သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာလုပ္သားမ်ားတဲ့ ထိုင္းေဆာက္လုပ္ေရးလုပ္ငန္းခြင္မ်ား ကိုဗစ္မ်ိဳးကဲြကူးစက္မႈရွိေန


ဘန္ေကာက္ၿမိဳ ့က ျမန္မာ ေဆာက္လုပ္ေရး လုပ္သားမ်ား ( ဓာတ္ပံု - AP)

(Zawgyi/Unicode)

ထိုင္းနိုင္ငံ ဘန္ေကာက္ျမိဳမွာ ကုိဗစ္ကပ္ေရာဂါ ထိန္းခ်ဳပ္တဲ့အေနနဲ႔ ကန္႔သတ္ပိတ္ဆို႔မူေတြလုပ္ထားတဲ့ ေဆာက္လုပ္ေရး ဆိုဒ္ေတြထဲက အလုပ္သမား ၁၇၀၀ ေက်ာ္ကို ကိုဗစ္စစ္ေဆးရာမွာ ၁၃၀၀ ေက်ာ္ ကိုဗစ္ကပ္ ကူးစက္ေနၾကပါတယ္။ အတည္ျပဳလူနာ အလုပ္သမား(၇) ဦးကေတာ့ ကူးစက္ျမန္ ဗီဇေျပာင္း Alpha နဲ႔ Delta ပိုးေတြကူးေနၾကတာ စစ္ေဆးေတြ ့ရတယ္လို႔ ထုိင္းက်န္းမာေရးဌာနကေျပာပါတယ္။ ျမန္မာအလုပ္သမားအမ်ားစု အလုပ္လုပ္ေနၾကတဲ့ ေဆာက္လုပ္ေရးဆိုဒ္ေတြက အေျခအေန သတင္းကို ဗြီအိုေအသတင္းေထာက္မေအးေအးမာကေျပာျပေပးမွာပါ။

ထိုင္းႏို္င္ငံဘန္ေကာက္ျမဳိ႕မွာ ကုိဗစ္ကပ္ေရာဂါ ထိန္းခ်ဳပ္တဲ့အေနနဲ႔ အျပင္မထြက္ရ Lockdown ကန္႔သတ္အမိန္ ့ထုတ္ျပန္ထားတဲ့ ေဆာက္ လုပ္ေရး ဆုိဒ္ေတြက အလုပ္သမား ၁၇၃၇ ဦးကို ေဆးစစ္ရာမွာ ၁၃၂၇ ဦးက ကိုဗစ္ကူးစက္ေနတာ ေတ႔ြ႐ွိခဲ့ပါတယ္။ အတည္ျပဳလူနာေတြထဲက အလုပ္သမား ၇ ဦးကေတာ့ Alpha နဲ႔ Delta လို႔ ေခၚတဲ့ ကူးစက္ျမန္ ဗီဇေျပာင္း ကိုဗစ္မ်ဳိးကဲြေတြ ကူးဆက္ေနတာေတြ ့ရေၾကာင္း တနလၤာေန့က ထိုင္းက်န္းမာေရးအဖြဲ ့က ထုတ္ျပန္ခဲ့ပါတယ္။ ေဆာက္လုပ္ေရးအလုပ္ဆုိဒ္ေတြမွာ အလုပ္သမားအမ်ားစုက ျမန္မာႏို္င္ငံသားေတြျဖစ္ႀကပါတယ္ ကူးစက္သူေတြထဲမွာလည္း ျမန္မာႏိုင္ငံသားေတြပါဝင္ပါတယ္။ အလုပ္သမားအေရးလုပ္ရွားတဲ့ပညာေရးနဲ့ဖြံျဖိဳးေရးေဖာင္ေဒးရွင္းကဦးမင္းဦးေတာ့ အခုလိုေျပာျပပါတယ္။

" သူတို့စစ္တာ ၁၇၀၀ေက်ာ္စစ္တယ္။ ၁၃၀၀ေက်ာ္ျဖစ္တယ္။ ျဖစ္တာက ေရာဂါ ၂ မ်ိဳးေရာေနတယ္ ။ ေရာေနတဲ့အထဲမွာမွာရာခိုင္ႏႈန္း မ်ားတာက Delta ကမ်ားေနတယ္။ ေျပာရမယ္ဆုိရင္အဲဒီအုပ္စုကိုေတာ့စိုးရိမ္ရတယ္။ Delta ကကူးစက္ႏွံဳးေကာ ေသဆံုးႏွံုးေကာမ်ားေနတာဟာမ်ိဳးေလ။ခုႏွစ္ ေယာက္ထဲ စိုးရိမ္ရတာမဟုတ္ဘူး သူတို့နဲ့ ထိေတြ ့ဆက္စပ္တာဘယ္ႏွစ္ေယာက္ရွိလဲ၊ သူတို့နဲ့ဆက္စပ္ ထိေတြ ့ထားတဲ့သူေတြအားလံုးကိုစိုးရိမ္ရျပီ ။ camp ထဲမွာေနရတာက အတူတူေနႀကတာတေယာက္ ျဖစ္သြားတာနဲ့ျပီးသြားတာမဟုတ္ဘူး သူတို့နဲ့ဆက္စပ္သူေတြပါ လိုက္စစ္ရမွာ"

ၿပီးခဲ့တဲ့ရက္ေတာ့ ျမန္မာႏို္င္ငံကေန ထုိင္းႏို္င္ငံဖူးခက္ကို အလည္လာတဲ့ ခရီးသြားေတြထဲက ကေလး ၂ ဦးန႔ ဲလူႀကီးတဦးမွာ အလားတူ ကူးစက္ျမန္ ကိုဗစ္ဗီဇမ်ိဳးကဲြေတြ စစ္ေဆးေတ႔ြခဲ့ပါတယ္။

"အားလံုးေပါင္း ဖူးခက္မွာ ၆ေယာက္ျဖစ္သြားျပီ။ ျမန္မာက ၃ေယာက္ေပါ့။ ကေလး ၂ေယာက္နဲ့လူႀကီးတေယာက္ ေနာက္သံုးေယာက္ကေတာ့ အေရွ့အလယ္ပုိင္းကတေယာက္ ဆြီဒင္ အာဖရိက တေယာက္ အဲဒီ ကူးစက္ျမန္တဲ့ဟာကိုေတြ ့ရတာ"

ထိုင္းႏုိင္္ငံမွာ ကုိဗစ္အတည္ျပဳလူနာ ၃ သိန္း ၅ ေသာင္းေက်ာ္ရွိၿပီး ဇူလုိင္လ ၁၃ ရက္ေန႔မွာေတာ့ အတည္ျပဳလူနာအသစ္ ၈ ေထာင္ ၆ ရာေက်ာ္ ရိွေနပါတယ္။ အခုလိုမ်ိဳး ကူးစက္ျမန္ ဗီဇေျပာင္း ကိုဗစ္ကူးစက္မူေတြပါျဖစ္လာတာေႀကာင့္ စိုးရိမ္စရာျဖစ္လာသလို က်န္းမာေရး၀န္ႀကီးဌာနက ထုတ္ျပန္ခ်က္အရ ေသဆံုးသူကလည္း စုစုေပါင္း ၂၈၄၇ ထိ ရွိလာျပီျဖစ္ပါတယ္။

.............................................................................................

တိုက္႐ိုက္ လင့္ခ္


မြန်မာလုပ်သားများတဲ့ ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်များ ကိုဗစ်မျိုးကွဲကူးစက်မှုရှိနေ

ထိုင်းနိုင်ငံ ဘန်ကောက်မြိုမှာ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်တဲ့အနေနဲ့ ကန့်သတ်ပိတ်ဆို့မူတွေလုပ်ထားတဲ့ ဆောက်လုပ်ရေး Site တွေထဲက အလုပ်သမား ၁၇၀၀ ကျော်ကို ကိုဗစ်စစ်ဆေးရာမှာ ၁၃၀၀ ကျော် ကိုဗစ်ကပ် ကူးစက်နေကြပါတယ်။ အတည်ပြုလူနာ အလုပ်သမား(၇) ဦးကတော့ ကူးစက်မြန် ဗီဇပြောင်း Alpha နဲ့ Delta ပိုးတွေကူးနေကြတာ စစ်ဆေးတွေ့ရတယ်လို့ ထိုင်းကျန်းမာရေးဌာနကပြောပါတယ်။ မြန်မာအလုပ်သမားအများစု အလုပ်လုပ်နေကြတဲ့ ဆောက်လုပ်ရေးဆိုဒ်တွေက အခြေအနေ သတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာကပြောပြပေးမှာပါ။

ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်တဲ့အနေနဲ့ အပြင်မထွက်ရ Lockdown ကန့်သတ်အမိန့်ထုတ်ပြန်ထားတဲ့ ဆောက် လုပ်ရေး ဆိုဒ်တွေက အလုပ်သမား ၁၇၃၇ ဦးကို ဆေးစစ်ရာမှာ ၁၃၂၇ ဦးက ကိုဗစ်ကူးစက်နေတာ တေ့ွရှိခဲ့ပါတယ်။ အတည်ပြုလူနာတွေထဲက အလုပ်သမား ၇ ဦးကတော့ Alpha နဲ့ Delta လို့ ခေါ်တဲ့ ကူးစက်မြန် ဗီဇပြောင်း ကိုဗစ်မျိုးကွဲတွေ ကူးဆက်နေတာတွေ့ရကြောင်း တနင်္လာနေ့က ထိုင်းကျန်းမာရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ ဆောက်လုပ်ရေးအလုပ်ဆိုဒ်တွေမှာ အလုပ်သမားအများစုက မြန်မာနိုင်ငံသားတွေဖြစ်ကြပါတယ် ကူးစက်သူတွေထဲမှာလည်း မြန်မာနိုင်ငံသားတွေပါဝင်ပါတယ်။ အလုပ်သမားအရေးလုပ်ရှားတဲ့ပညာရေးနဲ့ဖွံဖြိုးရေးဖောင်ဒေးရှင်းကဦးမင်းဦးတော့ အခုလိုပြောပြပါတယ်။

" သူတို့စစ်တာ ၁၇၀၀ကျော်စစ်တယ်။ ၁၃၀၀ကျော်ဖြစ်တယ်။ ဖြစ်တာက ရောဂါ ၂ မျိုးရောနေတယ် ။ ရောနေတဲ့အထဲမှာမှာရာခိုင်နှုန်း များတာက Delta ကများနေတယ်။ ပြောရမယ်ဆိုရင်အဲဒီအုပ်စုကိုတော့စိုးရိမ်ရတယ်။ Delta ကကူးစက်နှုံးကော သေဆုံးနှုံးကောများနေတာဟာမျိုးလေ။ခုနှစ် ယောက်ထဲ စိုးရိမ်ရတာမဟုတ်ဘူး သူတို့နဲ့ ထိတွေ့ဆက်စပ်တာဘယ်နှစ်ယောက်ရှိလဲ၊ သူတို့နဲ့ဆက်စပ် ထိတွေ့ထားတဲ့သူတွေအားလုံးကိုစိုးရိမ်ရပြီ ။ camp ထဲမှာနေရတာက အတူတူနေကြတာတယောက် ဖြစ်သွားတာနဲ့ပြီးသွားတာမဟုတ်ဘူး သူတို့နဲ့ဆက်စပ်သူတွေပါ လိုက်စစ်ရမှာ"

ပြီးခဲ့တဲ့ရက်တော့ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဖူးခက်ကို အလည်လာတဲ့ ခရီးသွားတွေထဲက ကလေး ၂ ဦးန့ ဲလူကြီးတဦးမှာ အလားတူ ကူးစက်မြန် ကိုဗစ်ဗီဇမျိုးကွဲတွေ စစ်ဆေးတေ့ွခဲ့ပါတယ်။

"အားလုံးပေါင်း ဖူးခက်မှာ ၆ယောက်ဖြစ်သွားပြီ။ မြန်မာက ၃ယောက်ပေါ့။ ကလေး ၂ယောက်နဲ့လူကြီးတယောက် နောက်သုံးယောက်ကတော့ အရှေ့အလယ်ပိုင်းကတယောက် ဆွီဒင် အာဖရိက တယောက် အဲဒီ ကူးစက်မြန်တဲ့ဟာကိုတွေ့ရတာ"

ထိုင်းနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ ၃ သိန်း ၅ သောင်းကျော်ရှိပြီး ဇူလိုင်လ ၁၃ ရက်နေ့မှာတော့ အတည်ပြုလူနာအသစ် ၈ ထောင် ၆ ရာကျော် ရှိနေပါတယ်။ အခုလိုမျိုး ကူးစက်မြန် ဗီဇပြောင်း ကိုဗစ်ကူးစက်မူတွေပါဖြစ်လာတာကြောင့် စိုးရိမ်စရာဖြစ်လာသလို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ သေဆုံးသူကလည်း စုစုပေါင်း ၂၈၄၇ ထိ ရှိလာပြီဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG