သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္ပလုပ္သားေတြကို ထိုင္း ျပန္လည္ေခၚယူေတာ႔မည္


(Zawgyi /Unicode)

ျမန္မာႏိုင္ငံအပါအဝင္ ကိုဗစ္ကာကြယ္ေဆး ထိုးၿပီးသြားတဲ့ ႏိုင္ငံျခားသား အလုပ္သမားေတြကို ျပန္လည္လက္ခံဖုိ႔ ထိုင္းအစိုးရက စတင္လုပ္ေနပါတယ္။ အလုပ္သမားလက္ခံေရး ႏိုင္ငံအလုိက္ နားလည္မႈစာခၽြန္လႊာ MOU အရ သေဘာတူထားတဲ့ အလုပ္သမားေတြကို အုပ္စု ၃ စုခြဲေခၚယူေရး စလုပ္ေနၿပီလို႔ ထိုင္းအလုပ္သမားေရးရာ၀န္ႀကီးက ေျပာၾကားခဲ့ပါတယ္။ ထိုင္းအေျခစိုက္သတင္းေထာက္ မေအးေအးမာက အျပည္အစံု ဆက္ေျပာျပပါမယ္။

ထုိင္းႏို္င္ငံနဲ႔ အိမ္နီးခ်င္းႏို္င္ငံေတြမွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြေၾကာင့္ ထိုင္းႏိုင္ငံအေနနဲ့ ႏုိင္ငံျခားက အလုပ္သမား လက္ခံေခၚယူတဲ့ လုပ္ငန္းေတြကို ရပ္ဆုိင္းထားပါတယ္။ အခုေတာ့ ကိုဗစ္ကာကြယ္ေဆးထုိးၿပီးတဲ့ ႏိုင္ငံျခားသား အလုပ္သမားေတြကို အုပ္စုခဲြ လက္ခံေခၚယူမယ္လို႔ ထုိင္းအလုပ္သမား၀န္ႀကီး နိုင္ဆူခ် ခ်ံဳကင္က ထိုင္းဘာသာနဲ႔ ခုလို ေျပာၾကားခဲ့ပါတယ္။

သူေျပာဆုိသြာတဲ့ အထဲမွာေတာ့ အလုပ္သမားလက္ခံေရး ႏွစ္ႏုိင္ငံသေဘာတူညီခ်က္ MOU နဲ႔လာမယ့္ အလုပ္သမားေတြကို အုပ္စု ၃ စုခဲြၿပီး လက္ခံသြားမွာျဖစ္တယ္။ အလုပ္ရွင္ေတြအေနနဲ႔ အလုပ္သမားေတြရဲ႕ ကိုဗစ္ကပ္ေရာဂါ ကာကြယ္ေရးကုန္က်စရိတ္ကို က်ခံရမွာျဖစ္ျပီး ကာကြယ္ေဆးအတြက္ အလုပ္သမားေရးဌာနက ကူညီစီစဥ္ေပးမွာျဖစ္တယ္။ ျပန္လည္၀င္ေရာက္လာမယ့္ လုပ္သားေတြအတြက္ ကာကြယ္ေဆး လံုေလာက္ေအာင္ရွိပါတယ္လို႔ ေျပာၾကားသြားတာျဖစ္ပါတယ္။

ႏို္င္ငံျခားသားအလုပ္သမားေတြကို ေခၚယူတဲ့အခါမွာ အုပ္စု ၃ စုခဲြၿပီး ေခၚယူမွာနဲ ႔ပတ္သက္လို႔ ေရႊ႕ေျပာင္းအလုပ္သမား အခြင့္အေရးကြန္ရက္ရဲ႕ ဥကၠ႒ဦးေအာင္ေက်ာ္က ခုလို ႐ွင္းျပပါတယ္။

" ႏိုင္ငံျခားသား အလုပ္သမား ဌာနစိပ္နဲ့ ထိုင္းအလုပ္သမား၀န္ႀကီး ေတြ႕ဆံုေဆြးေႏြးတာက အလုပ္ရွင္ေတြရဲ ့ လုပ္သားရွားပါးမႈ မလံုေလာက္မႈ ျပႆနာကိုေျဖရွင္းတဲ့အေနနဲ႔ လက္ရိွကိုဗစ္ကာကြယ္မႈကိုလည္း စနစ္တက်ျဖစ္ရေအာင္ အစီအမံနဲ႔ လုပ္သားေတြကုိလည္းေခၚယူမယ္။ သို႔ေသာ္ အုပ္စု ၃ စုပုိင္းျပီး ေခၚယူမယ္လို့ေၾကညာခ်က္မွာ ေဖာ္ျပထားတယ္။ ကိုဗစ္ ၁၉ ကာကြယ္ေဆး၂ ႀကိမ္ထုိးၿပိီး တလေက်ာ္ၾကာေနတဲ့သူေတြ ပထမအုပ္စု၊ ေနာက္အုပ္စုက ကုိဗစ္ကာကြယ္ေဆးထိုးၿပီးသားျဖစ္တယ္။

