သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာျပည္သားႏွစ္ဦးကို စိတ္ႂကြေဆးျပား သံုးသန္းနဲ႔အတူ ထိုင္းမွာ ဖမ္းမိ


ဇြန္လ ၁၉ ရက္ေန့က ဖမ္းမိတဲ့မူးယစ္ဂိုဏ္း၀င္ေတြနဲ့မူးယစ္ေဆးမ်ား( ဓာတ္ပံု- ထိုင္း မူးယစ္ႏွိင္နင္းေရးတပ္ဖဲြ ့)

(Zawgyi/Unicode)

ကိုဗစ္ကပ္ေဘးကာလ လံုျခံုေရးေတြတင္းႀကပ္စြာခ်ထားတဲ့ႀကားက ထိုင္းျမန္မာနယ္စပ္ ေရႊ ႀကိဂံေဒသကလာတဲ့ မူးယစ္ေဆး၀ါး ၃သန္းေလာက္နဲ့အတူ ျမန္မာျပည္သား ၂ဦးပါတဲ့မူးယစ္ဂိုဏ္း၀င္၄ဦးကို ဇြန္လ ၁၉ ရက္ေန ့ကဖမ္းဆီးလိုက္ပါတယ္။ ဒီသတင္းကိုဗြီအိုေအသတင္းေထာက္မေအးေအးမာက သတင္းေပးပုိ့ထားပါတယ္။

ကိုဗစ္ကပ္ေဘးကာလလံုျခံုေရးေတြတင္းႀကပ္စြာခ်ထားေပမယ့္ ေရႊႀတိဂံေဒသကလာေနတဲ့မူးယစ္ေဆးေတြကို ထိုင္းမူးယစ္ ႏိွမ္နင္းေရးတပ္ဖြဲ ့က ဆက္တိုက္ဖမ္းမိေနတာပါ။ ဇြန္လ ၁၉ ရက္ေန့ကေတာ့ ၉၉၉ တံဆိပ္ ေရႊၾတိဂံ ထုတ္ စိတ္ၾကြေဆး ျပားသံုးသန္း နဲ ့အတူ ဖမ္းမိတဲ့ မူးယစ္ဂိုဏ္း၀င္ ၄ဦးထဲမွာ ျမန္မာျပည္သားေတြ ပါ၀င္ေနပါတယ္။


ထိုင္းေတာင္ေပၚ တိုင္းရင္းသား လက္မွတ္ ကိုင္ ေဆာင္ထားၾကတဲ့ မူးယစ္ဂိုဏ္းက ျမန္မာနိုင္ငံသား ႏွစ္ဦး နဲ ့ ထိုင္းနိုင္ငံသား ႏွစ္ဦး ေပါင္း ၄ဦးပါတဲ့အဖဲြ ့ဟာ ၀င္ေတြဟာ ထိုင္းျမန္မာနယ္စပ္ ခ်င္ရိုင္ျပည္နယ္ကေနစိတ္ႀကြေဆးျပား၃သန္း ကားငယ္ေတြနဲ ့ အတူ တေနရာကတေနရာ ကားေတြနဲ့ လက္ေျပာင္းလက္လြဲ သယ္ေဆာင္ေနတုန္းဖမ္းမိတာပါ။

ဇြန္လ ၁၉ ရက္ေန ့မွာ ေတာ့ ခ်င္းရိုင္ျပည္နယ္ကေန သယ္လာတဲ့ မူးယစ္ေဆးေတြကုိ နေကာ္စ၀မ္ ျပည္နယ္အေရာက္မွာ ဓါတ္ဆီဆိုင္မွာ ခဏနားေနစဥ္ ရဲတပ္ဖြဲ ့က စီးနင္း ဖမ္းဆီးခဲ့တာလို့ဆိုပါတယ္

ထိုင္းရဲခ်ဳပ္ မနူမဲ့ ကေတာ့ထုိင္းဘာသာနဲ့အခုလိုေျပာသြားပါတယ္။

သူေျပာသြားတာကေတာ့ အခုလို အဓိက မူးယစ္ဂိုဏ္း၀င္ေတြကို ဖမ္းဆီးေဖၚထုတ္နိုင္မွူဟာ ထိုင္းရဲတပ္ဖြဲ ့အားလံုးပူးေပါင္းေဆာင္ရြက္ခဲ့ၾကတာျဖစ္တယ္။ အမွုနဲ ့ ပါတ္သက္ျပီး ေနာက္ကြယ္ကေန ၾကိဳးကိုင္ေနသူေတြ နိုင္ငံတြင္းမွာ မူးယစ္ေဆးနဲ ့ရတဲ့တရားမ၀င္ ေငြေၾကးေတြကိုခ၀ါခ်ေပးေနသူေတြကို ဆက္တိုက္ေဖၚထုတ္အေရးမွာျဖစ္ေၾကာင္းေျပာဆိုသြားပါတယ္။

မူးယစ္တပ္ဖြဲ ့ ၀င္ေတြအေနနဲ့ ၾကိဳတင္သတင္းရရွိထားတာေၾကာင့္ ဒီမူးယစ္ဂိုဏ္းကိုဖမ္းမိတာလို့ မူးယစ္ႏိွမ္နင္းေရးတပ္ဖဲြကဆိုပါတယ္။ သူတို့အေနနဲ့ ျပည္နယ္ေျခာက္ခုမွာ အဖြဲ ့ေတြခြဲျပီး ေစာင့္ၾကည့္ေနၾကတာလို့လည္းေျပာပါတယ္။

အခုလို ထုိင္းျမန္မာနယ္စပ္ ရွမ္းျပည္နယ္နဲ့ကပ္ေနတဲ့ခ်င္းရိုင္ျပည္နယ္မွာ မူးယစ္ေဆးေတြဖမ္းမိသလို

ဒီရက္ပိုင္းမွာပဲ ျမန္မာျပည္ရွမ္းျပည္နယ္ အေရွ႕ပိုင္း က်ိဳင္းတုံ - မိုင္းျဖတ္သြား တဲ့ ကားလမ္းေပၚက ေက်း႐ြာအနီးမွာ ဇြန္လ ၁၈ ရက္ ညေနပိုင္းက (ICE) မူးယစ္ေဆးဝါး ၁၇၁၀ ကီလိုဂရမ္ခန႔္ နဲ့ ပစၥတိုေသနတ္ ၃ လက္နဲ႔အတူ လူ ၃ ဦး ကိုျမန္မာႏို္င္ငံရဲတပ္ဖဲြ့ကလည္းဖမ္းမိထားပါတယ္။

ကုိဗစ္ကပ္ေဘးကာလမွာ အသြားအလာေတြ ကန္႔သတ္ထိန္းခ်ဳပ္ထားေပမဲ့ မူးယစ္ေဆး၀ါး ေမွာင္ခုိသူေတြကေတာ့ လမ္းေၾကာင္းသစ္ေတြနဲ႔ တင္သြင္းေနဆဲျဖစ္ေၾကာင္းလည္း ကုလသမဂၢ မူးယစ္ေဆး၀ါးနဲ႔ ရာဇ၀တ္မႈဆုိင္ရာ႐ုံး (UNODC) က ေျပာဆုိထားပါတယ္္

ေရႊႀတိဂံေဒသမွာ မူးယစ္ေဆးေတြ အမ်ားအျပား ဖမ္းဆီးမိေနတာကုိၾကည့္ရင္ ကမာၻတ၀ွမ္း ကပ္ေရာဂါထိန္းခ်ဳပ္ေရး အာ႐ုံစုိက္ေနခ်ိန္ မူးယစ္ေဆးေမွာင္ခုိဂုိဏ္းေတြက အခြင့္ေကာင္းယူေနတဲ့ လကၡဏာတရပ္ ျဖစ္ေၾကာင္းလည္း UNODC က သတိေပးထားပါတယ္ရွင္။

........................................................................................

တိုက္႐ိုက္ လင့္ခ္


မြန်မာပြည်သားနှစ်ဦးကို စိတ်ကြွဆေးပြား သုံးသန်းနဲ့အတူ ထိုင်းမှာ ဖမ်းမိ

(Unicode)

ကိုဗစ်ကပ်ဘေးကာလ လုံခြုံရေးတွေတင်းကြပ်စွာချထားတဲ့ကြားက ထိုင်းမြန်မာနယ်စပ် ရွှေ ကြိဂံဒေသကလာတဲ့ မူးယစ်ဆေးဝါး ၃သန်းလောက်နဲ့အတူ မြန်မာပြည်သား ၂ဦးပါတဲ့မူးယစ်ဂိုဏ်းဝင်၄ဦးကို ဇွန်လ ၁၉ ရက်နေ့ကဖမ်းဆီးလိုက်ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကိုဗစ်ကပ်ဘေးကာလလုံခြုံရေးတွေတင်းကြပ်စွာချထားပေမယ့် ရွှေတြိဂံဒေသကလာနေတဲ့မူးယစ်ဆေးတွေကို ထိုင်းမူးယစ် နှိမ်နင်းရေးတပ်ဖွဲ့က ဆက်တိုက်ဖမ်းမိနေတာပါ။ ဇွန်လ ၁၉ ရက်နေ့ကတော့ ၉၉၉ တံဆိပ် ရွှေတြိဂံ ထုတ် စိတ်ကြွဆေး ပြားသုံးသန်း နဲ့အတူ ဖမ်းမိတဲ့ မူးယစ်ဂိုဏ်းဝင် ၄ဦးထဲမှာ မြန်မာပြည်သားတွေ ပါဝင်နေပါတယ်။


