သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ် ပိတ်ဆို့ခံ ပြည်ပလုပ်သားအရေး ထိုင်းအစိုးရ အလေးထားသင့် (MWC/HRW)


ထိုင်းနိုင်ငံတွင် ကိုဗစ်ရောဂါစစ်ဆေးခံရန် တန်းစီစောင့်ဆိုင်းနေသည့် မြန်မာလုပ်သားများ။ ၂၀ ဒီဇင်ဘာ ၂၀၂၀။
ထိုင်းနိုင်ငံတွင် ကိုဗစ်ရောဂါစစ်ဆေးခံရန် တန်းစီစောင့်ဆိုင်းနေသည့် မြန်မာလုပ်သားများ။ ၂၀ ဒီဇင်ဘာ ၂၀၂၀။

{{Zawgyi/Unicode}}

ထိုင်းနိုင်ငံအနေနဲ့ အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ကပ်ရောဂါဆိုင်ရာမူဝါဒကို ပြန်လည်သုံးသတ်ဖို့လူ့အခွင့်ရေးအဖွဲ့ကတောင်းဆိုကြသလို့ ထိုင်းနိုင်ငံက အစိုးရမဟုတ်တဲ့ အဖွဲ့တွေစုစည်းထားတဲ့ Migrant Working Group (MWG) ကလည်း အစိုးရအနေနဲ့ကပ်ရောဂါကာလမှာ ကပ်ဘေးသင့်ခံထားရတဲ့ရွေပြောင်းအလုပ်သမားတွေနဲ့ပတ်သက်လို့ အလေးထားလုပ်ဆောင်ဖို့ ဇူလိုင်လ ၁၄ရက်နေ့က အချက် ၆ချက်တောင်းဆိုလိုက်ပါတယ် ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကပြောပြပေးမှာပါ။

ထိုင်းနိုင်ငံ ကိုဗစ်ကပ်ဘေးတတိယလှိုင်းကူးစက်မူ့မှာ နေစဉ်ထောင်ချီကူးဆက်နေတာပါ။ ဒီထဲမှာ ရွေပြောင်းအလုပ်သမားတွေလည်း အခုသောင်းနဲ့ချီကူးစက်ခံနေပါတယ်။

ဒီအတွက် ထိုင်းနိုင်ငံ ဘန်ကာက်မြို့နဲ့ ကူးဆက်မှုမြင့်တက်နေတဲ့ ပြည်နယ်တွေက အလုပ်သမားစခန်းပေါင်း ၁၃၀၀ ကိုအလုပ်တွေကနေရပ်နားပြီး ကန်သတ်ပိတ်ဆို့မူတွေလုပ်ထားတာပါ။

ကန့်သတ်ပိတ်ဆို့ထားချိန်မှာထိုင်းအစိုးရထုတ်ပြန်ထားသလို အလုပ်သမားတွေနစ်နာကြေးအဖြစ် လုပ်အားခ လစာတဝက်နဲ့အစားအသောက်တွေ စီစဉ်ပို့ဆောင်ပေးမယ့်အစီစဉ်တွေကလည်းအားနည်းနေတာမို့ လူအခွင့်ရေးအဖွဲ့တွေကစောင့်ကြည့်ဝေဖန်မူတွေရှိလာပါတယ်။

လက်ရှိအခြေအနေမှာ ကန့်သတ်ပိတ်ဆို့ထားတဲ့ အလုပ်သမားစခန်းတွေမှာ အစားအသောက်မလုံလောက်ဖြစ်နေပြီး နစ်နာကြေးတွေ ခုချိန်ထိ မရကြသေးတာတွေရှိနေတဲ့အတွက် အလုပ်သမားတွေအနေနဲ့ စိတ်ပျက်အားလျော့နေကြတယ်လို့ လူအခွင့်ရေးစောင်ကြည့်လေ့လာနေတဲ့ အာရှဒေသဆိုင်ရာ Human Rights Watchအဖွဲ့ရဲ့ထိုင်းနိုင်ငံဆိုင်ရာ တာဝန်ရှိသူ Sunai Phasuk နိုင်စူနိုင်ပရာစပ်က ထုတ်ဖေါ်ပြောဆိုသွားပါတယ်။

ဒီအတွက် အလုပ်သမားရေးနဲ့ပတ်သက်တဲ့ကပ်ရောဂါဆိုင်ရာမူဝါဒတွေကိုပြန်လည်သုံးသပ်ဖိ့ုကိုလည်း လူအခွင့်ရေးအဖွဲ့တွေကပြောဆိုနေကြတာပါ။

ထိုင်းနိုင်ငံက အစိုးရမဟုတ်တဲ့အဖွဲ့တွေစုစည်းထားတဲ့ Migrant Working Group (MWG)ကလည်းအစိုးရကိုအချက်၆ချက်ထုတ်ပြီး တောင်းဆိုမူ့လုပ်ထားတယ်လို့ MWG က ကော်မတီဝင်တဦးဖြစ်တဲ့ ဦးမင်းဦးကအခုလိုပြောပြပါတယ်။

"ဆယ်ပြည်နယ်ထဲမှာရှိတဲ့ ရွေပြောင်းအလုပ်သမားတွေနဲ့ပတ်သက်လို့Safe ဖြစ်အောင်ထားဖို့ ပစ်ပယ်မထားဖို့ အဲဒီနယ်မြေတွေမှာရှိတဲ့ရွေပြောင်းအလုပ်သမားနဲပတ်သက်တဲ့ကူညီလုပ်ဆောင်နေတဲ့ အဖွဲ့တွေ လူထုခေါင်းဆောင်တွေက ရွေပြောင်းအလုပ်သမားတွေကိုကူညီပြီး အစိုးရဌာနတွေနဲ့ဆက်သွယ်ဆောင်ရွက်တာကို ခွင့်ပြုပေးဖို့ တရားဝင်အလုပ်သမားမဟုတ်ပေမယ့်လည်းတရားမဝင်တဲ့အလုပ်သမားအုပ်စုတွေထဲမှာလည်း ရောဂါကူးစက်နိုင်တာရှိသလို ရောဂါကူးစက်ရင်လည်း ပတ်ဝန်းကျင်မှာကူးစက်ရင် ပတ်ဝန်းကျင်တခုလုံးဆိုးကျိုးဖြစ်စေနိုင်တာမို့ အဲဒီ တရားဝင်မဝင်ဝင်ကာကွယ်ဆေးထိုးနိုင်ဖို့ရရှိဖို့ ကိုဗစ်ဖြစ်တယ်ဆိုရင်လည်း ရောဂါဆိုးနေရင်လည်းသူတိုကိုမြန်မြန်ဆန်ဆန်နဲ့ ကျန်းမာရေးအရရောဂါကုသခွင့်ပို့ဆောင်ခွင့်ရအောင်လုပ်ဆောင်ပေးဖို့ ကိုဗစ်ဖြစ်နေတယ်ဆိုရင်လည်း လူသားချင်းစာနာမူအထောက်အပံ့တွေကိုပြည့်ပြည့်၀၀ပေးသင့်တယ်ဆိုတဲ့အကြောင်းအဲဒီလိုမလုပ်ဘူးဆိုရင် အသိုင်းအဝိုင်းကလုံခြုံမူမရှိပဲ တယောက်က နေအကုန်လုံးကူစက်မယ်ပေါ့နော်"

မြန်မာ-ကမ္ဘောဒီယား အလုပ်သမားတွေ အများဆုံးပါဝင်တဲ့ အလုပ်သမား ၈၀၀၀၀ ကျော်ဟာ ဇွန်လ ၂၇ ရက်က အလုပ်ကနေယာယီရပ်ဆိုင်းခံရပြီး သူတို့ ရဲ့စခန်းတွေမှာလုံခြုံရေးတွေချထားသလို့ ဝင်ထွက်သွားလာခွင့်တွေ ကို ဇွန်လ ၂၈ ရက်နေ့စပြီး ကန့်သတ် ပိတ်ပင်ခံထားရတာဖြစ်ပါတယ်။

ပိတ်ဆို့ကန့်သတ်ထားချိန်မှာပဲ ဒီစခန်းတွေအတွင်းမှာကူးစက်မူတွေ ထပ်ဖြစ်နေပြီး ကူးစက်မြန် ဗီဇပြောင်း Alpha နဲ့ Delta ပိုးတွေကူးနေကြတာရှိကြောင်း ထိုင်းကျန်းမာရေးအဖွဲ့ကလည်းထုတ်ပြန်ထားပါတယ် ။ အခုဆိုရင် ထိုင်းနိုင်ငံမှာကိုဗစ်အတည်ပြုလူနာ၃၇၂၀၀၀ ကျော်ရှိပြီး ဇူလိုင်လ ၁၅ရက်နေ့မှာကူစက်တဲ့လူနာအသစ် ၉၀၀၀ကျော်ရှိနေပါတယ် သေဆုံးသူကတော့ ၃၀၀၀ကျော်ပြီလို့ ထိုင်းကျန်းမာရေးဌာနက အတည်ပြုထုတ်ပြန်ထားပါတယ်ရှင်
...............................................

တိုက်ရိုက် လင့်ခ်

{{Unicode}}











XS
SM
MD
LG