[[ Zawgyi ]]
ျမန္မာႏိုင္ငံက လူနည္းစု ရုိဟင္ဂ်ာ မူဆလင္ေတြနဲ႔ ပတ္သက္ၿပီး မွားယြင္းတဲ့ အခ်က္အလက္ေတြကို ျဖန္႔ခ်ီရာမွာ Facebook က အသုံးခ်ခံခဲ့႔ရၿပီးေနာက္ အဲဒီအၾကမ္းဖက္မႈ ျဖစ္ေအာင္လႈံ႔ေဆာ္တယ္လို႔ ဆုံးျဖတ္ႏိုင္တဲ့ အခ်က္အလက္တခ်ဳိ႕ကို ၂ဝ၁၈ ကစၿပီး ဖယ္ရွားခဲ့ပါတယ္။
အဲဒီလို ဖယ္ရွားေပမဲ့ သိမ္းဆည္းထားဆဲ အခ်က္အလက္ေတြကို Facebook ကုမၸဏီအေနနဲ႔ ႏိုင္ငံတကာ တရားရုံးတရုံးမွာ ထုတ္ေပး သင့္မသင့္ဆိုတဲ့ ကိစၥဟာ အေမရိကန္ ျပည္ေထာင္စု တရားရုံးတခုမွာ အျငင္းပြားစရာ ျဖစ္ေနပါတယ္။
ဒါနဲ႔ပတ္သက္ၿပီး Facebook ကုမၸဏီက ဖ်က္သိမ္းပစ္ခဲ့တဲ့ အခ်က္လက္ေတြကို ျပန္လည္ထုတ္ေပးဖို႔ အေမရိကန္ တရားသူႀကီးတဦးရဲ႕ ဆုံးျဖတ္ခ်က္ကို Facebook ကုမၸဏီက ျငင္းပယ္လုိက္ပါတယ္။ Facebook ကုမၸဏီအေနနဲ႔ ျမန္မာႏိုင္ငံအေပၚ ICJ မွာ တရားစြဲဆိုထားတဲ့ ဂန္ဘီယားႏိုင္ငံကို လႊဲေျပာင္းေပးဖု႔ိ တရားသူႀကီးက ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။
{{ Unicode }}
ရိုဟင်ဂျာနှိပ်ကွပ်မှု အတွင်းရေးအချက်အလက် ပေးအပ်ဖို့ တရားရုံးဆုံးဖြတ်ချက် FACEBOOK ငြင်းဆန်
မြန်မာနိုင်ငံက လူနည်းစု ရိုဟင်ဂျာ မူဆလင်တွေနဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ အချက်အလက်တွေကို ဖြန့်ချီရာမှာ Facebook က အသုံးချခံခဲ့ရပြီးနောက် အဲဒီအကြမ်းဖက်မှု ဖြစ်အောင်လှုံ့ဆော်တယ်လို့ ဆုံးဖြတ်နိုင်တဲ့ အချက်အလက်တချို့ကို ၂ဝ၁၈ ကစပြီး ဖယ်ရှားခဲ့ပါတယ်။
အဲဒီလို ဖယ်ရှားပေမဲ့ သိမ်းဆည်းထားဆဲ အချက်အလက်တွေကို Facebook ကုမ္ပဏီအနေနဲ့ နိုင်ငံတကာ တရားရုံးတရုံးမှာ ထုတ်ပေး သင့်မသင့်ဆိုတဲ့ ကိစ္စဟာ အမေရိကန် ပြည်ထောင်စု တရားရုံးတခုမှာ အငြင်းပွားစရာ ဖြစ်နေပါတယ်။
ဒါနဲ့ပတ်သက်ပြီး Facebook ကုမ္ပဏီက ဖျက်သိမ်းပစ်ခဲ့တဲ့ အချက်လက်တွေကို ပြန်လည်ထုတ်ပေးဖို့ အမေရိကန် တရားသူကြီးတဦးရဲ့ ဆုံးဖြတ်ချက်ကို Facebook ကုမ္ပဏီက ငြင်းပယ်လိုက်ပါတယ်။ Facebook ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံအပေါ် ICJ မှာ တရားစွဲဆိုထားတဲ့ ဂန်ဘီယားနိုင်ငံကို လွှဲပြောင်းပေးဖု့ိ တရားသူကြီးက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။