သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားမှာ နိုင်ငံခြားသားတွေအားလုံး ကိုဗစ်ကာကွယ်ဆေး ထိုးခွင့်ရ


မလေးရှားရောက် အလုပ်သမားများ ကိုဗစ်ကာကွယ်ဆေးထိုးရန် စောင့်ဆိုင်းနေစဉ် (ဓာတ်ပုံ - Courtesy)
မလေးရှားရောက် အလုပ်သမားများ ကိုဗစ်ကာကွယ်ဆေးထိုးရန် စောင့်ဆိုင်းနေစဉ် (ဓာတ်ပုံ - Courtesy)

(Zawgyi/Unicode)

မလေးရှားမှာ မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမားတွေ၊ ကုလသမဂ္ဂက ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားတဲ့ အထောက်အထား ရှိသူတွေသာမက နိုင်ငံကူးလက်မှတ် သက်တမ်းကုန်သူ၊ အလုပ်လုပ်ကိုင်ခွင့် လက်မှတ် သက်တမ်းကုန်သူ စသဖြင့် လူအားလုံးကို COVID-19 ရောဂါကာကွယ်ဆေး ထိုးပေးနေပါပြီ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံမှာ တနေ့တခြား ကိုဗစ်ကူးစက်မူနှုံး မြင့်တက်နေချိန်မှာပဲ နိုင်ငံတွင်းက နိုင်ငံခြားသားအလုပ်သမားတွေနဲ့ ကုလသမဂ္ဂအသိမှတ်ပြု ဒုက္ခသည်လက်မှတ် ကိုင်ဆောင်ထားသူတွေကို အွန်လိုင်းကနေ မှတ်ပုံတင်ခိုင်းပြီး ကာကွယ်ဆေး စတင်ထိုးပေးနေပြီဖြစ်ကြောင်း မလေးရှားနိုင်ငံက မြန်မာအလုပ်သမားရေး ကူညီလှုပ်ရှားသူတဦးဖြစ်တဲ့ ဦးသီဟမောင်မောင်က ပြောပါတယ်။

"တချို့ဆိုရင်တော့ သုံးလေးရက်ဆို ဘယ်အချိန်ဘယ်နေရာမှာ ထိုးပါဆိုပြီး Appointment လုပ်ပေးပြီး ထိုးရပါတယ်။ ကျနော်တို့မှာပတ်စ်ပို့ရှိပြီး work permit မရှိဘူးဆိုပြီး မထိုးပေးဘဲမရှိဘူး ထိုးပေးမယ် တချို့ဆိုလည်း မိတ္တူလေးနဲ့သွားတယ် သက်တမ်းသေတာ မသေတာလည်း အဓိကမကျဘူ းနာမည်နဲ့ပတ်စ်ပို့ကို တိုက်ပေးပြီး လူမှန်တယ်ဆိုရင် ထိုးပေးလိုက်တာပဲ တပြားမှကုန်ကျစရာမလိုဘဲ အခမဲ့ထိုးပေးနေတာ UNHCR Refugee ကဒ် ကိုင်ထားသူတွေကိုလည်း အကုန်လုံးထိုးပေးတယ်။"

သြဂုတ်လ ၁ ရက်နေ့ကစပြီး လူတိုင်း ကာကွယ်ဆေး လျင်လျင်မြန်မြန်ထိုးနိုင်ဖို့၊ လူအများ သွားလာရလွယ်ကူတဲ့နေရာတွေမှာ ကာကွယ်ဆေးထိုးနိုင်ဖို့ နှိုးဆော်ထားတယ်လို့လည်းပြောပါတယ်။
"၁ ရက်နေ့ကစပြီ းကြိုက်တဲ့နေရာ နီးစပ်ရာနေရာတွေမှာထိုးဖို့လည်း တိုက်တွန်းထားတယ် အလုပ်လုပ်ခွင့်လက်မှတ် Work Permit ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ တရားဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ အကုန်လုံးကိုထိုးပေးဖို့လည်းလုပ်ထားတယ် work permit မရှိသူ လေးငါးယောက် မထိုးလိုက်တာနဲ့ ကျန်တဲ့သူတွေကိုကူးစက်သွားမှာ ဒါကိုလည်း သူတို့က စိုးရိမ်ပုံရပါတယ်။"

မလေးရှားနိုင်ငံမှာ ကိုဗစ်ကူးစက်သူ နေ့စဉ် ၁၀,၀၀၀ ကျော်ထိမြင့်တက်လာနေပါတယ်။ တနိုင်ငံလုံးအနံှ့ ကိုဗစ်တအတည်ပြုလူနာကတော့ ၁၀၇,၈၀၀၀ ကျော်ရှိပြီး သေဆုံးသူကတော့ ၈,၇၂၅ ယောက်ရှိကြောင်းမလေးရှားအစိုးရရဲ့ တရားဝင်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

.........................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)






XS
SM
MD
LG