သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအလုပ္သမားေတြ ကိုဗစ္ကူးခံရတဲ့ ထိုင္းပင္လယ္စာစက္႐ုံ ယာယီပိတ္


Rayang မွာရွိတဲ့ပင္လယ္စာထုတ္လုပ္တဲ့စက္ရံုမွာကိုဗစ္စစ္ေဆးေနပံု

{{Zawgyi/Unicode}}

ထိုင္းနိုင္ငံ Rayong ျပည္နယ္အတြင္းမွာရွိတဲ့ ပင္လယ္စာ ထုတ္လုပ္ေရး စက္ရံုမွာ ထိုင္းနဲ့ ျမန္မာအလုုပ္သမား ၂၇၀ ကိုဗစ္ပိုးကူးဆက္ေနတာစစ္ေဆးေတြရွိတာေႀကာင့္ အာဏာပိုင္ ေတြက စက္ရံုကို ယာယီ ပိတ္လိုုက္ေျကာင္း ထုတ္ျပန္ခဲ့ပါတယ္။ ဒါအျပင္ ကန္သတ္ပိတ္ဆုိ့မူလုပ္ထားတဲ့ ျပည္နယ္ ၂၉ခုကိုလည္း ေနာက္ထပ္ ၂ပတ္သက္တမ္းတုိးျပီး Lock down လုပ္ထားပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္မေအးေအးမာကတင္ဆက္ေပးပါမယ္။

ထိုင္းႏိုင္ငံ Rayong ျပည္နယ္အတြင္းက ျမန္မာနဲ ့ ထိုင္း အလုုပ္သမားေတြ၁၈၀၀ေလာက္ရွိတဲ့ ပင္လယ္စာထုတ္လုပ္တဲ့စက္ရံုမွာ အလုပ္သမားကို ႀသဂုတ္လ ၁၅ရက္ေန့က ကိုဗစ္ကပ္ေရာဂါပိုးရွိမွရိွစစ္ေဆးရာမွာ ကုိဗစ္ပုိးကူးစက္၂၇၀ ေက်ာ္ရွိေနတ့ဲအတြက္စက္ရံုကို ယာယီပိတ္လိုက္ရေႀကာင္း ထုိင္းေတာင္ပုိ္င္းအေျခစိုက္ပညာေရးနဲ့ဖြံျဖိဳးေရးေဖာင္ေဒးရွင္းကအလုပ္သမားေရးရာတာ၀န္ခံဦးမင္းဦးကေျပာပါတယ္။

"စက္ရံုမွာအလုပ္သမားေတြစစ္လိုက္ေတာ့ ကိုဗစ္စစ္ေတာ့ေတြတာေပါ့ ၁၈၀၀ေက်ာ္ရွိတယ္။ ေတြ့တာက ၂၇၀ ေလာက္ေတြ ့တယ္အျမန္စစ္တဲ့ဟာေတြ antigen test နဲ့ စစ္တာ ေတြ ့တယ္ေျပာတယ္ ။ အဲဒီထဲမွာ ၁၃ ေယာက္က က်န္ထဘူရီကျပန္လာတာလို့ေျပာတယ္။ အဲဒီ ကေန စေတြ ့တယ္သေဘာ ေနာက္ထပ္ က်န္တဲ့သူေတြကူးတဲ့သေဘာ က်ိန္းေသတာကေတာ့ျမန္မာေတြရွိတယ္။ အေ၇ွ့ဘက္ျခမ္းဆိုေတာ့ကေမၻာဒီးယားလည္းေတြ ့တယ္အဲဒီမွာက အေအးခန္းစက္ရံုပင္လယ္စာထုတ္တဲ့စက္ရံုေပါ့"

အခုလို လူ၂၇၀ေလာက္ကုိဗစ္ကပ္ပုိးကူးစက္ေနတာကိုေတြ ့ရျပီးတဲ့ေနာက္ စက္ရံုကိုပိတ္ထားလိုက္ျပီး ဆက္စပ္သူေတြကိုဆက္လက္စစ္ရမယ့္အေျခအေနရွိတယ္လုိ့လည္း ဦးမင္းဦးကေျပာျပပါတယ္ ။

"စက္ရံုကိုေတာ့ပိတ္လိုက္တယ္ အဲဒီလိုကုိဗစ္ေတြ ေတြ့ျပီးပိတ္လိုက္တာ ပိတ္လိုက္ခ်ိန္မွာ ေတြ ့ထားတဲ့သူေတြနဲ့ ဘယ္သူေတြနဲ့ဆက္စပ္မူ၇ွိလဲအဲဒါေတြကလည္းလာအုန္းမွာေလ"

ထိုင္းဝန္ႀကီးခ်ဳပ္ ပရာယြတ္က်န္အိုခ်ာ အပါဝင္ ထိုင္းဝန္ႀကီးမ်ားအစည္းေဝးမွာ ေတာ့ ထိုင္းနိုင္ငံတြင္းရွိ "အနီရင့္ေရာင္"သတ္မွတ္ထားတဲ့ ျပည္နယ္ေတြကို ၾသဂုတ္လ ၃၁ရက္ေန့ထိ ကန္သတ္ပိတ္ဆို့မူေတြ ဆက္လုပ္ထားအုန္းမယ္လို့ဆိုပါတယ္ ဒီထဲမွာကုိဗစ္ကူးစက္မူေတြအမ်ားဆံုးေနတဲ့ Rayong ျပည္နယ္လဲပါ၀င္ပါတယ္။

ထိုင္းႏိုင္ငံမွာကုိဗစ္အတည္ျပဳလူနာ ၉၄၈၀၀၀ေက်ာ္ထိတိုးလာျပီးႀသဂုတ္လ၁၇ ရက္ေန့တေန့တည္းကူးစက္သူ၂၀၁၀၀ေက်ာ္ရွိပါတယ္။ ေသဆံုးသူကလည္း ၈၀၀၀ နီးပါးထိ ရိွလာပါျပီ ကူးစက္မူေတြထဲမွာေတာ့ ေရြေျပာင္းအလုပ္သမား ေတြ ေသာင္းနဲ့ခ်ီျပီးကူးစက္မူေတြျဖစ္ေပၚေနပါတယ္ရွင္။

..............................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ထိုင်းနိုင်ငံ Rayong ပြည်နယ်အတွင်းမှာရှိတဲ့ ပင်လယ်စာ ထုတ်လုပ်ရေး စက်ရုံမှာ ထိုင်းနဲ့ မြန်မာအလုပ်သမား ၂၇၀ ကိုဗစ်ပိုးကူးဆက်နေတာစစ်ဆေးတွေရှိတာကြောင့် အာဏာပိုင် တွေက စက်ရုံကို ယာယီ ပိတ်လိုက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါအပြင် ကန်သတ်ပိတ်ဆို့မူလုပ်ထားတဲ့ ပြည်နယ် ၂၉ခုကိုလည်း နောက်ထပ် ၂ပတ်သက်တမ်းတိုးပြီး Lock down လုပ်ထားပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာကတင်ဆက်ပေးပါမယ်။

ထိုင်းနိုင်ငံ Rayong ပြည်နယ်အတွင်းက မြန်မာနဲ့ ထိုင်း အလုပ်သမားတွေ၁၈၀၀လောက်ရှိတဲ့ ပင်လယ်စာထုတ်လုပ်တဲ့စက်ရုံမှာ အလုပ်သမားကို သြဂုတ်လ ၁၅ရက်နေ့က ကိုဗစ်ကပ်ရောဂါပိုးရှိမှရှိစစ်ဆေးရာမှာ ကိုဗစ်ပိုးကူးစက်၂၇၀ ကျော်ရှိနေတဲ့အတွက်စက်ရုံကို ယာယီပိတ်လိုက်ရကြောင်း ထိုင်းတောင်ပိုင်းအခြေစိုက်ပညာရေးနဲ့ဖွံဖြိုးရေးဖောင်ဒေးရှင်းကအလုပ်သမားရေးရာတာဝန်ခံဦးမင်းဦးကပြောပါတယ်။

"စက်ရုံမှာအလုပ်သမားတွေစစ်လိုက်တော့ ကိုဗစ်စစ်တော့တွေတာပေါ့ ၁၈၀၀ကျော်ရှိတယ်။ တွေ့တာက ၂၇၀ လောက်တွေ့တယ်အမြန်စစ်တဲ့ဟာတွေ antigen test နဲ့ စစ်တာ တွေ့တယ်ပြောတယ် ။ အဲဒီထဲမှာ ၁၃ ယောက်က ကျန်ထဘူရီကပြန်လာတာလို့ပြောတယ်။ အဲဒီ ကနေ စတွေ့တယ်သဘော နောက်ထပ် ကျန်တဲ့သူတွေကူးတဲ့သဘော ကျိန်းသေတာကတော့မြန်မာတွေရှိတယ်။ အရှေ့ဘက်ခြမ်းဆိုတော့ကမ္ဘောဒီးယားလည်းတွေ့တယ်အဲဒီမှာက အအေးခန်းစက်ရုံပင်လယ်စာထုတ်တဲ့စက်ရုံပေါ့"

အခုလို လူ၂၇၀လောက်ကိုဗစ်ကပ်ပိုးကူးစက်နေတာကိုတွေ့ရပြီးတဲ့နောက် စက်ရုံကိုပိတ်ထားလိုက်ပြီး ဆက်စပ်သူတွေကိုဆက်လက်စစ်ရမယ့်အခြေအနေရှိတယ်လို့လည်း ဦးမင်းဦးကပြောပြပါတယ် ။

"စက်ရုံကိုတော့ပိတ်လိုက်တယ် အဲဒီလိုကိုဗစ်တွေ တွေ့ပြီးပိတ်လိုက်တာ ပိတ်လိုက်ချိန်မှာ တွေ့ထားတဲ့သူတွေနဲ့ ဘယ်သူတွေနဲ့ဆက်စပ်မူရှိလဲအဲဒါတွေကလည်းလာအုန်းမှာလေ"

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ကျန်အိုချာ အပါဝင် ထိုင်းဝန်ကြီးများအစည်းဝေးမှာ တော့ ထိုင်းနိုင်ငံတွင်းရှိ "အနီရင့်ရောင်"သတ်မှတ်ထားတဲ့ ပြည်နယ်တွေကို သြဂုတ်လ ၃၁ရက်နေ့ထိ ကန်သတ်ပိတ်ဆို့မူတွေ ဆက်လုပ်ထားအုန်းမယ်လို့ဆိုပါတယ် ဒီထဲမှာကိုဗစ်ကူးစက်မူတွေအများဆုံးနေတဲ့ Rayong ပြည်နယ်လဲပါဝင်ပါတယ်။

ထိုင်းနိုင်ငံမှာကိုဗစ်အတည်ပြုလူနာ ၉၄၈၀၀၀ကျော်ထိတိုးလာပြီးသြဂုတ်လ၁၇ ရက်နေ့တနေ့တည်းကူးစက်သူ၂၀၁၀၀ကျော်ရှိပါတယ်။ သေဆုံးသူကလည်း ၈၀၀၀ နီးပါးထိ ရှိလာပါပြီ ကူးစက်မူတွေထဲမှာတော့ ရွေပြောင်းအလုပ်သမား တွေ သောင်းနဲ့ချီပြီးကူးစက်မူတွေဖြစ်ပေါ်နေပါတယ်ရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG