{Zawgyi/Unicode}
အၾကမ္းဖက္မႈနဲ႔ အမုန္းတရားေတြျဖစ္လာေအာင္ Facebook နဲ႔ Instagram လူမႈကြန္ရက္ေတြကို အသုံးခ် လႈံ႔ေဆာ္ေနတာကို ကုမၸဏီအႀကီးအကဲေတြက သိေပမယ့္ ကုမၸဏီရဲ႕အက်ဳိးအျမတ္ကို ေရွ႕တန္းတင္ၿပီး မသိက်ဳိးကြ်ံျပဳခဲ့တယ္လို႔ ကုမၸဏီဝန္ထမ္းေဟာင္းတဦးက ေျပာပါတယ္။
Facebook ကုမၸဏီအတြင္းက မွတ္တမ္းအေထာက္အထားေတြကို ဖြင့္ခ်ခဲ့သူတဦးျဖစ္တဲ့ Frances Haugen ဟာ ဒီကေန႔ အေမရိကန္အထက္လႊတ္ေတာ္မွာ တင္ျပ ေျပာဆိုဖုိ႔ရွိၿပီး ႐ိုက္တာသတင္းဌာနက ၾကည့္ခြင့္ရခဲ့တဲ့ သူ႔ရဲ႕တင္ျပခ်က္မိတၱဴထဲမွာ အဲဒီလိုေျပာထားတာပါ။
ဒါေၾကာင့္လည္း Facebook အေပၚ စည္းကမ္းတင္းက်ပ္ဖို႔ လႊတ္ေတာ္ကို သူတင္ျပမယ့္ထဲမွာ ပါဝင္တဲ့အေၾကာင္း ႐ိုက္တာသတင္းတပုဒ္မွာ ေဖာ္ျပထားပါတယ္။
ျမန္မာႏိုင္ငံမွာျဖစ္ပ်က္ခဲ့ဲ့တဲ့ လူေတြကို အစုအၿပံဳလိုက္ သတ္ျဖတ္မႈေတြ၊ ဇန္နဝါရီလ ၆ ရက္ အေမရိကန္ ျပည္ေထာင္စုလႊတ္ေတာ္ကို အတင္းဝင္စီးနင္းခဲ့တဲ့ အဓိက႐ုဏ္းေတြဟာ Facebook ကုမၸဏီကို အသုံးခ် လံႈ႕ေဆာ္ခဲ့တာေတြရဲ႕ သာဓကေတြအျဖစ္လည္း ႐ိုက္တာသတင္းမွာ ေရးသားထားပါတယ္။
Facebook နဲ႔အတူ သူ႔ရဲ႕ Instagram နဲ႔ WhatsApp တို႔ မေန႔က ၆ နာရီေလာက္ ျပတ္ေတာက္သြားတာေၾကာင့္ ကမၻာတဝန္းမွာ လူေပါင္း သန္းနဲ႔ခ်ီၿပီး Facebook ကို သံုးလို႔မရ ျဖစ္သြားခဲ့တဲ့အခ်ိန္မွာပဲ Facebook နဲ႔ ပတ္သက္လို႔ ေဝဖန္ခ်က္ေတြလည္း ထြက္လာတာပါ။
"ေဆးလိပ္ကုမၸဏီေတြေၾကာင့္ က်န္းမာေရးထိခိုက္ႏိုင္တယ္လို႔ သိခဲ့တဲ့အခ်ိန္၊ အစိုးရဘက္က အေရးယူ ေဆာင္ရြက္ခဲ့ၿပီး ကားေမာင္းရင္ ခါးပတ္ပတ္မွ ေဘးရန္ ကင္းမယ္လို႔ သိခဲ့တဲ့အခ်ိန္မွာလည္း အစိုးရဘက္က အေရးယူ ေဆာင္ရြက္ခဲ့ပါတယ္။ အခုလည္း အလားတူ ေဆာင္ရြက္ေပးဖို႔ ေမတၱာရပ္ခံခ်င္ပါတယ္” လို႔ Facebook ကုမၸဏီကို အေရးယူဖို႔ ေတာင္းဆိုမယ့္ Frances Haugen ရဲ႕ ထြက္ဆိုခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။
Facebook ကုမၸဏီဟာ အက်ဳိးအျမတ္ရဖို႔ တခုတည္းကိုၾကည့္ၿပီး အသက္ငယ္ရြယ္ သူေတြအပါအဝင္ အသုံးျပဳသူေတြရဲ႕အက်ဳိးနဲ႔ လိုက္နာရမယ့္ က်င့္ဝတ္ေတြကို လ်စ္လ်ဴ႐ႈခဲ့တယ္လို႔ တနဂၤေႏြေန႔ကထုတ္လႊင့္ခဲ့တဲ့ CBS ႐ုပ္သံရဲ႕ 60 Minutes အစီအစဥ္မွာလည္း Frances Haugen ေျပာခဲ့ပါတယ္။
=======
{Unicode}
အမုန်းတရားလှုံ့ဆော်မှု Facebook မသိကျိုးကျွံပြုခဲ့ကြောင်း ကုမ္ပဏီဝန်ထမ်းဟောင်း ထွက်ဆို
အကြမ်းဖက်မှုနဲ့ အမုန်းတရားတွေဖြစ်လာအောင် Facebook နဲ့ Instagram လူမှုကွန်ရက်တွေကို အသုံးချ လှုံ့ဆော်နေတာကို ကုမ္ပဏီအကြီးအကဲတွေက သိပေမယ့် ကုမ္ပဏီရဲ့အကျိုးအမြတ်ကို ရှေ့တန်းတင်ပြီး မသိကျိုးကျွံပြုခဲ့တယ်လို့ ကုမ္ပဏီဝန်ထမ်းဟောင်းတဦးက ပြောပါတယ်။
Facebook ကုမ္ပဏီအတွင်းက မှတ်တမ်းအထောက်အထားတွေကို ဖွင့်ချခဲ့သူတဦးဖြစ်တဲ့ Frances Haugen ဟာ ဒီကနေ့ အမေရိကန်အထက်လွှတ်တော်မှာ တင်ပြ ပြောဆိုဖို့ရှိပြီး ရိုက်တာသတင်းဌာနက ကြည့်ခွင့်ရခဲ့တဲ့ သူ့ရဲ့တင်ပြချက်မိတ္တူထဲမှာ အဲဒီလိုပြောထားတာပါ။
ဒါကြောင့်လည်း Facebook အပေါ် စည်းကမ်းတင်းကျပ်ဖို့ လွှတ်တော်ကို သူတင်ပြမယ့်ထဲမှာ ပါဝင်တဲ့အကြောင်း ရိုက်တာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာဖြစ်ပျက်ခဲ့ဲ့တဲ့ လူတွေကို အစုအပြုံလိုက် သတ်ဖြတ်မှုတွေ၊ ဇန်နဝါရီလ ၆ ရက် အမေရိကန် ပြည်ထောင်စုလွှတ်တော်ကို အတင်းဝင်စီးနင်းခဲ့တဲ့ အဓိကရုဏ်းတွေဟာ Facebook ကုမ္ပဏီကို အသုံးချ လှုံ့ဆော်ခဲ့တာတွေရဲ့ သာဓကတွေအဖြစ်လည်း ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။
Facebook နဲ့အတူ သူ့ရဲ့ Instagram နဲ့ WhatsApp တို့ မနေ့က ၆ နာရီလောက် ပြတ်တောက်သွားတာကြောင့် ကမ္ဘာတဝန်းမှာ လူပေါင်း သန်းနဲ့ချီပြီး Facebook ကို သုံးလို့မရ ဖြစ်သွားခဲ့တဲ့အချိန်မှာပဲ Facebook နဲ့ ပတ်သက်လို့ ဝေဖန်ချက်တွေလည်း ထွက်လာတာပါ။
"ဆေးလိပ်ကုမ္ပဏီတွေကြောင့် ကျန်းမာရေးထိခိုက်နိုင်တယ်လို့ သိခဲ့တဲ့အချိန်၊ အစိုးရဘက်က အရေးယူ ဆောင်ရွက်ခဲ့ပြီး ကားမောင်းရင် ခါးပတ်ပတ်မှ ဘေးရန် ကင်းမယ်လို့ သိခဲ့တဲ့အချိန်မှာလည်း အစိုးရဘက်က အရေးယူ ဆောင်ရွက်ခဲ့ပါတယ်။ အခုလည်း အလားတူ ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်” လို့ Facebook ကုမ္ပဏီကို အရေးယူဖို့ တောင်းဆိုမယ့် Frances Haugen ရဲ့ ထွက်ဆိုချက်ထဲမှာ ဖော်ပြထားပါတယ်။
Facebook ကုမ္ပဏီဟာ အကျိုးအမြတ်ရဖို့ တခုတည်းကိုကြည့်ပြီး အသက်ငယ်ရွယ် သူတွေအပါအဝင် အသုံးပြုသူတွေရဲ့အကျိုးနဲ့ လိုက်နာရမယ့် ကျင့်ဝတ်တွေကို လျစ်လျူရှုခဲ့တယ်လို့ တနင်္ဂနွေနေ့ကထုတ်လွှင့်ခဲ့တဲ့ CBS ရုပ်သံရဲ့ 60 Minutes အစီအစဉ်မှာလည်း Frances Haugen ပြောခဲ့ပါတယ်။
#Facebook #HateSpeech #VOABurmese
#မြန်မာ#အမုန်းတရားနဲ့အကြမ်းဖက်မှု