့ ၂၀၁၉ ကြား ကချင်ပြည်နယ်မှာ ကွင်းဆင်းသုတေသန လုပ်ထားတဲ့ အချက်အလက်တွေပေါ်မှာ အခြေခံပြီးရေးထားတဲ့ သုတေသနစာတမ်း ဖြစ်ပါတယ်။

တဦးချင်းတွေ့ဆုံမေးမြန်းလို့ သိရတဲ့သဘောထားနဲ့ စစ်တမ်းကောက်ယူလို့ သိရတဲ့ သဘောထားကွာခြားနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဘာသာရေးခေါင်းဆောင်၊ ခရစ်ယာန်လူငယ်၊ ကချင်ရေးရာ လှုပ်ရှားသူတွေကို တဦးချင်းတွေ့ဆုံမေးမြန်းတဲ့အခါမှာ မြန်မာနိုင်ငံအပေါ် သံယောဇဉ် သိပ်မရှိတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ KIA ကချင်တပ်နဲ့ တပ်မတော် တိုက်ပွဲဖြစ်ပွားနေချိန်မို့ ကချင်အမျိုးသား စိတ်ဓါတ်ပြင်းထန်နေတာ ပြသတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ စစ်တမ်း (Survey) ကောက်ယူလို့ ရရှိထားတဲ့ အချက်အလက်တွေမှာတော့ မြန်မာနိုင်ငံပေါ်မှာ သံယောဇဉ် ပိုပြီးရှိတာတွေ့ရတယ်လို့ ဆိုပါတယ်။

စစ်တမ်းကောက်ယူတဲ့ နည်းပေါ်မှာလိုက်ပြီး သဘောထားပြောင်းလဲသွားတာလည်း ဖြစ်နိုင်ပါတယ်။ ကချင်လူဦးရေ ထူထပ်တဲ့ မြို့နယ် (၁၉) နယ်ကို စစ်တမ်းကောက်သူ သုံးရာနီးပါး စေလွှတ်ပြီးတော့ ဒေသခံတွေကို မျက်နှာချင်းဆိုင် တွေ့ဆုံတဲ့နည်း ဖြစ်ပါတယ်။ ဂျင်းဖောစကားတတ်သူတွေကို ဂျင်းဖောစကားနဲ့ မေးမြန်းပြီး၊ မတတ်သူတွေကိုတော့ မြန်မာလို စီစစ်မေးမြန်းပါတယ်။ မြန်မာနိုင်ငံသား ဖြစ်ရတာကို ဂုဏ်ယူသလား။ မှားမှားမှန်မှန် ဒို့နိုင်ငံလို့ ယုံကြည်သလား စတဲ့ မေးခွန်းတွေကို မေးပါတယ်။ တိုင်းပြည်အပေါ် သံယောဇဉ်အရှိဆုံးအဆင့်ကို (၃) မှတ် ပေးထားပါတယ်။ ဖြေဆိုသူ ကချင်အားလုံးဟာ ပျမ်းမျှအမှတ် (၂) သို့မဟုတ် (၂) မှတ်နီးပါး ရကြတာမို့ မြန်မာနိုင်ငံကို သံယောဇဉ် အတော်ကြီးမားသလို ဖြစ်နေပါတယ်။ အာဏာရှင် အုပ်ချုပ်မှု အစဉ်အလာကြီးမားပြီး ဒီမိုကရေစီ အသွင်ပြောင်းမှု မပီပြင်သေးလို့ အရေးယူခံရမှာ စိုးရိမ်ရပြီး ဆန့်ကျင်ဘက်သဘောထားကို မထုတ်ဖော်တာလည်း ဖြစ်နိုင်ပါတယ်။

မေးခွန်းကို ဆန့်ကျင်ပြီး မဖြေဘဲ၊ အခြားအကြောင်းရင်းက အာဏာရှင်အုပ်ချုပ်တဲ့ဓလေ့ မဟုတ်ဘဲ အားနာတတ်တဲ့ ဓလေ့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မေးခွန်းနဲ့ ဆန့်ကျင်ဘက် သဘောထားကို ပြောရမှာ အားနာလို အလိုက်အထိုက် ပြောတာလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ မြန်မာနိုင်ငံသား ဖြစ်ရတာ ဂုဏ်ယူပါသလားဆိုတဲ့ မေးခွန်းကို ဖြေဆိုရာမှာ စိတ်မပါပေမယ့် အားနာပြီး ဂုဏ်ယူပါတယ်လို့ ဖြေကြားတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံကို သံယောဇဉ်ရှိပြီး မြန်မာနိုင်ငံသား ဖြစ်ရတာကို ဂုဏ်ယူတဲ့နေရာမှာ ကချင့်သဘောထားဟာ ထင်တာထက်ပိုပြီး အားကောင်းနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကချင်တွေရဲ့ ယေဘုယျသဘောထားမှာတော့ မြန်မာနိုင်ငံတော်ကို သံယောဇဉ်ရှိကြောင်း မပြသကြတာ များပါတယ်။ လူမှုကွန်ရက်တွေမှာလည်း မကျေနပ်ချက်တွေကို ဖော်ပြကြပါတယ်။ တချို့ဆိုရင် သူတို့အချင်းချင်း မျက်မှောက်ရေးရာ ဆွေးနွေးတဲ့အခါမှာ မြန်မာနိုင်ငံနဲ့ မြန်မာအစိုးရကို ဝေဖန်ကြပါတယ်။ တဦးဝေဖန်တာကို တဦးက ထောက်ခံတာမျိုးလည်း ရှိပါတယ်။ ဒါပေမဲ့ အုပ်စုနဲ့မဟုတ်ဘဲ တဦးချင်းကို တွေ့ဆုံမေးမြန်းရင်တော့ အဲဒီလောက် ပြင်းထန်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့်မို့ တိုင်းပြည်အပေါ်မှာရှိတဲ့ ကချင်တွေရဲ့ သံယောဇဉ်ဟာ ထင်တာထက်ပိုပြီး မြင့်မားနိုင်တယ်လို့ ဆိုပါတယ်။ နောက်ပြီးတော့ ကချင်ပြည်နယ်မှာ ဂျင်းဖော၊ လာချစ်၊ လာဗို (မရူး)၊ လီစူး၊ ရဝမ်၊ ဇိုင်းဝ (အဇီ) စတဲ့ မျိုးနွယ်စု (၆) စု ရှိတာကိုလည်း ထည့်တွက်ဖို့ လိုတယ်လို့ ဆိုပါတယ်။ ဂျင်းဖောက အများစု ဖြစ်ပေမယ့် အခြားလူမျိုးစုတွေကလည်း နိုင်ငံရေးတက်ကြွတာမို့ သီးခြားသဘောထားကို ထုတ်ဖောကြပါတယ်။

ဒါကြောင့်မို့ ကချင်မျိုးနွယ်စု (၆) စုမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သဘောထားအမျိုးမျိုး ရှိနိုင်ပါတယ်။ စစ်တမ်းကောက်ယူဖို့ မေးမြန်းခံရသူတွေထဲမှာ မြန်မာနိုင်ငံကို သံယောဇဉ်ကြီးတဲ့ ကချင်မျိုးနွယ်စုက များနေတာလည်း ဖြစ်နိုင်ပါတယ်။ သဘောထားကွဲလွဲတာကို သိမြင်နိုင်အောင် မေးမြန်းခံရသူ သုံးရာကို ဂျင်းဖောစကားပြောသူနဲ့ မပြောသူဆိုပြီး အုပ်စုနှစ်စု ခွဲလိုက်ပါတယ်။ အဲဒီအခါမှာ မြန်မာနိုင်ငံသား ဖြစ်ရတာကို ဂျင်းဖောစကားမပြောတဲ့ ကချင်တွေက ဂျင်းဖောစကားပြောတဲ့ ကချင်တွေထက်ပိုပြီး ဂုဏ်ယူတာကို တွေ့ရပါတယ်။ လာချစ်၊ လာဗို၊ လီစူးနဲ့ ရဝမ်မျိုးနွယ်များတဲ့ ပူတာအို၊ ချီဖွေ နဲ့ မိုးကုတ်ဒေသ ကချင်မျိုးနွယ်စုတွေဟာ မြန်မာပြည်သား ဖြစ်ရတာမို့ ဂျင်းဖောကချင်ထက်ပိုပြီး ဂုဏ်ယူကြပါတယ်။

မြန်မာပြည်သား ဖြစ်ရတာကို ဂုဏ်ယူနေတဲ့ ဒေသခံလူမျိုးစုတွေဟာ စစ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်း ပိုများတာကို တွေ့ရပါတယ်။ KIA နဲ့ ဆက်ဆံရေး အဆင်မပြေတဲ့ မျိုးနွယ်စုတွေကို ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းရတာ ပိုပြီးလွယ်ကူပုံ ရပါတယ်။ ဥပမာ ခေါင်လန်ဖူးက ရဝမ်ပြည်သူ့စစ်ဟာ ၂၀၁၁ မှာ အပစ်ရပ်အဆုံးသတ်တဲ့အခါ တပ်မတော်နဲ့ လက်တွဲပြီး KIA ကို တိုက်ခိုက်လာပါတယ်။ ဒါပေမဲ့ စစ်ကောင်စီခေတ်မှာ KIA ကို ထောက်ခံသူများလာတဲ့အတွက် ကချင်မျိုးနွယ်စုတွေမှာလည်း သဘောထား ပြောင်းလဲလာနိုင်ကြောင်း တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG