သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ခိုးဝင္ျမန္မာေတြ နဲ႔ လူေမွာင္ခိုေတြ ထိုင္းနယ္ျခားေစာင႔္ဖမ္းဆီး


Myanmar illegal migrants and human traffickers arrested on Thai border. (Photo- Thai Police)

ထိုင္းႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါကူးစက္သူျမင့္တက္ေနလို႔ နယ္စပ္ေတြကိုလံုျခံဳေရးတင္းက်ပ္ထားခ်ိန္မွာပဲ ျမန္မာႏိုင္ငံဘက္ကေန ကန္ခ်နဘူရီ၊ တာ့ခ္နဲ႔ ခ်င္းမိုင္ စတဲ့ နယ္စပ္ျပည္နယ္ေတြကေန တရားမဝင္ ဝင္ေရာက္လာသူေတြ ဆက္ၿပီး႐ွိေနပါတယ္။ ဒီရက္ပိုင္းမွာပဲ တရားမဝင္ ဝင္လာသူ ျမန္မာႏို္င္ငံသား ၁၀၀ ေက်ာ္ေလာက္နဲ႔ လူကုန္ကူးသူ ၁၀ ေယာက္ထက္မနည္း ထိုင္းနယ္ျခားေစာင့္တာဝန္႐ွိသူေတြ ဖမ္းဆီးခဲ့ပါတယ္။ ဒီသတင္းကို ဗြီအုိေအသတင္းေထာက္ မေအးေအးမာက ေျပာျပေပးမွာပါ။

ထိုင္းႏိုင္ငံထဲမွာ ကိုဗစ္ကပ္ေရာဂါကူးစက္သူေတြ ျမင့္တက္ေနလို႔ နယ္စပ္ဂိတ္ေတြကေန အဝင္အထြက္ပိတ္ထားခ်ိန္မွာ ထိုင္း ျမန္မာနယ္စပ္ေဒသေတြကေန တရားမဝင္ ဝင္ေရာက္လာသူေတြ ဆက္ၿပီး႐ွိေနတာျဖစ္ပါတယ္။ ကန္ခ်နဘူရီျပည္နယ္ထဲမွာ ေနာက္ဆံုးဖမ္းမိသူ ၁၃ ေယာက္အပါအဝင္ အခုရက္ပိုင္းအတြင္း စုစုေပါင္းဖမ္းမိသူ ရာဂဏန္းေလာက္႐ွိေနတယ္လို႔ AAC အလုပ္သမားကူညီေရးအဖဲြ ့က ေျပာေရးဆိုခြင့္ရွိသူ ကိုရဲမင္းက အခုလိုေျပာပါတယ္

"မေန့ကဆိုရင္ ထုိင္းႏို္င္ငံကန္ခ်နဘူရီမွာ ျမန္မာႏို္င္ငံသား ၁၃ဦးကိုဖမ္းမိပါတယ္။ ေတာထဲမွာကားေတြလာေခၚမယ့္အခ်ိန္ကိုပုန္းျပီးေစာင့္ေနခ်ိန္ ေက်းရြာအုပ္ခ်ဳပ္ေရးမူးက သတင္းေပးလို့ဖမ္းမိတာပါ အမ်ိဳးသား ၈ ေယာက္နဲ့အမ်ိဳးသမီး ၅ေယာက္လုိ့သိရပါတယ္ ပဲခူးတိုင္းကေန လာႀကတဲ့ အလုပ္သမားေတြပါ လမ္းျပကိုေစာင့္ေနရင္းနဲ့အဖမ္းခံရတာပါ ဒီရက္ပုိင္းမွာပဲ လူေပါင္း ၁၀၀ေက်ာ္ေလာက္ဖမ္းမိပါတယ္ လူပဲြစားကေတာ့ ၁၀ဦးေလာက္ အေရးယူခံရတယ္ အဲဒီထဲကေန နယ္စပ္က သူတို့နဲ့ဆက္စပ္တဲ့လူပဲြစားေတြ ထုိင္းေတြေကာျမန္မာေတြေကာပါတယ္။ သူတို့ကုိလိုက္လံဖမ္းဆီးဖို့ဖမ္း၀ရမ္းထုတ္ထာတယ္လို့ကန္ခ်နဘူရီ လူကုန္ကူးမူ့တိုက္ဖ်က္ေရးရဲတပ္ဖဲြ့ကလည္းေျပာထားပါတယ္။"

