သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ICJ ျမန္မာအမႈ ေဖေဖာ္ဝါရီလကုန္ၾကားနာမည္


နိုင္ငံတကာတရားရံုး (ICJ) မွာ ျမန္မာ့အေရးၾကားနားခဲ့စဥ္ (ဓာတ္ပံု - ရိုက္တာ)

ႏိုင္ငံတကာတရား႐ုံး (ICJ) မွာ လူမ်ိဳးတုံးသတ္ျဖတ္မႈဆိုင္ရာ စြပ္စြဲခ်က္ေတြအတြက္ ျမန္မာႏိုင္ငံဘက္က ေခ်ပခဲ့တာေတြအေပၚ ၾကားနာပြဲတရပ္ကို ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔ကေန ၂၈ ရက္ေန႔အထိ လုပ္သြားမယ္လို႔ နယ္သာလန္ႏိုင္ငံ၊ The Hague ၿမိဳ႕ အေျခစိုက္ ICJ တရား႐ုံးက ဒီကေန႔ရက္စြဲနဲ႔ ထုတ္ျပန္ခ်က္တရပ္မွာ ေဖာ္ျပထားပါတယ္။

၂၀၁၇ ခုႏွစ္၊ ရခိုင္ျပည္နယ္ ရွင္းလင္းေရးစစ္ဆင္မႈအတြင္း ႐ိုဟင္ဂ်ာမြတ္ဆလင္ေတြကို စစ္တပ္က လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဴးလြန္ခဲ့တယ္ဆိုၿပီး ဂမ္ဘီယာႏိုင္ငံက ျမန္မာႏိုင္ငံကို ICJ မွာ တရားစြဲထားတာပါ။ အဲဒီစြပ္စြဲခ်က္အတြက္ ပထမဆုံး ၾကားနာပြဲ ကို ၂၀၁၉ ခုႏွစ္ကလုပ္ခဲ့ၿပီး အဲဒီအခ်ိန္က ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဦးေဆာင္ ေခ်ပခဲ့တာပါ။

ေဖေဖာ္ဝါရီ ၂၁ ရက္ေန႔မွာစမယ့္ ၾကားနာပြဲကို လူကိုင္တိုင္တက္ေရာက္တာနဲ႔ အြန္လိုင္းက တက္ေရာက္တာ ႏွစ္မ်ိဳးေရာ လုပ္သြားမယ္လို႔ ICJ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အမ်ားျပည္သူ နားေထာင္ႏိုင္တဲ့ ၾကားနာပြဲျဖစ္ၿပီး ICJ ရဲ႕ အင္တာနက္စာမ်က္ႏွာနဲ႔ ကုလသမဂၢရဲ႕ အြန္လိုင္း ႐ုပ္သံလႊင့္စာမ်က္ႏွာ UN Web TV တို႔မွာ တိုက္႐ိုက္ နားဆင္ ၾကည့္ရႈႏိုင္မွာျဖစ္ပါတယ္။

ေဖေဖာ္ဝါရီ ၂၁ ရက္ေန႔၊ နယ္သာလန္ ေဒသစံေတာ္ခ်ိန္ ေန႔လည္ ၁ နာရီခြဲကေန ၄ နာရီခြဲအထိ ျမန္မာဘက္က ပထမအေက်ာ့ တင္ျပမွာျဖစ္ၿပီး ၂၃ ရက္ေန႔ ေန႔လည္ ၁ နာရီခြဲကေန ၄ နာရီခြဲအထိ ဂမ္ဘီယာဘက္က ပထမအေက်ာ့ တင္ျပပါမယ္။ ၂၅ ရက္ေန႔ ေန႔လည္ ၃ နာရီကေန ၄ နာရီခြဲအထိ ျမန္မာဘက္က ဒုတိယအေက်ာ့တင္ျပမွာျဖစ္ၿပီး ၂၈ ရက္ေန႔ ေန႔လည္ ၃ နာရီကေန ၄ နာရီခြဲအထိ ဂမ္ဘီယာဘက္က ဒုတိယအေက်ာ့ တင္ျပမွာျဖစ္ပါတယ္။

........................................................................

ICJ ျမန္မာအမႈ ေဖေဖာ္ဝါရီလကုန္ၾကားနာမည္
please wait

No media source currently available

0:00 0:01:14 0:00
တိုက္႐ိုက္ လင့္ခ္


ICJ မြန်မာအမှု ဖေဖော်ဝါရီလကုန်ကြားနာမည်

(Unicode)

နိုင်ငံတကာတရားရုံး (ICJ) မှာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်တွေအတွက် မြန်မာနိုင်ငံဘက်က ချေပခဲ့တာတွေအပေါ် ကြားနာပွဲတရပ်ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ လုပ်သွားမယ်လို့ နယ်သာလန်နိုင်ငံ၊ The Hague မြို့ အခြေစိုက် ICJ တရားရုံးက ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်တရပ်မှာ ဖော်ပြထားပါတယ်။

၂၀၁၇ ခုနှစ်၊ ရခိုင်ပြည်နယ် ရှင်းလင်းရေးစစ်ဆင်မှုအတွင်း ရိုဟင်ဂျာမွတ်ဆလင်တွေကို စစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ မှာ တရားစွဲထားတာပါ။ အဲဒီစွပ်စွဲချက်အတွက် ပထမဆုံး ကြားနာပွဲ ကို ၂၀၁၉ ခုနှစ်ကလုပ်ခဲ့ပြီး အဲဒီအချိန်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင် ချေပခဲ့တာပါ။

ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာစမယ့် ကြားနာပွဲကို လူကိုင်တိုင်တက်ရောက်တာနဲ့ အွန်လိုင်းက တက်ရောက်တာ နှစ်မျိုးရော လုပ်သွားမယ်လို့ ICJ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အများပြည်သူ နားထောင်နိုင်တဲ့ ကြားနာပွဲဖြစ်ပြီး ICJ ရဲ့ အင်တာနက်စာမျက်နှာနဲ့ ကုလသမဂ္ဂရဲ့ အွန်လိုင်း ရုပ်သံလွှင့်စာမျက်နှာ UN Web TV တို့မှာ တိုက်ရိုက် နားဆင် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့၊ နယ်သာလန် ဒေသစံတော်ချိန် နေ့လည် ၁ နာရီခွဲကနေ ၄ နာရီခွဲအထိ မြန်မာဘက်က ပထမအကျော့ တင်ပြမှာဖြစ်ပြီး ၂၃ ရက်နေ့ နေ့လည် ၁ နာရီခွဲကနေ ၄ နာရီခွဲအထိ ဂမ်ဘီယာဘက်က ပထမအကျော့ တင်ပြပါမယ်။ ၂၅ ရက်နေ့ နေ့လည် ၃ နာရီကနေ ၄ နာရီခွဲအထိ မြန်မာဘက်က ဒုတိယအကျော့တင်ပြမှာဖြစ်ပြီး ၂၈ ရက်နေ့ နေ့လည် ၃ နာရီကနေ ၄ နာရီခွဲအထိ ဂမ်ဘီယာဘက်က ဒုတိယအကျော့ တင်ပြမှာဖြစ်ပါတယ်။

XS
SM
MD
LG