ထိုင်းတောင်ပေါ် တိုင်းရင်းသား လက်မှတ် ကိုင် ဆောင်ထားကြတဲ့ မူးယစ်ဂိုဏ်းက မြန်မာနိုင်ငံသား နှစ်ဦး နဲ့ ထိုင်းနိုင်ငံသား နှစ်ဦး ပေါင်း ၄ဦးပါတဲ့အဖွဲ့ဟာ ဝင်တွေဟာ ထိုင်းမြန်မာနယ်စပ် ချင်ရိုင်ပြည်နယ်ကနေစိတ်ကြွဆေးပြား၃သန်း ကားငယ်တွေနဲ့ အတူ တနေရာကတနေရာ ကားတွေနဲ့ လက်ပြောင်းလက်လွဲ သယ်ဆောင်နေတုန်းဖမ်းမိတာပါ။

ဇွန်လ ၁၉ ရက်နေ့မှာ တော့ ချင်းရိုင်ပြည်နယ်ကနေ သယ်လာတဲ့ မူးယစ်ဆေးတွေကို နကော်စဝမ် ပြည်နယ်အရောက်မှာ ဓါတ်ဆီဆိုင်မှာ ခဏနားနေစဉ် ရဲတပ်ဖွဲ့က စီးနင်း ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်

ထိုင်းရဲချုပ် မနူမဲ့ ကတော့ထိုင်းဘာသာနဲ့အခုလိုပြောသွားပါတယ်။

သူပြောသွားတာကတော့ အခုလို အဓိက မူးယစ်ဂိုဏ်းဝင်တွေကို ဖမ်းဆီးဖေါ်ထုတ်နိုင်မှူဟာ ထိုင်းရဲတပ်ဖွဲ့အားလုံးပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်တယ်။ အမှုနဲ့ ပါတ်သက်ပြီး နောက်ကွယ်ကနေ ကြိုးကိုင်နေသူတွေ နိုင်ငံတွင်းမှာ မူးယစ်ဆေးနဲ့ရတဲ့တရားမဝင် ငွေကြေးတွေကိုခဝါချပေးနေသူတွေကို ဆက်တိုက်ဖေါ်ထုတ်အရေးမှာဖြစ်ကြောင်းပြောဆိုသွားပါတယ်။

မူးယစ်တပ်ဖွဲ့ ဝင်တွေအနေနဲ့ ကြိုတင်သတင်းရရှိထားတာကြောင့် ဒီမူးယစ်ဂိုဏ်းကိုဖမ်းမိတာလို့ မူးယစ်နှိမ်နင်းရေးတပ်ဖွဲကဆိုပါတယ်။ သူတို့အနေနဲ့ ပြည်နယ်ခြောက်ခုမှာ အဖွဲ့တွေခွဲပြီး စောင့်ကြည့်နေကြတာလို့လည်းပြောပါတယ်။

အခုလို ထိုင်းမြန်မာနယ်စပ် ရှမ်းပြည်နယ်နဲ့ကပ်နေတဲ့ချင်းရိုင်ပြည်နယ်မှာ မူးယစ်ဆေးတွေဖမ်းမိသလို

ဒီရက်ပိုင်းမှာပဲ မြန်မာပြည်ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံ - မိုင်းဖြတ်သွား တဲ့ ကားလမ်းပေါ်က ကျေးရွာအနီးမှာ ဇွန်လ ၁၈ ရက် ညနေပိုင်းက (ICE) မူးယစ်ဆေးဝါး ၁၇၁၀ ကီလိုဂရမ်ခန့် နဲ့ ပစ္စတိုသေနတ် ၃ လက်နဲ့အတူ လူ ၃ ဦး ကိုမြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်းဖမ်းမိထားပါတယ်။

ကိုဗစ်ကပ်ဘေးကာလမှာ အသွားအလာတွေ ကန့်သတ်ထိန်းချုပ်ထားပေမဲ့ မူးယစ်ဆေးဝါး မှောင်ခိုသူတွေကတော့ လမ်းကြောင်းသစ်တွေနဲ့ တင်သွင်းနေဆဲဖြစ်ကြောင်းလည်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ပြောဆိုထားပါတယ်

ရွှေတြိဂံဒေသမှာ မူးယစ်ဆေးတွေ အများအပြား ဖမ်းဆီးမိနေတာကိုကြည့်ရင် ကမ္ဘာတဝှမ်း ကပ်ရောဂါထိန်းချုပ်ရေး အာရုံစိုက်နေချိန် မူးယစ်ဆေးမှောင်ခိုဂိုဏ်းတွေက အခွင့်ကောင်းယူနေတဲ့ လက္ခဏာတရပ် ဖြစ်ကြောင်းလည်း UNODC က သတိပေးထားပါတယ်ရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG