သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္း-မေလးနယ္စပ္မွာ ျမန္မာႏိုင္ငံသား ၁၄ ဦး ဖမ္းဆီးခံရ


မေလးရွားႏုိင္ငံမွာ ဖမ္းဆီးရမိတဲ့ ျမန္မာေရႊ႕ေျပာင္း အလုပ္သမားေတြ သယ္ေဆာင္လာတဲ့ လူဝင္မႈႀကီးၾကပ္ေရး အခ်ဳပ္ကား။ (ေဖေဖာ္ဝါရီ ၂၃၊ ၂၀၂၁)

(Zawgyi / Unicode)

မ​ေလးရွားနယ္စပ္ Sadao ခ႐ို္ုင္ရဲ႕တဖက္ ထုိင္းႏုိင္ငံဘက္ျခမ္းထဲမွာ ျမန္မာႏိုင္ငံသား ၁၄ ဦးကို စေနေန႔က ဖမ္းဆီးခဲ့တယ္လို႔ Bangkok Post သတင္းစာက ေရးပါတယ္။

အုပ္စုႏွစ္စုအေနနဲ႔ ဖမ္းဆီးမိခဲ့တာျဖစ္ၿပီး အမ်ိဳးသား ၄ ဦး၊ အမ်ိဳးသမီး ၃ ဦး စုစုေပါင္း ၇ ဦးပါဝင္တဲ့ ပထမအုပ္စုကိုေတာ့ ထိုင္းနယ္စပ္ ေက်းရြာက ကားလမ္းေပၚမွာ ဖမ္းဆီးရမိတာ ျဖစ္ပါတယ္။ သူတို႔ကို တင္ေဆာင္လာတဲ့ ကားေမာင္းသမားကေတာ့ တဦးကို ဘတ္ေငြ ၁,၀၀၀ ယူၿပီး မေလးရွားနယ္စပ္ကို သယ္ပို႔ေပးတာလို႔ ဆိုပါတယ္။

ေနာက္ထပ္ ဒုတိယအုပ္စုကေတာ့ အမ်ိဳးသား ၅ ဦး၊ အမ်ိဳးသမီး ၂ ဦး စုစုေပါင္း ၇ ဦးပါၿပီး နယ္စပ္က ေတာစပ္ထဲမွာ ပုန္းေအာင္းေနစဥ္ ဖမ္းဆီးရမိတာ ျဖစ္ပါတယ္။

သူတို႔အားလံုးဟာ မေလးရွားမွာ အလုပ္လုပ္ကိုင္ခြင့္ ရဖို႔အတြက္ ပဲြစားဆိုသူကို မေလးရွားရင္းဂစ္ေငြ ၃,၅၀၀ (ဘတ္နဲ႔ဆိုရင္ ၄၅,၀၀၀) ေပးခဲ့ရတယ္လို႔ ေျပာေၾကာင္း Bangkok Post က ေရးပါတယ္။

ထိုင္းႏိုင္ငံတြင္း လူကုန္ကူးမႈေတြနဲ႔ ပတ္သက္လို႔ အေမရိကန္ အပါအဝင္ ႏိုင္ငံတကာက ဖိအားေတြ ႀကီးလာတာမို႔ ထိုင္းအစိုးရအေနနဲ႔ အခုႏွစ္ပိုင္းေတြအတြင္း လူကုန္ကူးမႈ တိုက္ဖ်က္ေရးကို အရွိန္ျမႇင့္ ေဆာင္ရြက္လာပါတယ္။ လူကုန္ကူးမႈမွာ အဓိကသားေကာင္ေတြကေတာ့ ျမန္မာအပါအဝင္ အိမ္နီးခ်င္းႏိုင္ငံေတြက တရားမဝင္လုပ္သားေတြ ျဖစ္ၾကပါတယ္။

လက္ရွိအားျဖင့္ေတာ့ ကိုဗစ္ကပ္ေရာဂါ စည္းမ်ဥ္းေတြေၾကာင့္ နယ္စပ္အသြားအလာေတြကို တင္းက်ပ္ထားခ်ိန္လည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ထိုင်း-မလေးနယ်စပ်မှာ မြန်မာနိုင်ငံသား ၁၄ ဦး ဖမ်းဆီးခံရ

မလေးရှားနယ်စပ် Sadao ခရိုုင်ရဲ့တဖက် ထိုင်းနိုင်ငံဘက်ခြမ်းထဲမှာ မြန်မာနိုင်ငံသား ၁၄ ဦးကို စနေနေ့က ဖမ်းဆီးခဲ့တယ်လို့ Bangkok Post သတင်းစာက ရေးပါတယ်။

အုပ်စုနှစ်စုအနေနဲ့ ဖမ်းဆီးမိခဲ့တာဖြစ်ပြီး အမျိုးသား ၄ ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း ၇ ဦးပါဝင်တဲ့ ပထမအုပ်စုကိုတော့ ထိုင်းနယ်စပ် ကျေးရွာက ကားလမ်းပေါ်မှာ ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။ သူတို့ကို တင်ဆောင်လာတဲ့ ကားမောင်းသမားကတော့ တဦးကို ဘတ်ငွေ ၁,၀၀၀ ယူပြီး မလေးရှားနယ်စပ်ကို သယ်ပို့ပေးတာလို့ ဆိုပါတယ်။

နောက်ထပ် ဒုတိယအုပ်စုကတော့ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၇ ဦးပါပြီး နယ်စပ်က တောစပ်ထဲမှာ ပုန်းအောင်းနေစဉ် ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။

သူတို့အားလုံးဟာ မလေးရှားမှာ အလုပ်လုပ်ကိုင်ခွင့် ရဖို့အတွက် ပွဲစားဆိုသူကို မလေးရှားရင်းဂစ်ငွေ ၃,၅၀၀ (ဘတ်နဲ့ဆိုရင် ၄၅,၀၀၀) ပေးခဲ့ရတယ်လို့ ပြောကြောင်း Bangkok Post က ရေးပါတယ်။

ထိုင်းနိုင်ငံတွင်း လူကုန်ကူးမှုတွေနဲ့ ပတ်သက်လို့ အမေရိကန် အပါအဝင် နိုင်ငံတကာက ဖိအားတွေ ကြီးလာတာမို့ ထိုင်းအစိုးရအနေနဲ့ အခုနှစ်ပိုင်းတွေအတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေးကို အရှိန်မြှင့် ဆောင်ရွက်လာပါတယ်။ လူကုန်ကူးမှုမှာ အဓိကသားကောင်တွေကတော့ မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေက တရားမဝင်လုပ်သားတွေ ဖြစ်ကြပါတယ်။

လက်ရှိအားဖြင့်တော့ ကိုဗစ်ကပ်ရောဂါ စည်းမျဉ်းတွေကြောင့် နယ်စပ်အသွားအလာတွေကို တင်းကျပ်ထားချိန်လည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG