သုံးရလွယ်ကူစေသည့် Link များ
logo-print
နောက်ဆုံးရသတင်း
မြန်မာလုပ်သား အများအပြားရှိတဲ့ ထိုင်းစက်ရုံ ကိုဗစ်ကူးစက်မှု အခြေအနေဆိုး
ကျန်းမာရေးစစ်ဆေးမှု ခံယူနေတဲ့ မဲဆောက်မြို့ တန်းလျားတခုက မြန်မာရွှေ့ပြောင်းအလုပ်သမားများ။ (ဇူလိုင် ၃၊ ၂၀၂၁)
{{Zawgyi/Unicode}}
........................................
တိုက်ရိုက် လင့်ခ်
{{Unicode}}
ထိုင်းမြန်မာနယ်စပ် ကန်ချနဘူရီပြည်နယ် ထမကန်အပိုင်က နံမည်ကြီး Vita Food Factory သစ်သီးဖျော်ရည်စက်ရုံက အလုပ်သမား ၄၀၀ကိုကိုဗစ်စစ်ဆေးရာမှာ မနေ့ကတော့ လူ၁၄၀ကျော်မှာ ကိုဗစ်ပိုးတွေရှိခဲ့ပါတယ် ။ ဒီထဲမှာအများစုကမြန်မာနိုင်ငံသားတွေဖြစ်တဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက်မအေးအေးမာက ပြောပြပေးမှာပါ
ကန်ချနဘူရီပြည်နယ် ထမကန်ဒေသက Vita Food Factory သစ်သီးဖျော်ရည်စက်ရုံမှာအလုပ်သမား ၃ထောင်ကျော်အလုပ်လုပ်ကိုင်နေကြတာပါ။ ဒီထဲက အများစုကြီးကမြန်မာရွှေပြောင်းအလုပ်သမားတွေဖြစ်ကြပါတယ်။ ဒီစက်ရုံကလူ၄၀၀လောက် ကိုဗစ်စစ်ဆေးတဲ့အခါမှာတော့ လူ၁၄၀ကျော်မှာ ကိုဗစ်ပိုးကူးစက်နေတာတွေ့ရတယ်လို့ ထိုင်းတောင်ပိုင်းအခြေစိုကပညာရေးနဲ့ဖွံဖြိုးရေးဖောင်ဒေးရှင်းကအလုပ်သမားရေးရာတာဝန်ခံဦးမင်းဦးကအခုလိုပြောပါတယ် ။
"ထာမကန်ဆိုတဲ့အပိုင်းမှာအဲဒီမှာ Vita Food Factory သစ်သီးဖျော်ရည်တွေထုတ်လုပ်တာ နံမည်ကြီးပဲအဲဒီစက်ရုံကဝန်ထမ်းတွေ အများကြီးတွေတယ်။ အယောက် ၄၀၀ စစ်တာ ၁၄၁ယောက်တွေ့တယ် ။ အဲဒီစက်ရုံမှာ ဝန်ထမ်းက ၃ ၀၀၀ကျော်ရှိတယ်မြန်မာနိုင်ငံသားက အများကြီးအလုပ်လုပ်နေတာ မနေ့ကတည်းက ပြည်နယ်အုပ်ချုပ်ရေမူးကတော့အဲဒီစက်ရုံပိတ်ဖို့အမိန့်ပေးလိုက်ပြီ ဆက်ပြီးစစ်ရအုန်းမယ်။ အခုမှ ၄၀၀ပဲစစ်ရတယ် ဖြစ်ပြီဆိုကတည်းကဒီလောက်လူအများကြီးက ထိတွေ့သွားလာဆက်ဆံသူတွေမှာကူးနေမှာ ဘယ်လောက်ကူးနေပြီလဲဆိုတာသူတို့လိုက်ရတော့မှာရက်သတ္တပတ် ၂ပတ်အတွင်းသူတို့ဘယ်တွေသွားသလဲဆိုတာတွေလိုက်စစ်ရတာပေါ့နော်"
အဲဒီစက်ရုံနဲ့နီးတဲ့ရပ်ကွက်တွေမှာလည်း အပြင်သွားလာခွင့်မပေးပဲပိတ်ဆို့ကန့်သတ်မူတွေလုပ်ထားပါတယ် ။
ထိုင်းနိုင်ငံမှာလည်းနေစဉ် သောင်းဂဏန်းနဲ့ ကူးစက်မူတွေဖြစ်လာပြီးတဲ့နောက် ထိုင်းအစိုးရရဲ့ကပ်ရောဂါထိမ်းချုပ်ရေးနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေအပေါ်မှ ာပညာရှင်တွေ ကဝေဖန်ထောက်ပြမူတွေရှိလာပါတယ်။ အခုဆိုရင် ရက်ပိုင်းအတွင်းမိမိကိုယ်အဆုံးစီရင်တဲ့အမူတွေလမ်းပေါ်မှာသေဆုံးတာတွေခပ်စိတ်စိတ်ဖြစ်လာတယ်လို့လည်းဦးမင်းဦးကပြောပြပါတယ်။
လမ်းဘေးမှာသေတာတွေ ဆွဲကြိုးချသေတာတို့ တိုက်ပေါ်ကခုန်ချသေတာတို့ ဆေးကုသဖို့နေရာထိုင်ခင်းမရတာတို့ လှမ်းပြီးအကြောင်းကြားရင် အရေးပေါ်ကားကမလာနိုင်ဘူး ဒီတော့ကိုယ့်ဖာကိုယ်သတ်သေတာတွေဖြစ်လာတယ်။ ကျနော်တို့တွေတာပဲ လေးငါးခြောက်မူရှိနေပြီ ဒီနေ့လည်းတွေ့တယ် တမြန်နေ့ကတွေ့တယ် လွန်ခဲ့တဲ့ ၂ရက်က ကလေးသေလို့အဖိုးကသေတာတို့ လမ်းဘေးမှာလဲကျပြီးပိုင်ရှင်မဲ့အလောင်း ဆိုပြီးသေတာ သတင်းထဲမှာကို တွေ့တာ ၆လောင်း ရလောင်းလောက်ရှိပြီတချု့ိဆိုလည်းလမ်းဘေးမှာမောရင်သေတာတို့ များလာတယ်။
ကိုဗစ်ကပ်ရောဂါ ကူးစက်ပျံနှံမူ့နှုံးများနေတဲ့ပြည်နယ် ၁၃ခုလောက်ကို အနီရင့်ရောင်နယ်မြေအဖြစ်သတ်မှတ်ပြီး ကပ်ရောဂါထိမ်းချုပ်ရေးတွေကို လုပ်ဆောင်နေပေမယ့်နေစဉ်ကူးစက်မူ နဲ့သေဆုံးမှုတွေ မြင့်တက်လာနေပါတယ်။ ထိုင်းတနိုင်ငံလုံးမှာကိုဗစ်အတည်ပြုလူနာ ၄၅၃၀၀၀ကျော်ရှိနေပြီး ဒီထဲမှာမြန်မာပါဝင်တဲ့ရွှေပြောင်းအလုပ်သမားတွေကြားထဲမှာလည်းကူးစက်မူတွေလည်းတိုးလာနေတာပါ။ ဇူလိုင်လ၂၂ရက်နေ့တရက်ထဲမှာပဲ ကူးစက်သူအသစ်၁၃၃၀၀ကျော်ရှိနေပါတယ်။ သေဆုံးသူကတော့ ၃၇၀၀နီးပါးရှိလာပြီလို့ ထိုင်းကျန်းမာရေးဌာနကအတည်ပြုထုတ်ပြန်ထားပါတယ်။
၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ
XS
SM
MD
LG