သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္စည္းကမ္းေဖာက္လို႔ ထိုင္း ဆာမြတ္ဆာခြန္း ကားတာယာစက္႐ုံပိတ္ခံရ


ဆာမြန္ဆာခြန္းျပည္နယ္ထဲက ျမန္မာအလုပ္သမားမ်ားကိုဗစ္စစ္ေဆးဖို႔ ေစာင့္ေနၾကပုံ ( CJ)

Zawgyi/Unicode

ထုိင္းႏို္င္ငံရဲ႕ကိုဗစ္တတိယလိွဳင္းမွာ ကူးစက္မႈျမင့္မားေနတဲ့ ဆာမြတ္ဆာခြန္း ျပည္နယ္အတြင္းက ဘန္ပလာၿမိဳ့နယ္မွာ သက္ဆိုုင္ရာ အာဏာပိုုင္ေတြခ်မွတ္ထားတဲ့ ကိုုဗစ္ကပ္ေရာဂါထိမ္းခ်ဳပ္ေရး စည္းကမ္းေတြကိုု မလိုုက္နာတဲ့ အႀကီးစား ကားတာယာစက္ရံုုကို ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးအမိန္႔နဲ႔ စေနေန႔က ပိတ္ပစ္လိုက္ပါတယ္။ ထိုင္းႏိုင္ငံရဲ ့ကိုဗစ္တတိယလိွဳင္းမွာေတာ့ ကူးစက္သူ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ၃၀,၀၀၀ ေက်ာ္ကူးစက္ခံေနရပါတယ္။ ဒီအေၾကာင္း ထုိင္းအေျခစိုက္ ဗီြအိုေအသတင္းေထာက္ မေအးေအးမာက တင္ျပေပးထားပါတယ္။

ထုိင္းႏို္င္ငံ ကိုဗစ္တတိယလိွဳင္းမွာ ကူးစက္မႈႏႈန္းျမင့္မားေနတာေၾကာင့္ ကန့္သတ္ပိတ္ဆုိ႔မႈေတြ လုပ္ထားတဲ့ျပည္နယ္ထဲမွာ ဆာမြတ္ဆာခြန္း ျပည္နယ္လည္းပါဝင္ပါတယ္။ ဒီျပည္နယ္ထဲမွာ ေန႔စဥ္ေထာင္ခ်ီျပီးကူးစက္ေနခ်ိန္မွာ ကပ္ေရာဂါထိန္းခ်ဳပ္ေရးစည္းကမ္းေတြကိုမလုိက္နာတဲ့စက္ရံုတခုကို ပိတ္လိုက္ေၾကာင္း ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး ႏုိင္ဝီရဆပ္ ဝိက်စ္စန္စီက ထုိင္းဘာသာနဲ့အခုလိုေျပာသြားပါတယ္။

“စက္ရံုုတာဝန္ရွိသူေတြဟာ စက္ရံုုတြြင္း ကိုုဗစ္ေရာဂါပိုုးကူးစက္တဲ့အလုုပ္သမားေတြကိုု ကိုုင္တြယ္ရာမွာ ခ်မွတ္ထားတဲ့ နယ္ေျမစည္းကမ္းေတြကိုု လိုုက္နာမွုုမရွိဘဲ အလုုပ္ရံုုကေန ပတ္ဝန္းက်င္ ရပ္ကြက္ေတြကိုုပါ ကုူးစက္လာနိုုင္တာေၾကာင့္ အခုုလိုု ပိတ္ဖို႔ အမိန္႔ေပးခဲ့တာ..” ဆိုျပီး ေျပာသြားပါတာယ္။

ဒီရက္ပုိ္င္းမွာပဲ ဆာမြတ္ဆာခြန္းျပည္နယ္ထဲမွာ ကိုဗစ္စစ္ေဆးျပီးသေလာက္ အေျဖထြက္ရာမွာ ကူးစက္ အတည္ျပဳလူနာ ေထာင္ဂဏန္းေလာက္ ရွိေနျပီး ကိုဗစ္ကူးစက္သူအမ်ားစုက ျမန္မာႏို္င္ငံသား ေရႊ႕ေျပာင္းအလုပ္သမားေတြျဖစ္ၾကပါတယ္။ ကိုဗစ္တတိယလိွဳင္းမွာ ေန႔စဥ္ ေသာင္းခ်ီျပီးကူးစက္ေနတဲ့ ထုိင္းႏိုင္ငံမွာ စေန့ေနမွာေတာ့ စံခ်ိန္တင္ကူးစက္မႈႏႈန္း အျမင့္ဆံုးျဖစ္ခဲ့ပါတယ္။ ေသာၾကာေန႔ကေတာ့ ဆာမြန္ဆာခြန္းျပည္နယ္ထဲမွာ ျမန္မာေတြအပါအဝင္ ေထာင္ခ်ီကူးစက္ခံရသလို ကိုဗစ္တတိယလွုိင္းမွာစုစုေပါင္း ျမန္မာလုပ္သား ၃၀,၀၀၀ ေက်ာ္ကူးစက္ခဲ့တယ္လုိ့ ထိုင္းက်န္းမာေရးဌာနက အခ်က္အလက္ေတြကို ကိုးကားျပိီး ထုိင္းေတာင္ပိုင္းအေျခစုိက္ ပညာေရးနဲ့ဖြံျဖိဳးေရးေဖာင္ေဒးရွင္းက အလုပ္သမားေရးတာဝန္ခံဦးမင္ဦးက ေျပာပါတယ္။

“မေန့ကလည္း တေထာင္ေက်ာ္ပဲ။ ထုိင္းေကာ ျမန္မာေကာပဲ။ ျမန္မာဆိုရင္ ေရႊ႕ေျပာင္းအလုပ္သမားေတြခ်ည္းပဲ။ အရင္ရက္ကလည္း တေထာင္ေက်ာ္ပဲ။အရင္ရက္ ဆာမြတ္ဆာခြန္းထဲကပဲ အားလံုးတေထာင္ေက်ာ္ေတြ႔တာ။ ေရႊ႕ေျပာင္းအလုပ္သမားက ျမန္မာက အမ်ားဆံုးပဲ။ အားလံုးေပါင္းဆုိရင္ေတာ့ ေရာဂါျဖစ္တာ ၅၀,၀၀၀ ေက်ာ္တယ္။ ျမန္မာႏိုင္ငံသားေတြခ်ည္းပဲ ေရာဂါျဖစ္တာ အားလံုးေပါင္းေပါ့။ တတိယလိွဳင္းမွာေတာ့ ပိုမ်ားတယ္ေျပာရမယ္။ တတိယလိွဳင္းမွာေတာ့ ၃၀,၀၀၀ ေက်ာ္ျပီ။ မ်ားတဲ့ေနရာေတြက ဆာမြတ္ဆာခြန္း။ စာမြတ္ပရာကန္။ ခ်ြန္ဘူရီ။ ပထံုဌာနီ။ အဲဒီမွာစက္ရံု အလုပ္ရံုမွာ မ်ားတာ။ေတာင္ပုိင္းမွာေတာ့ ပတ္ထနီတို့၊ ဆံုခလာတို့ေပါ့။ ကမ္ခ်နာဘူရီဆိုရင္လည္းအမ်ားႀကီးပဲ။ လူဦးေရ ၃,၀၀၀ ေက်ာ္တယ္။ အဲဒီမွာေတာ့ျမန္မာမ်ားတယ္။”

ထိုင္းႏို္င္ငံမွာ ၁၃ ျပည္နယ္ကို အနီရင့္ေရာင္နယ္ေျမသတ္မွတ္ျပီး ပိတ္ဆို့ကန့္သတ္မႈေတြ လုပ္ထားပါတယ္။ ဒီထဲက ၉ ျပည္နယ္ကိုေတာ့ ပိတ္ဆုိ့ကန့္သတ္မႈေတြအျပင္ အထူးၾကပ္မတ္တဲ့ ျပည္နယ္ေတြအျဖစ္ ေသာၾကာေန့က သတ္မွတ္ခဲ့တယ္။ ဒီထဲမွာ ဆာမြတ္ဆာခြန္းျပည္နယ္လည္း ပါဝင္တာပါ။

ထိုင္းႏို္င္ငံမွာ ေန့စဥ္ကူးစက္မႈ ေသာင္းဂဏန္း ျဖစ္လာေနျပီး တႏိုင္ငံလံုးအႏွံ ့ကူးစက္သူ ၆ သိန္းနီးပါးအထိျမင့္တက္လာေနသလို ဇူလိုင္လ ၃၁ ရက္ေန့ တေန့တည္းကူးစက္သူက ၁၉,၀၀၀ နီးပါးထိ စံခ်ိန္တင္ျမင့္တက္ခဲ့ပါတယ္။ ေသဆံုးသူကေတာ့ ၄,၈၅၇ ထိ ရွိလာေၾကာင္း ထုိင္းက်န္းမာေရးဌာနက တရားဝင္ ထုတ္ျပန္ထားပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

======

Unicode

ကိုဗစ်စည်းကမ်းဖောက်လို့ ထိုင်း ဆာမွတ်ဆာခွန်း ကားတာယာစက်ရုံပိတ်ခံရ

ထိုင်းနိုင်ငံရဲ့ကိုဗစ်တတိယလှိုင်းမှာ ကူးစက်မှုမြင့်မားနေတဲ့ ဆာမွတ်ဆာခွန်း ပြည်နယ်အတွင်းက ဘန်ပလာမြို့နယ်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေချမှတ်ထားတဲ့ ကိုဗစ်ကပ်ရောဂါထိမ်းချုပ်ရေး စည်းကမ်းတွေကို မလိုက်နာတဲ့ အကြီးစား ကားတာယာစက်ရုံကို ပြည်နယ်အုပ်ချုပ်ရေးမှူးအမိန့်နဲ့ စနေ့နေ့က ပိတ်ပစ်လိုက်ပါတယ်။ ထိုင်းနိုင်ငံရဲ့ကိုဗစ်တတိယလှိုင်းမှာတော့ ကူးစက်သူ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၀,၀၀၀ ကျော်ကူးစက်ခံနေရပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံ ကိုဗစ်တတိယလှိုင်းမှာ ကူးစက်မှုနှုန်းမြင့်မားနေတာကြောင့် ကန့်သတ်ပိတ်ဆို့မှုတွေ လုပ်ထားတဲ့ပြည်နယ်ထဲမှာ ဆာမွတ်ဆာခွန်း ပြည်နယ်လည်းပါဝင်ပါတယ်။ ဒီပြည်နယ်ထဲမှာ နေ့စဉ်ထောင်ချီပြီးကူးစက်နေချိန်မှာ ကပ်ရောဂါထိန်းချုပ်ရေးစည်းကမ်းတွေကိုမလိုက်နာတဲ့စက်ရုံတခုကို ပိတ်လိုက်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး နိုင်ဝီရဆပ် ဝိကျစ်စန်စီက ထိုင်းဘာသာနဲ့အခုလိုပြောသွားပါတယ်။

“စက်ရုံတာဝန်ရှိသူတွေဟာ စက်ရုံတွင်း ကိုဗစ်ရောဂါပိုးကူးစက်တဲ့အလုပ်သမားတွေကို ကိုင်တွယ်ရာမှာ ချမှတ်ထားတဲ့ နယ်မြေစည်းကမ်းတွေကို လိုက်နာမှုမရှိဘဲ အလုပ်ရုံကနေ ပတ်ဝန်းကျင် ရပ်ကွက်တွေကိုပါ ကုူးစက်လာနိုင်တာကြောင့် အခုလို ပိတ်ဖို့ အမိန့်ပေးခဲ့တာ..” ဆိုပြီး ပြောသွားပါတာယ်။

ဒီရက်ပိုင်းမှာပဲ ဆာမွတ်ဆာခွန်းပြည်နယ်ထဲမှာ ကိုဗစ်စစ်ဆေးပြီးသလောက် အဖြေထွက်ရာမှာ ကူးစက် အတည်ပြုလူနာ ထောင်ဂဏန်းလောက် ရှိနေပြီး ကိုဗစ်ကူးစက်သူအများစုက မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ကြပါတယ်။ ကိုဗစ်တတိယလှိုင်းမှာ နေ့စဉ် သောင်းချီပြီးကူးစက်နေတဲ့ ထိုင်းနိုင်ငံမှာ စနေ့နေမှာတော့ စံချိန်တင်ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ သောကြာနေ့ကတော့ ဆာမွန်ဆာခွန်းပြည်နယ်ထဲမှာ မြန်မာတွေအပါအဝင် ထောင်ချီကူးစက်ခံရသလို ကိုဗစ်တတိယလှိုင်းမှာစုစုပေါင်း မြန်မာလုပ်သား ၃၀,၀၀၀ ကျော်ကူးစက်ခဲ့တယ်လို့ ထိုင်းကျန်းမာရေးဌာနက အချက်အလက်တွေကို ကိုးကားပြီး ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ဖွံဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားရေးတာဝန်ခံဦးမင်ဦးက ပြောပါတယ်။

“မနေ့ကလည်း တထောင်ကျော်ပဲ။ ထိုင်းကော မြန်မာကောပဲ။ မြန်မာဆိုရင် ရွှေ့ပြောင်းအလုပ်သမားတွေချည်းပဲ။ အရင်ရက်ကလည်း တထောင်ကျော်ပဲ။အရင်ရက် ဆာမွတ်ဆာခွန်းထဲကပဲ အားလုံးတထောင်ကျော်တွေ့တာ။ ရွှေ့ပြောင်းအလုပ်သမားက မြန်မာက အများဆုံးပဲ။ အားလုံးပေါင်းဆိုရင်တော့ ရောဂါဖြစ်တာ ၅၀,၀၀၀ ကျော်တယ်။ မြန်မာနိုင်ငံသားတွေချည်းပဲ ရောဂါဖြစ်တာ အားလုံးပေါင်းပေါ့။ တတိယလှိုင်းမှာတော့ ပိုများတယ်ပြောရမယ်။ တတိယလှိုင်းမှာတော့ ၃၀,၀၀၀ ကျော်ပြီ။ များတဲ့နေရာတွေက ဆာမွတ်ဆာခွန်း။ စာမွတ်ပရာကန်။ ချွန်ဘူရီ။ ပထုံဌာနီ။ အဲဒီမှာစက်ရုံ အလုပ်ရုံမှာ များတာ။တောင်ပိုင်းမှာတော့ ပတ်ထနီတို့၊ ဆုံခလာတို့ပေါ့။ ကမ်ချနာဘူရီဆိုရင်လည်းအများကြီးပဲ။ လူဦးရေ ၃,၀၀၀ ကျော်တယ်။ အဲဒီမှာတော့မြန်မာများတယ်။”

ထိုင်းနိုင်ငံမှာ ၁၃ ပြည်နယ်ကို အနီရင့်ရောင်နယ်မြေသတ်မှတ်ပြီး ပိတ်ဆို့ကန့်သတ်မှုတွေ လုပ်ထားပါတယ်။ ဒီထဲက ၉ ပြည်နယ်ကိုတော့ ပိတ်ဆို့ကန့်သတ်မှုတွေအပြင် အထူးကြပ်မတ်တဲ့ ပြည်နယ်တွေအဖြစ် သောကြာနေ့က သတ်မှတ်ခဲ့တယ်။ ဒီထဲမှာ ဆာမွတ်ဆာခွန်းပြည်နယ်လည်း ပါဝင်တာပါ။

ထိုင်းနိုင်ငံမှာ နေ့စဉ်ကူးစက်မှု သောင်းဂဏန်း ဖြစ်လာနေပြီး တနိုင်ငံလုံးအနှံ့ကူးစက်သူ ၆ သိန်းနီးပါးအထိမြင့်တက်လာနေသလို ဇူလိုင်လ ၃၁ ရက်နေ့ တနေ့တည်းကူးစက်သူက ၁၉,၀၀၀ နီးပါးထိ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ သေဆုံးသူကတော့ ၄,၈၅၇ ထိ ရှိလာကြောင်း ထိုင်းကျန်းမာရေးဌာနက တရားဝင် ထုတ်ပြန်ထားပါတယ်ရှင်။

#MyanmarMigrants #MyanmarThailand #ThailandCovid #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG