သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးေရာက္ ျမန္မာေတြ ကိုဗစ္ကာကြယ္ေဆးထိုး


ကိုဗစ္ကာကြယ္ေဆးထိုးႏွံေနတဲ့ျမန္မာႏိုင္ငံသားမ်ား (ဦးသီဟ ေမာင္ေမာင္)

(Zawgyi/ Unicode)

မေလးရွားႏိုင္ငံမွာ ၾသဂုတ္လ ၁ ရက္ေန႔က စၿပီး ႏိုင္ငံျခားသား အလုပ္သမားေတြ အမ်ားအျပား Covid ကာကြယ္ေဆး ထိုးႏိုင္ဖို႔ စင္တာ အေတာ္မ်ားမ်ား ဖြင့္လိုက္ၿပီး ျမန္မာႏိုင္ငံသား ရာနဲ႔ခ်ီၿပီး ကာကြယ္ေဆး ထိုးေနၾကပါတယ္။ ထိုင္းအေျခစိုက္ ဗြီအိုေအ သတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။

မေလးရွား ႏိုင္ငံ ကြာလာလမ္ပူ ၿမိဳ႕ေတာ္၊ ေနာက္ ႏိုင္ငံျခားသား အလုပ္သမားေတြ ေနထိုင္ရာ ဆလန္ေဂါ ျပည္နယ္တို႔မွာ ကိုဗစ္ ကာကြယ္ေဆးထိုးတဲ႔ စင္တာ အမ်ားအျပားကို ၾသဂုတ္လ ၁ ရက္ေန႔က စၿပီး တိုးခ်ဲ႕ ဖြင့္လွစ္လိုက္တာေၾကာင့္ ျမန္မာေတြလည္း ကိုဗစ္ ကာကြယ္ေဆး သြားေရာက္ ထိုးႏွံေနေၾကာင္း မေလးရွားႏိုင္ငံက ျမန္မာ အလုပ္သမားေတြကို ကူညီေပးေနတဲ႔ ဦးသီဟေမာင္ေမာင္က ေျပာပါတယ္။

“ ဒီေန႔ စင္တာ အေတာ္မ်ားမ်ားကိုေတာ့ ထပ္ၿပီးေတာ့ ခြဲၿပီး ဖြင့္တာ ရွိတယ္။ က်ေနာ္တို႔ သြားတဲ႔ စင္တာဆိုရင္ ၿပီးခဲ႔တဲ႔ သံုးရက္ ေလးရက္ကမွ အသစ္ဖြင့္ထားတဲ႔ စင္တာ တခုဗ်။ ဒီေန႔ စင္တာ အေတာ္မ်ားမ်ား အခြဲေတြ ထပ္ဖြင့္တာ ရွိတယ္။ ပိုၿပီး ထိုးေပးတယ္။ စင္တာ အေတာ္မ်ားမ်ားမွာ တန္းစီၿပီး အေတာ္မ်ားတယ္။ ဒီေန႔ က်ေနာ္တို႔ ထိုးတာ။ တခ်ိဳ႕ေတြက Appointment ေတာ့ မက်ေသးဘူး။ မေလးရွားမွာ ရွိတဲ႔ Buddhist Association တခုကေန အဲဒီ စင္တာမွာ အက်ိဳးအေၾကာင္း ေျပာၿပီး သြားထိုးတာ။ အဲဒါ က်ေတာ့ ကုမၸဏီ ေသာ္လည္းေကာင္း၊ အဖြဲ႔အစည္း တခုခုက ေသာ္လည္းေကာင္း အဲဒီ စင္တာကို အက်ိဳးအေၾကာင္း ေျပာၿပီး က်ေနာ္တို႔ လူ အေယာက္ ၂၀ ေလာက္ ရွိတယ္။ အဲဒီ စင္တာမွာ က်ေနာ္တို႔က Booking သြားလုပ္ၿပီး ထိုးတာ။ ”

မေလးရွား ႏိုင္ငံမွာေတာ့ ေန႔စဥ္ ကိုဗစ္ ကူးစက္မႈက ေသာင္းဂဏန္းနဲ႔ ျဖစ္လာၿပီး အေျခအေနကို ထိန္းခ်ဳပ္ႏိုင္ဖို႔ အတြက္ မေလးရွား အစိုးရကေတာ့ ႀကိဳးပမ္းေနပါတယ္။ ျမန္မာ အပါအ၀င္ ႏိုင္ငံျခားသား အလုပ္သမားမ်ား သိန္းခ်ီ ရွီရာ ျပည္နယ္ေတြမွာ စက္ရံု အလုပ္ရံုေတြ မ်ားတဲ႔ အတြက္ ကူးစက္မႈေတြလည္း မ်ားေနပါတယ္။ ဒီအတြက္ ကာကြယ္ေဆးထိုးတဲ႔ စင္တာေတြကိုလည္း တိုးခ်ဲ႕ ဖြင့္လွစ္ၿပီး ထိုးေပးေနတာလို႔လည္း ဦးသီဟေမာင္ေမာင္က ေျပာပါတယ္။

“ အဓိက ကေတာ့ ေရာဂါျဖစ္တဲ႔ ျပည္နယ္က ဆလန္ေဂါ ျပည္နယ္ ကေတာ့ ပိုၿပီး ေရာဂါ ျဖစ္တာေပါ့ေနာ္။ ဆလန္ေဂါ ျပည္နယ္နဲ႔ ကြာလာလမ္ပူ ကို ပိုၿပီး နယ္ေျမ ထပ္ခ်ဲ႕လိုက္တာေပါ့။ အဓိက ေရာဂါ ကူးစက္တဲ႔ ေနရာေတြမွာ ျမန္ျမန္ဆန္ဆန္ ထိုးမွ ဒီေရာဂါကို ကာကြယ္ႏိုင္မွာေပါ့။ ေလာေလာဆယ္ေတာ့ ဆလန္ေဂါ ျပည္နယ္နဲ႔ ကြလာလမ္ပူမွာ ေနရာေတြ ခ်ဲ႕ၿပီး ထိုးေနတာ ေတြ႕ရတယ္။ မ်ားေသာ အားျဖင့္ ဆလန္ေဂါက ပိုမ်ားတယ္။ ဆလန္ေဂါက Industry Area စက္ရံု အလုပ္ရံုေတြ ဧရိယာ အေတာ္မ်ားေတာ့ အဲဒီမွာ ႏိုင္ငံျခားသား အလုပ္သမားေတြ အဲဒီမွာ ထိုးၾကတာေပါ့။ ”

အခုဆိုရင္ေတာ့ ျမန္မာ ေရႊ႕ေျပာင္း အလုပ္သမား ေသာင္းဂဏန္းေလာက္ ကိုဗစ္ ကာကြယ္ေဆး ထိုးၿပီးသြားၿပီလို႔ ေျပာပါတယ္။ မေလးရွား ႏိုင္ငံမွာ တရား၀င္ေရာ တရားမ၀င္ေရာ ျမန္မာႏိုင္ငံသား ၅ သိန္းထက္ မနည္း အလုပ္လုပ္ကိုင္ေနၾကတာ ျဖစ္ပါတယ္။

မေလးေရာက္ ျမန္မာေတြ ကိုဗစ္ကာကြယ္ေဆးထိုး
please wait

No media source currently available

0:00 0:03:04 0:00
တိုက္႐ိုက္ လင့္ခ္

(Unicode)

မလေးရောက် မြန်မာတွေ ကိုဗစ်ကာကွယ်ဆေးထိုး

မလေးရှားနိုင်ငံမှာ သြဂုတ်လ ၁ ရက်နေ့က စပြီး နိုင်ငံခြားသား အလုပ်သမားတွေ အများအပြား Covid ကာကွယ်ဆေး ထိုးနိုင်ဖို့ စင်တာ အတော်များများ ဖွင့်လိုက်ပြီး မြန်မာနိုင်ငံသား ရာနဲ့ချီပြီး ကာကွယ်ဆေး ထိုးနေကြပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

မလေးရှား နိုင်ငံ ကွာလာလမ်ပူ မြို့တော်၊ နောက် နိုင်ငံခြားသား အလုပ်သမားတွေ နေထိုင်ရာ ဆလန်ဂေါ ပြည်နယ်တို့မှာ ကိုဗစ် ကာကွယ်ဆေးထိုးတဲ့ စင်တာ အများအပြားကို သြဂုတ်လ ၁ ရက်နေ့က စပြီး တိုးချဲ့ ဖွင့်လှစ်လိုက်တာကြောင့် မြန်မာတွေလည်း ကိုဗစ် ကာကွယ်ဆေး သွားရောက် ထိုးနှံနေကြောင်း မလေးရှားနိုင်ငံက မြန်မာ အလုပ်သမားတွေကို ကူညီပေးနေတဲ့ ဦးသီဟမောင်မောင်က ပြောပါတယ်။

“ ဒီနေ့ စင်တာ အတော်များများကိုတော့ ထပ်ပြီးတော့ ခွဲပြီး ဖွင့်တာ ရှိတယ်။ ကျနော်တို့ သွားတဲ့ စင်တာဆိုရင် ပြီးခဲ့တဲ့ သုံးရက် လေးရက်ကမှ အသစ်ဖွင့်ထားတဲ့ စင်တာ တခုဗျ။ ဒီနေ့ စင်တာ အတော်များများ အခွဲတွေ ထပ်ဖွင့်တာ ရှိတယ်။ ပိုပြီး ထိုးပေးတယ်။ စင်တာ အတော်များများမှာ တန်းစီပြီး အတော်များတယ်။ ဒီနေ့ ကျနော်တို့ ထိုးတာ။ တချို့တွေက Appointment တော့ မကျသေးဘူး။ မလေးရှားမှာ ရှိတဲ့ Buddhist Association တခုကနေ အဲဒီ စင်တာမှာ အကျိုးအကြောင်း ပြောပြီး သွားထိုးတာ။ အဲဒါ ကျတော့ ကုမ္ပဏီ သော်လည်းကောင်း၊ အဖွဲ့အစည်း တခုခုက သော်လည်းကောင်း အဲဒီ စင်တာကို အကျိုးအကြောင်း ပြောပြီး ကျနော်တို့ လူ အယောက် ၂၀ လောက် ရှိတယ်။ အဲဒီ စင်တာမှာ ကျနော်တို့က Booking သွားလုပ်ပြီး ထိုးတာ။ ”

မလေးရှား နိုင်ငံမှာတော့ နေ့စဉ် ကိုဗစ် ကူးစက်မှုက သောင်းဂဏန်းနဲ့ ဖြစ်လာပြီး အခြေအနေကို ထိန်းချုပ်နိုင်ဖို့ အတွက် မလေးရှား အစိုးရကတော့ ကြိုးပမ်းနေပါတယ်။ မြန်မာ အပါအဝင် နိုင်ငံခြားသား အလုပ်သမားများ သိန်းချီ ရှီရာ ပြည်နယ်တွေမှာ စက်ရုံ အလုပ်ရုံတွေ များတဲ့ အတွက် ကူးစက်မှုတွေလည်း များနေပါတယ်။ ဒီအတွက် ကာကွယ်ဆေးထိုးတဲ့ စင်တာတွေကိုလည်း တိုးချဲ့ ဖွင့်လှစ်ပြီး ထိုးပေးနေတာလို့လည်း ဦးသီဟမောင်မောင်က ပြောပါတယ်။

“ အဓိက ကတော့ ရောဂါဖြစ်တဲ့ ပြည်နယ်က ဆလန်ဂေါ ပြည်နယ် ကတော့ ပိုပြီး ရောဂါ ဖြစ်တာပေါ့နော်။ ဆလန်ဂေါ ပြည်နယ်နဲ့ ကွာလာလမ်ပူ ကို ပိုပြီး နယ်မြေ ထပ်ချဲ့လိုက်တာပေါ့။ အဓိက ရောဂါ ကူးစက်တဲ့ နေရာတွေမှာ မြန်မြန်ဆန်ဆန် ထိုးမှ ဒီရောဂါကို ကာကွယ်နိုင်မှာပေါ့။ လောလောဆယ်တော့ ဆလန်ဂေါ ပြည်နယ်နဲ့ ကွလာလမ်ပူမှာ နေရာတွေ ချဲ့ပြီး ထိုးနေတာ တွေ့ရတယ်။ များသော အားဖြင့် ဆလန်ဂေါက ပိုများတယ်။ ဆလန်ဂေါက Industry Area စက်ရုံ အလုပ်ရုံတွေ ဧရိယာ အတော်များတော့ အဲဒီမှာ နိုင်ငံခြားသား အလုပ်သမားတွေ အဲဒီမှာ ထိုးကြတာပေါ့။ ”

အခုဆိုရင်တော့ မြန်မာ ရွှေ့ပြောင်း အလုပ်သမား သောင်းဂဏန်းလောက် ကိုဗစ် ကာကွယ်ဆေး ထိုးပြီးသွားပြီလို့ ပြောပါတယ်။ မလေးရှား နိုင်ငံမှာ တရားဝင်ရော တရားမဝင်ရော မြန်မာနိုင်ငံသား ၅ သိန်းထက် မနည်း အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG