သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆး ထိုးႏွံေရး ေႏွးေကြးေနတဲ့ထိုင္းႏိုင္ငံ


ထိုင္းက်န္းမာေရးဝန္ထမ္းတဦး Sinovac ကာကြယ္ေဆးထိုးေနစဥ္။ (ေဖေဖၚဝါရီ ၂၈ဝ၂၀၂၁)

(Zawgyi/Unicode)

ထိုင္းႏိုင္ငံမွာ ဝန္ႀကီးခ်ဳပ္ Prayuth Chan-O char အစိုးရရဲ႕ ကိုဗစ္ကပ္ေရာဂါ ကာကြယ္ေဆးထိုးေပး ေရး အစီအစဥ္ေတြေႏွးေကြးေနၿပီး လူဦးေရရဲ႕ ၅ ရာခိုင္ႏႈန္းေလာက္ပဲ ကိုဗစ္ကပ္ေရာဂါ ကာကြယ္ေဆး ထိုးေပးႏိုင္ေသးတဲ့အေပၚမွာ ျပည္သူအမ်ားက မေက်မနပ္ျဖစ္ေနၾကပါတယ္။

ထိုင္းႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါ ပိုးကူးစက္ႏႈန္းေတြျမင့္မားလာၿပီး မေန႔ အဂၤါေန႔အထိ ကူးစက္မႈ အသစ္ေပါင္း ၁၁,၃၀၅ ဦးရွိကာ ဧၿပီလကစၿပီး အခုခ်ိန္ထိ ေသဆုံးသူေပါင္းက ၃,၄ဝ၈ ေယာက္ရွိ ပါတယ္။

ထိုင္းႏိုင္ငံရဲ႕ ေဆးဖက္ဆိုင္ရာ အဆင့္ျမင့္ ဝါရင့္ ကြၽမ္းက်င္သူေတြကေတာင္မွာ သူတို႔ႏိုင္ငံဟာ ကိုဗစ္ကပ္ ေရာဂါ တတိယလႈိင္းကို ကာကြယ္ဖို႔အတြက္ အစီအစဥ္ေတြ ခ်မွတ္မထားႏိုင္ေၾကာင္း နဲ႔ လူဦးေရ သန္း၇ဝ မွာ ခန႔္မွန္း ၃ဒသမ ၅သန္းပဲ ထိုးေပးႏိုင္တာဟာ ေႏွးေကြးေနေၾကာင္း ဝန္ခံလိုက္ပါ တယ္။

ဒါေၾကာင့္ ဘန္ေကာက္ၿမိဳ႕ေတာ္မွာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က လူတေထာင္ေက်ာ္ေလာက္က လူငါးေယာက္ထက္ပိုမစုရဆိုတဲ့ အေရးေပၚအမိန႔္နဲ႔ ကိုဗစ္အသြားအလာကန႔္သတ္ေတြကို အာခံၿပီး အစိုးရႏုတ္ထြက္ေပးေရးေတာင္းဆိုဆႏၵျပၾကပါတယ္။

က်န္းမာေရးဌာနကေတာ့ အစိုးရအေနနဲ႔ Pfizerကာကြယ္ေဆး သန္း၂ဝ ကို ဒီႏွစ္အကုန္ရရွိဖိုနဲ႔ ေရွ႕ႏွစ္ ၂ဝ၂၂မွာ ဒါထက္ ၂ ဆရရွိေအာင္ စာခ်ဳပ္ခ်ဳပ္ထားေၾကာင္း မေန႔ အဂၤါေန႔ကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ကိုဗစ်ကာကွယ်ဆေး ထိုးနှံရေး နှေးကွေးနေတဲ့ထိုင်းနိုင်ငံ

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ် Prayuth Chan-O char အစိုးရရဲ့ ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေးထိုးပေး ရေး အစီအစဉ်တွေနှေးကွေးနေပြီး လူဦးရေရဲ့ ၅ ရာခိုင်နှုန်းလောက်ပဲ ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေး ထိုးပေးနိုင်သေးတဲ့အပေါ်မှာ ပြည်သူအများက မကျေမနပ်ဖြစ်နေကြပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ပိုးကူးစက်နှုန်းတွေမြင့်မားလာပြီး မနေ့ အင်္ဂါနေ့အထိ ကူးစက်မှု အသစ်ပေါင်း ၁၁,၃၀၅ ဦးရှိကာ ဧပြီလကစပြီး အခုချိန်ထိ သေဆုံးသူပေါင်းက ၃,၄ဝ၈ ယောက်ရှိ ပါတယ်။

ထိုင်းနိုင်ငံရဲ့ ဆေးဖက်ဆိုင်ရာ အဆင့်မြင့် ဝါရင့် ကျွမ်းကျင်သူတွေကတောင်မှာ သူတို့နိုင်ငံဟာ ကိုဗစ်ကပ် ရောဂါ တတိယလှိုင်းကို ကာကွယ်ဖို့အတွက် အစီအစဉ်တွေ ချမှတ်မထားနိုင်ကြောင်း နဲ့ လူဦးရေ သန်း၇ဝ မှာ ခန့်မှန်း ၃ဒသမ ၅သန်းပဲ ထိုးပေးနိုင်တာဟာ နှေးကွေးနေကြောင်း ဝန်ခံလိုက်ပါ တယ်။

ဒါကြောင့် ဘန်ကောက်မြို့တော်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လူတထောင်ကျော်လောက်က လူငါးယောက်ထက်ပိုမစုရဆိုတဲ့ အရေးပေါ်အမိန့်နဲ့ ကိုဗစ်အသွားအလာကန့်သတ်တွေကို အာခံပြီး အစိုးရနုတ်ထွက်ပေးရေးတောင်းဆိုဆန္ဒပြကြပါတယ်။

ကျန်းမာရေးဌာနကတော့ အစိုးရအနေနဲ့ Pfizerကာကွယ်ဆေး သန်း၂ဝ ကို ဒီနှစ်အကုန်ရရှိဖိုနဲ့ ရှေ့နှစ် ၂ဝ၂၂မှာ ဒါထက် ၂ ဆရရှိအောင် စာချုပ်ချုပ်ထားကြောင်း မနေ့ အင်္ဂါနေ့ကပြောပါတယ်။

XS
SM
MD
LG