ဒါေပမဲ့ တလမျပည့္ေသးတ့ဲအုပ္စု တတိယအုပ္စုကေတာ့ တႀကိမ္ထိုးၿပီးသားရယ္၊ တႀကိမ္မွ မထုိးရေသးတဲ့အုပ္စုရယ္ အုပ္စု ၃ စုကိုခဲြလိုက္တယ္။ ပထမအုပ္စုကုိ အစိမ္း ၊ ဒုတိယအုပ္စုကို အ၀ါ ၊ တတိယအုပ္စုကုိေတာ့ အနီ ဆိုၿပီးခဲြလိုက္တယ္။ ဦးစားေပးကေတာ့ အစိမ္းေရာင္အုပ္စု။ လြန္ခဲ့တဲ့တလေက်ာ္ကတည္းက ကာကြယ္ေဆးထိုးၿပီးသားအုပ္စုကို ဦးစားေပးေခၚယူမယ္လုိ႔ေျပာဆိုထားတယ္။ "

ထိုင္းနိုင္ငံထဲ ဝင္ေရာက္လာမယ့္ MOU အလုပ္သမားေတြအေနနဲ႔ ထိုင္းလူဝင္မႈႀကီးၾကပ္ေရးစစ္ေဆးဂိတ္မွာ RT-PCR နည္းနဲ႔ ၇၂ နာရီအတြင္း ကိုဗစ္ ၁၉ ပိုးစစ္ထားတဲ့အေျဖကို ျပရမွာျဖစ္ပါတယ္။ ေရာဂါပိုးကူးစက္ေနတာ ေတြ႔႐ွိရင္ေတာ့ ေဆးကုသမႈခံယူရမွာျဖစ္ပါတယ္ ။ ဒီကုန္က်စရိတ္ ကိုေတာ႔ အလုပ္ရွင္က တာ၀န္ယူရမွာျဖစ္ပါတယ္။

ကုသေပ်ာက္ကင္းသြားရင္ ေဆးေထာက္ခံစာနဲ႔ အလုပ္လုပ္ခြင့္လက္မွတ္ ေလွ်ာက္ထားရမယ္လို႔ ေျပာထားပါတယ္။ ဒီအစီအစဥ္ကို ကိုဗစ္ကပ္ေရာဂါျဖစ္ေနတဲ့ ၂ ႏွစ္တာ ကာလအတြင္း ထုိင္းအစုိးရက လုပ္ေဆာင္ခဲ့ေပမယ့္ အလုပ္ရွင္ေတြဘက္က ကုန္က်စရိတ္ မတတ္ႏိုင္တာေၾကာင့္ အစီစဥ္ေတြ မျဖစ္ခဲ့ပါဘူး။ အခုအစီအစဥ္က ေကာင္းမြန္ေပမယ့္ေနာက္ပုိင္းမွာအလုပ္သမားေတြဆီက ကုန္က်စရိတ္ ျပန္ျဖတ္တာမ်ဳိးေတြ စိုးရိမ္ရတယ္လို႔ အလုပ္သမားအေရးေဆာင္႐ြက္သူ ဦးေအာင္ေက်ာ္ကေျပာျပပါတယ္။

" ထုိင္းအစိုးရက စနစ္တက်နဲ႔ က်န္းမာေရးကာကြယ္ေစာင့္ေရွာက္မႈနဲ႔ ကိုဗစ္ ၁၉ ကာကြယ္မူ့ေတြကို လုပ္ငန္းရွင္ေတြကို တာ၀န္ေပးျပီးမွ ေခၚယူလိုက္ျပီးမွ ျမန္မာႏိုင္ငံဘက္ျခမ္းက ငယ္ရြယ္သန္စြမ္းျပီးမွ တကယ္လည္းအလုပ္အကုိင္ အခက္အခဲျဖစ္ေနသူေတြ အတြက္ ေကာင္းတဲ့ လကၡဏာအျဖစ္ ႀကိဳဆုိသံုးသပ္ပါတယ္။ အရင္တုန္းကလည္း ဒါေတြကိုလုပ္ငန္းရွင္က တာ၀န္ယူရမယ္ေျပာထားျပီးမွ ေနာက္ပိုင္းမွာ လုပ္သားေတြဆီကေန ျပန္လည္ေကာက္ခံတာမ်ိဳးေတြ မျဖစ္ရေအာင္ သက္ဆုိင္ရာအစုိးရတာ၀န္ရွိသူေတြက ၾကပ္ၾကပ္မတ္မတ္ လုပ္ကိုင္ေဆာင္ရြက္တာမ်ိဳးျဖစ္ရမယ္လုိ႔ သံုးသပ္တယ္။ "

ထိုင္းအစုိးရအေနနဲ႔ ကိုဗစ္ကပ္ေဘးကာလမွာ စီပြားေရးက်ဆင္းမူေတြ အလုပ္လက္မဲ့ဦးေရေတြ မ်ားလာတဲ့အတြက္ စီးပြားေရးကို ျပန္လည္နာလန္ထူ ႏိုင္ဖို႔ ႀကိဳးစားရင္းနဲ႔ ႏို္င္ငံျခားသားလုပ္သားေတြကို ငွားရမ္းဖို႔ လုပ္လာတာျဖစ္ပါတယ္။ ထုိင္းႏို္င္ငံမွာ ျမန္မာေရႊ႕ ေျပာင္းအလုပ္သမား ၃ သန္းထက္ မနည္းအလုပ္လုပ္ကိုင္ေနႀကတာျဖစ္ျပီး အေထာက္အထားမရွိသူေတြလည္း အမ်ားအျပား ရွိေနပါတယ္။

ကုိဗစ္ကပ္ေဘးကာလမွာ အလုပ္လက္မဲ့ျဖစ္လို႔ လူဦးေရ သိန္းနဲ႔ခ်ီျပီးေနရပ္ရင္းကုိ ျပန္သြားခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း ျမန္မာႏိုင္ငံဘက္မွာလည္း အလုပ္အကုိင္ ႐ွားပါးတာေၾကာင့္ ျပီးခဲ့တဲ့တႏွစ္အတြင္း ျမန္မာနိုင္ငံသား ေသာင္းနဲ႔ခ်ီ နယ္စပ္ေတြကေန ထုိင္းႏို္င္ငံဘက္ တရားမဝင္ ခုိးဝင္ဖုိ႔ ႀကိဳးစားၾကတာ႐ွိသလို၊ တခ်ဳိ႕လည္း ဖမ္းဆီးခံခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းကေတာ့ ထိုင္းႏိုင္ငံထဲမွာ ကိုဗစ္ေၾကာင့္ အလုပ္အကိုင္ အဆင္မေျပလို႔ ျမန္မာႏိုင္ငံဘက္ နယ္စပ္ကေန တရားမဝင္ျပန္ဝင္ဖုိ႔ ႀကိဳးစားတဲ့ အလုပ္သမားေတြ ဖမ္းဆီးခံခဲ့ရပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ပြည်ပလုပ်သားတွေကို ထိုင်း ပြန်လည်ခေါ်ယူတော့မည်

မြန်မာနိုင်ငံအပါအဝင် ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသွားတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို ပြန်လည်လက်ခံဖို့ ထိုင်းအစိုးရက စတင်လုပ်နေပါတယ်။ အလုပ်သမားလက်ခံရေး နိုင်ငံအလိုက် နားလည်မှုစာချွန်လွှာ MOU အရ သဘောတူထားတဲ့ အလုပ်သမားတွေကို အုပ်စု ၃ စုခွဲခေါ်ယူရေး စလုပ်နေပြီလို့ ထိုင်းအလုပ်သမားရေးရာဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက အပြည်အစုံ ဆက်ပြောပြပါမယ်။

ထိုင်းနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကြောင့် ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံခြားက အလုပ်သမား လက်ခံခေါ်ယူတဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းထားပါတယ်။ အခုတော့ ကိုဗစ်ကာကွယ်ဆေးထိုးပြီးတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို အုပ်စုခွဲ လက်ခံခေါ်ယူမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး နိုင်ဆူချ ချုံကင်က ထိုင်းဘာသာနဲ့ ခုလို ပြောကြားခဲ့ပါတယ်။

သူပြောဆိုသွာတဲ့ အထဲမှာတော့ အလုပ်သမားလက်ခံရေး နှစ်နိုင်ငံသဘောတူညီချက် MOU နဲ့လာမယ့် အလုပ်သမားတွေကို အုပ်စု ၃ စုခွဲပြီး လက်ခံသွားမှာဖြစ်တယ်။ အလုပ်ရှင်တွေအနေနဲ့ အလုပ်သမားတွေရဲ့ ကိုဗစ်ကပ်ရောဂါ ကာကွယ်ရေးကုန်ကျစရိတ်ကို ကျခံရမှာဖြစ်ပြီး ကာကွယ်ဆေးအတွက် အလုပ်သမားရေးဌာနက ကူညီစီစဉ်ပေးမှာဖြစ်တယ်။ ပြန်လည်ဝင်ရောက်လာမယ့် လုပ်သားတွေအတွက် ကာကွယ်ဆေး လုံလောက်အောင်ရှိပါတယ်လို့ ပြောကြားသွားတာဖြစ်ပါတယ်။

နိုင်ငံခြားသားအလုပ်သမားတွေကို ခေါ်ယူတဲ့အခါမှာ အုပ်စု ၃ စုခွဲပြီး ခေါ်ယူမှာနဲ့ပတ်သက်လို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်ရဲ့ ဥက္ကဋ္ဌဦးအောင်ကျော်က ခုလို ရှင်းပြပါတယ်။

" နိုင်ငံခြားသား အလုပ်သမား ဌာနစိပ်နဲ့ ထိုင်းအလုပ်သမားဝန်ကြီး တွေ့ဆုံဆွေးနွေးတာက အလုပ်ရှင်တွေရဲ့ လုပ်သားရှားပါးမှု မလုံလောက်မှု ပြဿနာကိုဖြေရှင်းတဲ့အနေနဲ့ လက်ရှိကိုဗစ်ကာကွယ်မှုကိုလည်း စနစ်တကျဖြစ်ရအောင် အစီအမံနဲ့ လုပ်သားတွေကိုလည်းခေါ်ယူမယ်။ သို့သော် အုပ်စု ၃ စုပိုင်းပြီး ခေါ်ယူမယ်လို့ကြေညာချက်မှာ ဖော်ပြထားတယ်။ ကိုဗစ် ၁၉ ကာကွယ်ဆေး၂ ကြိမ်ထိုးပြီး တလကျော်ကြာနေတဲ့သူတွေ ပထမအုပ်စု၊ နောက်အုပ်စုက ကိုဗစ်ကာကွယ်ဆေးထိုးပြီးသားဖြစ်တယ်။

ဒါပေမဲ့ တလမပြည့်သေးတဲ့အုပ်စု တတိယအုပ်စုကတော့ တကြိမ်ထိုးပြီးသားရယ်၊ တကြိမ်မှ မထိုးရသေးတဲ့အုပ်စုရယ် အုပ်စု ၃ စုကိုခွဲလိုက်တယ်။ ပထမအုပ်စုကို အစိမ်း ၊ ဒုတိယအုပ်စုကို အဝါ ၊ တတိယအုပ်စုကိုတော့ အနီ ဆိုပြီးခွဲလိုက်တယ်။ ဦးစားပေးကတော့ အစိမ်းရောင်အုပ်စု။ လွန်ခဲ့တဲ့တလကျော်ကတည်းက ကာကွယ်ဆေးထိုးပြီးသားအုပ်စုကို ဦးစားပေးခေါ်ယူမယ်လို့ပြောဆိုထားတယ်။ "

ထိုင်းနိုင်ငံထဲ ဝင်ရောက်လာမယ့် MOU အလုပ်သမားတွေအနေနဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရေးစစ်ဆေးဂိတ်မှာ RT-PCR နည်းနဲ့ ၇၂ နာရီအတွင်း ကိုဗစ် ၁၉ ပိုးစစ်ထားတဲ့အဖြေကို ပြရမှာဖြစ်ပါတယ်။ ရောဂါပိုးကူးစက်နေတာ တွေ့ရှိရင်တော့ ဆေးကုသမှုခံယူရမှာဖြစ်ပါတယ် ။ ဒီကုန်ကျစရိတ် ကိုတော့ အလုပ်ရှင်က တာဝန်ယူရမှာဖြစ်ပါတယ်။ ကုသပျောက်ကင်းသွားရင် ဆေးထောက်ခံစာနဲ့ အလုပ်လုပ်ခွင့်လက်မှတ် လျှောက်ထားရမယ်လို့ ပြောထားပါတယ်။

ဒီအစီအစဉ်ကို ကိုဗစ်ကပ်ရောဂါဖြစ်နေတဲ့ ၂ နှစ်တာ ကာလအတွင်း ထိုင်းအစိုးရက လုပ်ဆောင်ခဲ့ပေမယ့် အလုပ်ရှင်တွေဘက်က ကုန်ကျစရိတ် မတတ်နိုင်တာကြောင့် အစီစဉ်တွေ မဖြစ်ခဲ့ပါဘူး။ အခုအစီအစဉ်က ကောင်းမွန်ပေမယ့်နောက်ပိုင်းမှာအလုပ်သမားတွေဆီက ကုန်ကျစရိတ် ပြန်ဖြတ်တာမျိုးတွေ စိုးရိမ်ရတယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူ ဦးအောင်ကျော်ကပြောပြပါတယ်။

" ထိုင်းအစိုးရက စနစ်တကျနဲ့ ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုနဲ့ ကိုဗစ် ၁၉ ကာကွယ်မူ့တွေကို လုပ်ငန်းရှင်တွေကို တာဝန်ပေးပြီးမှ ခေါ်ယူလိုက်ပြီးမှ မြန်မာနိုင်ငံဘက်ခြမ်းက ငယ်ရွယ်သန်စွမ်းပြီးမှ တကယ်လည်းအလုပ်အကိုင် အခက်အခဲဖြစ်နေသူတွေ အတွက် ကောင်းတဲ့ လက္ခဏာအဖြစ် ကြိုဆိုသုံးသပ်ပါတယ်။ အရင်တုန်းကလည်း ဒါတွေကိုလုပ်ငန်းရှင်က တာဝန်ယူရမယ်ပြောထားပြီးမှ နောက်ပိုင်းမှာ လုပ်သားတွေဆီကနေ ပြန်လည်ကောက်ခံတာမျိုးတွေ မဖြစ်ရအောင် သက်ဆိုင်ရာအစိုးရတာဝန်ရှိသူတွေက ကြပ်ကြပ်မတ်မတ် လုပ်ကိုင်ဆောင်ရွက်တာမျိုးဖြစ်ရမယ်လို့ သုံးသပ်တယ်။ "

ထိုင်းအစိုးရအနေနဲ့ ကိုဗစ်ကပ်ဘေးကာလမှာ စီပွားရေးကျဆင်းမူတွေ အလုပ်လက်မဲ့ဦးရေတွေ များလာတဲ့အတွက် စီးပွားရေးကို ပြန်လည်နာလန်ထူ နိုင်ဖို့ ကြိုးစားရင်းနဲ့ နိုင်ငံခြားသားလုပ်သားတွေကို ငှားရမ်းဖို့ လုပ်လာတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ ပြောင်းအလုပ်သမား ၃ သန်းထက် မနည်းအလုပ်လုပ်ကိုင်နေကြတာဖြစ်ပြီး အထောက်အထားမရှိသူတွေလည်း အများအပြား ရှိနေပါတယ်။

ကိုဗစ်ကပ်ဘေးကာလမှာ အလုပ်လက်မဲ့ဖြစ်လို့ လူဦးရေ သိန်းနဲ့ချီပြီးနေရပ်ရင်းကို ပြန်သွားခဲ့ကြပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံဘက်မှာလည်း အလုပ်အကိုင် ရှားပါးတာကြောင့် ပြီးခဲ့တဲ့တနှစ်အတွင်း မြန်မာနိုင်ငံသား သောင်းနဲ့ချီ နယ်စပ်တွေကနေ ထိုင်းနိုင်ငံဘက် တရားမဝင် ခိုးဝင်ဖို့ ကြိုးစားကြတာရှိသလို၊ တချို့လည်း ဖမ်းဆီးခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ထိုင်းနိုင်ငံထဲမှာ ကိုဗစ်ကြောင့် အလုပ်အကိုင် အဆင်မပြေလို့ မြန်မာနိုင်ငံဘက် နယ်စပ်ကနေ တရားမဝင်ပြန်ဝင်ဖို့ ကြိုးစားတဲ့ အလုပ်သမားတွေ ဖမ်းဆီးခံခဲ့ရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG