သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဘန္ေကာက္သြားလမ္းမွာ ႐ိုဟင္ဂ်ာ ၃ ဦး ထိုင္းရဲဖမ္းဆီး


ရိုဟင္ဂ်ာေတြတင္လာတဲ့ ကားကုိမဲေဆာက္အထြက္ စစ္ေဆးေရးဂိတ္မွာဖမ္းမိပံု (ဓာတ္ပံု- ထိုင္းရဲတပ္ဖြဲ႔)

(Zawgyi/ Unicode)

ထိုင္း - ျမန္မာနယ္စပ္ မဲေဆာက္ ကေန ဘန္ေကာက္ကို တက္ဖို့အတြက္ ထိုင္းအမ်ိဳးသား လံုျခံဳေရးေကာင္စီ အမွတ္တံဆိပ္အတုေတြ တပ္ဆင္ထားတဲ့ ကားကုိ အသံုးျပဳျပီး အစိုးရ ရဲ၀န္ထမ္းေတြအျဖစ္ ဟန္ေဆာင္ကာ ရိုဟင္ဂ် ာ၃ ဦးကုိ လူကုန္ကူးခဲ့တဲ့ ထုိင္းကားေမာင္းသမားတဦးနဲ့ ျမန္မာ အမ်ိဳးသမီးတဦးကို စက္တင္ဘာလ၂၁ ရက္ေန့ မဲေဆာက္ အထြက္ ေတာင္ေပၚစစ္ေဆးေရး ဂိတ္မွ ာဖမ္းဆီးခဲ့ပါတယ္။ ဒီသတင္းကို ဗြီအိုေအ သတင္းေထာက္ မေအးေအးမာက ေျပာျပေပးပါမယ္။

ထိုင္း- ျမန္မာ နယ္စပ္ မဲေဆာက္ျမိဳ့အထြက္ ေဟြဟင္ဖြန္ နယ္ျခား ရဲတပ္ဖြဲ ့စစ္ေဆးေရးဂိတ္မွာ ထိုင္္းလံုျခံဳေရးေကာင္စီ အမွတ္တံဆိပ္ အတုတပ္ဆင္ထားတဲ့ ကားကို စစ္ေဆးခဲ့ရာမွာ တရားမ၀င္ လုိက္ပါလာတဲ့ရိုဟင္ဂ်ာ ၃ ဦးကို ဖမ္းမိခဲ့တာပါ။

ကားေမာင္းသူ အသက္ ၅၁ ႏွစ္အရြယ္ ထုိင္းအမ်ိဳးသားတဦးနဲ့ ျမန္မာႏိုင္ငံသူတဦးက ရိုဟင္ဂ်ာ ၃ ဦးကို လူကုန္ကူးခဲ့တာလို့ ထုိင္းရဲတပ္ဖဲြကေျပာပါတယ္။ ဒီအေၾကာင္းနဲ႔ ပတ္သက္လို့ AAC အလုပ္သမား ကူညီေရးအဖဲြ ့က ေျပာေရးဆုိခြင့္ရွိသူ ကိုရဲမင္းက အခုလုိေျပာပါတယ္။

" ထိုင္း - ျမန္မာနယ္စပ္ ဘန္ေကာက္ကိုတက္မယ့္ လမ္းေႀကာင္းမွာျဖစ္တာေပါ့။ ျဖစ္စဥ္ကေတာ့ မဲေဆာက္ကေန ဘန္ေကာက္တက္ရင္ ေတာင္ေပၚဂိတ္ ေဟြဟင္ဖြန္ ဂိတ္ဆိုတာရွိတယ္။ ဖမ္းဆီးခံရသူေတြက ေတာ့ ထုိင္းႏိုင္ငံရဲ ့လံုျခံဳေရး အမွတ္တံဆိ္ပ္တပ္ထားတဲ့ ကားနဲ့ထုိင္းလူမ်ိဳးတဦးက ေမာင္းလာတယ္။ ေဘးမွာက သူနဲ့အတူ ျမန္မာႏိုင္ငံသား အမ်ိဳးသမီးပါတယ္ ။ ဒီတေခါက္ကေတာ့ ထူးထူးျခားျခားပဲ။ ရိုဟင္ဂ်ာေတြ။ ရိုဟင္ဂ်ာ ၃ ဦးကို မာစီးဒီး ကားရဲ ့ေနာက္ခန္းမွာ တင္လာတာပါ။ သူတို့က ထုိင္းလံုျခံဳေရးေကာင္စီ အမွတ္တံဆိပ္လည္း တပ္ထားတယ္။ ထုိင္းအစုိးရ ဌာနဆိုင္ရာ ယူနီေဖာင္းေတြကို ကားမွာခ်ိတ္ထားျပီး ေမာင္းျပီး ၀င္လာတာေပါ့။ "

ဒီရက္ပိုင္းအတြင္းမွာ ျမန္မာႏိုင္ငံသားေတြကို လူကုန္ကူးေနသူေတြကုိလည္း ဆက္တုိက္ ဖမ္းမိခဲ့ပါတယ္။ စက္တင္ဘာလ ၁၉ ရက္ေန ့က ခ်င္းမိုင္ျပည္နယ္ ကေန ဘန္ေကာက္ တက္လာတဲ့ ခရီးသည္တင္ ႏွစ္ထပ္ကားတစီးကိုလည္း လမ္းပန္းျမိဳ့နယ္ စစ္ေဆးေရး ဂိတ္တခုကစစ္ေဆးခဲ့ရာ ကားေပၚမွာပါလာတဲ့ တရားမ၀င္ ျမန္မာႏိုင္ငံသား ၃၉ ဦးနဲ့အတူ ကားေမာင္းသူကိုဖမ္းဆီးခဲ့ပါတယ္။

လမ္းပန္း ျမိဳ့နယ္ ဟန္ခ်ပ္ Hang Chat Police Station ရဲစခန္ းစစ္ေဆးေရးဂိတ္က စက္တင္ဘာလ၁၉ ရက္ေန ့က သူတုိ့ကုိဖမ္းဆီးခဲ့ျပီးစက္တင္ဘာလ၂၁ ရက္ေန့မွာေတာ့ ျမန္မာနိုင္ငံသား၃၉ ဦးနဲ့အတူ ကားေမာင္းသူ ထုိင္းအမ်ိဳးသားတဦး ကို တရားရံုးတင္ အမွုဖြင့္ခဲ့တယ္လိ္ု့ လည္း ထိုင္းအာဏာပုိင္ေတြကို ကုိးကားျပီး ထိုင္းသတင္းေတြမွာ ေဖာ္ျပႀကပါတယ္ ။

ထိုင္းႏိုင္ငံမွာ လံုျခံဳေရးေတြ တင္းႀကပ္ေနတဲ့ ႀကားကပဲျမန္မာႏိုင္ငံသားေတြက ပံုစံမ်ိဳးစံုနဲ့ ဆက္တိုက္ခိုး၀င္လာေနတဲ့ အတြက္ လူကုန္ကူးသူေတြ ၃၀၀ ေက်ာ္နဲ့ တရားမ၀င္ ႏိုင္ငံျခားသား ၄ ေသာင္းေက်ာ္ေလာက္ကို တႏွစ္အတြင္းဖမ္းဆီးခဲ့တယ္လို့လည္း ထုိင္အာဏာပုိင္ေတြကထုတ္ေဖာ္ေျပာဆုိခဲ့ပါတယ္။

ျမန္မာႏိုင္ငံတြင္းမွာ ႐ိုဟင္ဂ်ာဆိုတဲ႔ အသံုးအႏႈန္းကို လက္မခံတဲ႔ အျပင္ ခရီးသြားလာခြင့္လည္း ကန္႔သတ္ခံထားရတဲ႔ ဒီလူေတြဟာ ေဒသတြင္း ႏိုင္ငံေတြကို တရားမ၀င္ ထြက္ခြာ သြားလာေနၾကတာပါ။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ခိုးဝင်ရိုဟင်ဂျာ ၃ ဦးကို ဘန်ကောက်သွားလမ်းမှာ ထိုင်းရဲဖမ်း

ထိုင်း - မြန်မာနယ်စပ် မဲဆောက် ကနေ ဘန်ကောက်ကို တက်ဖို့အတွက် ထိုင်းအမျိုးသား လုံခြုံရေးကောင်စီ အမှတ်တံဆိပ်အတုတွေ တပ်ဆင်ထားတဲ့ ကားကို အသုံးပြုပြီး အစိုးရ ရဲဝန်ထမ်းတွေအဖြစ် ဟန်ဆောင်ကာ ရိုဟင်ဂျ ာ၃ ဦးကို လူကုန်ကူးခဲ့တဲ့ ထိုင်းကားမောင်းသမားတဦးနဲ့ မြန်မာ အမျိုးသမီးတဦးကို စက်တင်ဘာလ၂၁ ရက်နေ့ မဲဆောက် အထွက် တောင်ပေါ်စစ်ဆေးရေး ဂိတ်မှ ာဖမ်းဆီးခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက ပြောပြပေးပါမယ်။

ထိုင်း- မြန်မာ နယ်စပ် မဲဆောက်မြို့အထွက် ဟွေဟင်ဖွန် နယ်ခြား ရဲတပ်ဖွဲ့စစ်ဆေးရေးဂိတ်မှာ ထိုင်းလုံခြုံရေးကောင်စီ အမှတ်တံဆိပ် အတုတပ်ဆင်ထားတဲ့ ကားကို စစ်ဆေးခဲ့ရာမှာ တရားမဝင် လိုက်ပါလာတဲ့ရိုဟင်ဂျာ ၃ ဦးကို ဖမ်းမိခဲ့တာပါ။

ကားမောင်းသူ အသက် ၅၁ နှစ်အရွယ် ထိုင်းအမျိုးသားတဦးနဲ့ မြန်မာနိုင်ငံသူတဦးက ရိုဟင်ဂျာ ၃ ဦးကို လူကုန်ကူးခဲ့တာလို့ ထိုင်းရဲတပ်ဖွဲကပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ AAC အလုပ်သမား ကူညီရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းက အခုလိုပြောပါတယ်။

" ထိုင်း - မြန်မာနယ်စပ် ဘန်ကောက်ကိုတက်မယ့် လမ်းကြောင်းမှာဖြစ်တာပေါ့။ ဖြစ်စဉ်ကတော့ မဲဆောက်ကနေ ဘန်ကောက်တက်ရင် တောင်ပေါ်ဂိတ် ဟွေဟင်ဖွန် ဂိတ်ဆိုတာရှိတယ်။ ဖမ်းဆီးခံရသူတွေက တော့ ထိုင်းနိုင်ငံရဲ့လုံခြုံရေး အမှတ်တံဆိပ်တပ်ထားတဲ့ ကားနဲ့ထိုင်းလူမျိုးတဦးက မောင်းလာတယ်။ ဘေးမှာက သူနဲ့အတူ မြန်မာနိုင်ငံသား အမျိုးသမီးပါတယ် ။ ဒီတခေါက်ကတော့ ထူးထူးခြားခြားပဲ။ ရိုဟင်ဂျာတွေ။ ရိုဟင်ဂျာ ၃ ဦးကို မာစီးဒီး ကားရဲ့နောက်ခန်းမှာ တင်လာတာပါ။ သူတို့က ထိုင်းလုံခြုံရေးကောင်စီ အမှတ်တံဆိပ်လည်း တပ်ထားတယ်။ ထိုင်းအစိုးရ ဌာနဆိုင်ရာ ယူနီဖောင်းတွေကို ကားမှာချိတ်ထားပြီး မောင်းပြီး ဝင်လာတာပေါ့။ "

ဒီရက်ပိုင်းအတွင်းမှာ မြန်မာနိုင်ငံသားတွေကို လူကုန်ကူးနေသူတွေကိုလည်း ဆက်တိုက် ဖမ်းမိခဲ့ပါတယ်။ စက်တင်ဘာလ ၁၉ ရက်နေ့က ချင်းမိုင်ပြည်နယ် ကနေ ဘန်ကောက် တက်လာတဲ့ ခရီးသည်တင် နှစ်ထပ်ကားတစီးကိုလည်း လမ်းပန်းမြို့နယ် စစ်ဆေးရေး ဂိတ်တခုကစစ်ဆေးခဲ့ရာ ကားပေါ်မှာပါလာတဲ့ တရားမဝင် မြန်မာနိုင်ငံသား ၃၉ ဦးနဲ့အတူ ကားမောင်းသူကိုဖမ်းဆီးခဲ့ပါတယ်။

လမ်းပန်း မြို့နယ် ဟန်ချပ် Hang Chat Police Station ရဲစခန် းစစ်ဆေးရေးဂိတ်က စက်တင်ဘာလ၁၉ ရက်နေ့က သူတို့ကိုဖမ်းဆီးခဲ့ပြီးစက်တင်ဘာလ၂၁ ရက်နေ့မှာတော့ မြန်မာနိုင်ငံသား၃၉ ဦးနဲ့အတူ ကားမောင်းသူ ထိုင်းအမျိုးသားတဦး ကို တရားရုံးတင် အမှုဖွင့်ခဲ့တယ်လို့ လည်း ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ် ။

ထိုင်းနိုင်ငံမှာ လုံခြုံရေးတွေ တင်းကြပ်နေတဲ့ ကြားကပဲမြန်မာနိုင်ငံသားတွေက ပုံစံမျိုးစုံနဲ့ ဆက်တိုက်ခိုးဝင်လာနေတဲ့ အတွက် လူကုန်ကူးသူတွေ ၃၀၀ ကျော်နဲ့ တရားမဝင် နိုင်ငံခြားသား ၄ သောင်းကျော်လောက်ကို တနှစ်အတွင်းဖမ်းဆီးခဲ့တယ်လို့လည်း ထိုင်အာဏာပိုင်တွေကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်းမှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ အပြင် ခရီးသွားလာခွင့်လည်း ကန့်သတ်ခံထားရတဲ့ ဒီလူတွေဟာ ဒေသတွင်း နိုင်ငံတွေကို တရားမဝင် ထွက်ခွာ သွားလာနေကြတာပါ။

XS
SM
MD
LG