ျမန္မာႏို္င္ငံမွာႏို္င္ငံေရးမတည္ျငိမ္မူေတြေၾကာင့္ ထြက္ေျပးတိမ္းေရွာင္လာသူေတြေရာ စီးပြားအေရးအေျခအေနေတြေၾကာင့္ ထိုင္းႏိုင္္ငံမွာ အလုပ္အကိုင္အခြင့္အလမ္း႐ွာလိုသူေတြပါ လူေမွာင္ခိုသမားေတြကို အခေၾကးေငြေပးၿပီး ၀င္လာၾကတာျဖစ္တယ္လုိ႔လည္း ကိုရဲမင္းကေျပာျပပါတယ္။

"သူတို့ကေန လူေမွာင္ခိုပဲြစားေတြကိုတဦးကိုထုိင္းဘတ္ေငြ ၂ေသာင္းကေန ၂ ေသာင္းခဲြထိလူကယ္ရီခေတြေပးျပီး၀င္လာရတယ္ တခ်ိဳ လည္း ဖမ္းဆိီးခံရသူေတြရိွသလို လြတ္သြားတဲ့သူေတြလည္းရွိတယ္။"

ထိုင္းႏိုင္ငံထဲကို ျမန္မာႏိုင္ငံအျပင္ ထုိင္းနဲ႔နယ္စပ္ခ်င္းကပ္ေနတဲ့ လာအုိ၊ ကေမာၻဒီးယားႏုိင္ငံနယ္စပ္ေတြဘက္ကလည္း ခုလုိ တရားမဝင္ ဝင္ေရာက္ေနသူေတြ႐ွိပါတယ္။ အခုဇူလိုင္လအတြင္း တရားမဝင္ ခိုးဝင္လာလို႔ ဖမ္းမိသူ ၄ ေထာင္ထက္မနည္း႐ိွေနၿပီး အမ်ားစုက ျမန္မာႏိုင္ငံက ျဖစ္ၾကပါတယ္။ ထိုင္းႏုိင္ငံထဲမွာ ျမန္မာႏိုင္ငံက တရား၀င္ေကာ၊ တရားမ၀င္ပါ ေရြေျပာင္းအလုပ္သမားအျဖစ္ လာေရာက္ အလုပ္လုပ္ေနၾကသူ ၃ သန္းထက္မနည္း ႐ွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------------------------------------

ခိုးဝင်မြန်မာတွေ နဲ့ လူမှောင်ခိုတွေ ထိုင်းနယ်ခြားစောင့်ဖမ်းဆီး

ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကူးစက်သူမြင့်တက်နေလို့ နယ်စပ်တွေကိုလုံခြုံရေးတင်းကျပ်ထားချိန်မှာပဲ မြန်မာနိုင်ငံဘက်ကနေ ကန်ချနဘူရီ၊ တာ့ခ်နဲ့ ချင်းမိုင် စတဲ့ နယ်စပ်ပြည်နယ်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေ ဆက်ပြီးရှိနေပါတယ်။ ဒီရက်ပိုင်းမှာပဲ တရားမဝင် ဝင်လာသူ မြန်မာနိုင်ငံသား ၁၀၀ ကျော်လောက်နဲ့ လူကုန်ကူးသူ ၁၀ ယောက်ထက်မနည်း ထိုင်းနယ်ခြားစောင့်တာဝန်ရှိသူတွေ ဖမ်းဆီးခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက ပြောပြပေးမှာပါ။

ထိုင်းနိုင်ငံထဲမှာ ကိုဗစ်ကပ်ရောဂါကူးစက်သူတွေ မြင့်တက်နေလို့ နယ်စပ်ဂိတ်တွေကနေ အဝင်အထွက်ပိတ်ထားချိန်မှာ ထိုင်း မြန်မာနယ်စပ်ဒေသတွေကနေ တရားမဝင် ဝင်ရောက်လာသူတွေ ဆက်ပြီးရှိနေတာဖြစ်ပါတယ်။ ကန်ချနဘူရီပြည်နယ်ထဲမှာ နောက်ဆုံးဖမ်းမိသူ ၁၃ ယောက်အပါအဝင် အခုရက်ပိုင်းအတွင်း စုစုပေါင်းဖမ်းမိသူ ရာဂဏန်းလောက်ရှိနေတယ်လို့ AAC အလုပ်သမားကူညီရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းက အခုလိုပြောပါတယ်

"မနေ့ကဆိုရင် ထိုင်းနိုင်ငံကန်ချနဘူရီမှာ မြန်မာနိုင်ငံသား ၁၃ဦးကိုဖမ်းမိပါတယ်။ တောထဲမှာကားတွေလာခေါ်မယ့်အချိန်ကိုပုန်းပြီးစောင့်နေချိန် ကျေးရွာအုပ်ချုပ်ရေးမူးက သတင်းပေးလို့ဖမ်းမိတာပါ အမျိုးသား ၈ ယောက်နဲ့အမျိုးသမီး ၅ယောက်လို့သိရပါတယ် ပဲခူးတိုင်းကနေ လာကြတဲ့ အလုပ်သမားတွေပါ လမ်းပြကိုစောင့်နေရင်းနဲ့အဖမ်းခံရတာပါ ဒီရက်ပိုင်းမှာပဲ လူပေါင်း ၁၀၀ကျော်လောက်ဖမ်းမိပါတယ် လူပွဲစားကတော့ ၁၀ဦးလောက် အရေးယူခံရတယ် အဲဒီထဲကနေ နယ်စပ်က သူတို့နဲ့ဆက်စပ်တဲ့လူပွဲစားတွေ ထိုင်းတွေကောမြန်မာတွေကောပါတယ်။ သူတို့ကိုလိုက်လံဖမ်းဆီးဖို့ဖမ်းဝရမ်းထုတ်ထာတယ်လို့ကန်ချနဘူရီ လူကုန်ကူးမူ့တိုက်ဖျက်ရေးရဲတပ်ဖွဲ့ကလည်းပြောထားပါတယ်။"

မြန်မာနိုင်ငံမှာနိုင်ငံရေးမတည်ငြိမ်မူတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာသူတွေရော စီးပွားအရေးအခြေအနေတွေကြောင့် ထိုင်းနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းရှာလိုသူတွေပါ လူမှောင်ခိုသမားတွေကို အခကြေးငွေပေးပြီး ဝင်လာကြတာဖြစ်တယ်လို့လည်း ကိုရဲမင်းကပြောပြပါတယ်။

"သူတို့ကနေ လူမှောင်ခိုပွဲစားတွေကိုတဦးကိုထိုင်းဘတ်ငွေ ၂သောင်းကနေ ၂ သောင်းခွဲထိလူကယ်ရီခတွေပေးပြီးဝင်လာရတယ် တချို လည်း ဖမ်းဆီးခံရသူတွေရှိသလို လွတ်သွားတဲ့သူတွေလည်းရှိတယ်။"

ထိုင်းနိုင်ငံထဲကို မြန်မာနိုင်ငံအပြင် ထိုင်းနဲ့နယ်စပ်ချင်းကပ်နေတဲ့ လာအို၊ ကမ္ဘောဒီးယားနိုင်ငံနယ်စပ်တွေဘက်ကလည်း ခုလို တရားမဝင် ဝင်ရောက်နေသူတွေရှိပါတယ်။ အခုဇူလိုင်လအတွင်း တရားမဝင် ခိုးဝင်လာလို့ ဖမ်းမိသူ ၄ ထောင်ထက်မနည်းရှိနေပြီး အများစုက မြန်မာနိုင်ငံက ဖြစ်ကြပါတယ်။ ထိုင်းနိုင်ငံထဲမှာ မြန်မာနိုင်ငံက တရားဝင်ကော၊ တရားမဝင်ပါ ရွေပြောင်းအလုပ်သမားအဖြစ် လာရောက် အလုပ်လုပ်နေကြသူ ၃ သန်းထက်မနည်း ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG