သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဒၚလာသန္း ၃၀ ဖိုးခန္႔ ဘိန္းျဖဴ ထိုင္းမွာဖမ္းမိ


ထုိင္းႏုိင္ငံမွာ မႏွစ္က ဖမ္းဆီးရမိတဲ့ မူးယစ္ေဆးဝါးမ်ား။ (ဇူလုိင္ ၃၊ ၂၀၂၀)

(Zawgyi / Unicode)

ထိုင္းႏိုင္ငံမွာ အေမရိကန္ေဒၚလာ ၂၉ သန္းေလာက္ တန္ဖုိးရွိတဲ့ ဘိန္းျဖဴ ၃၁၅ ကီလိုဂရမ္ကို ဖမ္းဆီးမိခဲ့တဲ့အတြက္ ဒီႏွစ္ထဲမွာ အမ်ားဆုံးျဖစ္ေၾကာင္း တာဝန္ရွိသူေတြက ေျပာပါတယ္။ ဒီႏွစ္ထဲမွာ စုစုေပါင္း ဖမ္းဆီးရမိခဲ့တဲ့ ဘိန္းျဖဴစုစုေပါင္း ၂ တန္ ရွိေနၿပီ ျဖစ္ေၾကာင္းလည္း ထိုင္းအေကာက္ခြန္ အရာရွိေတြ အဂၤါေန႔က ေျပာဆိုခဲ့တာပါ။

အခုေနာက္ဆုံး ဖမ္းဆီးမိတဲ့ မူးယစ္ေဆးဝါးေတြ ဘယ္လမ္းေၾကာင္းက ဝင္ေရာက္လာတယ္ ဆိုတာကို တာဝန္ရွိသူေတြက မေျပာေပမယ့္ အိမ္နီးခ်င္း ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း အေျခအေနေတြ မတည္မၿငိမ္ ျဖစ္ေနတာေၾကာင့္ မူးယစ္ေဆးဝါး ေမွာင္ခိုမႈေတြ တိုးလာႏိုင္ေၾကာင္း ကၽြမ္းက်င္သူေတြ သတိေပးေနခ်ိန္မွာပဲ အေျမာက္အျမား ဖမ္းဆီးမိခဲ့တာ ျဖစ္ပါတယ္။

အေလးခ်ိန္ ၂.၄ ကီလိုဂရမ္ေလာက္ရွိတဲ့ ဘိန္းျဖဴအထုပ္ေပါင္း ၁၃၄ ထုပ္ကို ၾသစေၾတးလ်ႏိုင္ငံ တင္ပို႔မယ့္ သုတ္ေဆးပုံးေတြထဲမွာ ဝွက္ထည့္ထားတာကို ရွာေဖြေတြ႔ရွိခဲ့တာ ျဖစ္ေၾကာင္းလည္း ထိုင္းအေကာက္ခြန္ဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ ပတ္ခ်ာရာ အႏုတာဆီလပါကို ကိုးကားၿပီး AP သတင္းက ေဖာ္ျပခဲ့တာပါ။

ပလတ္စတစ္ဘူးေတြနဲ႔ ေဆးပုံးေတြထဲမွာ ဝွက္ထည့္ထားတဲ့ ဘိန္းျဖဴထုပ္ေတြကို ဓာတ္မွန္နဲ႔ စစ္ေဆးေတြ႔ရွိခဲ့ရာက တနလၤာေန႔တုန္းကပဲ ဖမ္းမိတာလို႔လည္း ေျပာပါတယ္။ မသကၤာသူတေယာက္ကို ဖမ္းဆီးမိၿပီး စစ္ေဆးရာက သူ႔ကိုငွားရမ္းခိုင္းေစသူ တဦးကို ေဖာ္ထုတ္ႏိုင္ခဲ့ေပမယ့္ လာအိုႏိုင္ငံကို တိမ္းေရွာင္သြားေၾကာင္းလည္း ထိုင္းႏိုင္ငံ မူးယစ္ေဆးဝါး ထိန္းခ်ဳပ္ေရးဘုတ္အဖဲြ႔ အႀကီးအကဲက ေျပာပါတယ္။

ထိုင္း၊ ျမန္မာနဲ႔ လာအို ၃ ႏိုင္ငံ ထိစပ္ေနတဲ့ ေရႊႀတိဂံေဒသဟာ ဘိန္းထုတ္လုပ္ရာ အခ်က္အခ်ာ ေနရာတခုျဖစ္ၿပီး ဘိန္းျဖဴအျဖစ္ ထုတ္လုပ္တဲ့ စက္႐ုံေတြ အမ်ားအျပားရွိရာ နယ္ေျမတခုလည္း ျဖစ္ပါတယ္။

ကုလသမဂၢ မူးယစ္ေဆးဝါးနဲ႔ ရာဇဝတ္မႈဆိုင္ရာ႐ုံး (UNODC) ရဲ႕ ဒီႏွစ္ဆန္းမွာ ထုတ္ျပန္တဲ့ ျမန္မာႏိုင္ငံ ဘိန္းထုတ္လုပ္မႈ ႏွစ္စဥ္ အစီရင္ခံစာမွာေတာ့ ေဒသတြင္းမွာ ဓာတုပစၥည္းေတြကို အေျခခံထုတ္လုပ္တဲ့ မူးယစ္ေဆးဝါးေတြ တြင္က်ယ္လာတာေၾကာင့္ ဘိန္းကိုအေျခခံတဲ့ မူးယစ္ေဆးဝါး ဝယ္လိုအား က်ဆင္းလာေပမယ့္ ဘိန္းျဖဴထုတ္လုပ္မႈေတြကေန ရာဇဝတ္ဂိုဏ္းေတြ အက်ဳိးအျမတ္ အေျမာက္အျမား ဆက္လက္ရရွိေနဆဲျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။

