သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းတောင်ပိုင်းစက်ရုံတခု မြန်မာလုပ်သားရာချီ ကိုဗစ်ကူးစက်ခံနေရ


Zawgyi/Unicode

တောင်ပိုင်း Nakhon Si Thammarat နကွန်စီဌာမရတ် ပြည်နယ်ထဲက ရော်ဘာသစ်ပစ္စည်းစက်ရုံတရုံမှာမြန်မာအလုပ်မား၂၀၀ ကျော် ကိုဗစ်ကူးစက်နေပြီး ကူစက်ခံရဖို့ အန္တရာယ်အမြင့်ဆုံးဖြစ်နေတဲ့အလုပ်သမား ၅၀၀ကျော်ရှိနေတဲ့အတွက် စက်ရုံကို သြဂုတ်လ ၇ ရက်နေ့ထိ ယာယီပိတ်လိုက်ပါတယ်။ ဒီသတင်းကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းတောင်ပိုင်း၊ နကွန်စီဌာမရတ် ပြည်နယ်ထဲက ရော်ဘာသစ်ပစည်းထုပ်လုပ်တဲ့စက်ရုံတရုံမှာ မှာမြန်မာအလုပ်သမားထောင်နဲ့ချီရှိနေပြီး ကိုဗစ်စစ်ဆေးရာမှာ ကူးစက်သူ အလုပ်သမား၂၀၀ ကျော်တွေ့တာကြောင့် စက်ရုံကိုပိတ်ခဲ့ရတယ်လို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ဖွံဖြိုးရေးနဲ့ ဖောင်ဒေးရှင်းရဲ့အလုပ်သမားရေးရာ တာဝန်ခံ ဦးမင်းဦးကအခုလိုပြောပါတယ်။

“တောင်ပိုင်း နကွန်စီဌာမရက ရော်ဘာကနေ သစ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံမှာ ရောဂါဖြစ်တဲ့အလုပ်သမားတွေ တွေ့တယ်။ အဲဒီတော့ အဲဒီစက်ရုံကို လောလောဆယ် ပိတ်ပစ်လိုက်တယ်။ သြဂုတ်လ ၇ ရက်နေ့ထိ ပိတ်လိုက်တယ်။ စက်ရုံမှာအလုပ်သမားတွေ ထောင်ချီရှိတယ်။ စစ်လို့တွေ့တာ ၂၀၀ ကျော်ပဲတွေ့တယ်။ စိုးရိမ်ရတဲ့အထဲမှာပါတာက စုစုပေါင်း ၅၀၀ ကျော်ရှိတယ်။ အနည်းငယ်စိုးရိမ်ရတာက တထောင်ကျော်ရှိတယ်။ အဲဒါတွေကထပ်စစ်ရအုန်းမယ်လေ။”

ထိုင်းနိုင်ငံမြောက်ပိုင်း phetchabun ပက်ချဘွန်းပြည်နယ်ထဲက ကြက်သားစက်ရုံမှာတော့ မြန်မာအလုပ်သမားထောင်နဲ့ချီပြီး ကူးစက်နေတာကို စစ်ဆေးတွေ့ရှိတယ်ဆိုပြီး ဦမင်ဦးကဆက်ပြောပြပါတယ်။

“ပက်ချဘွန်းမှာဖြစ်တာက လွန်ခဲ့တဲ့ ၂ ရက်၊ ကြက်သားစက်ရုံ။ မြန်မာအများစုရှိတာ။ အခုစစ်တာ တွေ့တာဆို စုစုပေါင်းလူ ၃,၀၀၀ ကျော်တွေ့သွားပြီး ၃,၁၀၀ ကျော်ထပ်စစ်တာလို့တွေ့တာ။”

ထိုင်းနိုင်ငံ ဆာမွတ်ပရာကန်ပြည်နယ် ဘန်စောင်ထုန်ဆိုတဲ့နေရာမှာရှိတဲ့ စက်ရုံတရုံမှာ မြန်မာလုပ်သားတွေ ကိုဗစ်ကူးစက်ခံနေရပေမယ့် စက်ရုံကမပိတ်ဘဲ စက်ရုံတွင်းမှာ အလုပ်ဆက်လုပ်ခိုင်းနေတဲ့အတွက် စက်ရုံလုပ်သားတွေဆန္ဒပြခဲ့ကြောင်းAAC အလုပ်သမားကူညီရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းက အခုလိုပြောပါတယ်။

“ဖြစ်စဉ်ဖြစ်တာကတော့ ထိုင်းနိုင်ငံ ဆာမွန်ပရာကန်ခရိုင် ဘန့်စောင်ထုန်နယ်မြေမှာရှိတဲ့ စက်ရုံမှာပါ။ မနေ့က ဆန္ဒပြခဲ့ကြတာပါ။ အလုပ်သမားရာကျော်ရှိတယ်။ တောင်းဆိုရတဲ့အကြောင်းက စက်ရုံထဲကအလုပ်သမားတွေ ကိုဗစ်ကူးစက်ခံရတာများနေပြီ။ ဒါပေမယ့်စက်ရုံကမပိတ်ဘူး။ ပုံမှန်ပဲ၊ အလုပ်သမားတွေကိုအလုပ်တွေဆက်ဆင်းခိုင်းနေတယ်။ ကုသမှု မပေးတာတွေကို ကျေနပ်မူမရှိတာပေါ့။ ကိုဗစ်ကူးခံမှာကြောက်ပြီး ဘာမှ မဖြစ်သေးတဲ့အလုပ်သမားတွေက စက်ရုံကို ခေတ္ဆပိတ်ပေးဖို့ ကျန်းမာရေး စစ်ဆေးမှု တခုခုလုပ်ပေးဖို့ လူစုတောင်းဆိုတာတွေဖြစ်သွားတာပေါ့။”

ထိုင်းနိုင်ငံမှာ ကိုဗစ်အတည်ပြု လူနာ ၄၉၇,၀၀၀ ကျော်ထိ ရှိလာပြီး ဇူလိုင်လ၂၅ ရက်နေ့တနေ့တည်းမှာပဲ ကူးစက်သူ အမြင့်ဆုံးအဖြစ် ၁၅,၃၀၀ ကျော်ရှိလာပါတယ်။ စုစုပေါင်း သေဆုံးသူကတော့ ၄,၀၀၀ ကျော်ရှိလာပြီလို့ထိုင်းကျန်းမာရေးဌာနကအတည်ပြုထုတ်ပြန်ထားပါတယ်ရှင်။

ထိုင်းတောင်ပိုင်းစက်ရုံတခု မြန်မာလုပ်သားရာချီ ကိုဗစ်ကူးစက်ခံနေရ
please wait

No media source currently available

0:00 0:03:04 0:00
တိုက်ရိုက် လင့်ခ်

----------

Unicode










#MyanmarMigrants #MyanmarThailand #Covid19 #VOABurmese

This item is part of
XS
SM
MD
LG