သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံ ပထုံဌာနီ တိုက္ခန္းတြဲမွာ ျမန္မာ တရာေက်ာ္ ကိုဗစ္ပိုးကူးစပ္


ကိုဗစ္ေရာဂါ ကူးစပ္ေနတဲ့ ျမန္မာမိခင္နဲ ့ ၇လအရြယ္ကေလးငယ္ (ဓာတ္ပံု- Courtesy)

(Zawgyi/Unicode)

ထိုင္းႏိုင္ငံ၊ ပထုံဌာနီ ျပည္နယ္က ကြန္ဒိုတိုက္ခန္းမွာ ျမန္မာႏိုင္ငံသား၁၀၀ေက်ာ္ ကိုဗစ္ပိုး ကူးဆက္ခံေနရတာေၾကာင့္အခန္း ၂၄၀ေလာက္ရွိတဲ့ တိုက္ခန္းတခုလုံးကို lock down လုပ္ထားၿပီး အဲဒီထဲကျမန္မာႏိုင္ငံသူ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးနဲ႔ သတိေမ့ေနတဲ (၇) လသားက ေလးကိုေတာ့ ဇူလိုင္၂၀ ရက္ေန႔က ေဆး႐ုံတင္ၿပီး အေရးေပၚကုသမူလုပ္ခဲ့ရပါတယ္။ အလားတူ ဖန္းငေဒသမွာလည္း ျမန္မာေတြ အလုပ္လုပ္တဲ့ေနရာေတြမွာ ပိတ္ဆို႔ကန႔္သတ္မူေတြ လုပ္ထားပါတယ္။ ဒီအေၾကာင္း ထိုင္းအေျခစိုက္သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ျမန္မာႏိုင္ငံသား အမ်ားစု ေနထိုင္ေနၾကတဲ့ ထိုင္းႏိုင္ငံ၊ ပထုန္ဌာနီျပည္နယ္၊ လန္လုကာ ၿမိဳ႕အတြင္းက အခန္းေပါင္း ၂၄၀ ရွိတဲ့ ကြန္ဒိုတိုက္ခန္းက ျမန္မာႏိုင္ငံသား အမ်ားအျပားဟာ ကိုဗစ္ေရာဂါပိုးကူးစပ္ေနၾကၿပီး ေဆး႐ုံေတြက လက္မခံလို႔ မိမိေနအိမ္ခန္းအတြင္းမွာသာ ေဆးမီးတိုေတြနဲ႔ ကုသေနၾကတာ တပါတ္ေက်ာ္ ရွိလာၿပီလို႔ဆိုပါတယ္။

အဲဒီ ကြန္ဒို တိုက္ခန္းမွာ ျမန္မာအမ်ားစုပါတဲ့ ေ႐ႊေျပာင္းအလုပ္သမား ၁၀၀၀ နီးပါးေနထိုင္ေနတယ္လို႔ ေဒသဆိုင္ရာ ေဖာ္ျပပါတယ္။

ကိုဗစ္ကူးစက္ခံထားရတဲ့ ျမန္မာႏိုင္ငံသားအမ်ားအျပားဟာ အသက္႐ူၾကပ္တာနဲ႔ ေအာက္ဆီဂ်င္ျပတ္လပ္မႈျဖစ္ေနၾကတဲ့ အေျခအေနေၾကာင့္ အေရးေပၚေဆးကုသမူ လိုအပ္ေနေၾကာင္း တိုက္ခန္းပိုင္ရွင္နဲ႔ ရပ္ကြက္ျပည္သူေတြက သတင္းေပး တိုင္ၾကားခဲ့ပါတယ္။ ဒီအတြက္ နယ္ေျမက်န္းမာေရးအဖြဲ႕ေတြက ဇူလိုင္လ ၂၀ ရက္ေန႔ညေနမွာ တိုက္ခန္းတြင္းမွာ အေရးေပၚေဆးကုသဖို႔လိုအပ္တဲ့ ျမန္မာႏိုင္ငံသူ ကိုယ္ဝန္ေဆာင္မိခင္နဲ႔သတိေမ့ေနတဲ့ (၇) လအ႐ြယ္ကေလးငယ္ကို အေရးေပၚ ေဆး႐ုံတင္ေပးခဲ့တယ္လို႔ ဆိုပါတယ္။

ဒီအေျခအေနနဲ႔ ပတ္သက္လို႔ ထိုင္းေတာင္ပိုင္းအေျခစိုက္ ပညာေရးနဲ႔ဖြံၿဖိဳးေရးေဖာင္ေဒးရွင္းက အလုပ္သမားေရးရာတာဝန္ခံ ဦးမင္းဦးက အခုလိုေျပာပါတယ္။

“အေဆာက္အဦးႀကီး ၂ေဆာင္ေပါ့။ အဲဒီ ၂ ေဆာင္မွာအခန္း ၂၄၀ေလာက္ရွိတယ္။ အဲဒီထဲမွာ ေရာဂါျဖစ္ေနတဲ့သူေတြ အမ်ားႀကီးေပါ့။ အေရးေပၚအကူညီေတာင္းလို႔ၾကည့္ေတာ့ ကိုယ္ဝန္ ၈ လနဲ႔ ကိုယ္ဝန္ေဆာင္နဲ႔ လသားကေလးငယ္က အသည္းသန္ျဖစ္ေနလို႔ အေရးေပၚ ကယ္ဆယ္ေရးလုပ္တဲ့အေၾကာင္းေပါ့။ အဲဒီ ေနရာမွာ ကေတာ့ ေ႐ြေျပာင္းအလုပ္သမားေတြမ်ားတယ္။”

ေရာဂါျပန္႔ပြားေနတဲ့ တိုက္ခန္းက စိုးရိမ္ရတဲ့ ျမန္မာႏိုင္ငံသားေတြကိုလည္း အေရးေပၚလုပ္ထားတဲ့ ေဆး႐ုံေတြကို ပို႔ေဆာင္ဖို႔ နယ္ေျမ က်န္းမာေရးအဖြဲ႕ေတြကစီစဥ္ေနၾကပါတယ္။

ေရာဂါျဖစ္ေနတဲ့ တိုက္ခန္းကို အဝင္အထြက္ပိတ္ထားၿပီး ေရာဂါ ကူးဆက္ေနသူေတြကို လိုက္လံ စစ္ေဆးေနေၾကာင္းသိရပါတယ္။

တခ်ိန္တည္းမွာဘဲ ထိုင္းေတာင္ပိုင္း၊ ဖန္းင ေဒသဘက္မွာေတာ့ ျမန္မာေတြအလုပ္လုပ္တဲ့ သစ္စက္နဲ႔ ေရာ္ဘာၿခံေတြမွာလည္း ကူးဆက္မူေတြျဖစ္ေနၿပီး lockdown ကန႔္သတ္ပိတ္ဆို႔မူေတြကို ၄ေနရာထက္မနည္း လုပ္ထားရတယ္လို႔ ဦးမင္းဦးက ဆိုပါတယ္။

“ကူးစက္တာေတြမ်ားတယ္။ ကူးစက္သူေတြနဲ႔ထိေတြ႕သူေတြကို ေလာ့ေဒါင္းခ်တဲ့ေနရာမွာ က်ေနာ္တို႔ဘက္မွာ သုံးေလးေနရာေလာက္ရွိတယ္။ ေရာ္ဘာၿခံ ၃ၿခံေလာက္ရွိတယ္။ အဲဒီမွာ lockdown ခ်ထားတယ္။ ကူးစက္သူေတြေၾကာင့္ အထူးသျဖင့္ေတာ့ သာေရး နာေရးနဲ႔ပတ္သက္တဲ့ အလႈကို သြားရင္းနဲ႔ ျဖစ္တာ။ lockdown ခ်ထားတာ။ ကူးစက္သူပါလာလို႔ျဖစ္တာ။ က်ေနာ္တို႔ သိတာ ၄ ေနရာေလာက္၊ သစ္စက္တခုရယ္၊ ျမန္မာေတြအမ်ားဆုံးအလုပ္လုပ္တဲ့ေနရာ အကုန္လုံးအဲဒီေနရာေတြ lock down ခ်ထားတယ္။”

ထိုင္းႏိုင္ငံမွာ ကိုဗစ္အတည္ျပဳလူနာ ေန႔စဥ္ ေသာင္းဂဏန္းေလာက္ တိုးလာၿပီး အခုဆိုရင္ ကူးစက္သူ ၄ သိန္း ၄ ေသာင္းနီးပါးရွိသလို ဒီေန႔၊ ဇူလိုင္ ၂၁ ရက္ေန႔မွာ ကိုဗစ္အတည္ျပဳလူနာသစ္ အျမင့္ဆုံးအျဖစ္ ၁၃,၀၀၀ ေက်ာ္ရွိေနပါတယ္။ ေသဆုံးသူကေတာ့ စုစုေပါင္း ၃,၆၀၀ ေက်ာ္ ရွိလာၿပီလို႔ ထိုင္းက်န္းမာေရးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

.............................................................................................

တိုက္႐ိုက္ လင့္ခ္


ထိုင်းနိုင်ငံ ပထုံဌာနီ တိုက်ခန်းတွဲမှာ မြန်မာ တရာကျော် ကိုဗစ်ပိုးကူးစပ်

(Unicode)

ထိုင်းနိုင်ငံ၊ ပထုံဌာနီ ပြည်နယ်က ကွန်ဒိုတိုက်ခန်းမှာ မြန်မာနိုင်ငံသား၁၀၀ကျော် ကိုဗစ်ပိုး ကူးဆက်ခံနေရတာကြောင့်အခန်း ၂၄၀လောက်ရှိတဲ့ တိုက်ခန်းတခုလုံးကို lock down လုပ်ထားပြီး အဲဒီထဲကမြန်မာနိုင်ငံသူ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ သတိမေ့နေတဲ (၇) လသားက လေးကိုတော့ ဇူလိုင်၂၀ ရက်နေ့က ဆေးရုံတင်ပြီး အရေးပေါ်ကုသမူလုပ်ခဲ့ရပါတယ်။ အလားတူ ဖန်းငဒေသမှာလည်း မြန်မာတွေ အလုပ်လုပ်တဲ့နေရာတွေမှာ ပိတ်ဆို့ကန့်သတ်မူတွေ လုပ်ထားပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံသား အများစု နေထိုင်နေကြတဲ့ ထိုင်းနိုင်ငံ၊ ပထုန်ဌာနီပြည်နယ်၊ လန်လုကာ မြို့အတွင်းက အခန်းပေါင်း ၂၄၀ ရှိတဲ့ ကွန်ဒိုတိုက်ခန်းက မြန်မာနိုင်ငံသား အများအပြားဟာ ကိုဗစ်ရောဂါပိုးကူးစပ်နေကြပြီး ဆေးရုံတွေက လက်မခံလို့ မိမိနေအိမ်ခန်းအတွင်းမှာသာ ဆေးမီးတိုတွေနဲ့ ကုသနေကြတာ တပါတ်ကျော် ရှိလာပြီလို့ဆိုပါတယ်။

အဲဒီ ကွန်ဒို တိုက်ခန်းမှာ မြန်မာအများစုပါတဲ့ ရွှေပြောင်းအလုပ်သမား ၁၀၀၀ နီးပါးနေထိုင်နေတယ်လို့ ဒေသဆိုင်ရာ ဖော်ပြပါတယ်။

ကိုဗစ်ကူးစက်ခံထားရတဲ့ မြန်မာနိုင်ငံသားအများအပြားဟာ အသက်ရူကြပ်တာနဲ့ အောက်ဆီဂျင်ပြတ်လပ်မှုဖြစ်နေကြတဲ့ အခြေအနေကြောင့် အရေးပေါ်ဆေးကုသမူ လိုအပ်နေကြောင်း တိုက်ခန်းပိုင်ရှင်နဲ့ ရပ်ကွက်ပြည်သူတွေက သတင်းပေး တိုင်ကြားခဲ့ပါတယ်။ ဒီအတွက် နယ်မြေကျန်းမာရေးအဖွဲ့တွေက ဇူလိုင်လ ၂၀ ရက်နေ့ညနေမှာ တိုက်ခန်းတွင်းမှာ အရေးပေါ်ဆေးကုသဖို့လိုအပ်တဲ့ မြန်မာနိုင်ငံသူ ကိုယ်ဝန်ဆောင်မိခင်နဲ့သတိမေ့နေတဲ့ (၇) လအရွယ်ကလေးငယ်ကို အရေးပေါ် ဆေးရုံတင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ဖွံဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးက အခုလိုပြောပါတယ်။

“အဆောက်အဦးကြီး ၂ဆောင်ပေါ့။ အဲဒီ ၂ ဆောင်မှာအခန်း ၂၄၀လောက်ရှိတယ်။ အဲဒီထဲမှာ ရောဂါဖြစ်နေတဲ့သူတွေ အများကြီးပေါ့။ အရေးပေါ်အကူညီတောင်းလို့ကြည့်တော့ ကိုယ်ဝန် ၈ လနဲ့ ကိုယ်ဝန်ဆောင်နဲ့ လသားကလေးငယ်က အသည်းသန်ဖြစ်နေလို့ အရေးပေါ် ကယ်ဆယ်ရေးလုပ်တဲ့အကြောင်းပေါ့။ အဲဒီ နေရာမှာ ကတော့ ရွေပြောင်းအလုပ်သမားတွေများတယ်။”

ရောဂါပြန့်ပွားနေတဲ့ တိုက်ခန်းက စိုးရိမ်ရတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း အရေးပေါ်လုပ်ထားတဲ့ ဆေးရုံတွေကို ပို့ဆောင်ဖို့ နယ်မြေ ကျန်းမာရေးအဖွဲ့တွေကစီစဉ်နေကြပါတယ်။

ရောဂါဖြစ်နေတဲ့ တိုက်ခန်းကို အဝင်အထွက်ပိတ်ထားပြီး ရောဂါ ကူးဆက်နေသူတွေကို လိုက်လံ စစ်ဆေးနေကြောင်းသိရပါတယ်။

တချိန်တည်းမှာဘဲ ထိုင်းတောင်ပိုင်း၊ ဖန်းင ဒေသဘက်မှာတော့ မြန်မာတွေအလုပ်လုပ်တဲ့ သစ်စက်နဲ့ ရော်ဘာခြံတွေမှာလည်း ကူးဆက်မူတွေဖြစ်နေပြီး lockdown ကန့်သတ်ပိတ်ဆို့မူတွေကို ၄နေရာထက်မနည်း လုပ်ထားရတယ်လို့ ဦးမင်းဦးက ဆိုပါတယ်။

“ကူးစက်တာတွေများတယ်။ ကူးစက်သူတွေနဲ့ထိတွေ့သူတွေကို လော့ဒေါင်းချတဲ့နေရာမှာ ကျနော်တို့ဘက်မှာ သုံးလေးနေရာလောက်ရှိတယ်။ ရော်ဘာခြံ ၃ခြံလောက်ရှိတယ်။ အဲဒီမှာ lockdown ချထားတယ်။ ကူးစက်သူတွေကြောင့် အထူးသဖြင့်တော့ သာရေး နာရေးနဲ့ပတ်သက်တဲ့ အလှုကို သွားရင်းနဲ့ ဖြစ်တာ။ lockdown ချထားတာ။ ကူးစက်သူပါလာလို့ဖြစ်တာ။ ကျနော်တို့ သိတာ ၄ နေရာလောက်၊ သစ်စက်တခုရယ်၊ မြန်မာတွေအများဆုံးအလုပ်လုပ်တဲ့နေရာ အကုန်လုံးအဲဒီနေရာတွေ lock down ချထားတယ်။”

ထိုင်းနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ နေ့စဉ် သောင်းဂဏန်းလောက် တိုးလာပြီး အခုဆိုရင် ကူးစက်သူ ၄ သိန်း ၄ သောင်းနီးပါးရှိသလို ဒီနေ့၊ ဇူလိုင် ၂၁ ရက်နေ့မှာ ကိုဗစ်အတည်ပြုလူနာသစ် အမြင့်ဆုံးအဖြစ် ၁၃,၀၀၀ ကျော်ရှိနေပါတယ်။ သေဆုံးသူကတော့ စုစုပေါင်း ၃,၆၀၀ ကျော် ရှိလာပြီလို့ ထိုင်းကျန်းမာရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG