သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကူးစက္ေနတဲ႔စက္ရံု ပိတ္ေပးဖို႔ ထိုင္း ျမန္မာ အလုပ္သမားေတြ ဆႏၵျပ ေတာင္းဆို


ကိုဗစ္ကူးစက္ေနတဲ႔စက္ရံု ပိတ္ေပးဖို႔ ထိုင္း ျမန္မာ အလုပ္သမားေတြ ဆႏၵျပ ေတာင္းဆို

{{Zawgyi/Unicode}}

ထိုင္းနိုင္ငံ ခ်ြန္ဘူရီျပည္နယ္ Ban Bueng ဘန္ဘံု ျမိဳ ့နယ္အတြင္းက ကိုရီယားနိုင္ငံသားပိုင္ HANSOLTECHNICS (THAILAND) COMPANY LIMITED. )လ်ပ္စစ္ပစၥည္းစက္ရံုမွာ ကိုဗစ္ကူးစက္သူလူနာ ၃၀၀ေလာက္ရိွေပမယ္ စက္ရံုပုိင္ရွင္က အလုပ္မပိတ္တာေႀကာင့္ ရာဂဏန္းရွိတဲ့ထိုင္းနဲ့ ျမန္မာလုပ္သားေတြ ပူးေပါင္းျပီး ဆႏၵျပခဲ့ၾကလို ့ စက္ရံုကို ၇ ရက္ပိတ္ျပီး လိုက္နာမူမရွိရင္ ကုိဗစ္ဥပေဒအရ အေရးယူမႈေတြဆက္လုပ္မယ္လို့ဆိုပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာ ကေျပာျပေပးမွာပါ။

ထိုင္နိုင္ငံ ခ်ြန္ဘူရီျပည္နယ္ Ban Bueng ဘန္ဘံုျမိဳ ့နယ္အတြင္းက ကိုရီယားနိုင္ငံသားပိုင္ လ်ပ္စစ္ပစၥည္းထုတ္လုပ္တဲ့စက္ရံုမွာ ထိုင္းျမန္မာ အလုပ္သမားေပါင္း ၂၀၀၀ေက်ာ္ လုပ္ကိုင္ေနတာပါ။ စက္ရံုမွာ ကိုဗစ္ကူးစက္သူ လူနာ ၃၀၀ ေက်ာ္ရွိေပမယ့္ ပိုင္ရွင္ကိုရီးယားနိုင္ငံသားက စက္ရံုကုိမပိတ္ပဲအလုပ္ကို ပံုမွန္ဆက္ဆင္း ခိုင္းထားတာေႀကာင့္ ထုိင္းနဲ့ျမန္မာအလုပ္သမားေတြဟာ ႀသဂုတ္လ ၄ရက္ေန့မွာပဲ လုပ္ငန္းခြင့္မ၀င္ပဲ ဆႏၵျပခဲ့ၾကတာပါ။

ဒီလိုဆႏၵျပမူေတြျဖစ္ေပၚေနတဲ့အတြက္ ဘန္ဘံုျမိဳ ့နယ္ အုပ္ခ်ဳပ္ေရးမွဴး Pisit Sirisawas ဖိစစ္စီရီစ၀ပ္ ကိုယ္တိုင္လာေရာက္ စစ္ေဆးေျဖရွင္းေပးခဲ့ရျပီး စက္ရံုကို (၇) ရက္ပိတ္ဖို့ညြန္ႀကားခဲ့ပါတယ္။

ဘန္ဘံုျမိဳ ့နယ္ အုပ္ခ်ဳပ္ေရးမွဴး Pisit Sirisawas ဖိစစ္စီရီစ၀ပ္ ေျပာသြားတာကေတာ့ ကိုဗစ္ ကူးစက္ခံထားရတဲ့ လူနာေတြအတြက္ သင့္ေတာ္တဲ့ေနရာစီစဥ္ေပးဖို့ ကိုဗစ္အတည္ျပဳလူနာနဲ အနီးကပ္ဆံုးေနထိုင္ေနရသူေတြကို ေဆးစစ္မႈေတြျပဳလုပ္ေပးဖို့ေျပာဆိုခဲ့ပါတယ္ ။ဒါအျပင္စက္ရံုကိုလည္း ၇ ရက္ပိတ္လိုက္ျပီး ေစာင္ၾကည့္ရမယ္ ။ ပိတ္ထားတဲ့ကာလအတြင္း စက္ရံုကိုပိုးသတ္ေဆးေတြျဖန္းဖို့ကုိလည္း ညြွန္ႀကားခဲ့ပါတယ္ ။

ခ်ြန္ဘူရီျပည္နယ္ဟာ ထိုင္းနိုင္ငံမွာ ကိုဗစ္ကူးစက္မႈ အမ်ားဆံုး ျဖစ္ပြားေနတဲ့ ျပည္နယ္ေတြထဲက တခုျဖစ္ျပီး ႀသဂုတ္လ၄ ရက္ေန့တေန့တည္းမွာပဲ အဲဒီျပည္နယ္မွာ ကုိဗစ္ကူးစက္သူ ၁၀၀၀ေက်ာ္ရွိေနပါတယ္ ။

ထိုင္းႏိုင္ငံတြင္းက စက္ရံုအေတာ္မ်ားမ်ားမွာ ကူးစက္မႈေတြျဖစ္ေနေပမယ့္ စက္ရံုကိုပိတ္ပစ္လိုက္ရမွာမ်ိဳး ပိတ္ထားတဲ့ရက္ေတြမွာ အလုပ္သမားေတြအတြက္ ေထာက္ပံ့မူေတြေပးတာကိုစက္ရံုပုိင္ရွင္အေတာ္မ်ားမ်ားက မလုပ္လိုႀကပါဘူး ။ စက္ရံုေတြမပိတ္ပဲ ဆက္အလုပ္ေစခိုင္းေနတာေတြအျပင္ ကိုဗစ္ကူးစက္လူနာေတြကို သီးသန့္ခဲြထားတာမ်ိဳးေတြမလုပ္တာ ကူးစက္ခံရသူေတြကို ေဆးကုသဖို့ ၀န္ေဆာင္မႈေတြလည္း ထိထိေရာက္ေရာက္မလုပ္တဲ့အတြက္ စက္ရံုေတြမွာ ရာဂဏန္းထိ ကူးစက္မူေတြက ဆက္တိုက္ျဖစ္ေနရတယ္လို့ အလုပ္သမားေရးေဆာင္ရြက္ေနသူေတြကဆုိပါတယ္။

ထိုင္းႏို္င္ငံမွာ ကိုဗစ္အတည္ျပဳ လူနာ ၆၇၂၀၀၀ ေက်ာ္ရွိျပီး ႀသဂုတ္လ၄ရက္ေန့ တေန့တည္း စံခ်ိန္တင္ ကူးစက္သူ၂၀၀၀၀ ေက်ာ္ရွိပါတယ္။ ေသဆံုးသူကေတာ့ ၅၅၀၀ေက်ာ္ရွိလာပါတယ္။ အတည္ျပဳလူနာေတြထဲမွာျမန္မာေရြေျပာင္းအလုပ္သမား၅ေသာင္းေက်ာ္ကူးစက္ခံထားရပါတယ္ရွင္။

........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ် Ban Bueng ဘန်ဘုံ မြို့နယ်အတွင်းက ကိုရီယားနိုင်ငံသားပိုင် HANSOLTECHNICS (THAILAND) COMPANY LIMITED. )လျပ်စစ်ပစ္စည်းစက်ရုံမှာ ကိုဗစ်ကူးစက်သူလူနာ ၃၀၀လောက်ရှိပေမယ် စက်ရုံပိုင်ရှင်က အလုပ်မပိတ်တာကြောင့် ရာဂဏန်းရှိတဲ့ထိုင်းနဲ့ မြန်မာလုပ်သားတွေ ပူးပေါင်းပြီး ဆန္ဒပြခဲ့ကြလို့ စက်ရုံကို ၇ ရက်ပိတ်ပြီး လိုက်နာမူမရှိရင် ကိုဗစ်ဥပဒေအရ အရေးယူမှုတွေဆက်လုပ်မယ်လို့ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာ ကပြောပြပေးမှာပါ။

ထိုင်နိုင်ငံ ချွန်ဘူရီပြည်နယ် Ban Bueng ဘန်ဘုံမြို့နယ်အတွင်းက ကိုရီယားနိုင်ငံသားပိုင် လျပ်စစ်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံမှာ ထိုင်းမြန်မာ အလုပ်သမားပေါင်း ၂၀၀၀ကျော် လုပ်ကိုင်နေတာပါ။ စက်ရုံမှာ ကိုဗစ်ကူးစက်သူ လူနာ ၃၀၀ ကျော်ရှိပေမယ့် ပိုင်ရှင်ကိုရီးယားနိုင်ငံသားက စက်ရုံကိုမပိတ်ပဲအလုပ်ကို ပုံမှန်ဆက်ဆင်း ခိုင်းထားတာကြောင့် ထိုင်းနဲ့မြန်မာအလုပ်သမားတွေဟာ သြဂုတ်လ ၄ရက်နေ့မှာပဲ လုပ်ငန်းခွင့်မဝင်ပဲ ဆန္ဒပြခဲ့ကြတာပါ။

ဒီလိုဆန္ဒပြမူတွေဖြစ်ပေါ်နေတဲ့အတွက် ဘန်ဘုံမြို့နယ် အုပ်ချုပ်ရေးမှူး Pisit Sirisawas ဖိစစ်စီရီစဝပ် ကိုယ်တိုင်လာရောက် စစ်ဆေးဖြေရှင်းပေးခဲ့ရပြီး စက်ရုံကို (၇) ရက်ပိတ်ဖို့ညွန်ကြားခဲ့ပါတယ်။

ဘန်ဘုံမြို့နယ် အုပ်ချုပ်ရေးမှူး Pisit Sirisawas ဖိစစ်စီရီစဝပ် ပြောသွားတာကတော့ ကိုဗစ် ကူးစက်ခံထားရတဲ့ လူနာတွေအတွက် သင့်တော်တဲ့နေရာစီစဉ်ပေးဖို့ ကိုဗစ်အတည်ပြုလူနာနဲ အနီးကပ်ဆုံးနေထိုင်နေရသူတွေကို ဆေးစစ်မှုတွေပြုလုပ်ပေးဖို့ပြောဆိုခဲ့ပါတယ် ။ဒါအပြင်စက်ရုံကိုလည်း ၇ ရက်ပိတ်လိုက်ပြီး စောင်ကြည့်ရမယ် ။ ပိတ်ထားတဲ့ကာလအတွင်း စက်ရုံကိုပိုးသတ်ဆေးတွေဖြန်းဖို့ကိုလည်း ညွှန်ကြားခဲ့ပါတယ် ။

ချွန်ဘူရီပြည်နယ်ဟာ ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်မှု အများဆုံး ဖြစ်ပွားနေတဲ့ ပြည်နယ်တွေထဲက တခုဖြစ်ပြီး သြဂုတ်လ၄ ရက်နေ့တနေ့တည်းမှာပဲ အဲဒီပြည်နယ်မှာ ကိုဗစ်ကူးစက်သူ ၁၀၀၀ကျော်ရှိနေပါတယ် ။

ထိုင်းနိုင်ငံတွင်းက စက်ရုံအတော်များများမှာ ကူးစက်မှုတွေဖြစ်နေပေမယ့် စက်ရုံကိုပိတ်ပစ်လိုက်ရမှာမျိုး ပိတ်ထားတဲ့ရက်တွေမှာ အလုပ်သမားတွေအတွက် ထောက်ပံ့မူတွေပေးတာကိုစက်ရုံပိုင်ရှင်အတော်များများက မလုပ်လိုကြပါဘူး ။ စက်ရုံတွေမပိတ်ပဲ ဆက်အလုပ်စေခိုင်းနေတာတွေအပြင် ကိုဗစ်ကူးစက်လူနာတွေကို သီးသန့်ခွဲထားတာမျိုးတွေမလုပ်တာ ကူးစက်ခံရသူတွေကို ဆေးကုသဖို့ ဝန်ဆောင်မှုတွေလည်း ထိထိရောက်ရောက်မလုပ်တဲ့အတွက် စက်ရုံတွေမှာ ရာဂဏန်းထိ ကူးစက်မူတွေက ဆက်တိုက်ဖြစ်နေရတယ်လို့ အလုပ်သမားရေးဆောင်ရွက်နေသူတွေကဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်အတည်ပြု လူနာ ၆၇၂၀၀၀ ကျော်ရှိပြီး သြဂုတ်လ၄ရက်နေ့ တနေ့တည်း စံချိန်တင် ကူးစက်သူ၂၀၀၀၀ ကျော်ရှိပါတယ်။ သေဆုံးသူကတော့ ၅၅၀၀ကျော်ရှိလာပါတယ်။ အတည်ပြုလူနာတွေထဲမှာမြန်မာရွေပြောင်းအလုပ်သမား၅သောင်းကျော်ကူးစက်ခံထားရပါတယ်ရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG