သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံ ခြၽန္ဘူရီမွာ ကေမာၻဒီယားနဲ႔ျမန္မာအလုပ္သမားတေထာင္ေက်ာ္ဆႏၵျပ


ခၽြန္ဘူရီျပည္နယ္ အထပ္သားစက္ရံုေရွ ့မွာ ဆႏၵျပနေၾကတဲ့ ျမန္မာေရြ ့ေျပာင္း အလုပ္သမားမ်ား (ဓာတ္ပံု - CCTV)

(Zawgyi/Unicode)

ကိုဗစ္ကပ္ေရာဂါကူးစက္မူ႔ေတြျမင့္တက္ေနတဲ့ထိုင္းႏိုင္ငံ ထိုင္းႏိုင္ငံ Chon Buriခြၽန္ဘူရီျပည္နယ္ ထဲမွာ ကိုဗစ္ကူးစက္မူေတြေၾကာင့္စက္႐ုံကိုကန႔္သတ္ပိတ္ဆို႔ထာေပမယ့္ အလုပ္ေတြ ဆင္းခိုင္းေနတာေၾကာင့္ ကေမာၻဒီးယားနဲ႔ျမန္မာအမ်ားစုပါတဲ့ အလုပ္သမား ၁၀၀၀ ေက်ာ္ဟာ ၾသဂုတ္လ ၈ ရက္ေန႔က စက္႐ုံရဲ႕႐ုံးေရွ႕မွာဆႏၵျပခဲ့ၾကၿပီးစက္႐ုံကို ၃ရက္ပိတ္ေပးခဲ့ရပါတယ္ ဒီသတင္းကိုဗြီအိုေအသတင္းေထာက္မေအးေအးမာက တင္ဆက္ေပးပါမယ္

ကိုဗစ္ကူးစက္မူေတြေၾကာင့္ ကန္သတ္ပိတ္ဆို႔မူ (lock down )လုပ္ထားတဲ့ ခြၽန္ဘူရီျပည္နယ္ ဘန႔္ဘုံၿမိဳနယ္ထဲက အထပ္သားစက္႐ုံမွာ ျမန္မာနဲ႔ ကေမာၻးဒီယားအလုပ္သမား ေတြအလုပ္လုပ္ကိုင္ေနၾကတာပါ ၾသဂုတ္လ ၈ ရက္ေန႔မွာေတာ့ စက္႐ုံေတြမပိတ္ပဲ အလုပ္ဆက္ဆင္းေနရတာ ေတြနဲ႔ ေဆးကုသမူ႔ကာင္းမြန္စြာမရရွိတာေတြေၾကာင့္အလုပ္သမား ၁၀၀၀ေက်ာ္ဟာ စက္႐ုံတြင္းမွာဆႏၵျပခဲ့ေၾကာင္း AAC အလုပ္သမားကူညီေရးအဖြဲ႕ကေျပာေရးဆိုခြင့္ရွိသူကိုရဲမင္းကအခုလိုေျပာပါတယ္။

"စက္႐ုံထဲမွာ lock down ခ်ထားတယ္ ေနထိုင္ရတာအဆင္မေျပဘူး။ပိုးေတြ႕လူနာေတြ ေဆးကုသခြင့္ေကာင္းေကာင္းမရတာေပါ့ ။ ၿပီးေတာ့ ပိုးေတြ႕လူနာေတြနဲ႔လည္းေရာေႏွာထားတယ္။ ဒါေတြကိုမေက်နပ္ရာကေန စက္႐ုံရဲ႕႐ုံးခန္းေရွ႕မွာစု႐ုံးၿပီးဆႏၵျပခဲ့ၾကတာပါ။ "

စက္႐ုံတြင္းက လုံၿခဳံေရးအေစာင့္ေတြက အေျခအေနကို ထိမ္းခ်ဳပ္ဖို႔ႀကိဳးစားခဲ့ေပမယ့္ အလုပ္သမားအုပ္စုကိုမထိမ္းႏိုင္ျဖစ္ၿပီး ျမန္မာအလုပ္သမားေတြဟာ ႐ုံခန္းကို ဝင္ေရာက္ခဲ့ၿပီး သက္ဆိုင္ရာအာဏာပိုင္ ေတ ြနဲ႔ သာေတြဆုံခြင့္ေပးဖို႔အထိ ေတာင္းဆိုခဲ့ပါတယ္။

ေနာက္ပိုင္း ရဲတပ္ဖြဲ.နဲ႔ နယ္ေျမအုပ္ခ်ဳပ္ေရးအဖြဲ႕ေတြက လာေရာက္ေျဖရွင္းေပးခဲ့ၾကၿပီး စက္႐ုံကို၃ရက္ပိတ္ေပးခဲ့ၿပီး အလုပ္သမားေတြေတာင္းဆိုခ်က္တခ်ိဳ႕ကို စက္႐ုံဘက္က လိုက္ေလ်ာေပးဖို႔ သေဘာတူခဲ့ၾကတယ္လို႔ ထိုင္းသတင္းေတြမွာေဖာ္ျပ ေနပါတယ္။

အခုရက္ပိုင္းအတြင္းမွာပဲ ခြၽန္ဘူရီျပည္နယ္အပါအဝင္ ပိတ္ဆို႔ကန႔္သတ္ခံထားရတဲ့ ၂၉ျပည္နယ္ထဲမွာ စက္႐ုံတခ်ိဳ႕ကအလုပ္သမားေတြ အစားအေသာက္မလုံေလာက္တာ ေဆးဝါးကုသခြင့္ေသခ်ာမရတာ ကန႔္သတ္ပိတ္ဆို႔ထားတဲ့အခ်ိန္မွာ လုပ္အားခ ေထာက္ပံ့ေၾကးေတြမရတာ အလုပ္မရွိတာေၾကာင့္အိမ္ခန္းေတြက ႏွင္ခ်ခံေနရတာေတြ စတဲ့ျပသနာေတြေၾကာင့္ ကပ္ေရာဂါျဖစ္ေနတဲ့ကာလအတြင္းမွာ အလုပ္ရွင္ေတြနဲ႔အလုပ္သမားေတြၾကားတင္းမာမူေတြျဖစ္ေနၾကပါတယ္ ။

ထိုင္းႏိုင္ငံမွာေတာ့ကိုဗစ္အတည္ျပဳလူနာ ၇၇၆၀၀၀ ေက်ာ္ရွိၿပီး ျပည္နယ္ ၂၉ခုကို ကိုဗစ္ကပ္ေရာဂါ ထိန္းခ်ဳပ္ေရးအရ ကန႔္သတ္ပိတ္ဆို႔ထားတြ တခ်ိဳေနရာေတြမွာညမထြက္ရ အမိန႔္ေတြထုတ္ျပန္ထားပါတယ္ ။

ေနစဥ္လည္းေသာင္းခ်ီကူးစက္မူေတြျဖစ္ေနၿပီး ၾသဂုတ္လ ၉ ရက္ေန႔ တေန႔တည္းကူးစက္သူ ၁၉၆၀၀ ေက်ာ္ရွိေနပါတယ္။ ေသဆုံးသူစုစုေပါင္း ၆၃၅၃ ဦးရွိသလို ေန႔စဥ္လည္းလူဦးေရတရာေက်ာ္ေသဆုံးေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............................................................................................

ထိုင်းနိုင်ငံ ချွန်ဘူရီမှာ ကမ္ဘောဒီယားနဲ့မြန်မာအလုပ်သမားတထောင်ကျော်ဆန္ဒပြ

(Unicode)

ကိုဗစ်ကပ်ရောဂါကူးစက်မူ့တွေမြင့်တက်နေတဲ့ထိုင်းနိုင်ငံ ထိုင်းနိုင်ငံ Chon Buriချွန်ဘူရီပြည်နယ် ထဲမှာ ကိုဗစ်ကူးစက်မူတွေကြောင့်စက်ရုံကိုကန့်သတ်ပိတ်ဆို့ထာပေမယ့် အလုပ်တွေ ဆင်းခိုင်းနေတာကြောင့် ကမ္ဘောဒီးယားနဲ့မြန်မာအများစုပါတဲ့ အလုပ်သမား ၁၀၀၀ ကျော်ဟာ သြဂုတ်လ ၈ ရက်နေ့က စက်ရုံရဲ့ရုံးရှေ့မှာဆန္ဒပြခဲ့ကြပြီးစက်ရုံကို ၃ရက်ပိတ်ပေးခဲ့ရပါတယ် ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာက တင်ဆက်ပေးပါမယ်

ကိုဗစ်ကူးစက်မူတွေကြောင့် ကန်သတ်ပိတ်ဆို့မူ (lock down )လုပ်ထားတဲ့ ချွန်ဘူရီပြည်နယ် ဘန့်ဘုံမြိုနယ်ထဲက အထပ်သားစက်ရုံမှာ မြန်မာနဲ့ ကမ္ဘေားဒီယားအလုပ်သမား တွေအလုပ်လုပ်ကိုင်နေကြတာပါ သြဂုတ်လ ၈ ရက်နေ့မှာတော့ စက်ရုံတွေမပိတ်ပဲ အလုပ်ဆက်ဆင်းနေရတာ တွေနဲ့ ဆေးကုသမူ့ကာင်းမွန်စွာမရရှိတာတွေကြောင့်အလုပ်သမား ၁၀၀၀ကျော်ဟာ စက်ရုံတွင်းမှာဆန္ဒပြခဲ့ကြောင်း AAC အလုပ်သမားကူညီရေးအဖွဲ့ကပြောရေးဆိုခွင့်ရှိသူကိုရဲမင်းကအခုလိုပြောပါတယ်။

"စက်ရုံထဲမှာ lock down ချထားတယ် နေထိုင်ရတာအဆင်မပြေဘူး။ပိုးတွေ့လူနာတွေ ဆေးကုသခွင့်ကောင်းကောင်းမရတာပေါ့ ။ ပြီးတော့ ပိုးတွေ့လူနာတွေနဲ့လည်းရောနှောထားတယ်။ ဒါတွေကိုမကျေနပ်ရာကနေ စက်ရုံရဲ့ရုံးခန်းရှေ့မှာစုရုံးပြီးဆန္ဒပြခဲ့ကြတာပါ။ "

စက်ရုံတွင်းက လုံခြုံရေးအစောင့်တွေက အခြေအနေကို ထိမ်းချုပ်ဖို့ကြိုးစားခဲ့ပေမယ့် အလုပ်သမားအုပ်စုကိုမထိမ်းနိုင်ဖြစ်ပြီး မြန်မာအလုပ်သမားတွေဟာ ရုံခန်းကို ဝင်ရောက်ခဲ့ပြီး သက်ဆိုင်ရာအာဏာပိုင် တေ ွနဲ့ သာတွေဆုံခွင့်ပေးဖို့အထိ တောင်းဆိုခဲ့ပါတယ်။

နောက်ပိုင်း ရဲတပ်ဖွဲ.နဲ့ နယ်မြေအုပ်ချုပ်ရေးအဖွဲ့တွေက လာရောက်ဖြေရှင်းပေးခဲ့ကြပြီး စက်ရုံကို၃ရက်ပိတ်ပေးခဲ့ပြီး အလုပ်သမားတွေတောင်းဆိုချက်တချို့ကို စက်ရုံဘက်က လိုက်လျောပေးဖို့ သဘောတူခဲ့ကြတယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြ နေပါတယ်။

အခုရက်ပိုင်းအတွင်းမှာပဲ ချွန်ဘူရီပြည်နယ်အပါအဝင် ပိတ်ဆို့ကန့်သတ်ခံထားရတဲ့ ၂၉ပြည်နယ်ထဲမှာ စက်ရုံတချို့ကအလုပ်သမားတွေ အစားအသောက်မလုံလောက်တာ ဆေးဝါးကုသခွင့်သေချာမရတာ ကန့်သတ်ပိတ်ဆို့ထားတဲ့အချိန်မှာ လုပ်အားခ ထောက်ပံ့ကြေးတွေမရတာ အလုပ်မရှိတာကြောင့်အိမ်ခန်းတွေက နှင်ချခံနေရတာတွေ စတဲ့ပြသနာတွေကြောင့် ကပ်ရောဂါဖြစ်နေတဲ့ကာလအတွင်းမှာ အလုပ်ရှင်တွေနဲ့အလုပ်သမားတွေကြားတင်းမာမူတွေဖြစ်နေကြပါတယ် ။

ထိုင်းနိုင်ငံမှာတော့ကိုဗစ်အတည်ပြုလူနာ ၇၇၆၀၀၀ ကျော်ရှိပြီး ပြည်နယ် ၂၉ခုကို ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေးအရ ကန့်သတ်ပိတ်ဆို့ထားတွ တချိုနေရာတွေမှာညမထွက်ရ အမိန့်တွေထုတ်ပြန်ထားပါတယ် ။

နေစဉ်လည်းသောင်းချီကူးစက်မူတွေဖြစ်နေပြီး သြဂုတ်လ ၉ ရက်နေ့ တနေ့တည်းကူးစက်သူ ၁၉၆၀၀ ကျော်ရှိနေပါတယ်။ သေဆုံးသူစုစုပေါင်း ၆၃၅၃ ဦးရှိသလို နေ့စဉ်လည်းလူဦးရေတရာကျော်သေဆုံးနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG