သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေတြိဂံ မူးယစ်ဆေး ဂိုဏ်းဝင်တွေနဲ့အတူ ထိုင်းမှာဖမ်းမိ


အယုဒ္ဒယမှာ မူးယစ်မှောင်ခိုဂိုဏ်းက လူငယ်တွေကို ဖမ်းဆီးနေတဲ့ ထိုင်းရဲတပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - ထိုင်းမူးယစ်နှိမ်နင်းရေး ရဲတပ်ဖွဲ့)
အယုဒ္ဒယမှာ မူးယစ်မှောင်ခိုဂိုဏ်းက လူငယ်တွေကို ဖမ်းဆီးနေတဲ့ ထိုင်းရဲတပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - ထိုင်းမူးယစ်နှိမ်နင်းရေး ရဲတပ်ဖွဲ့)

(Zawgyi / Unicode)

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ပြည်နယ်ကနေ ဝင်ရောက်လာတဲ့ ရွှေတြိဂံထွက် စိတ်ကြွဆေး ၆ သန်းကျော် ဖမ်းမိကြောင်း ထိုင်းမူးယစ်နှိမ်နင်းရေး ရဲတပ်ဖွဲ့က ဇူလိုင်လ ၁၇ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ အပြည့်အစုံကို မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် ရွှေတြိဂံဒေသကနေတဆင့် ထိုင်းနိုင်ငံအတွင်းပိုင်း ဝင်ရောက်လာတဲ့ ကာလတန်ဖိုး ဘတ်ငွေသန်းပေါင်း ၉၀ ကျော်တန်ဖိုးရှိတဲ့ ၉၉၉ တံဆိပ် မူးယစ်ဆေး ၆ သန်း ၂ သိန်းနဲ့အတူ မူးယစ်မှောင်ခိုဂိုဏ်းက လူငယ် ၃ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းမိခဲ့တာပါ။

မူးယစ်နှိမ်နင်းရေးတပ်ဖွဲ့ ဒုရဲချုပ် မွန်သီရင်းရမ်ကတော့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောသွားပါတယ်။

“အခုဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ မူးယစ်ဂိုဏ်းဝင်တွေဟာ ချင်းရိုင်ပြည်နယ်နဲ့ ဖယောင်ပြည်နယ်တွေမှာ လှုပ်ရှားနေတဲ့ တောင်ပေါ်တိုင်းရင်းသားတွေ ဖြစ်ပါတယ်။ သူတို့မောင်းလာတဲ့ ကားနှစ်စီးကို အယုဒ္ဒယမြို့ အာရှလမ်းမကြီးပေါ်မှာ မူးယစ်နှိမ်နင်းရေး တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ စိတ်ကြွဆေးတွေနဲ့အတူ ဖမ်းမိခဲ့တဲ့ လူငယ်သုံးဦးဟာ ထိုင်း-မြန်မာနယ်စပ်က တောင်ပေါ်တိုင်းရင်းသား လက်မှတ်တွေ ကိုင်ဆောင်ထားကြသူတွေ ဖြစ်ပါတယ်။ ဒီမူးယစ်ဂိုဏ်းဝင်တွေဟာ အုပ်စုလိုက် ရှေ့ပြေးလမ်းကြောင်းရှင်းမရှင်း ကြည့်တဲ့ကားတွေ အသုံးပြုပြီး အွန်လိုင်းကနေ အချင်းချင်း ဆက်သွယ် သတင်းပေးပြီး မူးယစ်ဆေးတွေ သယ်ဆောင်နေတာ ဖြစ်ပါတယ်။” ဆိုပြီး ပြောဆိုသွားတာပါ။

မူးယစ်ဆေးဝါး သယ်ဆောင်သူတွေက အုပ်စုလိုက် ဂိုဏ်းနဲ့လုပ်ကြတာဖြစ်ပြီး ရှေ့ပြေး လမ်းကြောင်းကြည့်သူတွေက ရဲစစ်ဆေးရေးဂိတ်တွေရှင်းတဲ့ လမ်းတွေကို အရင်ဖြတ်မောင်းပြီးမှ နောက်က မူးယစ်ဆေးတွေ သယ်ဆောင်တဲ့ ကားတွေက လိုက်လာကြတာလို့ ဆိုပါတယ်။

သူတို့ရဲ့ ဆက်သွယ်တဲ့စနစ်ကို ကြိုတင်သတင်းရထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ချင်းရိုင်နယ်စပ်ကနေ အစစ်အဆေးမရှိသလို လမ်းဖွင့်ပေးပြီး အယုဒ္ဒယမြို့ကိုရောက်မှ ဖမ်းဆီးလိုက်တာလို့လည်း ဆိုပါတယ်။ နောက်ဆက်တွဲ သူတို့နဲ့ဆက်နွှယ်တဲ့ ဂိုဏ်းဝင်တွေကိုလည်း လိုက်လံဖမ်းဆီးနေပြီလို့လည်း ပြောပါတယ်။

မြန်မာ့နိုင်ငံရေး မတည်ငြိမ်တဲ့ကာလမှာ ရွှေတြိဂံဒေသက မူးယစ်မှောင်ဂိုဏ်းတွေဟာ စိတ်ကြွဆေးတွေကို အရင်ကထက် ပိုထုတ်လုပ်နေပြီး ထိုင်းဘက်ကို အလုံးအရင်း သယ်ဆောင်တင်သွင်းနေတယ်လို့လည်း ဒီရက်ပိုင်းမှာပဲ ထိုင်းနိုင်ငံရဲ့ ဒေသဆိုင်ရာ သတင်းတွေမှာ ဖော်ပြကြပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ ဒီနှစ်ဆန်းမှာ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ ဘိန်းထုတ်လုပ်မှု နှစ်စဉ်အစီရင်ခံစာမှာတော့ ဒေသတွင်းမှာ ဓာတုပစ္စည်းတွေကို အခြေခံထုတ်လုပ်တဲ့ မူးယစ်ဆေးဝါးတွေ တွင်ကျယ်လာတယ်လို့လည်း ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------

(Unicode)










XS
SM
MD
LG