သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေရပ်ပြန်ဖို့ကြိုးစားတဲ့ မြန်မာလုပ်သား၄၀ကျော်ဖမ်းဆီးခံရ


 photo- ပြည်နယ်ဖြတ်ကျော်ပြီးနယ်စပ်ကိုပြန်လာကြတဲ့ မြန်မာအလုပ်သမား များ (police)
photo- ပြည်နယ်ဖြတ်ကျော်ပြီးနယ်စပ်ကိုပြန်လာကြတဲ့ မြန်မာအလုပ်သမား များ (police)

(Zawgyi/Unicode)

ကိုဗစ်ကပ်ရောဂါကြောင့်အလုပ်အကိုင်တွေရပ်နားထားရတဲ့ တရားဝင်အထောက်အထားရှိတဲ့မြန်မာနိုင်ငံသား ၄၀ကျော် ပြည်နယ်ကျော်ပြီး နယ်စပ်ကိုခိုးပြန်လာတာအပြင်ညမထွက်ရအမိန့် ချိုးဖောက်တာကြောင့် သြဂုတ်လ ၈ရက်နေ့ညက ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာကပြောပြပေးမှာပါ။

ထိုင်းနိုင်ငံမှာကိုဗစ်ကူးစက်မှု အမြင့်ဆုံးပြည်နယ် ၂၉ခုမှာပါတဲ့ ဆာမွတ်ဆာခွန်းပြည်နယ်နဲ့ ထိုင်းမြန်မာနယ်စပ်ကမ်ချနဘူရီPrachuap Khiri Khan ပကျွတ်ခီရီကန်ခရိုင်ထဲကနေ မြန်မာပြည်ပြန်ကြမဲ့ မြန်မာနိုင်ငံသား ၄၀ကျော်ကို ထိုင်းအာဏာပိုင်တွေကအမူ့၂ခု နဲ့ အရေးယူဖို့ဖမ်းဆီးလိုက်ပါတယ်။ သူတို့တွေကို ပြည်နယ်ကျော်ဖြတ်သန်းမူ ညမထွက်အမိန့်ဖောက်ဖျက်မူတွေနဲ့ဖမ်းဆီးခဲ့တာလို့ ထိုင်းတောင်ပိုင်းအခြေစိုက်ပညာရေးနဲ့ဖွံဖြိုးရေးဖောင်ဒေးရှင်းကအလုပ်သမားရေးရာတာဝန်ခံဦးမင်းဦးကပြောပါတယ်။

ဆာမွတ်ဆာခွန်းဘက်ကနေ ပွဲစားနဲ့ ဆိုင်ဂုံ ပကျွတ်ထိုင်းမြန်မာနယ်စပ်ကိုလာပို့တယ် ညဘက်ကြီးမိတာ ညဘက်ကြီးဆိုတော့ညဘက်က သွားလို့မရဘူးနယ်လည်းကျော်မရဘူး။ အခုပြည်နယ်မပြောနဲ့မြို့နယ် ကတခုနဲ့တခုကသွားလို့မရဘူး ။ ပိတ်ထားတာလေ သွားလာခွင့်မရှိဘူးအဲဒီ ၂ခုနဲပဲ သူတို့ကိုစစ်လိုက်တော့ သူတိုက ဘယ်ကလာသလဲဆိုတာသိသွားတယ်ကားသမားလည်းဖမ်းတာပဲ အားလုံးပေါင်း ၄၂ ယောက် ကလေး ၂ဦးပါတယ်။ လသားလေးကတယောက်၄ နှစ်သမီးကတ ယောက်ပါတယ်။

သူတို့တွေကို ဖမ်းဆီးခဲ့ပြီးကိုဗစ်စစ်ဆေးခဲ့ရာမှာ ၁၂ဦးမှာကိုဗစ်ကူးစက်မူရှိနေတာတွေကိုတွေ့ရတယ်လို့ထိုင်းအာဏာပိုင်တွေကဆိုပါတယ် ဆာမွတ်ဆာခွန်းခရိုင်ကနေ စုရပ်လုပ်ပြိးလူပွဲစားကိုအခကြေးငွေပေးပြီးပြန်ခဲ့ကြတာဖြစ်ပါတယ်။

ကိုဗစ်ကာလမှာအလုပ်အကိုင်ဝင်ငွေမရှိ အိမ်ဌားဖို့အဆင်မပြေဖြစ်ပြီးနေထိုင်လို့မရတော့တာကြောင့် နယ်စပ်ကနေ မြန်မာနိုင်ငံပြန်ဖို့ဆုံးဖြတ်ကြတဲ့အလားတူရွေပြောင်းအလုပ်သမားတွေအများအပြားရှိနေတယ်လို့လည်းဦးမင်းဦးကဆိုပါတယ်။

သူတို့မှာအလုပ်အကိုင်ကော၊ ဝင်ငွေကောမရှိဘူး အခက်ခဲဖြစ်တော့ဆက်မနေနိုင်တော့ ပွဲစားတွေနဲ့ပြန်ကြတယ်။ဒါက မိသွားလို့ ။ မမိပဲပြန်တဲ့သူတွေလည်းရှိတယ် ၁၂၀၀၀ဆိုတာ ပွဲစားတွေရဲ့ကြမ်းခင်းဈေးပဲ ။ ကျနော်ဘက်တွေမှာလည်းပြန်နေကြတယ်။ သူတို့မှာ သူတို့အခက်ကိုသူတိုပဲသိတယ် ။ ကျနော်တိုက မသိနိုင်ဘူး နောက်ဆုံးမနေနိုင်တော့လည်းပြန်ကြတာပေါ့ ။

ထိုင်းနိုင်ငံမှာပြည်နယ်တခုနဲ့တခု မြိုနယ်တခုနဲ့တခု နယ်မြေဖြတ်ကျော်သွားလာခွင့်ကိုပိတ်ထားပြီး၊ ညမထွက်ရကန့်သတ်ထားတဲ့ ကာလဖြစ်သောကြောင့် အထောက်အထားအပြည့်အစုံရှိပေမယ့်လည်း ကပ်ရောဂါထိမ်းချုပ်ရေးဥပဒေအရ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာကိုဗစ်ကူးစက်မူတွေက နေစဉ်သောင်းနဲ့ချီကူးစက်မူဖြစ်နေတာကြောင့် နယ်မြေအသွားအလာတွေကို ကန့်သတ်ပိတ်ပင်ထားပါတယ်။

တနိုင်ငံလုံးအနှံ ကိုဗစ်အတည်ပြူလူနာ ၈သိန်းနီးပါးအထိ မြင့်တက်လာနေပြီး သြဂုတ်လ ၁၀ ရက်နေ့ တနေ့တည်းကူးစက်သူ၁၉၈၀၀ေ ကျာ်ရှိပါတယ်။ သေဆုံးသူစုစုပေါင်းကတော့၆၅၈၈ ထိရှိလာပြီး မြန်မာရွေပြောင်းအလုပ်သမားတွေလည်း သောင်းနဲ့ချီကူးစက်ခံနေရပါတယ်။

.............................................................................................


(Unicode)










XS
SM
MD
LG