သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဆိုင္းငံ့ထားတဲ့ ျမန္မာအက်ဥ္းသား လႊဲေျပာင္းေရးလုပ္ငန္း ထိုင္းျပန္စ


ရေနာင္းကေန ေကာ့ေသာင္းဘက္ကို ျပန္လဲႊေျပာင္းေပးေနတဲ့ ျမန္မာႏုိင္ငံသားမ်ား။ (စက္တင္ဘာ ၁၇၊ ၂၀၂၁။ ဓာတ္ပုံ - FED)

(Zawgyi / Unicode)

ထိုင္းေတာင္ပိုင္း ျပည္နယ္ ၁၄ ခုမွာ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ဖမ္းဆီးခံထားရတဲ့ လြတ္ရက္ေစ့ ျမန္မာႏိုင္ငံသား အက်ဥ္းသားေတြကို ကိုဗစ္ကပ္ေဘးေၾကာင့္ လႊဲေျပာင္းေပးဖို႔ ရပ္ဆိုင္းထားရာကေန အခုေတာ့ လႊဲေျပာင္းေရးလုပ္ငန္းေတြ ျပန္စေနပါၿပီ။ ၅ လအတြင္း ပထမဆုံးအႀကိမ္အျဖစ္ စက္တင္ဘာလ ၁၇ ရက္ေန႔ကေတာ့ ရေနာင္းၿမိဳ႕ကေန ျမန္မာႏိုင္ငံ ေကာ့ေသာင္းဘက္ကို လြတ္ရက္ေစ့ အက်ဥ္းသား ၁၈၀ ေက်ာ္ လႊဲေျပာင္းေပးခဲ့တာပါ။ အျပည့္အစုံကို ထုိင္းအေျခစုိက္ ဗြီအုိေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ကိုဗစ္ကပ္ေဘးကာလ အကန္႔အသတ္ေတြေၾကာင့္ အက်ဥ္းသားေတြ လဲႊေျပာင္းေပးတာေတြကို ၅ လနီးပါးအထိ ရပ္ဆုိင္းထားရာက စက္တင္ဘာလ ၁၇ ရက္ေန႔ကေတာ့ ထုိင္း-ျမန္မာနယ္စပ္ ရေနာင္းကေန ျမန္မာႏုိင္ငံဘက္ျခမ္း ေကာ့ေသာင္းကုိ အက်ဥ္းသား ၁၈၀ ေက်ာ္ ထုိင္းအစိုးရက လဲႊေျပာင္းေပးခဲ့ပါတယ္။

ထုိင္းႏုိင္ငံေတာင္ပုိင္း ျပည္နယ္ ၁၄ ခုက အက်ဥ္းေထာင္ေတြ၊ လူဝင္မႈႀကီးၾကပ္ေရး အခ်ဳပ္စခန္းေတြမွာ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ အက်ဥ္းက်ေနတဲ့ ျမန္မာႏုိင္ငံသားေတြကုိ ထုိင္းအစိုးရက ေသာၾကာေန႔က ျပည္ႏွင္ဒဏ္ေပးခဲ့ေၾကာင္း ပညာေရးႏွင့္ ဖြံ႔ၿဖိဳးတိုးတက္ေရး ေဖာင္ေဒးရွင္း (FED)၊ ေကာ့ေသာင္းၿမိဳ ့ ေရႊ႕ေျပာင္းအလုပ္သမား အရင္းအျမစ္စင္တာ တာဝန္ခံ ဦးမုိးေဝက အခုလိုေျပာျပပါတယ္။

“အားလံုး ၁၈၂ ေယာက္ဗ်၊ အဓိက အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ဖမ္းဆီးခံရသူေတြ ပါတယ္။ ေနာက္တခုက ေထာင္ထဲမွာ ႏွစ္ၾကာၿပီး လြတ္ရက္ေစ့သူေတြ ပါတယ္။ အခ်ဳပ္ခန္းထဲမွာ ကေလးေမြးသြားတဲ့ ၿမိတ္က အမ်ိဳးသမီးတဦး ပါတယ္။ အခုဆုိရင္ ၅ လ ေလာက္ေတာင္ ၾကာသြားၿပီ။ အခုက်မွ ပထမဦးဆံုးအႀကိမ္ ျပန္လြတ္တာပါ။ လဝကအခ်ဳပ္ေထာင္က လြတ္လာတာပါ။ ရေနာင္းတခုတည္း မဟုတ္ဘူး၊ ေတာင္ပိုင္းတခုလံုးက ၁၄ ျပည္နယ္က အလုပ္သမားေတြ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အဖမ္းခံရၿပီး ျပန္ပုိ႔ရမယ့္အုပ္စုေတြ၊ ေစာင့္ဆုိင္းေနရတဲ့ အုပ္စုေတြ ျဖစ္ပါတယ္။”

လြတ္ရက္ေစ့ေပမယ့္ ေနရပ္ျပန္ဖို႔အတြက္ ျပန္မပုိ႔ေပးေသးတာေၾကာင့္ ထုိင္းဘက္ျခမ္းက အက်ဥ္းေထာင္ေတြ၊ အခ်ဳပ္စခန္းေတြမွာ ဆႏၵျပတာေတြလည္း ျဖစ္ခဲ့ပါတယ္။ ကိုဗစ္ကပ္ေဘးကာလ ေစာင့္ၾကည့္ေရးစင္တာ အခက္အခဲေၾကာင့္ ျမန္မာႏုိင္ငံဘက္ကလည္း လြတ္ရက္ေစ့သူေတြကို ျပန္လက္ခံဖို႔ အဆင္သင့္ မျဖစ္ေသးတာေၾကာင့္ ရေနာင္းအာဏာပိုင္ေတြက လဲႊေျပာင္းတဲ့ကိစၥေတြကို ရပ္နားထားတာပါ။ အခုဆိုရင္ ေနာက္ထပ္ လြတ္ရက္ေစ့သူ ၂၀၀ နီးပါးေလာက္ဟာလည္း အခ်ဳပ္ထဲမွာ ေစာင့္ဆုိင္းေနရတယ္လို႔ ဦးမုိးေဝက ေျပာပါတယ္။

“အားလံုးေပါင္း အခ်ဳပ္ခန္းထဲမွာ အမ်ိဳးသမီး ၈၂ ေယာက္ရွိၿပီး အမ်ိဳးသား ၃၀၀ ေက်ာ္ရိွတယ္။ အခုျပန္လြတ္လာတာ ၁၈၀ ေက်ာ္ဆိုေတာ့ က်န္ေသးတာ ၁၈၀ ေက်ာ္ေလာက္ေတာ့ က်န္ေသးတယ္ အခ်ဳပ္ခန္းထဲမွာ။”

ထိုင္းအစိုးရအေနနဲဲ႔ ျမန္မာႏုိင္ငံသား အက်ဥ္းသားေတြကုိ နယ္စပ္ေတြကေန ျပန္လဲႊေျပာင္းေပးေနရာမွာ မဲေဆာက္-ျမဝတီနယ္စပ္၊ မယ္ဆိုင္-တာခ်ီလိတ္နယ္စပ္၊ ရေနာင္း-ေကာ့ေသာင္း နယ္စပ္ေတြကေန ျပန္လဲႊေျပာင္းေပးေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ဆိုင်းငံ့ထားတဲ့ မြန်မာအကျဉ်းသား လွှဲပြောင်းရေးလုပ်ငန်း ထိုင်းပြန်စ

ထိုင်းတောင်ပိုင်း ပြည်နယ် ၁၄ ခုမှာ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခံထားရတဲ့ လွတ်ရက်စေ့ မြန်မာနိုင်ငံသား အကျဉ်းသားတွေကို ကိုဗစ်ကပ်ဘေးကြောင့် လွှဲပြောင်းပေးဖို့ ရပ်ဆိုင်းထားရာကနေ အခုတော့ လွှဲပြောင်းရေးလုပ်ငန်းတွေ ပြန်စနေပါပြီ။ ၅ လအတွင်း ပထမဆုံးအကြိမ်အဖြစ် စက်တင်ဘာလ ၁၇ ရက်နေ့ကတော့ ရနောင်းမြို့ကနေ မြန်မာနိုင်ငံ ကော့သောင်းဘက်ကို လွတ်ရက်စေ့ အကျဉ်းသား ၁၈၀ ကျော် လွှဲပြောင်းပေးခဲ့တာပါ။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ကိုဗစ်ကပ်ဘေးကာလ အကန့်အသတ်တွေကြောင့် အကျဉ်းသားတွေ လွဲှပြောင်းပေးတာတွေကို ၅ လနီးပါးအထိ ရပ်ဆိုင်းထားရာက စက်တင်ဘာလ ၁၇ ရက်နေ့ကတော့ ထိုင်း-မြန်မာနယ်စပ် ရနောင်းကနေ မြန်မာနိုင်ငံဘက်ခြမ်း ကော့သောင်းကို အကျဉ်းသား ၁၈၀ ကျော် ထိုင်းအစိုးရက လွဲှပြောင်းပေးခဲ့ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ပြည်နယ် ၁၄ ခုက အကျဉ်းထောင်တွေ၊ လူဝင်မှုကြီးကြပ်ရေး အချုပ်စခန်းတွေမှာ အကြောင်းအမျိုးမျိုးနဲ့ အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအစိုးရက သောကြာနေ့က ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)၊ ကော့သောင်းမြို့ ရွှေ့ပြောင်းအလုပ်သမား အရင်းအမြစ်စင်တာ တာဝန်ခံ ဦးမိုးဝေက အခုလိုပြောပြပါတယ်။

“အားလုံး ၁၈၂ ယောက်ဗျ၊ အဓိက အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခံရသူတွေ ပါတယ်။ နောက်တခုက ထောင်ထဲမှာ နှစ်ကြာပြီး လွတ်ရက်စေ့သူတွေ ပါတယ်။ အချုပ်ခန်းထဲမှာ ကလေးမွေးသွားတဲ့ မြိတ်က အမျိုးသမီးတဦး ပါတယ်။ အခုဆိုရင် ၅ လ လောက်တောင် ကြာသွားပြီ။ အခုကျမှ ပထမဦးဆုံးအကြိမ် ပြန်လွတ်တာပါ။ လဝကအချုပ်ထောင်က လွတ်လာတာပါ။ ရနောင်းတခုတည်း မဟုတ်ဘူး၊ တောင်ပိုင်းတခုလုံးက ၁၄ ပြည်နယ်က အလုပ်သမားတွေ အကြောင်းအမျိုးမျိုးကြောင့် အဖမ်းခံရပြီး ပြန်ပို့ရမယ့်အုပ်စုတွေ၊ စောင့်ဆိုင်းနေရတဲ့ အုပ်စုတွေ ဖြစ်ပါတယ်။”

လွတ်ရက်စေ့ပေမယ့် နေရပ်ပြန်ဖို့အတွက် ပြန်မပို့ပေးသေးတာကြောင့် ထိုင်းဘက်ခြမ်းက အကျဉ်းထောင်တွေ၊ အချုပ်စခန်းတွေမှာ ဆန္ဒပြတာတွေလည်း ဖြစ်ခဲ့ပါတယ်။ ကိုဗစ်ကပ်ဘေးကာလ စောင့်ကြည့်ရေးစင်တာ အခက်အခဲကြောင့် မြန်မာနိုင်ငံဘက်ကလည်း လွတ်ရက်စေ့သူတွေကို ပြန်လက်ခံဖို့ အဆင်သင့် မဖြစ်သေးတာကြောင့် ရနောင်းအာဏာပိုင်တွေက လွဲှပြောင်းတဲ့ကိစ္စတွေကို ရပ်နားထားတာပါ။ အခုဆိုရင် နောက်ထပ် လွတ်ရက်စေ့သူ ၂၀၀ နီးပါးလောက်ဟာလည်း အချုပ်ထဲမှာ စောင့်ဆိုင်းနေရတယ်လို့ ဦးမိုးဝေက ပြောပါတယ်။

“အားလုံးပေါင်း အချုပ်ခန်းထဲမှာ အမျိုးသမီး ၈၂ ယောက်ရှိပြီး အမျိုးသား ၃၀၀ ကျော်ရှိတယ်။ အခုပြန်လွတ်လာတာ ၁၈၀ ကျော်ဆိုတော့ ကျန်သေးတာ ၁၈၀ ကျော်လောက်တော့ ကျန်သေးတယ် အချုပ်ခန်းထဲမှာ။”

ထိုင်းအစိုးရအနေနဲ့ မြန်မာနိုင်ငံသား အကျဉ်းသားတွေကို နယ်စပ်တွေကနေ ပြန်လွဲှပြောင်းပေးနေရာမှာ မဲဆောက်-မြဝတီနယ်စပ်၊ မယ်ဆိုင်-တာချီလိတ်နယ်စပ်၊ ရနောင်း-ကော့သောင်း နယ်စပ်တွေကနေ ပြန်လွဲှပြောင်းပေးနေတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG