သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းႏုိင္ငံ ခ်င္း႐ုိင္မွာ ျမန္မာႏို္င္ငံသားတဦး တရားမဝင္ မူးယစ္ေဆးေတြနဲ႔ ဖမ္းမိ


အုိက္စ္မူူးယစ္ေဆးဝါးေတြနဲ႔အတူ ဖမ္းမိခဲ့တဲ့ ျမန္မာလူငယ္။ (ဓာတ္ပုံ - ထုိင္းနယ္ျခားေစာင့္တပ္)

(Zawgyi / Unicode)

ထိုင္း-ျမန္မာနယ္စပ္ ခ်င္း႐ုိင္ျပည္နယ္မွာ ျမန္မာႏုိင္ငံ ဝေဒသကလာတဲ့ အိုက္စ္မူးယစ္ေဆးဝါး ကီလို ၂၅၀ ေက်ာ္နဲ႔အတူ ျမန္မာႏိုင္ငံသားတဦးကို ဇူလို္င္လ ၉ ရက္ေန႔က ဖမ္းမိေၾကာင္း ထုိင္းနယ္ျခားေစာင့္တပ္က ေျပာပါတယ္။ အျပည့္အစုံကို မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုင္း-ျမန္မာနယ္စပ္ ခ်င္း႐ုိင္ျပည္နယ္ Mae Fah Luang ေဒသမွာ ဇူလိုင္လ ၉ ရက္ေန႔ ညပိုင္းက မူးယစ္ေဆးေတြ သယ္ေဆာင္လာတယ္ဆုိတဲ့ သတင္းကို ႀကိဳတင္ရထားတာေၾကာင့္ ထိုင္းနယ္ျခားေစာင့္တပ္နဲ႔ ရဲတပ္ဖြဲ႔ေတြ ပူးေပါင္းၿပီး ပိတ္ဆို႔ရွာေဖြခဲ့ရာမွာ အသက္ ၂၄ ႏွစ္အရြယ္ ျမန္မာလူငယ္တဦးနဲ႔အတူ ဆာလာအိတ္၊ ေက်ာပိုးအိတ္ ၁၂ လံုးအတြင္းမွာ ထည့္ထားတဲ့ အိုက္စ္မူးယစ္ေဆးဝါး ၂၅၆ ကီလို ဖမ္းမိခဲ့ပါတယ္။

ကာလတန္ဖုိး ဘတ္သန္း ၁၅၀ ေက်ာ္တန္ဖိုးရွိတဲ့ မူးယစ္ေဆးေတြကို ဖမ္းဆီးႏုိင္ခဲ့တယ္လို႔ အခင္းျဖစ္ပြားတဲ့ေနရာကို လာေရာက္ စစ္ေဆးၾကည့္႐ႈခဲ့တဲ့ ဗိုလ္ခ်ဳပ္ Narvan Thawong က သတင္းေထာက္ေတြကို ထုိင္းဘာသာနဲ႔ အခုလို ေျပာဆိုသြားပါတယ္။

“မူးယစ္ေမွာင္ခိုသမားေတြ မူးယစ္ေဆး အေျမာက္အျမား သယ္ေဆာင္လာေနတဲ့ သတင္းကို ရထားတာေၾကာင့္ နယ္ျခားေစာင့္တပ္ေတြဟာ သတင္းရထားတဲ့ ေနရာေတြ လိုက္လံရွာေဖြ ဖမ္းဆီးခဲ့တာပါ။ အခုဖမ္းမိတဲ့ မူးယစ္ေဆးေတြဟာ ဝ လက္နက္ကိုင္ ထိန္းခ်ဳပ္ထားရာ နယ္ေျမအတြင္းက အာခါ တိုင္းရင္းသားေတြက သယ္ေဆာင္လာတာ။” လို႔ ထုတ္ေဖာ္ ေျပာဆိုသြားပါတယ္။

ဒီသတင္းနဲ႔ပတ္သက္လို႔ UWSA ဝလက္နက္ကိုင္အဖဲြ႔က တာဝန္ရိွသူေတြကို ဆက္သြယ္ေမးျမန္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

ဖမ္းမိခဲ့တဲ့ ျမန္မာလူငယ္တဦးကို စစ္ေဆးေမးျမန္းခ်က္အရ ဒီမူးယစ္ေဆးဝါးေတြကို လူ ၁၀ ဦးထက္မနည္းက သယ္ေဆာင္လာတာျဖစ္ေၾကာင္း ဝန္ခံထြက္ဆိုခဲ့တယ္လုိ႔ ထုိင္းအာဏာပုိင္ေတြကို ကိုးကားၿပီး ထုိင္းသတင္းေတြမွာ ေဖာ္ျပၾကပါတယ္။ ဖမ္းမိတဲ့ ျမန္မာလူငယ္တဦးကေတာ့ မူးယစ္ေဆးဝါးေတြကို ေစာင့္ၾကည့္ဖို႔ က်န္ေနခဲ့တာလို႔ ဆုိပါတယ္။ သူ႔ကုိ အခေၾကးေငြေပးၿပီး ေစခိုင္းခဲ့တာလို႔လည္း ဆိုပါတယ္။

ဖမ္းမိတဲ့ ျမန္မာႏုိင္ငံသား လူငယ္ကုိ ဆက္လက္စစ္ေဆးဖို႔အတြက္ ခ်င္း႐ုိင္ စစ္ဌာနခ်ဳပ္ကို ေခၚေဆာင္သြားၿပီလို႔လည္း ခ်င္း႐ုိင္ျပည္နယ္ ေဒသဆိုင္ရာ သတင္းေတြမွာ ေဖာ္ျပၾကပါတယ္။

အခုရက္ပိုင္းအတြင္းမွာပဲ ထိုင္းမူးယစ္ႏွိမ္နင္းေရးအဖြဲ႔ေတြဟာ ေရႊႀတိဂံေဒသထြက္ မူးယစ္ေဆးဝါးကရတဲ့ ေငြမည္းေတြကို ေငြျဖဴျဖစ္ေအာင္ ခဝါခ်သူေတြရဲ႕ စီးပြားေရး ရင္းႏွီးျမႇဳပ္ႏွံထားတဲ့ ေနရာေတြကိုလည္း ဝင္ေရာက္စီးနင္း ရွာေဖြခဲ့ပါတယ္။ ဘန္ေကာက္၊ ခၽြန္ဘူရီ၊ နာရာသီဝ၊ စမုတ္ပရာကမ္ ျပည္နယ္ေတြအတြင္းက မူးယစ္ေမွာင္ခုိလုပ္ငန္းနဲ႔ ပတ္သက္သူေတြရဲ႕ ပုိင္ဆိုင္မႈေပါင္း ဘတ္ေငြသန္းေပါင္း ၁,၀၀၀ ေက်ာ္ကိုလည္း ႏုိင္ငံပို္င္အျဖစ္ သိမ္းယူခဲ့ပါတယ္။

ကုလသမဂၢ မူးယစ္ေဆးဝါးနဲ႔ ရာဇဝတ္မႈဆိုင္ရာ႐ုံး (UNODC) ရဲ႕ ဒီႏွစ္ဆန္းမွာ ထုတ္ျပန္တဲ့ ျမန္မာႏိုင္ငံ ဘိန္းထုတ္လုပ္မႈ ႏွစ္စဥ္ အစီရင္ခံစာမွာေတာ့ ေဒသတြင္းမွာ ဓာတုပစၥည္းေတြကို အေျခခံထုတ္လုပ္တဲ့ မူးယစ္ေဆးဝါးေတြ တြင္က်ယ္လာတယ္လို႔လည္း ေရးသားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ထိုင်းနိုင်ငံ ချင်းရိုင်မှာ မြန်မာနိုင်ငံသားတဦး တရားမဝင် မူးယစ်ဆေးတွေနဲ့ ဖမ်းမိ

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ပြည်နယ်မှာ မြန်မာနိုင်ငံ ဝဒေသကလာတဲ့ အိုက်စ်မူးယစ်ဆေးဝါး ကီလို ၂၅၀ ကျော်နဲ့အတူ မြန်မာနိုင်ငံသားတဦးကို ဇူလိုင်လ ၉ ရက်နေ့က ဖမ်းမိကြောင်း ထိုင်းနယ်ခြားစောင့်တပ်က ပြောပါတယ်။ အပြည့်အစုံကို မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ပြည်နယ် Mae Fah Luang ဒေသမှာ ဇူလိုင်လ ၉ ရက်နေ့ ညပိုင်းက မူးယစ်ဆေးတွေ သယ်ဆောင်လာတယ်ဆိုတဲ့ သတင်းကို ကြိုတင်ရထားတာကြောင့် ထိုင်းနယ်ခြားစောင့်တပ်နဲ့ ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး ပိတ်ဆို့ရှာဖွေခဲ့ရာမှာ အသက် ၂၄ နှစ်အရွယ် မြန်မာလူငယ်တဦးနဲ့အတူ ဆာလာအိတ်၊ ကျောပိုးအိတ် ၁၂ လုံးအတွင်းမှာ ထည့်ထားတဲ့ အိုက်စ်မူးယစ်ဆေးဝါး ၂၅၆ ကီလို ဖမ်းမိခဲ့ပါတယ်။

ကာလတန်ဖိုး ဘတ်သန်း ၁၅၀ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ အခင်းဖြစ်ပွားတဲ့နေရာကို လာရောက် စစ်ဆေးကြည့်ရှုခဲ့တဲ့ ဗိုလ်ချုပ် Narvan Thawong က သတင်းထောက်တွေကို ထိုင်းဘာသာနဲ့ အခုလို ပြောဆိုသွားပါတယ်။

“မူးယစ်မှောင်ခိုသမားတွေ မူးယစ်ဆေး အမြောက်အမြား သယ်ဆောင်လာနေတဲ့ သတင်းကို ရထားတာကြောင့် နယ်ခြားစောင့်တပ်တွေဟာ သတင်းရထားတဲ့ နေရာတွေ လိုက်လံရှာဖွေ ဖမ်းဆီးခဲ့တာပါ။ အခုဖမ်းမိတဲ့ မူးယစ်ဆေးတွေဟာ ဝ လက်နက်ကိုင် ထိန်းချုပ်ထားရာ နယ်မြေအတွင်းက အာခါ တိုင်းရင်းသားတွေက သယ်ဆောင်လာတာ။” လို့ ထုတ်ဖော် ပြောဆိုသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ UWSA ဝလက်နက်ကိုင်အဖွဲ့က တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဖမ်းမိခဲ့တဲ့ မြန်မာလူငယ်တဦးကို စစ်ဆေးမေးမြန်းချက်အရ ဒီမူးယစ်ဆေးဝါးတွေကို လူ ၁၀ ဦးထက်မနည်းက သယ်ဆောင်လာတာဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။ ဖမ်းမိတဲ့ မြန်မာလူငယ်တဦးကတော့ မူးယစ်ဆေးဝါးတွေကို စောင့်ကြည့်ဖို့ ကျန်နေခဲ့တာလို့ ဆိုပါတယ်။ သူ့ကို အခကြေးငွေပေးပြီး စေခိုင်းခဲ့တာလို့လည်း ဆိုပါတယ်။

ဖမ်းမိတဲ့ မြန်မာနိုင်ငံသား လူငယ်ကို ဆက်လက်စစ်ဆေးဖို့အတွက် ချင်းရိုင် စစ်ဌာနချုပ်ကို ခေါ်ဆောင်သွားပြီလို့လည်း ချင်းရိုင်ပြည်နယ် ဒေသဆိုင်ရာ သတင်းတွေမှာ ဖော်ပြကြပါတယ်။

အခုရက်ပိုင်းအတွင်းမှာပဲ ထိုင်းမူးယစ်နှိမ်နင်းရေးအဖွဲ့တွေဟာ ရွှေတြိဂံဒေသထွက် မူးယစ်ဆေးဝါးကရတဲ့ ငွေမည်းတွေကို ငွေဖြူဖြစ်အောင် ခဝါချသူတွေရဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံထားတဲ့ နေရာတွေကိုလည်း ဝင်ရောက်စီးနင်း ရှာဖွေခဲ့ပါတယ်။ ဘန်ကောက်၊ ချွန်ဘူရီ၊ နာရာသီဝ၊ စမုတ်ပရာကမ် ပြည်နယ်တွေအတွင်းက မူးယစ်မှောင်ခိုလုပ်ငန်းနဲ့ ပတ်သက်သူတွေရဲ့ ပိုင်ဆိုင်မှုပေါင်း ဘတ်ငွေသန်းပေါင်း ၁,၀၀၀ ကျော်ကိုလည်း နိုင်ငံပိုင်အဖြစ် သိမ်းယူခဲ့ပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ ဒီနှစ်ဆန်းမှာ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ ဘိန်းထုတ်လုပ်မှု နှစ်စဉ် အစီရင်ခံစာမှာတော့ ဒေသတွင်းမှာ ဓာတုပစ္စည်းတွေကို အခြေခံထုတ်လုပ်တဲ့ မူးယစ်ဆေးဝါးတွေ တွင်ကျယ်လာတယ်လို့လည်း ရေးသားထားပါတယ်။

XS
SM
MD
LG