သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း ကြက်သားထုတ်စက်ရုံတခုမှာ မြန်မာအလုပ်သမားအစုလိုက်အပြုံလိုက် ကူးဗစ်ကူးစက်ခံရ 


ထိုင်းနိုင်ငံရောက် အလုပ်သမားများ
ထိုင်းနိုင်ငံရောက် အလုပ်သမားများ

[ Zawgyi ]

ထိုင်းနိုင်ငံ Bung Sam Phan ခရိုင် က ကြက်သားထုတ်စက်ရုံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၁,၀၀၀ ကျော်တွေ့ရှိခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာ မနေ့ စနေနေ့က ဖေါ်ပြခဲ့ပါတယ်။ အများစုဟာ မြန်မာ့ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ပါတယ်။

အလုပ်သမားပေါင်း ၇,၀၀၀ ကျော်ရှိတဲ့ Golden Line ကြက်သားထုတ်စက်ရုံမှာ ကိုဗစ်စစ်ဆေးစမ်းသပ်မှုတွေလုပ်ခဲ့ရာကနေ အခုလို ပိုးကူးစက်သူတွေကို တွေ့ရှိခဲ့တာပါ။ အဲဒီစက်ရုံက ရွှေ့ပြောင်းအလုပ်သမားနှစ်ယောက်မှာ ကိုဗစ်-၁၉ ကူးစက်ခံထားရတယ်လို့ Bung Sam Phan ခရိုင်ဆေးရုံက ပြည်နယ်အာဏာပိုင်တွေကကို ကြာသာပတေးနေ့ကတည်းက အကြောင်းကြားခဲ့တယ်လို့ သတင်းရပ်က ဆိုပါတယ်။

ကြက်သားထုတ်စက်ရုံက အလုပ်သမားတချို့ဟာ ဘန်ကောက်မြို့တော်က ဆောက်လုပ်ရေးလုပ်ငန်းတွေကနေ ရွှေ့ပြောင်းလာသူတွေဖြစ်ပါတယ်။ ဘန်ကောက်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ပိတ်ပစ်လိုက်တဲ့အတွက် အဲဒီကနေ ပြောင်းလာသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို အစုလိုက်အပြုံလိုက် ကူးစက်မှုကို တွေ့ရှိခဲ့ပြီးပြီး ကြက်သားထုတ်စက်ရုံကို ဇူလိုင်လ ၂၃-၂၆ ရက်ထိ ၄ ရက်ကြာပိတ်ထားဖို့ ခရိုင် ကူးစက်ရောဂါထိန်းချုပ်ရေးဌာနက ညွန်ကြားထားပါတယ်။ Phetchabun ပြည်နယ်အုပ်ချုပ်ရေးမှူး Krit Khongmuang ကလည်း ကြက်သားထုတ်စက်ရုံ အလုပ်သမား အများအပြား ကိုဗစ်-၁၉ ကူးစက်ခံရကြောင်းကို အတည်ပြုပြောကြားခဲ့ပါတယ်။ သောကြာနေ့က အဲဒီစက်ရုံအလုပ်သမားပေါင်း ၃၀၀၀ ကျော်ကို ကျန်းမာရေးဝန်ထမ်းတွေကို ပိုးရှိမရှိ စစ်ဆေးမှုတွေပြုလုပ်ခဲ့ရာကနေ ၁၀၀၀ ကျော်မှာ ကူးစက်ခံနေရတာကို တွေ့ရှိခဲ့တယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

ကြက်သားစက်ရုံမှာ အလုပ်သမား ၆၄% ကျော်ဟာ Covid-19 ကာကွယ်ဆေးတွေ ထိုးထားတာဖြစ်ပြီး သတင်းရပ်ကွက်တခုအဆိုအရ သူတို့ထဲက ၃၀၀၀ ကျော်ဟာ ကာကွယ်ဆေး အပြည့်အ၀ ထိုးထားကြတာဖြစ်ပြီး ၁၅၀၀ ကတော့ ပထမအကြိမ် ကာကွယ်ဆေးထိုးထားသူတွေဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[ Unicode ]







XS
SM
MD
LG