သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားရောက် မြန်မာအလုပ်သမား၄၀ ကိုဗစ်နဲ့သေဆုံး


မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သချိုင်းတခုတွင်း ကိုဗစ်ရောဂါနဲ့သေဆုံးသူတဦးအား မြှုပ်နှံစဉ် (ဓာတ်ပုံ - AFP)
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သချိုင်းတခုတွင်း ကိုဗစ်ရောဂါနဲ့သေဆုံးသူတဦးအား မြှုပ်နှံစဉ် (ဓာတ်ပုံ - AFP)

(Zawgyi/Unicode0

ကူးစက်မှုနှစ်စဉ်သောင်းချီမြင့်တက်နေတဲ့ မလေးရှားနိုင်ငံမှာကိုဗစ်ကူးစက်ခံရပြီးသေဆုံးခဲ့ရတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမား ၂လအတွင်းလူ ၄၀ ထက်မနည်းရှိပြီလို့မလေးရှားမှာရှိတဲ့ လူမူ့ကူညီရေးအဖွဲ့တွေကဆိုပါတယ် ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကပြောပြပေးပါမယ်။

မလေးရှားနိုင်ငံမှာလည်းကိုဗစ်ကူးစက်မူတွေ နေစဉ်သောင်းချီတိုးနေရာမှာ မြန်မာအများဆုံးနေထိုင်နေတဲ့ဆလန်ကောပြည်နယ်မှာလည်း ကူးစက်မှုအများဆုံးဖြစ်နေတာမို့ ကာကွယ်ဆေးထိုးတဲ့စင်တာအများအပြားဖွင့်လှစ်ထားပါတယ်။ ၂လအတွင်းမှာတာ့ ကိုဗစ်ကူးစက်မှုကြောင့်သေဆုံးတဲ့မြန်မာနို်င်ငံသား ၄၀ထက်မနည်းရှိတယ်လို့ မလေးရှားအခြေစိုက် မြန်မာလူမူ့ကူညီရေးအသင်းဥက္ကဌ ဦးစန်းဝင်းကပြောပြပါတယ်။

"မြန်မာတွေသေ ကြတယ်။ ကျနော်ထင်တယ်သုံးလေးဆယ်ထက်မနည်းရှိပြီ ဖြစ်တဲ့အချိန်ကျမစပြီးမနေ့က ထိသေကြတယ် ၂လပတ်ဝန်းကျင်အတွင်း မှာပေါ့ ဆလန်းကောပြည်နယ်မှာအဖြစ်များတယ်။"

မလေးရှားနိုင်ငံက လူမူ ကူညီရေးအသင်းအဖွဲ့တွေ နာရေးကူညီမူ့အဖွဲ အနေနဲ့လက်ရှိမှာ ကိုဗစ်ကူးစက်ပြီးသေဆုံးသွားတဲ့မြန်မာနိုင်ငံသားတွေကို ကိုယ်တိုင်သဂြိုလ်တာတွေ မလုပ်ပေးတော့ပဲမလေးရှားအစိုးရရဲ့ ကျန်းမာရေးအဖွဲ့တွေရဲ့အစီစဉ်တွေနဲပဲလုပ်ဆောင်ရတော့တယ်လို့လည်းဦးစန်းဝင်းကပြောပြပါတယ်။

"ကိုဗစ်ဆိုရင် သူတို့က တရားဝင် သူတို့အစိုးရပဲတရားဝင်ကိုင်တွယ်တယ်။လိုအပ်တာပဲကျနော်တို့လုပ်ပေးရတယ် အခုနောက်ပိုင်းတော့သဂြိုလ်တဲ့အခါ ဒီက နိုင်ငံသားတွေပဲ လုပ်ရတယ် သင်တန်းမတက်ထားဘူးဆိုရင် ပြန်ပြီးရောဂါတွေ ကူးစက်ကြလို့လေ။ ဒီနိုင်ငံသားတွေနဲ့ အရေးပေါ်အဖွဲ့တွေကိုပဲ သဂြိုလ်ခွင့်ပြုတော့တယ်စာကျလာမှာသဂြိုလ်ခွင့်ပြုတယ်။

မလေးရှားနိုင်ငံမှာကိုဗစ်အတည်ပြုလူနာ တသန်း နှစ်သိန်း နှစ်သောင်းလေးထောင်ကျော်ရှှိပါတယ် သြဂုတ်လ ၆ ရက်နေ့ တနေ့တည်းကူးစက်သူ၂ ၀၈၀၀ ကျော်ရှိပြီး သေဆုံးသူစုစုပေါင်း ၁သောင်းကျော်ရှိသွားပြီဖြစ်ကြောင်းမလေးရှားအစိုးရက တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။

.....................................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)







XS
SM
MD
LG