--------------------

(Unicode)

ဒေါ်လာသန်း ၃၀ ဖိုးခန့် ဘိန်းဖြူ ထိုင်းမှာဖမ်းမိ

ထိုင်းနိုင်ငံမှာ အမေရိကန်ဒေါ်လာ ၂၉ သန်းလောက် တန်ဖိုးရှိတဲ့ ဘိန်းဖြူ ၃၁၅ ကီလိုဂရမ်ကို ဖမ်းဆီးမိခဲ့တဲ့အတွက် ဒီနှစ်ထဲမှာ အများဆုံးဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီနှစ်ထဲမှာ စုစုပေါင်း ဖမ်းဆီးရမိခဲ့တဲ့ ဘိန်းဖြူစုစုပေါင်း ၂ တန် ရှိနေပြီ ဖြစ်ကြောင်းလည်း ထိုင်းအကောက်ခွန် အရာရှိတွေ အင်္ဂါနေ့က ပြောဆိုခဲ့တာပါ။

အခုနောက်ဆုံး ဖမ်းဆီးမိတဲ့ မူးယစ်ဆေးဝါးတွေ ဘယ်လမ်းကြောင်းက ဝင်ရောက်လာတယ် ဆိုတာကို တာဝန်ရှိသူတွေက မပြောပေမယ့် အိမ်နီးချင်း မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေတွေ မတည်မငြိမ် ဖြစ်နေတာကြောင့် မူးယစ်ဆေးဝါး မှောင်ခိုမှုတွေ တိုးလာနိုင်ကြောင်း ကျွမ်းကျင်သူတွေ သတိပေးနေချိန်မှာပဲ အမြောက်အမြား ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။

အလေးချိန် ၂.၄ ကီလိုဂရမ်လောက်ရှိတဲ့ ဘိန်းဖြူအထုပ်ပေါင်း ၁၃၄ ထုပ်ကို သြစတြေးလျနိုင်ငံ တင်ပို့မယ့် သုတ်ဆေးပုံးတွေထဲမှာ ဝှက်ထည့်ထားတာကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ကြောင်းလည်း ထိုင်းအကောက်ခွန်ဌာန ညွှန်ကြားရေးမှူးချုပ် ပတ်ချာရာ အနုတာဆီလပါကို ကိုးကားပြီး AP သတင်းက ဖော်ပြခဲ့တာပါ။

ပလတ်စတစ်ဘူးတွေနဲ့ ဆေးပုံးတွေထဲမှာ ဝှက်ထည့်ထားတဲ့ ဘိန်းဖြူထုပ်တွေကို ဓာတ်မှန်နဲ့ စစ်ဆေးတွေ့ရှိခဲ့ရာက တနင်္လာနေ့တုန်းကပဲ ဖမ်းမိတာလို့လည်း ပြောပါတယ်။ မသင်္ကာသူတယောက်ကို ဖမ်းဆီးမိပြီး စစ်ဆေးရာက သူ့ကိုငှားရမ်းခိုင်းစေသူ တဦးကို ဖော်ထုတ်နိုင်ခဲ့ပေမယ့် လာအိုနိုင်ငံကို တိမ်းရှောင်သွားကြောင်းလည်း ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဘုတ်အဖွဲ့ အကြီးအကဲက ပြောပါတယ်။

ထိုင်း၊ မြန်မာနဲ့ လာအို ၃ နိုင်ငံ ထိစပ်နေတဲ့ ရွှေတြိဂံဒေသဟာ ဘိန်းထုတ်လုပ်ရာ အချက်အချာ နေရာတခုဖြစ်ပြီး ဘိန်းဖြူအဖြစ် ထုတ်လုပ်တဲ့ စက်ရုံတွေ အများအပြားရှိရာ နယ်မြေတခုလည်း ဖြစ်ပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ ဒီနှစ်ဆန်းမှာ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ ဘိန်းထုတ်လုပ်မှု နှစ်စဉ် အစီရင်ခံစာမှာတော့ ဒေသတွင်းမှာ ဓာတုပစ္စည်းတွေကို အခြေခံထုတ်လုပ်တဲ့ မူးယစ်ဆေးဝါးတွေ တွင်ကျယ်လာတာကြောင့် ဘိန်းကိုအခြေခံတဲ့ မူးယစ်ဆေးဝါး ဝယ်လိုအား ကျဆင်းလာပေမယ့် ဘိန်းဖြူထုတ်လုပ်မှုတွေကနေ ရာဇဝတ်ဂိုဏ်းတွေ အကျိုးအမြတ် အမြောက်အမြား ဆက်လက်ရရှိနေဆဲဖြစ်ကြောင်း ဖော်ပြထားပါတယ်။

XS
SM
MD
LG