သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာနဲ႔နယ္ခ်င္းစပ္ ထိုင္း တာ့ခ္ျပည္နယ္တြင္း ကပ္ေဘးကန႔္သတ္ခ်က္တိုးျမႇင့္


မဲေဆာက္ေစ်း ျမင္ကြင္း (ဓာတ္ပံု-မိုးေက်ာ္)

Zawgyi/Unicode

ထိုင္းႏို္င္ငံမွာကုိဗစ္ကူးစက္မူအဆိုးဝါးဆံုးျဖစ္ေနတဲ့ျပည္နယ္ ၁၃ ခုကေန ၂၉ ခုထိ ထပ္တုိးေၾကညာခဲ့ရာမွာ ျမန္မာႏို္င္ငံနဲ့နီးတဲ့ တာ့ခ္ျပည္နယ္လည္း ပါဝင္လာပါတယ္။ တာ့ခ္ျပည္နယ္မွာေတာ့ ည ၉ နာရီကေန မနက္ ၄ နာရီအထိ ညမထြက္ရ အမိန့္ ထုတ္ျပန္လိုက္ျပီး ေန့အခ်ိန္မွာလည္း ေဆးရုံ ေဆးခန္းစတဲ့အေရးႀကီးကိစၥ သြားလာတာကလဲြျပီး အျပင္မထြက္ဖို့ ကန့္သတ္ပိတ္ပင္လိုက္ပါတယ္။ ဒီသတင္းကို ထုိင္းအေျခစိုက္၊ ဗြီအိုေအသတင္းေထာက္ မေအးေအးမာက တင္ျပေပးထားပါတယ္။

ထုိင္းႏိုင္ငံမွာ ကိုဗစ္ကူးစက္မႈေတြ ေန႔စဥ္ ေသာင္းခ်ီတိုးေနတဲ့အတြက္ ကူးစက္မႈအဆိုးဆံုးျပည္နယ္ ၁၃ ခုကေန ၂၉ ခုထိ ထပ္တိုးေၾကညာခဲ့ရာမွာ ျမန္မာေတြသိန္းခ်ီအလုပ္အလုပ္ကုိင္ေနတဲ့ တာခ္ျပည္နယ္လည္း ပါဝင္လာပါတယ္။ တာ့ခ္ျပည္နယ္မွာေတာ့ ညမထြက္ရအမိန့္ကိုပါ ထုတ္ျပန္လိုက္ေႀကာင္း ျမန္မာအလုပ္သမား သိန္းခီ်ရိွတဲ့ မဲေဆာက္မွာလည္း ကူးစက္မူေတြမ်ားလာေနေၾကာင္း မဲေဆာက္ျမိဳ႕က သတင္းသမားတဦးလည္းျဖစ္၊ ၿမဳိ႕ခံလည္းျဖစ္တဲ့ ဦးဝင္းျမင့္ကေ ေျပာျပပါတယ္။

“ည ၉ နာရီကေန မနက္ ၄ နာရီအထိ အျပင္မထြက္ရ၊ ေန႔ခင္းပုိင္းလည္းမလိုအပ္ရင္ လံုးဝ အျပင္မထြက္ရလို့ အမိန့္ထုတ္ျပန္တယ္။ ကာဖ်ဴးအမိန့္လို့ သံုးထားတယ္။ ၃ ရက္ေန့က စမယ္ ေျပာထားတယ္။ အားလံုး ၂၉ ခရိုင္၊ဘန္ေကာက္နဲ့ ဘန္ေကာက္ဝန္းက်င္ေတြ၊ ေတာင္ပုိင္းခရိုင္ေတြ အျမင့္ဆံုးစာရင္းထဲထည့္လိုက္ျပီ။ အိမ္တိုင္းလိုျဖစ္ေနၾကျပီလို့ ေျပာလို့ရတယ္။ အိမ္ထဲမွာပဲ ကုေနၾကလို့၊ အျပင္မထြက္ၾကလို့။”

တာခ့္္ျပည္နယ္ အုပ္ခ်ုပ္ေရးမႉး ဖုန္ရပ္ ဖိရံုရပ္ကေတာ့ ထုိင္းဘာသာနဲ့အခုလိုေျပာသြားပါတယ္။

“က်ေနာ္တို့ ျပည္နယ္ ကပ္ေရာဂါ ထိမ္းခ်ဳပ္ေရးအဖဲြ႔က အေရးႀကီး ဆံုးျဖတ္ခ်က္ကိုခ်မွတ္လိုက္တယ္။ တာခ့္ျပည္နယ္ဟာ ကူးစက္မႈ အျမင့္ဆံုးျဖစ္တဲ့ အနီရင့္ေရာင္အဆင့္ျဖစ္သြားပါျပီ။ တာ့ခ္ျပည္နယ္ထဲက ၿမိဳ႕နယ္ အားလံုးကုိ ညမထြက္ရအမိန့္နဲ့ ေန့မွာလည္း အိမ္ျပင္မထြက္ရအမိန့္ကို ထုတ္ျပန္လုိက္ပါတယ္။ အခုလိုအေရးႀကီးဆံုးျဖတ္ခ်က္ကိုေတာ့ ၾသဂုတ္လ ၃ ရက္ေန့ကေန ၁၈ ေန့ထိ သတ္မွတ္လိုက္ပါတယ္။...” ဆိုျပီးေျပာသြားတာပါ။

တာ့ခ္ျပည္နယ္အုပ္ခ်ဳပ္ေရးအဖြဲရဲ့ညြန္ႀကားခ်က္ထဲမွာေတာ့ ေန႔ခင္းဘက္ေတြမွာလည္း မျဖစ္မေန အစားအေသာက္၊ အသုံးအေဆာင္၊ ေဆးဝါးထြက္ဝယ္တာ၊ ဆရာဝန္ျပတာ၊ ေဆးကုသမႈခံယူတာ၊ ကာကြယ္ေဆးထိုးႏွံတာေတြကလဲြရင္ အျပင္မထြက္ႀကဖို့ တုိက္တြန္းထားပါတယ္။ အျပင္ထြက္တဲ့သူေတြကေတာ့ အစုိးရက သတ္မွတ္ထားတဲ့ ကပ္ေရာဂါကာကြယ္ေရး အစီအမံေတြအတုိင္း လုိက္နာၾကဖို့လည္း ထုတ္ျပန္ထားပါတယ္။ ျမန္မာႏို္င္ငံသားမ်ားနဲ့ စည္ကားတဲ့မဲေဆာက္ေစ်းကိုေတာ့ ၾသဂုတ္လ ၄ ရက္ေန့ ၁၀ ရက္ေန့ထိ တပတ္ပိတ္ထားမွာျဖစ္ပါတယ္။

ျပီးခဲတဲ့ဇြန္လကစျပီး တာ့ခ္ျပည္နယ္ထဲမွာ ေန႔စဥ္နီးပါး ရာနဲ့ခ်ီကူးစက္လာခဲ့ၿပီး ေဆးရံုေတြမွာလည္း ကုိဗစ္လူနာေတြနဲ့ျပည့္လာပါတယ္။

အခုဆိုရင္ အိမ္ေတြလည္း ကုိဗစ္လူနာေတြနဲ့ျပည့္လာျပီး တခ်ိဳ့ကေတာ့ ေဆးရံုေဆးခန္းကိုသြားလို့မရတဲ့အတြက္ အိမ္တြင္းကုသမႈေတြပဲ လုပ္ေနၾကသူေတြလည္းရွိၾကပါတယ္။ တႏို္င္ငံလုံးအႏွံ့ ကုိဗစ္အတည္ျပဳလူနာ ၆၃၃,၀၀၀ ေက်ာ္ရွိေနျပီး ႀသဂုတ္လ ၂ ရက္ေန့ တေန့တည္းကူးစက္သူ ၁၈,၀၀၀ နီးပါးရွိပါတယ္။ ေသဆံုးသူကလည္း ၅,၁၆၈ ဦးထိ ရွိလာျပီး ေန႔စဥ္လူ ၁၀၀ ေက်ာ္ေသဆံုးေနပါတယ္။ ကူးစက္သူေတြထဲမွာေတာ့ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ၅ ေသာင္း ေက်ာ္ကူးစက္ခံထားရပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

=======

မြန်မာနဲ့နယ်ချင်းစပ် ထိုင်း တာ့ခ်ပြည်နယ်တွင်း ကပ်ဘေးကန့်သတ်ချက်တိုးမြှင့်

ထိုင်းနိုင်ငံမှာကိုဗစ်ကူးစက်မူအဆိုးဝါးဆုံးဖြစ်နေတဲ့ပြည်နယ် ၁၃ ခုကနေ ၂၉ ခုထိ ထပ်တိုးကြေညာခဲ့ရာမှာ မြန်မာနိုင်ငံနဲ့နီးတဲ့ တာ့ခ်ပြည်နယ်လည်း ပါဝင်လာပါတယ်။ တာ့ခ်ပြည်နယ်မှာတော့ ည ၉ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရ အမိန့် ထုတ်ပြန်လိုက်ပြီး နေ့အချိန်မှာလည်း ဆေးရုံ ဆေးခန်းစတဲ့အရေးကြီးကိစ္စ သွားလာတာကလွဲပြီး အပြင်မထွက်ဖို့ ကန့်သတ်ပိတ်ပင်လိုက်ပါတယ်။ ဒီသတင်းကို ထိုင်းအခြေစိုက်၊ ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်မှုတွေ နေ့စဉ် သောင်းချီတိုးနေတဲ့အတွက် ကူးစက်မှုအဆိုးဆုံးပြည်နယ် ၁၃ ခုကနေ ၂၉ ခုထိ ထပ်တိုးကြေညာခဲ့ရာမှာ မြန်မာတွေသိန်းချီအလုပ်အလုပ်ကိုင်နေတဲ့ တာခ်ပြည်နယ်လည်း ပါဝင်လာပါတယ်။ တာ့ခ်ပြည်နယ်မှာတော့ ညမထွက်ရအမိန့်ကိုပါ ထုတ်ပြန်လိုက်ကြောင်း မြန်မာအလုပ်သမား သိန်းချီရှိတဲ့ မဲဆောက်မှာလည်း ကူးစက်မူတွေများလာနေကြောင်း မဲဆောက်မြို့က သတင်းသမားတဦးလည်းဖြစ်၊ မြို့ခံလည်းဖြစ်တဲ့ ဦးဝင်းမြင့်ကေ ပြောပြပါတယ်။

“ည ၉ နာရီကနေ မနက် ၄ နာရီအထိ အပြင်မထွက်ရ၊ နေ့ခင်းပိုင်းလည်းမလိုအပ်ရင် လုံးဝ အပြင်မထွက်ရလို့ အမိန့်ထုတ်ပြန်တယ်။ ကာဖျူးအမိန့်လို့ သုံးထားတယ်။ ၃ ရက်နေ့က စမယ် ပြောထားတယ်။ အားလုံး ၂၉ ခရိုင်၊ဘန်ကောက်နဲ့ ဘန်ကောက်ဝန်းကျင်တွေ၊ တောင်ပိုင်းခရိုင်တွေ အမြင့်ဆုံးစာရင်းထဲထည့်လိုက်ပြီ။ အိမ်တိုင်းလိုဖြစ်နေကြပြီလို့ ပြောလို့ရတယ်။ အိမ်ထဲမှာပဲ ကုနေကြလို့၊ အပြင်မထွက်ကြလို့။”

တာခ့်ပြည်နယ် အုပ်ချုပ်ရေးမှူး ဖုန်ရပ် ဖိရုံရပ်ကတော့ ထိုင်းဘာသာနဲ့အခုလိုပြောသွားပါတယ်။

“ကျနော်တို့ ပြည်နယ် ကပ်ရောဂါ ထိမ်းချုပ်ရေးအဖွဲ့က အရေးကြီး ဆုံးဖြတ်ချက်ကိုချမှတ်လိုက်တယ်။ တာခ့်ပြည်နယ်ဟာ ကူးစက်မှု အမြင့်ဆုံးဖြစ်တဲ့ အနီရင့်ရောင်အဆင့်ဖြစ်သွားပါပြီ။ တာ့ခ်ပြည်နယ်ထဲက မြို့နယ် အားလုံးကို ညမထွက်ရအမိန့်နဲ့ နေ့မှာလည်း အိမ်ပြင်မထွက်ရအမိန့်ကို ထုတ်ပြန်လိုက်ပါတယ်။ အခုလိုအရေးကြီးဆုံးဖြတ်ချက်ကိုတော့ သြဂုတ်လ ၃ ရက်နေ့ကနေ ၁၈ နေ့ထိ သတ်မှတ်လိုက်ပါတယ်။...” ဆိုပြီးပြောသွားတာပါ။

တာ့ခ်ပြည်နယ်အုပ်ချုပ်ရေးအဖွဲရဲ့ညွန်ကြားချက်ထဲမှာတော့ နေ့ခင်းဘက်တွေမှာလည်း မဖြစ်မနေ အစားအသောက်၊ အသုံးအဆောင်၊ ဆေးဝါးထွက်ဝယ်တာ၊ ဆရာဝန်ပြတာ၊ ဆေးကုသမှုခံယူတာ၊ ကာကွယ်ဆေးထိုးနှံတာတွေကလွဲရင် အပြင်မထွက်ကြဖို့ တိုက်တွန်းထားပါတယ်။ အပြင်ထွက်တဲ့သူတွေကတော့ အစိုးရက သတ်မှတ်ထားတဲ့ ကပ်ရောဂါကာကွယ်ရေး အစီအမံတွေအတိုင်း လိုက်နာကြဖို့လည်း ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံသားများနဲ့ စည်ကားတဲ့မဲဆောက်ဈေးကိုတော့ သြဂုတ်လ ၄ ရက်နေ့ ၁၀ ရက်နေ့ထိ တပတ်ပိတ်ထားမှာဖြစ်ပါတယ်။

ပြီးခဲတဲ့ဇွန်လကစပြီး တာ့ခ်ပြည်နယ်ထဲမှာ နေ့စဉ်နီးပါး ရာနဲ့ချီကူးစက်လာခဲ့ပြီး ဆေးရုံတွေမှာလည်း ကိုဗစ်လူနာတွေနဲ့ပြည့်လာပါတယ်။

အခုဆိုရင် အိမ်တွေလည်း ကိုဗစ်လူနာတွေနဲ့ပြည့်လာပြီး တချို့ကတော့ ဆေးရုံဆေးခန်းကိုသွားလို့မရတဲ့အတွက် အိမ်တွင်းကုသမှုတွေပဲ လုပ်နေကြသူတွေလည်းရှိကြပါတယ်။ တနိုင်ငံလုံးအနှံ့ ကိုဗစ်အတည်ပြုလူနာ ၆၃၃,၀၀၀ ကျော်ရှိနေပြီး သြဂုတ်လ ၂ ရက်နေ့ တနေ့တည်းကူးစက်သူ ၁၈,၀၀၀ နီးပါးရှိပါတယ်။ သေဆုံးသူကလည်း ၅,၁၆၈ ဦးထိ ရှိလာပြီး နေ့စဉ်လူ ၁၀၀ ကျော်သေဆုံးနေပါတယ်။ ကူးစက်သူတွေထဲမှာတော့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၅ သောင်း ကျော်ကူးစက်ခံထားရပါတယ်ရှင်။

#MyanmarMigrants #MyanmarThailand #ThailandCovid #Covid19 #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG