သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စိတ္ႂကြေဆးျပား ၈ သန္းနဲ႔ မူးယစ္ဂိုဏ္းဝင္ေတြ ထိုင္းရဲဖမ္းမိ


ဖမ္းမိမူးယစ္ေဆးနွင့္ မူးယစ္ဂိုဏ္း၀င္မ်ား (ဓာတ္ပံု - ထိုင္း မူးယစ္နွိမ္းနင္းေ၇းတပ္ဖြဲ ့)

(Zawgyi/Unicode)

ေ႐ႊႀတိဂံေဒသက သယ္ေဆာင္လာတဲ့ စိတ္ႂကြေဆးျပား ၈ သန္းနဲ႔အတူ မူးယစ္ေမွာင္ခိုဂိုဏ္းဝင္ေတြကို ထိုင္းရဲတပ္ဖြဲ႕က ဇူလိုင္လ ၂၈ ရက္ေန႔မွာ ဖမ္းမိခဲ့ပါတယ္။ ဒီအေၾကာင္းဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္းျမန္မာနယ္စပ္ထိုင္းေျမာက္ပိုင္းေ႐ႊႀတိဂံေဒသကလာတဲ့ စိတ္ႂကြေဆးျပားေတြကိုထိုင္းႏိုင္ငံအတြင္းပိုင္းမွာဖမ္းဆီးခဲ့တာပါ ။

ကာလတန္ဖိုး ထိုင္း ဘတ္ေငြ သန္းေပါင္း တစ္ေထာင္နီးပါး တန္းဖိုးရွိတဲ့ ၉ ၉ ၉ တံဆိပ္ စိတ္ႂကြေဆးျပား ၈သန္းပါ အိပ္ေပါင္း၄၀ တင္ေဆာင္လာတဲ့ ကုန္တင္ကားငယ္တစ္စီးနဲ႔အတူ မူးယစ္ဂိုဏ္းဝင္ လူငယ္ ၆ဦးကို ထိုင္းႏိုင္ငံ န ကြန္စဝမ္ၿမိဳ႕မွာ ရဲတပ္ဖြဲ႕ဝင္ေတြက ဇူလိုင္လ၂၈ ရက္ေနက ဖမ္းဆီးႏိုင္ခဲ့တာျဖစ္ပါတယ္။

မူးယစ္နိမ္နင္းေရး ရဲခ်ဳပ္ ဖြန္ခ်ိဳင္း က်လန္ဝုန္က သတင္းစာရွင္းလင္းပြဲမွာ ထိုင္းဘာသာနဲ႔ အခုလိုေျပာသြားပါတယ္။
သူ ေျပာသြားတာကေတာ့ ထိုင္းေျမာက္ပိုင္းကလာတဲ့ စိတ္ႂကြေဆး ၈သန္းကိုဖမ္းမိတဲ့အေၾကာင္းနဲ႔ ရဲတပ္ဖြဲ႕ေတြဟာ ကပ္ေရာဂါထိမ္းခ်ဳပ္ေရးအတြက္ အလုပ္မ်ားေနတဲ့အခ်ိန္ နယ္စပ္က မူးယစ္ေမွာင္ခိုသမားေတြဟာ လူငယ္ေတြကို စည္း႐ုံးၿပီး အခေၾကးေငြေပး သယ္ခိုင္းတာလို႔ေျပာသြားပါတယ္။

ထိုင္းျပည္သူေတြကိုသတိေပးလိုတာကေတာ့ မိမိရဲ႕သားသမီးေတြ မူးယစ္ေမွာင္ခိုသမားေတြရဲ႕စည္း႐ုံမူေနာက္ မလိုက္ မိေအာင္ ေစာင့္ၾကည့္စစ္ေဆးၾကဖို႔ လိုပါတယ္လို႔ ေျပာသြားပါတယ္

ထိုင္းျမန္မာနယ္စပ္ ခ်င္း႐ိုင္ ျပည္နယ္ ကေန လာတဲ့စိတ္ႂကြေဆးျပားေတြကို

လမ္းေပၚက စစ္ေဆးေရးဂိတ္ေတြရွိမရွိ ေရွက လမ္းေၾကာင္းၾကည့္တဲ့ ကားသုံးစီးနဲ႔စိတ္ႂကြေဆးေတြကိုသယ္ေဆာင္လာၾကတာပါ ။

ဒီမူးယစ္ေမွာင္ခိုဂိုဏ္းဝင္ လူငယ္ေတြဟာ ၿမိဳ႕ေတြအဝင္ တည္းခိုခန္းေတြမွာ တေထာက္နားၿပီး ရဲတပ္ဖြဲ႕ဝင္ေတြရဲ႕ အေျခအေနကို ေလ့လာေစာ င့္ၾကည့္ၿပီးမွတၿမိဳ႕ၿပီးတၿမိဳ႕ကိုျဖတ္တိုင္းမူးယစ္ေဆးဝါးေတြပါတဲ့ကားကိုကားနံပါတ္ေတြေျပာင္းလဲတပ္ဆင္ခဲ့တယ္လိ့ုဆိုပါတယ္

အခုလို ကိုဗစ္ကပ္ေရာဂါကူးစက္မူေတြ ထိုင္းမွာျမင့္တက္ေနခ်ိန္မွာ မူးယစ္ဂိုဏ္းေတြဟာ အခြင့္ေကာင္းယူၿပီး အလုံးအရင္းနဲ႔ သယ္ေဆာင္ေနၾကတာျဖစ္တယ္လို႔ နကြန္စဝမ္ ရဲတပ္ဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္ ။

ကပ္ေရာဂါေၾကာင့္စီးပြားေရးလုပ္ငန္းေတြ ပိတ္ထားရတာခ်ိန္အလုပ္လက္မဲ့ ျဖစ္လာတဲ့ လူငယ္ေတြ ဟာ မူယစ္ေဆးဝါး မူခင္းေတြမွာ ပါဝင္ပါတ္သက္လာတာေတ ြ႕ ေနရတယ္လို႔ လည္း ထိုင္းႏိုင္ငံ မူခင္းရဲတပ္ဖြဲ႕က ေဖၚျပထားပါတယ္။

ေ႐ႊႀကိဂံေဒသက မူးယစ္ေမွာင္ဂိုဏ္းေတြဟာ စိတ္ႂကြေဆးေတြကို အရင္ကထက္ ပိုထုတ္လုပ္ေနၿပီး ထိုင္းဘက္ကိုအလုံးအရင္း သယ္ေဆ ာင္တင္သြင္းေနတယ္လို႔လည္း ဒီရက္ပိုင္းမွာပဲ ထိုင္းႏိုင္ငံရဲ႕ေဒသဆိုင္ရာသတင္းေတြမွာ ေဖၚျပၾကပါတယ္

ကုလသမဂၢ မူးယစ္ေဆးဝါးနဲ႔ ရာဇဝတ္မႈဆိုင္ရာ႐ုံး (UNODC) ရဲ႕ ဒီႏွစ္ဆန္းမွာ ထုတ္ျပန္တဲ့ ျမန္မာႏိုင္ငံ ဘိန္းထုတ္လုပ္မႈ ႏွစ္စဥ္ အစီရင္ခံစာမွာေတာ့ ေဒသတြင္းမွာ ဓာတုပစၥည္းေတြကို အေျခခံထုတ္လုပ္တဲ့ မူးယစ္ေဆးဝါးေတြ တြင္က်ယ္လာတယ္လို႔လည္း ေရးသားထားပါတယ္။

................................................................................................

တိုက္႐ိုက္ လင့္ခ္


စိတ်ကြွဆေးပြား ၈ သန်းနဲ့ မူးယစ်ဂိုဏ်းဝင်တွေ ထိုင်းရဲဖမ်းမိ

(Unicode)

ရွှေတြိဂံဒေသက သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြား ၈ သန်းနဲ့အတူ မူးယစ်မှောင်ခိုဂိုဏ်းဝင်တွေကို ထိုင်းရဲတပ်ဖွဲ့က ဇူလိုင်လ ၂၈ ရက်နေ့မှာ ဖမ်းမိခဲ့ပါတယ်။ ဒီအကြောင်းဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ်ထိုင်းမြောက်ပိုင်းရွှေတြိဂံဒေသကလာတဲ့ စိတ်ကြွဆေးပြားတွေကိုထိုင်းနိုင်ငံအတွင်းပိုင်းမှာဖမ်းဆီးခဲ့တာပါ ။

ကာလတန်ဖိုး ထိုင်း ဘတ်ငွေ သန်းပေါင်း တစ်ထောင်နီးပါး တန်းဖိုးရှိတဲ့ ၉ ၉ ၉ တံဆိပ် စိတ်ကြွဆေးပြား ၈သန်းပါ အိပ်ပေါင်း၄၀ တင်ဆောင်လာတဲ့ ကုန်တင်ကားငယ်တစ်စီးနဲ့အတူ မူယစ်ဂိုဏ်းဝင် လူငယ် ၆ဦးကို ထိုင်းနိုင်ငံ န ကွန်စဝမ်မြို့မှာ ရဲတပ်ဖွဲ့ဝင်တွေက ဇူလိုင်လ၂၈ ရက်နေက ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

မူးယစ်နိမ်နင်းရေး ရဲချုပ် ဖွန်ချိုင်း ကျလန်ဝုန်က သတင်းစာရှင်းလင်းပွဲမှာ ထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ်။
သူ ပြောသွားတာကတော့ ထိုင်းမြောက်ပိုင်းကလာတဲ့ စိတ်ကြွဆေး ၈သန်းကိုဖမ်းမိတဲ့အကြောင်းနဲ့ ရဲတပ်ဖွဲ့တွေဟာ ကပ်ရောဂါထိမ်းချုပ်ရေးအတွက် အလုပ်များနေတဲ့အချိန် နယ်စပ်က မူးယစ်မှောင်ခိုသမားတွေဟာ လူငယ်တွေကို စည်းရုံးပြီး အခကြေးငွေပေး သယ်ခိုင်းတာလို့ပြောသွားပါတယ်။

ထိုင်းပြည်သူတွေကိုသတိပေးလိုတာကတော့ မိမိရဲ့သားသမီးတွေ မူးယစ်မှောင်ခိုသမားတွေရဲ့စည်းရုံမူနောက် မလိုက် မိအောင် စောင့်ကြည့်စစ်ဆေးကြဖို့ လိုပါတယ်လို့ ပြောသွားပါတယ်

ထိုင်းမြန်မာနယ်စပ် ချင်းရိုင် ပြည်နယ် ကနေ လာတဲ့စိတ်ကြွဆေးပြားတွေကို

လမ်းပေါ်က စစ်ဆေးရေးဂိတ်တွေရှိမရှိ ရှေက လမ်းကြောင်းကြည့်တဲ့ ကားသုံးစီးနဲ့စိတ်ကြွဆေးတွေကိုသယ်ဆောင်လာကြတာပါ ။

ဒီမူးယစ်မှောင်ခိုဂိုဏ်းဝင် လူငယ်တွေဟာ မြို့တွေအဝင် တည်းခိုခန်းတွေမှာ တထောက်နားပြီး ရဲတပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေကို လေ့လာစော င့်ကြည့်ပြီးမှတမြို့ပြီးတမြို့ကိုဖြတ်တိုင်းမူးယစ်ဆေးဝါးတွေပါတဲ့ကားကိုကားနံပါတ်တွေပြောင်းလဲတပ်ဆင်ခဲ့တယ်လိ့ုဆိုပါတယ်

အခုလို ကိုဗစ်ကပ်ရောဂါကူးစက်မူတွေ ထိုင်းမှာမြင့်တက်နေချိန်မှာ မူးယစ်ဂိုဏ်းတွေဟာ အခွင့်ကောင်းယူပြီး အလုံးအရင်းနဲ့ သယ်ဆောင်နေကြတာဖြစ်တယ်လို့ နကွန်စဝမ် ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ် ။

ကပ်ရောဂါကြောင့်စီးပွားရေးလုပ်ငန်းတွေ ပိတ်ထားရတာချိန်အလုပ်လက်မဲ့ ဖြစ်လာတဲ့ လူငယ်တွေ ဟာ မူယစ်ဆေးဝါး မူခင်းတွေမှာ ပါဝင်ပါတ်သက်လာတာတေ ွ့ နေရတယ်လို့ လည်း ထိုင်းနိုင်ငံ မူခင်းရဲတပ်ဖွဲ့က ဖေါ်ပြထားပါတယ်။

ရွှေကြိဂံဒေသက မူးယစ်မှောင်ဂိုဏ်းတွေဟာ စိတ်ကြွဆေးတွေကို အရင်ကထက် ပိုထုတ်လုပ်နေပြီး ထိုင်းဘက်ကိုအလုံးအရင်း သယ်ဆေ ာင်တင်သွင်းနေတယ်လို့လည်း ဒီရက်ပိုင်းမှာပဲ ထိုင်းနိုင်ငံရဲ့ဒေသဆိုင်ရာသတင်းတွေမှာ ဖေါ်ပြကြပါတယ်

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ ဒီနှစ်ဆန်းမှာ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ ဘိန်းထုတ်လုပ်မှု နှစ်စဉ် အစီရင်ခံစာမှာတော့ ဒေသတွင်းမှာ ဓာတုပစ္စည်းတွေကို အခြေခံထုတ်လုပ်တဲ့ မူးယစ်ဆေးဝါးတွေ တွင်ကျယ်လာတယ်လို့လည်း ရေးသားထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG