သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IIMM တောင်းခံတဲ့အချက်အလက်တချို့ပေးဖို့ facebook သဘောတူ


Facebook
Facebook

Zawgyi/Unicode

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) က ဖေ့စ်ဘုတ်ဆီကနေ တောင်းခံတဲ့ အချက်အလက်အကုန်လုံးကို ဖေ့စ်ဘုတ်ကမပေးပေမယ့် တချို့အချက်အလက်တွေကိုပေးဖို့ သဘောတူထားတယ်လို့ IIMM အကြီးအကဲ Nicholas Koumjian က ဗွီအိုအေကိုပြောပါတယ်။

ဖေ့စ်ဘုတ်အနေနဲ့ ဥပဒေနဲ့အညီ သူတို့သဘောနဲ့သူတို့ IIMM ကို အချက်အလက်တွေ ပေးခဲ့တယ်လို့ ဖေ့စ်ဘုတ်ကုမ္ပဏီ ပြောခွင့်ရတဦးက ရိုက်တာသတင်းဌာနကို ပြောခဲ့တာနဲ့ပတ်သက်ပြီး ဗွီအိုအေရဲ့ ဆက်သွယ် မေးမြန်းချက်ကို မစ္စတာ Koumjian က အီးမေးလ်နဲ့ အကြောင်းပြန် ဖြေဆိုခဲ့တာပါ။

ဖေ့စ်ဘုတ်နဲ့ IIMM အကြား ဆက်ပြီးတော့ ဆွေးနွေးနေပြီး နောက်ထပ် အချက်အလက်တွေရလာဖို့ မျှော်လင့်ထားတယ်လို့လည်း မစ္စတာ Koumjian ကပြောပါတယ်။

IIMM ရဲ့ လုပ်ပိုင်ခွင့်ဘောင်ထဲမှာရှိတဲ့ မြန်မာနိုင်ငံမှာကျူးလွန်ခဲ့တဲ့ ဆိုးရွားတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေအတွက် ရာဇဝတ်ကြောင်းအရ တာဝန်ရှိတယ်ဆိုတာကို သက်သေပြဖို့ ဆီလျော်ကိုက်ညီတယ်လို့ သူတို့ယူဆတဲ့ အချက်အလက်တွေကို IIMM က ဖေ့စ်ဘုတ်ဆီကနေ တောင်းခံခဲ့တဲ့အကြောင်း၊ IIMM က အချက်အလက်အမျိုးမျိုးကို တောင်းခံတဲ့ကိစ္စနဲ့ပတ်သက်လို့၊ ဆီလျော်ကိုက်ညီတဲ့ အချက်အလက်တွေကို ဘယ်လိုပေးနိုင်မလဲ ဆိုတာနဲ့ပတ်သက်လို့ IIMM နဲ့ ဖေ့စ်ဘုတ်တို့ ပုံမှန်လို တွေ့ဆုံဆွေးနွေးနေကြောင်းလည်း မစ္စတာ Komjian က ပြောပါတယ်။

ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်ဖို့ လှုံ့ဆော်ခဲ့လို့ Facebook က ၂၀၁၈ ခုနှစ်မှာ ပိတ်ပစ်ခဲ့တဲ့ အကောင့်တွေနဲ့ဆိုင်တဲ့ မှတ်တမ်းတွေကိုပေးဖို့ အမေရိကန်ပြည်ထောင်စု Washington D. C. က ပြည်ထောင်စု တရားသူကြီးတဦးက စက်တင်ဘာလ ၂၂ ရက်နေ့မှာ Facebook ကုမ္ပဏီကို အမိန့်ထုတ်ခဲ့ပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ဖြစ်ရပ်တွေကို နိုင်ငံတကာပြစ်မှုတွေအဖြစ်သတ်မှတ်ပြီး ကျူးလွန်သူတွေကို တရားစွဲဆိုနိုင်ရေး စုံစမ်းစစ်ဆေးနေမှုမှာ Facebook က အချက်အလက်တွေပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ တရားသူကြီးက ပြောကြားခဲ့ကြောင်း တရားရုံးဆုံးဖြတ်ချက်မိတ္တူမှာ ဖော်ပြခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ Facebook ကုမ္ပဏီ ပြောခွင့်ရက သူတို့အနေနဲ့ အခုကိစ္စကို ပြန်လည် သုံးသပ်နေပြီးတော့ IIMM ကို အချက်အလက်တချို့ ပေးခဲ့ပြီးဖြစ်တယ်လို့ တုံ့ပြန်ခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

======

Unicode




ဖေ့ဈဘုတျနဲ့ IIMM အကွား ဆကျပွီးတော့ ဆှေးနှေးနပွေီး နောကျထပျ အခကြျအလကျတှရေလာဖို့ မြှောျလင့ျထားတယျလို့လညျး မစ်စတာ Koumjian ကပွောပါတယျ။






XS
SM
MD
LG