သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္း မဟာခ်ိဳင္‌ေဒသ ျမန္မာအလုပ္သမားမ်ား NUG ေထာက္ခံဆႏၵျပ


ထုိင္းႏုိင္ငံ မဟာခ်ိဳင္ေဒသရွိ အလုပ္သမား အသင္းအဖဲြ႔ ၇ ဖဲြ႔က NUG အစုိးရကို ေထာက္ခံဆႏၵထုတ္ေဖာ္ပဲြ။ (စက္တင္ဘာ ၁၂၊ ၂၀၂၁။ ဓာတ္ပုံ - AAC)

(Zawgyi / Unicode)

ထိုင္းႏုိင္ငံမွာ ကိုဗစ္ကာလ ကန္႔သတ္မႈေတြၾကားကပဲ ဆာမြန္ဆာခြန္းျပည္နယ္ မဟာခ်ိဳင္ေဒသအတြင္းက ျမန္မာအလုပ္သမားအသင္းအဖဲြ႔ ၇ ခုက ျမန္မာလုပ္သား ၁၀၀ ေလာက္က NUG အမ်ဳိးသားညီညြတ္ေရးအစုိးရကို ကုလသမဂၢက အသိအမွတ္ျပဳဖို႔ စက္တင္ဘာ ၁၂ ရက္ေန႔က ဆႏၵေဖာ္ထုတ္ခဲ့ၾကပါတယ္။ အျပည့္အစုံကုိ ထုိင္းအေျခစုိက္ ဗြီအိုေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုင္းႏုိင္ငံမွာ ကိုဗစ္ကာလ ကန္႔သတ္မႈေတြၾကားကပဲ အလုပ္ပိတ္ရက္ျဖစ္တဲ့ စက္တင္ဘာလ ၁၂ ရက္ေန႔မွာ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေတြ စုေဝးလာေရာက္ၿပီး AAC အလုပ္သမားကူညီေရး႐ုံးေရွ႕မွာ NUG အမ်ိဳးသားညီညြတ္ေရးအစုိးရကုိ ကုလသမဂၢက အသိအမွတ္ျပဳဖို႔ ဆႏၵထုတ္ေဖာ္ခဲ့တယ္လို႔ AAC အလုပ္သမားကူညီေရးအဖဲြ႔ရဲ႕ ဒါ႐ုိက္တာ ဦးခိုင္ႀကီးက အခုလို ေျပာျပပါတယ္။

“အသင္းအဖဲြ႔ ၇ ခုေပါ့ဗ်ာ၊ လူစုလူေဝး မလုပ္ရဆုိေတာ့ တသင္းကို ေလးငါးဆယ္ေယာက္ ေလးငါးဆယ္ေယာက္ လူစုၿပီး NUG အမ်ိဳးသားညီညြတ္ေရးအစုိးရကို ေထာက္ခံေၾကာင္း အဲဒါေလးေတြကို ဆႏၵလာေဖာ္ထုတ္တာ။ သူတို႔သြားခ်င္တာက သံ႐ုံးေရွ႕ကို သြားခ်င္တာ၊ သြားလို႔မရဘူး။ သူတို႔ကပုဇြန္စက္႐ုံဆုိ စက္႐ုံက ပရဟိတအသင္းေလးေတြ ၇ ဖဲြ႔ကလာတာ။ အလုပ္သမားေတြက အစုိးရကို ေထာက္ခံခ်င္ၾကတယ္။ ထိုင္းအစိုးဘက္ကလည္း ဖိအားေတြမ်ားတယ္။ ဖမ္းမယ္ဆီးမယ္ဆိုေတာ့ ေတာ္ေတာ္ေလး ခက္ခက္ခဲခဲနဲ႔၊ ဒီေန႔ေတာ့ သူတို႔က အလုပ္ပိတ္ရက္ဆိုေတာ့ က်ေနာ္တို႔ AAC ႐ုံးေရွ႕မွာ NUG အစိုးရကို ေထာက္ခံတယ္ဆုိၿပီး လာၿပီးလာလုပ္ၾကတာပါ။”

ထုိင္းႏုိင္ငံ မဟာခ်ိဳင္ေဒသရွိ အလုပ္သမား အသင္းအဖဲြ႔ ၇ ဖဲြ႔က NUG အစုိးရကို ေထာက္ခံဆႏၵထုတ္ေဖာ္ပဲြ။ (စက္တင္ဘာ ၁၂၊ ၂၀၂၁။ ဓာတ္ပုံ - AAC)
ထုိင္းႏုိင္ငံ မဟာခ်ိဳင္ေဒသရွိ အလုပ္သမား အသင္းအဖဲြ႔ ၇ ဖဲြ႔က NUG အစုိးရကို ေထာက္ခံဆႏၵထုတ္ေဖာ္ပဲြ။ (စက္တင္ဘာ ၁၂၊ ၂၀၂၁။ ဓာတ္ပုံ - AAC)

အလုပ္ပိတ္ရက္ေန႔ ျဖစ္တာေၾကာင့္ လာခဲ့တာျဖစ္ေၾကာင္း၊ ျမန္မာႏုိင္ငံက စိတ္မခ်မ္းသာစရာ ျဖစ္ရပ္ေတြအတြက္ ထိုင္းေရာက္ အလုပ္သမားေတြက ျမန္မာျပည္သူျပည္သားေတြနဲ႔ အတူရိွေၾကာင္း ျပသတာျဖစ္သလို အမ်ိဳးသားညီညြတ္ေရး အစုိးရကိုလည္း ေထာက္ခံေၾကာင္း ျပသခဲ့တာလို႔ ဆႏၵေဖာ္ထုတ္မႈမွာပါတဲ့ ျမန္မာအလုပ္သမားတဦးက ရွင္းျပပါတယ္။

“NUG ကုိေတာ့ ျပည္သူေတြ ရည္မွန္းထားတဲ့ ျပည္သူတင္ေျမႇာက္ထားတဲ့ အစုိးရ ျဖစ္တဲ့အတြက္ က်ေနာ္တို႔ လူငယ္ေတြမွာ ကုိယ္စီ တာဝန္ရွိတဲ့အတြက္ အေသြးအသားထဲက ျဖစ္လာတဲ့ စိတ္ဓာတ္နဲ႔ အားေပးရျခင္းျဖစ္ပါတယ္။ က်ေနာ္တို႔ စိတ္ထဲခံစားရတာက ဒီလိုျဖစ္သြားတဲ့ ျပႆနာေတြ ျဖစ္ေနတာေတြက က်ေနာ္တို႔ အခြင့္အေရး ဆံုး႐ႈံးသြားတယ္လုိ႔ ခံစားေနရတယ္။ ျပည္သူျပည္သား အကုန္လံုးနဲ႔ က်ေနာ္တုိ႔ တေသြးတသားတည္း ရိွတယ္ဆုိတာ ေျပာျပခ်င္တယ္။ ဆံုး႐ႈံးသြားတဲ့ ရဲေဘာ္ရဲဘက္ေတြအတြက္လည္း ထိုင္းေရာက္ အလုပ္သမားေတြ က်ေနာ္တို႔ အေမမ်ိဳးဆက္သစ္အားမာန္ လူငယ္အဖဲြ႔ကလည္း ဝမ္းနည္းေၾကကဲြရပါတယ္ဆုိတာ ေျပာျပခ်င္ပါတယ္။”

ထိုင္းလံုၿခံဳေရးေတြ ရိွတဲ့ၾကားက အစီအစဥ္ကိုျဖစ္ေအာင္ ေဆာင္ရြက္ခဲ့ၿပီး မနက္ ၁၀ နာရီေလာက္မွာ လူစုခဲြခဲ့တယ္လို႔ ဆိုပါတယ္။

ထိုင္းႏို္င္ငံေရာက္ ျမန္မာအလုပ္သမားေတြဟာ ျမန္မာႏုိင္ငံမွာ စစ္ေကာင္စီက အုပ္ခ်ဳပ္တဲ့ အခ်ိန္ကစၿပီး ဆန္႔က်င္ကန္႔ကြက္မႈေတြကုိ လုပ္ခဲ့ေပမယ့္ ထုိင္းႏိုင္ငံတြင္းက သူတို႔ရဲ႕ စက္႐ုံေတြ အလုပ္ေတြမွာ ဖိအားေပးခံရတာေတြေၾကာင့္ ဆန္႔က်င္မႈေတြ ရပ္နားခ့ဲရပါတယ္။ ဒါေပမယ့္ အလုပ္သမားေတြဟာ ျမန္မာျပည္တြင္းက စစ္ေကာင္စီကုိ ဆန္႔က်င္ေနသူေတြကိုေတာ့ နည္းလမ္းေပါင္းစံု အားေပးကူညီမႈေတြ လုုပ္ခဲ့ပါတယ္။ သူတို႔ရဲ႕ ေခၽြးနည္းစာနဲ႔ အလွဴေငြထည့္တာေတြ၊ စစ္ေဘးေရွာင္ေတြနဲ႔ တိုက္ပဲြဝင္ေနသူေတြအတြက္ အစားအေသာက္ေတြကို ကူညီေပးခဲ့တာေတြ လုပ္ခဲ့ပါတယ္။ တခ်ိဳ႕ ေရႊ႕ေျပာင္းအလုပ္သမား လူငယ္ေတြကေတာ့ တုိင္းရင္းသားနယ္စပ္ေတြကို သြားၿပီး PDF ျပည္သူ႔ကာကြယ္ေရး တပ္သားေတြအျဖစ္ တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ ပူးေပါင္းတာေတြပါ လုပ္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

ထိုင်း မဟာချိုင်‌ဒေသ မြန်မာအလုပ်သမားများ NUG ထောက်ခံဆန္ဒပြ

ထိုင်းနိုင်ငံမှာ ကိုဗစ်ကာလ ကန့်သတ်မှုတွေကြားကပဲ ဆာမွန်ဆာခွန်းပြည်နယ် မဟာချိုင်ဒေသအတွင်းက မြန်မာအလုပ်သမားအသင်းအဖွဲ့ ၇ ခုက မြန်မာလုပ်သား ၁၀၀ လောက်က NUG အမျိုးသားညီညွတ်ရေးအစိုးရကို ကုလသမဂ္ဂက အသိအမှတ်ပြုဖို့ စက်တင်ဘာ ၁၂ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်ကာလ ကန့်သတ်မှုတွေကြားကပဲ အလုပ်ပိတ်ရက်ဖြစ်တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ စုဝေးလာရောက်ပြီး AAC အလုပ်သမားကူညီရေးရုံးရှေ့မှာ NUG အမျိုးသားညီညွတ်ရေးအစိုးရကို ကုလသမဂ္ဂက အသိအမှတ်ပြုဖို့ ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ AAC အလုပ်သမားကူညီရေးအဖွဲ့ရဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက အခုလို ပြောပြပါတယ်။

“အသင်းအဖွဲ့ ၇ ခုပေါ့ဗျာ၊ လူစုလူဝေး မလုပ်ရဆိုတော့ တသင်းကို လေးငါးဆယ်ယောက် လေးငါးဆယ်ယောက် လူစုပြီး NUG အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံကြောင်း အဲဒါလေးတွေကို ဆန္ဒလာဖော်ထုတ်တာ။ သူတို့သွားချင်တာက သံရုံးရှေ့ကို သွားချင်တာ၊ သွားလို့မရဘူး။ သူတို့ကပုဇွန်စက်ရုံဆို စက်ရုံက ပရဟိတအသင်းလေးတွေ ၇ ဖွဲ့ကလာတာ။ အလုပ်သမားတွေက အစိုးရကို ထောက်ခံချင်ကြတယ်။ ထိုင်းအစိုးဘက်ကလည်း ဖိအားတွေများတယ်။ ဖမ်းမယ်ဆီးမယ်ဆိုတော့ တော်တော်လေး ခက်ခက်ခဲခဲနဲ့၊ ဒီနေ့တော့ သူတို့က အလုပ်ပိတ်ရက်ဆိုတော့ ကျနော်တို့ AAC ရုံးရှေ့မှာ NUG အစိုးရကို ထောက်ခံတယ်ဆိုပြီး လာပြီးလာလုပ်ကြတာပါ။”

အလုပ်ပိတ်ရက်နေ့ ဖြစ်တာကြောင့် လာခဲ့တာဖြစ်ကြောင်း၊ မြန်မာနိုင်ငံက စိတ်မချမ်းသာစရာ ဖြစ်ရပ်တွေအတွက် ထိုင်းရောက် အလုပ်သမားတွေက မြန်မာပြည်သူပြည်သားတွေနဲ့ အတူရှိကြောင်း ပြသတာဖြစ်သလို အမျိုးသားညီညွတ်ရေး အစိုးရကိုလည်း ထောက်ခံကြောင်း ပြသခဲ့တာလို့ ဆန္ဒဖော်ထုတ်မှုမှာပါတဲ့ မြန်မာအလုပ်သမားတဦးက ရှင်းပြပါတယ်။

“NUG ကိုတော့ ပြည်သူတွေ ရည်မှန်းထားတဲ့ ပြည်သူတင်မြှောက်ထားတဲ့ အစိုးရ ဖြစ်တဲ့အတွက် ကျနော်တို့ လူငယ်တွေမှာ ကိုယ်စီ တာဝန်ရှိတဲ့အတွက် အသွေးအသားထဲက ဖြစ်လာတဲ့ စိတ်ဓာတ်နဲ့ အားပေးရခြင်းဖြစ်ပါတယ်။ ကျနော်တို့ စိတ်ထဲခံစားရတာက ဒီလိုဖြစ်သွားတဲ့ ပြဿနာတွေ ဖြစ်နေတာတွေက ကျနော်တို့ အခွင့်အရေး ဆုံးရှုံးသွားတယ်လို့ ခံစားနေရတယ်။ ပြည်သူပြည်သား အကုန်လုံးနဲ့ ကျနော်တို့ တသွေးတသားတည်း ရှိတယ်ဆိုတာ ပြောပြချင်တယ်။ ဆုံးရှုံးသွားတဲ့ ရဲဘော်ရဲဘက်တွေအတွက်လည်း ထိုင်းရောက် အလုပ်သမားတွေ ကျနော်တို့ အမေမျိုးဆက်သစ်အားမာန် လူငယ်အဖွဲ့ကလည်း ဝမ်းနည်းကြေကွဲရပါတယ်ဆိုတာ ပြောပြချင်ပါတယ်။”

ထုိင္းႏုိင္ငံ မဟာခ်ိဳင္ေဒသရွိ အလုပ္သမား အသင္းအဖဲြ႔ ၇ ဖဲြ႔က NUG အစုိးရကို ေထာက္ခံဆႏၵထုတ္ေဖာ္ပဲြ။ (စက္တင္ဘာ ၁၂၊ ၂၀၂၁။ ဓာတ္ပုံ - AAC)
ထုိင္းႏုိင္ငံ မဟာခ်ိဳင္ေဒသရွိ အလုပ္သမား အသင္းအဖဲြ႔ ၇ ဖဲြ႔က NUG အစုိးရကို ေထာက္ခံဆႏၵထုတ္ေဖာ္ပဲြ။ (စက္တင္ဘာ ၁၂၊ ၂၀၂၁။ ဓာတ္ပုံ - AAC)

ထိုင်းလုံခြုံရေးတွေ ရှိတဲ့ကြားက အစီအစဉ်ကိုဖြစ်အောင် ဆောင်ရွက်ခဲ့ပြီး မနက် ၁၀ နာရီလောက်မှာ လူစုခွဲခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေဟာ မြန်မာနိုင်ငံမှာ စစ်ကောင်စီက အုပ်ချုပ်တဲ့ အချိန်ကစပြီး ဆန့်ကျင်ကန့်ကွက်မှုတွေကို လုပ်ခဲ့ပေမယ့် ထိုင်းနိုင်ငံတွင်းက သူတို့ရဲ့ စက်ရုံတွေ အလုပ်တွေမှာ ဖိအားပေးခံရတာတွေကြောင့် ဆန့်ကျင်မှုတွေ ရပ်နားခဲ့ရပါတယ်။ ဒါပေမယ့် အလုပ်သမားတွေဟာ မြန်မာပြည်တွင်းက စစ်ကောင်စီကို ဆန့်ကျင်နေသူတွေကိုတော့ နည်းလမ်းပေါင်းစုံ အားပေးကူညီမှုတွေ လုပ်ခဲ့ပါတယ်။ သူတို့ရဲ့ ချွေးနည်းစာနဲ့ အလှူငွေထည့်တာတွေ၊ စစ်ဘေးရှောင်တွေနဲ့ တိုက်ပွဲဝင်နေသူတွေအတွက် အစားအသောက်တွေကို ကူညီပေးခဲ့တာတွေ လုပ်ခဲ့ပါတယ်။ တချို့ ရွှေ့ပြောင်းအလုပ်သမား လူငယ်တွေကတော့ တိုင်းရင်းသားနယ်စပ်တွေကို သွားပြီး PDF ပြည်သူ့ကာကွယ်ရေး တပ်သားတွေအဖြစ် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးပေါင်းတာတွေပါ လုပ်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG