သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရႊႀတိဂံထြက္ မူးယစ္ေဆးျပား သန္းနဲ႔ခ်ီ ဖမ္းဆီးရမိ


အခုႏွစ္ ၾသဂုတ္လ ၂၀ ရက္ေန႔က ထိုင္းႏုိင္ငံအတြင္း ဖမ္းဆီးရမိတဲ့ မူးယစ္စိတ္ႂကြေဆးမ်ား။ (ၾသဂုတ္ ၂၀၊ ၂၀၂၁။ ဓာတ္ပံု-ထိုင္းရဲတပ္ဖြဲ႔)

(Zawgyi / Unicode)

ထိုုင္း-ျမန္မာနယ္စပ္ ခ်င္းမိုင္ျပည္နယ္ ခ်င္းေဒါင္ၿမိဳ႕နယ္အတြင္း ဝင္ေရာက္လာတဲ့ မူးယစ္ဂိုုဏ္း၀င္ ၁၅ ဦးခန္႔နဲ႔ ထိုုင္းအမွတ္ ၅ နယ္ျခားေစာင့္တပ္ရင္းတို႔ ဒီရက္ပိုင္းမွာ တိုုက္ပြဲျဖစ္ပြားခဲ့ၿပီး မူးယစ္ဂိုဏ္းဝင္တဦး အေသဖမ္းမိသလို ေရႊႀတိဂံေဒသထြက္ စိတ္ႂကြေဆးျပား ၁၀ သန္းေက်ာ္ေလာက္ ဖမ္းမိခဲ့တယ္လို႔ ထုိင္းအာဏာပုိင္ေတြက ေျပာပါတယ္။ အျပည့္အစုံကို မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုုင္း-ျမန္မာနယ္စပ္ ခ်င္းမိုိုင္ျပည္နယ္ ခ်င္းေဒါင္ၿမိဳ႕နယ္အတြင္း ဝင္ေရာက္လာတဲ့ မူးယစ္ဂိုုဏ္းဝင္ ၁၅ ဦးခန္႔နဲ႔ ထုိင္းအမွတ္ ၅ နယ္ျခားေစာင့္တပ္ဖဲြ႔တို႔ ဒီရက္ပုိင္းမွာ တိုက္ပဲြေတြ ျဖစ္ပြားခဲ့ၿပီီးေနာက္ မူယစ္ဂိုဏ္းဝင္တဦးကုိ အေသဖမ္းမိခဲ့ပါတယ္။

ထိုု္င္း-ျမန္မာနယ္စပ္ ခ်င္းေဒါင္ေဒသ Nong Kalang နယ္စပ္မွာ ကင္းလွည့္ေနတဲ့ အမွတ္ ၅ တပ္ရင္း တပ္စုု ၂ အဖြဲ႔နဲ႔ ထုိင္း-ျမန္မာနယ္စပ္က မူးယစ္ေဆးေတြ သယ္ေဆာင္လာၾကတဲ့ မူးယစ္ဂိုုဏ္း လက္နက္ကိုုင္ ၁၅ ဦးခန္႔တိုု႔ဟာ ေျပာင္းေတာအတြင္း ရင္ဆိုုင္ေတြ႔ခဲ့ၿပီး ႏွစ္ဖက္ အျပန္အလွန္ ပစ္ခတ္ခဲ့ေၾကာင္း အမွတ္ ၅ ေဒသ နယ္ျခားေစာင့္တပ္ဖဲြ႔ရဲ႕ သတင္းထုုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။

ႏွစ္ဖက္အၾကား ၁၀ မိနစ္ၾကာ တိုုက္ပြဲျဖစ္ပြားခဲ့ၿပီးတဲ့ေနာက္ေတာ့ မူးယစ္ဂိုုဏ္းဝင္ေတြ လာလမ္းအတိုုင္း ျပန္လည္ဆုတ္ခြာသြားခဲ့ၾကတယ္လို႔ ဆိုပါတယ္။

တိုုက္ပြဲျဖစ္ပြားရာေနရာ ေျပာင္းခင္းအတြင္း အမွတ္ ၅ ေဒသ နယ္ျခားေစာင့္တပ္ဖြဲ႔က ဝင္ေရာက္ရွာေဖြ ရွင္းလင္းခဲ့ရာမွာေတာ့ စိတ္ႂကြေဆးျပား ၄၃၀,၀၀၀ ထည့္ထားတဲ့ စစ္ေက်ာပိုုးအိတ္နဲ႔အတူ အမ္ ၁၆ ေသနတ္တလက္၊ မူးယစ္ဂိုဏ္းဝင္ အမ်ိဳးသားတဦးကိုု အေသဖမ္းမိခဲ့တယ္လို႔ ဆိုပါတယ္။

ဒီရက္ပုိင္း အဲဒီေဒသမွာ စိတ္ႂကြေဆးျပား ၄ သန္းခဲြေက်ာ္ ထပ္ၿပီး ဖမ္းမိခဲ့ေၾကာင္း ဖေယာင္ျပည္နယ္ထဲမွာလုပ္တဲ့ သတင္းစာရွင္းလင္းပဲြမွာေတာ့ အမွတ္ ၅ ေဒသ ရဲမွဴး ပေက်ာ့ဝန္စြတ္က သတင္းစာရွင္းလင္းပြဲမွာ ထုိင္းဘာသာနဲ႔ အခုလိုေျပာသြားပါတယ္။

“က်ေနာ္တုိ႔ ခုုလိုု စိတ္ႂကြေဆးေတြ ဆက္တိုုက္ဆိုုသလိုု အေျမာက္အျမား ဖမ္းမိႏုိင္ခဲ့တာဟာ နယ္စပ္ေဒသခံ ျပည္သူေတြနဲ႔အတူ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႔ဝင္ေတြ ပူးေပါင္းလုုပ္ေဆာင္ခ်က္ေၾကာင့္ ျဖစ္ပါတယ္။ ထိုုင္းႏုိင္ငံအတြင္း ဝင္လာတဲ့ မူးယစ္ေဆးဝါးေတြကိုု ဘယ္ေနရာကိုုမွ ပ်ံ႕ႏွံ႔မသြားေအာင္ လိုုက္လံဖမ္းဆီးႏုိင္ဖို႔ အာဏာပိုုင္အဖြဲ့အစည္းအားလံုုး ပူးေပါင္း လုုပ္ေဆာင္သြြားမွာပါ။” ဆိုၿပီး ေျပာဆိုုသြားပါတယ္။

စက္တင္ဘာလ ၃ ရက္ေန႔မွာေတာ့ ေရႊႀတိဂံေဒသကလာတဲ့ စိတ္ႂကြေဆးျပား ၂ သန္းေက်ာ္ကိုလည္း ႏံံြထဘူရီျပည္နယ္ထဲမွာ ဖမ္းမိခဲ့ပါတယ္။ ဒီရက္ပိုင္းမွာ ဖမ္းမိတာ အားလံုးေပါင္းရင္ေတာ့ ကာလတန္ဖိုး ဘတ္သန္း ၂,၀၀၀ ေက်ာ္တန္ဖိုးရွိတဲ့ စိတ္ႂကြေဆးျပား ၁၀ သန္းေက်ာ္ေလာက္ ဖမ္းမိခဲ့ပါတယ္။

ေရႊႀတိဂံေဒသက မူးယစ္ေမွာင္ဂိုဏ္းေတြဟာ မူးယစ္ေဆးေတြကို အရင္ကထက္ ပိုထုတ္လုပ္ေနၿပီး ကိုဗစ္ကပ္ေဘးကာလမွာ ထိုင္းဘက္ကို အလံုးအရင္း သယ္ေဆာင္တင္သြင္းေနတယ္လို႔လည္း ထိုင္းႏုိင္ငံရဲ႕ ေဒသဆိုင္ရာ သတင္းေတြမွာ ေဖာ္ျပၾကပါတယ္။

ကုလသမဂၢ မူးယစ္ေဆးဝါးနဲ႔ ရာဇဝတ္မႈဆိုင္ရာ႐ုံး (UNODC) ရဲ႕ ဒီႏွစ္ဆန္းမွာ ထုတ္ျပန္တဲ့ ျမန္မာႏုိင္ငံ ဘိန္းထုတ္လုပ္မႈ ႏွစ္စဥ္ အစီရင္ခံစာမွာေတာ့ ေဒသတြင္းမွာ ဓာတုပစၥည္းေတြကို အေျခခံထုတ္လုပ္တဲ့ မူးယစ္ေဆးဝါးေတြ တြင္က်ယ္လာတယ္လို႔လည္း ေရးသားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

ရွှေတြိဂံထွက် မူးယစ်ဆေးပြား သန်းနဲ့ချီ ဖမ်းဆီးရမိ

ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ပြည်နယ် ချင်းဒေါင်မြို့နယ်အတွင်း ဝင်ရောက်လာတဲ့ မူးယစ်ဂိုဏ်းဝင် ၁၅ ဦးခန့်နဲ့ ထိုင်းအမှတ် ၅ နယ်ခြားစောင့်တပ်ရင်းတို့ ဒီရက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မူးယစ်ဂိုဏ်းဝင်တဦး အသေဖမ်းမိသလို ရွှေတြိဂံဒေသထွက် စိတ်ကြွဆေးပြား ၁၀ သန်းကျော်လောက် ဖမ်းမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ အပြည့်အစုံကို မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ပြည်နယ် ချင်းဒေါင်မြို့နယ်အတွင်း ဝင်ရောက်လာတဲ့ မူးယစ်ဂိုဏ်းဝင် ၁၅ ဦးခန့်နဲ့ ထိုင်းအမှတ် ၅ နယ်ခြားစောင့်တပ်ဖွဲ့တို့ ဒီရက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် မူးယစ်ဂိုဏ်းဝင်တဦးကို အသေဖမ်းမိခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ် ချင်းဒေါင်ဒေသ Nong Kalang နယ်စပ်မှာ ကင်းလှည့်နေတဲ့ အမှတ် ၅ တပ်ရင်း တပ်စု ၂ အဖွဲ့နဲ့ ထိုင်း-မြန်မာနယ်စပ်က မူးယစ်ဆေးတွေ သယ်ဆောင်လာကြတဲ့ မူးယစ်ဂိုဏ်း လက်နက်ကိုင် ၁၅ ဦးခန့်တို့ဟာ ပြောင်းတောအတွင်း ရင်ဆိုင်တွေ့ခဲ့ပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း အမှတ် ၅ ဒေသ နယ်ခြားစောင့်တပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

နှစ်ဖက်အကြား ၁၀ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက်တော့ မူးယစ်ဂိုဏ်းဝင်တွေ လာလမ်းအတိုင်း ပြန်လည်ဆုတ်ခွာသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားရာနေရာ ပြောင်းခင်းအတွင်း အမှတ် ၅ ဒေသ နယ်ခြားစောင့်တပ်ဖွဲ့က ဝင်ရောက်ရှာဖွေ ရှင်းလင်းခဲ့ရာမှာတော့ စိတ်ကြွဆေးပြား ၄၃၀,၀၀၀ ထည့်ထားတဲ့ စစ်ကျောပိုးအိတ်နဲ့အတူ အမ် ၁၆ သေနတ်တလက်၊ မူးယစ်ဂိုဏ်းဝင် အမျိုးသားတဦးကို အသေဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ဒီရက်ပိုင်း အဲဒီဒေသမှာ စိတ်ကြွဆေးပြား ၄ သန်းခွဲကျော် ထပ်ပြီး ဖမ်းမိခဲ့ကြောင်း ဖယောင်ပြည်နယ်ထဲမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အမှတ် ၅ ဒေသ ရဲမှူး ပကျော့ဝန်စွတ်က သတင်းစာရှင်းလင်းပွဲမှာ ထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ်။

“ကျနော်တို့ ခုလို စိတ်ကြွဆေးတွေ ဆက်တိုက်ဆိုသလို အမြောက်အမြား ဖမ်းမိနိုင်ခဲ့တာဟာ နယ်စပ်ဒေသခံ ပြည်သူတွေနဲ့အတူ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းလုပ်ဆောင်ချက်ကြောင့် ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအတွင်း ဝင်လာတဲ့ မူးယစ်ဆေးဝါးတွေကို ဘယ်နေရာကိုမှ ပျံ့နှံ့မသွားအောင် လိုက်လံဖမ်းဆီးနိုင်ဖို့ အာဏာပိုင်အဖွဲ့အစည်းအားလုံး ပူးပေါင်း လုပ်ဆောင်သွားမှာပါ။” ဆိုပြီး ပြောဆိုသွားပါတယ်။

စက်တင်ဘာလ ၃ ရက်နေ့မှာတော့ ရွှေတြိဂံဒေသကလာတဲ့ စိတ်ကြွဆေးပြား ၂ သန်းကျော်ကိုလည်း နံွံထဘူရီပြည်နယ်ထဲမှာ ဖမ်းမိခဲ့ပါတယ်။ ဒီရက်ပိုင်းမှာ ဖမ်းမိတာ အားလုံးပေါင်းရင်တော့ ကာလတန်ဖိုး ဘတ်သန်း ၂,၀၀၀ ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား ၁၀ သန်းကျော်လောက် ဖမ်းမိခဲ့ပါတယ်။

ရွှေတြိဂံဒေသက မူးယစ်မှောင်ဂိုဏ်းတွေဟာ မူးယစ်ဆေးတွေကို အရင်ကထက် ပိုထုတ်လုပ်နေပြီး ကိုဗစ်ကပ်ဘေးကာလမှာ ထိုင်းဘက်ကို အလုံးအရင်း သယ်ဆောင်တင်သွင်းနေတယ်လို့လည်း ထိုင်းနိုင်ငံရဲ့ ဒေသဆိုင်ရာ သတင်းတွေမှာ ဖော်ပြကြပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ ဒီနှစ်ဆန်းမှာ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ ဘိန်းထုတ်လုပ်မှု နှစ်စဉ် အစီရင်ခံစာမှာတော့ ဒေသတွင်းမှာ ဓာတုပစ္စည်းတွေကို အခြေခံထုတ်လုပ်တဲ့ မူးယစ်ဆေးဝါးတွေ တွင်ကျယ်လာတယ်လို့လည်း ရေးသားထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG