သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္း မဲေဆာက္စက္႐ုံ ျမန္မာလုပ္သားႏွစ္ဦး ကိုဗစ္ေၾကာင့္ေသဆုံး


မဲဆောက္လူ၀င္မႈၾကီးၾကပ္ေရးရံုးမွာ ေစာင့္ဆိုင္းေနတဲ့ ျမန္မာ ေရြ ့ေျပာင္း အလုပ္သမားမ်ား (ဓာတ္ပံု - AP )

(Zawgyi/Unicode)

ထိုင္းျမန္မာနယ္စပ္မဲေဆာက္ကျမန္မာအလုပ္သမား ၄၀၀ေက်ာ္ရွိတဲ့ ခ်န္ပီယံ ႐ုံေဟာင္းလို႔ေခၚတဲ့ SD FASHION သိုးေမြးစက္ဆြဲစက္႐ုံ အလုပ္သမား၂ဦးဟာ ၂ရက္ဆက္တိုက္ကိုဗစ္နဲ႔ေသဆုံးမူ႔ျဖစ္ခဲ့တာေၾကာင့္ အလုပ္သမားေတြအေနနဲ႔ စိုးရိမ္ပူပန္မူေတြျဖစ္ေနပါတယ္။ တ႐ုံလုံးနီးပါးလည္းဖ်ားနာေခ်ာင္းဆိုးမူေတြရွိေပမယ့္ ကိုဗစ္စစ္ေဆးတာေတြေတာ့မလုပ္ရ ေသးဘူးလို႔လည္းဆိုပါတယ္ ဒီသတင္းကိုဗြီအိုေအသတင္းေထာက္မေအးေအးမာကေျပာျပေပးမွာပါ။

ထိုင္းျမန္မာနယ္စပ္ မဲေဆာက္ၿမိဳ႕အပါအဝင္ တာ့ခ္ ခ႐ိုင္တခုလုံးမွာ ကိုဗစ္ကူးစက္မူ႔ေတြက ျမင့္တက္လာေနတာေၾကာင့္ အနီရင့္ေရာင္အဆင့္သတ္မွတ္ၿပီးၾသဂုတ္လ ၃ရက္ေန႔ကစၿပီး ညမထြက္အမိန႔္ထုတ္ျပန္ထားတာပါမဲေဆာက္ၿမိဳ႕ သိုးေမြးစက္ဆြဲစက္႐ုံတခုက အလုပ္သမားေတြလည္းဖ်ားနာမူေတြျဖစ္ၿပီး ေဆး႐ုံႀကီးကိုသြားတက္တဲ့ အလုပ္သမား၂ဦးဟာ ၂ရက္ဆက္တိုက္ေသဆုံးမူျဖစ္ခဲ့ရာမွာ ေသဆုံးသူ၂ဦးေဆးစာမွာကိုဗစ္ေၾကာင့္ေသဆုံးခဲ့ေၾကာင္းအေျဖထြက္ခဲ့တယ္လို႔ ေသဆုံးသူနဲ႔နီးစပ္တဲ့စက္႐ုံက အလုပ္သမားတဦးကေျပာျပပါတယ္။

"ေဆး႐ုံသြားတုန္းကေတာ့ ဗိုက္ေအာင့္တယ္ဆိုၿပီးသြားတာ ေဆး႐ုံေရာက္မွ ဆုံးသြားေတာ့ကိုဗစ္ဆိုၿပီးစာထြက္လာပါတယ္။ ေသဆုံးသူက ၂ေယာက္ပါ။ မေန႔ကတေယာက္ ဒီေန႔တေယာက္ပါ ဒီေန႔တေယာက္က အျပင္ေဆာင္မွာေနတာ မေန႔ကဆုံးတဲ့သူကအတြင္းေဆာင္မွာေနတာပါ သူက အလုပ္သမားပဲ အျပင္ေဆာင္မွာေနတာ ေခ်ာင္းဆိုးရပ္ၾကပ္တယ္ေမာတယ္ဆိုၿပီးသြားတာ။"

ေသဆုံးသြားတဲ့ စက္႐ုံအလုပ္သမား၂ဦးထဲက ၾသဂုတ္လ ၂ရက္ေန႔ကေသဆုံးသူကေတာ့အသက္ ၂၇ ႏွစ္အ႐ြယ္အမ်ိဳးသားတဦးျဖစ္ၿပီးၾသဂုတ္လ ၃ရက္ေန႔မွာေသဆုံးသြားသူကေတာ့အသက္ ၄၂ႏွစ္အ႐ြယ္ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးတဦးျဖစ္ပါတယ္ ၂ဦးလုံးဟာ ေဆး႐ုံတက္ၿပီး မၾကာခင္မွာပဲ ေသဆုံးသြားခဲ့ၾကတာပါ ။

စက္႐ုံမွာေတာ့ကိုဗစ္သံသယျဖစ္သူေတြကို စစ္ေဆးေပးတာမ်ိဳးေတြမရွိေၾကာင္း ဖ်ားနာရင္ေတာ့သီးျခားေနဖို႔အေဆာင္ထားေပးထားေၾကာင္းေျပာျပပါတယ္ၿပီးခဲ့တဲ့တပတ္ေက်ာ္ကစလို႔ အလုပ္သမားေတြအေတာ္မ်ားမ်ားဖ်ားနာမူေတြရွိေပမယ့္ ကိုဗစ္ရွိမရွိမစစ္ေဆးတဲအတြက္မသိရဘူးလို႔ဆိုပါတယ္ အခုလိုေသဆုံးမူေတြျဖစ္လာတဲ့အတြက္ အလုပ္သမားေတြၾကားထဲ စိုးရိမ္ပူပန္မူေတြျဖစ္လာတယ္လို႔လည္း ဆက္ေျပာျပပါတယ္။

" ကိုဗစ္ရယ္လို႔ေတာ့မသိဘူး က်ေနာ္တို႔ စက္႐ုံမွာျဖစ္တာက ရာသီတုပ္ေကြးလိုလိုနဲ႔တ႐ုံလုံးနီးပါျဖစ္ေနၾကတာပါ။ေဆးမစစ္ရေတာ့ဘာေရာဂါရယ္ဆိုတာအတိအက်မသိရဘူး။ အနံ႔ကေတာ့ေပ်ာက္ၾကပါတယ္။ အလုပ္သမားေတြအေနနဲ႔ အခုကထိတ္လန႔္ေနၾကရပါတယ္ သူမွာေရာဂါရွိသလို႔ကိုယ္မွာရွိသလို မ်ိဳးေတြေပါ့ ေၾကာက္ေနၾကတာေပါ့ ဒီလိုပဲဟိုေဆးေသာက္ ဒီေဆးေသာက္လုပ္ေနရတာပါ။"

စက္႐ုံအေနနဲ႔ကေတာ့ ၿပီးခဲ့တဲ့ရက္ေတြကစၿပီး ဖ်ားနာတဲ့သူေတြအတြက္ လူ၅၀ေလာက္ဆန႔္တဲ့ေနရာတခုကို စီစဥ္ထားေပးေပမယ့္ကိုဗစ္စစ္ေဆးတာမ်ိဳးကိုေတာ့မလုပ္ေပးေသးဘူးလို႔ဆိုပါတယ္။

"က်ေနာ္တို႔ သြားေတာင္းဆိုေတာ့ ေဆး႐ုံက လာမစစ္ႏိုင္ဘူးတဲ့ဒီေလာက္လူအမ်ားႀကီးတဲ့ လက္ရွိ သူတို႔ ထားေပးတဲ့ေနရာမွာပဲသြားေနလို႔ေျပာတယ္ေဆး႐ုံကေတာ့ လာစစ္ေပးႏိုင္မွာမဟုတ္ဘူးလို႔ျပန္ေျပာတယ္ေခ်ာင္းဆိုးတဲ့သူေတြ ဖ်ားတဲ့သူေတြကိုသြားေနခိုင္းတယ္။"

စက္႐ုံကိုေတာ့ ဇူလိုင္လ ၂၁ရက္ေန႔စၿပီးကန႔္သတ္ပိတ္ဆိုထားေပမယ့္ အလုပ္သမားေတြကိုေတာ့ စက္႐ုံအလုပ္ေတြကိုဆက္လုပ္ေစခဲ့ပါတယ္။ အခုစေန႔ေန႔ကစၿပီး အလုပ္ေတြရပ္နားထားၿပီး ေဆးကုသမူအေနနဲ႔ထိုင္းတိုင္းရင္းေဆးတခ်ိဳ႕ကိုသာေပးထားတယ္လို႔ဆိုပါတယ္။ဒီကာလအတြင္းမွာအလုပ္သမားေတြအေနနဲ႔ အလုပ္ပိတ္တဲ့အတြက္ ခံစားခြင့္အေနနဲ႔ေထာက္ပံ့ေၾကးရမရဆိုတာလည္းရွင္းရွင္းလင္းလင္းမသိရဘူးလို႔လည္းအလုပ္သမားေတြကဆိုပါတယ္။

ထိုင္းႏိုင္ငံမွာကိုဗစ္အတည္ျပဳလူနာ ၆၇၂၀၀၀ ေက်ာ္ရွိၿပီး ၾသဂုတ္လ၄ရက္ေန႔တေန႔တည္းစံခ်ိန္တင္ ကူးစက္သူ၂၀၀၀၀ ေက်ာ္ရွိပါတယ္။ ေသဆုံးသူကေတာ့ ၅၅၀၀ေက်ာ္ရွိလာပါတယ္ အတည္ျပဳလူနာေတြထဲမွာျမန္မာေ႐ြေျပာင္းအလုပ္သမား၅ေသာင္းေက်ာ္ကူးစက္ခံထားရပါတယ္။

.............................................................................................

တိုက္႐ိုက္ လင့္ခ္


ထိုင်း မဲဆောက်စက်ရုံ မြန်မာလုပ်သားနှစ်ဦး ကိုဗစ်ကြောင့်သေဆုံး

(Unicode)

ထိုင်းမြန်မာနယ်စပ်မဲဆောက်ကမြန်မာအလုပ်သမား ၄၀၀ကျော်ရှိတဲ့ ချန်ပီယံ ရုံဟောင်းလို့ခေါ်တဲ့ SD FASHION သိုးမွေးစက်ဆွဲစက်ရုံ အလုပ်သမား၂ဦးဟာ ၂ရက်ဆက်တိုက်ကိုဗစ်နဲ့သေဆုံးမူ့ဖြစ်ခဲ့တာကြောင့် အလုပ်သမားတွေအနေနဲ့ စိုးရိမ်ပူပန်မူတွေဖြစ်နေပါတယ်။ တရုံလုံးနီးပါးလည်းဖျားနာချောင်းဆိုးမူတွေရှိပေမယ့် ကိုဗစ်စစ်ဆေးတာတွေတော့မလုပ်ရ သေးဘူးလို့လည်းဆိုပါတယ် ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကပြောပြပေးမှာပါ။

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့အပါအဝင် တာ့ခ် ခရိုင်တခုလုံးမှာ ကိုဗစ်ကူးစက်မူ့တွေက မြင့်တက်လာနေတာကြောင့် အနီရင့်ရောင်အဆင့်သတ်မှတ်ပြီးသြဂုတ်လ ၃ရက်နေ့ကစပြီး ညမထွက်အမိန့်ထုတ်ပြန်ထားတာပါမဲဆောက်မြို့ သိုးမွေးစက်ဆွဲစက်ရုံတခုက အလုပ်သမားတွေလည်းဖျားနာမူတွေဖြစ်ပြီး ဆေးရုံကြီးကိုသွားတက်တဲ့ အလုပ်သမား၂ဦးဟာ ၂ရက်ဆက်တိုက်သေဆုံးမူဖြစ်ခဲ့ရာမှာ သေဆုံးသူ၂ဦးဆေးစာမှာကိုဗစ်ကြောင့်သေဆုံးခဲ့ကြောင်းအဖြေထွက်ခဲ့တယ်လို့ သေဆုံးသူနဲ့နီးစပ်တဲ့စက်ရုံက အလုပ်သမားတဦးကပြောပြပါတယ်။

"ဆေးရုံသွားတုန်းကတော့ ဗိုက်အောင့်တယ်ဆိုပြီးသွားတာ ဆေးရုံရောက်မှ ဆုံးသွားတော့ကိုဗစ်ဆိုပြီးစာထွက်လာပါတယ်။ သေဆုံးသူက ၂ယောက်ပါ။ မနေ့ကတယောက် ဒီနေ့တယောက်ပါ ဒီနေ့တယောက်က အပြင်ဆောင်မှာနေတာ မနေ့ကဆုံးတဲ့သူကအတွင်းဆောင်မှာနေတာပါ သူက အလုပ်သမားပဲ အပြင်ဆောင်မှာနေတာ ချောင်းဆိုးရပ်ကြပ်တယ်မောတယ်ဆိုပြီးသွားတာ။"

သေဆုံးသွားတဲ့ စက်ရုံအလုပ်သမား၂ဦးထဲက သြဂုတ်လ ၂ရက်နေ့ကသေဆုံးသူကတော့အသက် ၂၇ နှစ်အရွယ်အမျိုးသားတဦးဖြစ်ပြီးသြဂုတ်လ ၃ရက်နေ့မှာသေဆုံးသွားသူကတော့အသက် ၄၂နှစ်အရွယ်ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးဖြစ်ပါတယ် ၂ဦးလုံးဟာ ဆေးရုံတက်ပြီး မကြာခင်မှာပဲ သေဆုံးသွားခဲ့ကြတာပါ ။

စက်ရုံမှာတော့ကိုဗစ်သံသယဖြစ်သူတွေကို စစ်ဆေးပေးတာမျိုးတွေမရှိကြောင်း ဖျားနာရင်တော့သီးခြားနေဖို့အဆောင်ထားပေးထားကြောင်းပြောပြပါတယ်ပြီးခဲ့တဲ့တပတ်ကျော်ကစလို့ အလုပ်သမားတွေအတော်များများဖျားနာမူတွေရှိပေမယ့် ကိုဗစ်ရှိမရှိမစစ်ဆေးတဲအတွက်မသိရဘူးလို့ဆိုပါတယ် အခုလိုသေဆုံးမူတွေဖြစ်လာတဲ့အတွက် အလုပ်သမားတွေကြားထဲ စိုးရိမ်ပူပန်မူတွေဖြစ်လာတယ်လို့လည်း ဆက်ပြောပြပါတယ်။

" ကိုဗစ်ရယ်လို့တော့မသိဘူး ကျနော်တို့ စက်ရုံမှာဖြစ်တာက ရာသီတုပ်ကွေးလိုလိုနဲ့တရုံလုံးနီးပါဖြစ်နေကြတာပါ။ဆေးမစစ်ရတော့ဘာရောဂါရယ်ဆိုတာအတိအကျမသိရဘူး။ အနံ့ကတော့ပျောက်ကြပါတယ်။ အလုပ်သမားတွေအနေနဲ့ အခုကထိတ်လန့်နေကြရပါတယ် သူမှာရောဂါရှိသလို့ကိုယ်မှာရှိသလို မျိုးတွေပေါ့ ကြောက်နေကြတာပေါ့ ဒီလိုပဲဟိုဆေးသောက် ဒီဆေးသောက်လုပ်နေရတာပါ။"

စက်ရုံအနေနဲ့ကတော့ ပြီးခဲ့တဲ့ရက်တွေကစပြီး ဖျားနာတဲ့သူတွေအတွက် လူ၅၀လောက်ဆန့်တဲ့နေရာတခုကို စီစဉ်ထားပေးပေမယ့်ကိုဗစ်စစ်ဆေးတာမျိုးကိုတော့မလုပ်ပေးသေးဘူးလို့ဆိုပါတယ်။

"ကျနော်တို့ သွားတောင်းဆိုတော့ ဆေးရုံက လာမစစ်နိုင်ဘူးတဲ့ဒီလောက်လူအများကြီးတဲ့ လက်ရှိ သူတို့ ထားပေးတဲ့နေရာမှာပဲသွားနေလို့ပြောတယ်ဆေးရုံကတော့ လာစစ်ပေးနိုင်မှာမဟုတ်ဘူးလို့ပြန်ပြောတယ်ချောင်းဆိုးတဲ့သူတွေ ဖျားတဲ့သူတွေကိုသွားနေခိုင်းတယ်။"

စက်ရုံကိုတော့ ဇူလိုင်လ ၂၁ရက်နေ့စပြီးကန့်သတ်ပိတ်ဆိုထားပေမယ့် အလုပ်သမားတွေကိုတော့ စက်ရုံအလုပ်တွေကိုဆက်လုပ်စေခဲ့ပါတယ်။ အခုစနေ့နေ့ကစပြီး အလုပ်တွေရပ်နားထားပြီး ဆေးကုသမူအနေနဲ့ထိုင်းတိုင်းရင်းဆေးတချို့ကိုသာပေးထားတယ်လို့ဆိုပါတယ်။ဒီကာလအတွင်းမှာအလုပ်သမားတွေအနေနဲ့ အလုပ်ပိတ်တဲ့အတွက် ခံစားခွင့်အနေနဲ့ထောက်ပံ့ကြေးရမရဆိုတာလည်းရှင်းရှင်းလင်းလင်းမသိရဘူးလို့လည်းအလုပ်သမားတွေကဆိုပါတယ်။

ထိုင်းနိုင်ငံမှာကိုဗစ်အတည်ပြုလူနာ ၆၇၂၀၀၀ ကျော်ရှိပြီး သြဂုတ်လ၄ရက်နေ့တနေ့တည်းစံချိန်တင် ကူးစက်သူ၂၀၀၀၀ ကျော်ရှိပါတယ်။ သေဆုံးသူကတော့ ၅၅၀၀ကျော်ရှိလာပါတယ် အတည်ပြုလူနာတွေထဲမှာမြန်မာရွေပြောင်းအလုပ်သမား၅သောင်းကျော်ကူးစက်ခံထားရပါတယ်။

thai covid
please wait

No media source currently available

0:00 0:03:21 0:00
တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG