သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာနဲ့ဆိုင်တဲ့ ရေးသားချက်မှတ်တမ်းတွေ Facebook ပေးဖို့ တရားရုံးဆုံးဖြတ်


နရေပ်စွန့်ခွာ ထွက်ပြေးလာကြ Rohingya များ (၂၀၀၇)(ဓာတ်ပုံ- AFP)
နရေပ်စွန့်ခွာ ထွက်ပြေးလာကြ Rohingya များ (၂၀၀၇)(ဓာတ်ပုံ- AFP)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ လူနည်းစုရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်ဖို့ လှုံ့ဆော်ခဲ့လို့ Facebook က ၂၀၁၈ ခုနှစ်မှာ ပိတ်ပစ်ခဲ့တဲ့ အကောင့်တွေနဲ့ ဆိုင်တဲ့မှတ်တမ်းတွေကိုပေးဖို့ အမေရိကန်ပြည်ထောင်စု Washington D.C က ပြည်ထောင်စု တရားသူကြီးတယောက်က Facebook ကုမ္ပဏီကို အမိန့်ထုတ်လိုက်ပါတယ်။

Facebook သုံးသူတွေရဲ့ ပုဂ္ဂလိကအခွင့်အရေး ကာကွယ်ပေးရမယ်လု့ိ Facebook ကပြောပြီး အချက်အလက်တွေပေးဖို့ ငြင်းဆန်နေတာကိုလည်း တရားသူကြီးက ပယ်ချခဲ့ပါတယ်။ အခုကိစ္စက ရိုဟင်ဂျာ လူနည်းစုတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဖြစ်ပြီး နိုင်ငံတကာဥပဒေအရ အများပြည်သူနဲ့ဆိုင်တဲ့ကိစ္စဖြစ်လို့ Facebook ရဲ့ အကြောင်းပြချက်က လက်ခံနိုင်စရာမရှိဘူးလို့ ဖက်ဒရယ်တရားသူကြီး Zia M. Faruqui ကပြောပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ဖြစ်ရပ်တွေကို နိုင်ငံတကာပြစ်မှုတွေအဖြစ် မြန်မာနိုင်ငံအပေါ် တရားစွဲနိုင်ရေး စုံစမ်းစစ်ဆေးနေမှုမှာ Facebook ကအချက်အလက်တွေပေးဖို့ ပျက်ကွက်တယ်လို့ တရားသူကြီးက ပြောကြားခဲ့ကြောင်း တရားရုံးဆုံးဖြတ်ချက်မိတ္တူမှာ ဖော်ပြထားပါတယ်။

Facebook ကုမ္ပဏီ ပြောခွင့်ရကတော့ သူတို့အနေနဲ့ အခုကိစ္စကို ပြန်လည် သုံးသပ်နေပြီး ရိုဟင်ဂျာတွေ အကြမ်းဖက်ခံရတဲ့ ဖြစ်ရပ်နဲ့ပတ်သက်တဲ့ အချက်အလက်တချို့ကို မြန်မာနိုင်ငံဆိုင်ရာ သီးခြား လွတ်လပ်တဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့ IIMM ကို ပေးခဲ့တယ်လို့ တုံ့ပြန်ပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လက ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့နယ်မြေရှင်းလင်းမှုတွေအတွင်း ရိုဟင်ဂျာမွတ်စလင် အများအပြား သတ်ဖြတ်ခံရ၊ ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံခဲ့ရသလို ရိုဟင်ဂျာ ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြရပါတယ်။ ဒါတွေဟာ မြန်မာစစ်တပ်ရဲ့ အစီအစဉ်တကျ ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်ပြီး လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်နိုင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက မှတ်တမ်းတွေနဲ့တကွ ပြောဆိုထားပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာစစ်တပ်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

.......................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)






XS
SM
MD
LG