သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေ႐ႊႀတိဂံေဒသထြက္ စိတ္ႂကြေဆး ၁၉ သန္း ထိုင္းအာဏာပိုင္ဖမ္းမိ


ထိုင္းႏုိင္ငံအတြင္း ဖမ္းဆီးရမိေသာ မူးယစ္စိတ္ႂကြေဆးမ်ား။ (ၾသဂုတ္ ၂၀၊ ၂၀၂၁) ဓာတ္ပံု-ထိုင္းရဲတပ္ဖြဲ႔

Zawgyi/Unicode

ထိုင္းႏိုင္ငံမွာ ကာလတန္ဖိုး ဘတ္ေငြ သန္းေပါင္း ၁,၀၀၀ ေက်ာ္ တန္ဖိုးရွိတဲ့ ေရႊႀတိဂံေဒသထုတ္ စိတ္ႂကြေဆး ၁၉သန္းကို ႏွစ္ရက္အတြင္း ဖမ္းဆီးရမိခဲ့ေၾကာင္းနဲ႔မူးယစ္ဂိုဏ္း အဓိကႏွစ္ဖြဲ႔က အဖြဲ႔ဝင္ ၁၀ ဦးကိုလည္း ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း ၾသဂုတ္လ ၂၀ ရက္ေန႔မွာ ထိုင္းရဲတပ္ဖြဲ႔က သတင္းစာရွင္းလင္းပြဲအတြင္း ေျပာသြားပါတယ္။ ဒီအေၾကာင္း ထုိင္းအေျခစိုက္ ဗီြအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ ထား ပါတယ္။

ထိုင္း-ျမန္မာ-လာအို သံုးႏိုင္ငံနယ္စပ္ ေရႊႀတိဂံေဒသကထုတ္တဲ့ မူးယစ္ေဆးေတြဟာ ထုိင္းႏုိင္ငံအတြင္းပိုင္းကို ဆက္တုိက္ ဝင္ေရာက္လာ ေနၿပီး ပထံုဌာနီျပည္နယ္နဲ႔ေလာ့ဘူရီျပည္နယ္ေတြမွာ မူးယစ္ေဆးျပားေတြကို သန္းနဲ႔ခ်ီၿပီး ဖမ္းမိခဲ့တာျဖစ္ပါတယ္။ ဘန္ေကာက္ၿမိဳ႕ ရဲတပ္ဖြဲ႔ ဌာနခ်ဳပ္မွာ ၾသဂုတ္လ ၂၀ ရက္ေန႔က ျပဳလုပ္တဲ့သတင္းစာရွင္းလင္းပြဲအတြင္း ဒီရက္ပိုင္း ဖမ္းမိတဲ့ စိတ္ႂကြေဆးျပား ၁၉သန္းကို ျပသထား ၿပီး ႏုိင္ငံတြင္း အဓိက မူးယစ္ဂိုဏ္းႏွစ္ဂိုဏ္းက အဖြဲ႔ဝင္ ၁၀ ဦးကိုပါ ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း ရဲခ်ဳပ္ PhakphongPongphetra ထိုင္းဘာသာနဲ႔ ေျပာသြားပါတယ္။

“အခုလို မူးယစ္ေဆးဝါး အေျမာက္အမ်ားကိုဖမ္းဆီးႏိုင္ခ့ဲတာဟာ ၁၉၁ ရဲတပ္ဖြဲ႔ရဲ႕ စံုစမ္းေဖာ္ထုတ္ခဲ့မႈေၾကာင့္ျဖစ္သလို ၾသဂုတ္လ ၁၉ ရက္ေန႔က ပထံုဌာနီျပည္နယ္၊ လန္လုကာၿမိဳ႕ေနအိမ္အတြင္းမွာ ကားစင္းလံုးျပည့္ တင္ေဆာင္ထားတဲ့ စိတ္ႂကြေဆး ၁၁ သန္းကိုလည္း မူးယဏ္ဂိုဏ္းဝင္ေတြနဲ႔အတူ ဖမ္းဆီးႏုိင္ခဲ့ပါတယ္။ စိတ္ႂကြေဆးျပေတြကို အဓိက တင္ပို႔ေပးေနသူဟာ ေရႊႀတိဂံေဒသမွာလႈပ္ရွားေနတဲ့ ရဲတပ္ဖြဲ႔က အလုိရွိေနတဲ့ ထိုင္းႏုိင္ငံသား ႏိုင္အပ္ ဆိုသူျဖစ္” …ေၾကာင္း ေျပာသြားတာပါ။

ဒီရက္ပိုင္းမွာပဲ ေလာ့ဘူရီျပည္နယ္၊ အျမန္လမ္းရဲတပ္ဖြဲ႔ဝင္ေတြဟာ စိတ္ႂကြေဆးျပား ၈ သန္း သယ္ေဆာင္ေမာင္းႏွင္လာတဲ့ကားတစီးကို ဖမ္းမိၿပီး ဆက္လက္ ေဖာ္ထုတ္စစ္ေဆးခ်က္အရ အဓိက မူးယစ္ေမွာင္ခိုဂိုဏ္း ႏွစ္ဂိုဏ္းကို ဆက္တုိက္ ေဖာ္ထုတ္ ဖမ္းဆီးမိႏုိင္တာျဖစ္ေၾကာင္းကိုလည္း ေျပာသြားပါတယ္။ ေရႊႀတိဂံေဒသက မူးယစ္ေမွာင္ခိုဂိုဏ္းေတြဟာ စိတ္ႂကြေဆး၊ မူးယစ္ေဆးေတြကို အရင္ကထက္ ပိုထုတ္လာေနၿပီး ထုိင္းႏိုင္ငံဘက္ကို အလံုးအရင္းနဲ႔တင္သြင္းေနတယ္လုိ႔လည္း ထုိင္းႏုိင္ငံရဲ႕ေဒသဆိုင္ရာ သတင္းေတြ မွာလည္း ဒီရက္ပိုင္းေတြအတြင္း ေဖာ္ျပေနၾကပါတယ္။

ကုလသမဂၢ မူးယစ္ေဆးဝါး ရာဇဝတ္မႈဆိုင္ရာ႐ုံး (UNODC) ရဲ႕ ဒီႏွစ္ဆန္းမွာ ထုတ္ျပန္တဲ့ ျမန္မာႏိုင္ငံ ဘိန္းထုတ္လုပ္မႈ ႏွစ္စဥ္ အစီရင္ခံစာ မွာေတာ့ ေဒသတြင္းမွာ ဓာတုပစၥည္းေတြကို အေျခခံထုတ္လုပ္တဲ့ မူးယစ္ေဆးဝါးေတြ တြင္က်ယ္လာတယ္လို႔လည္း ေရးသားထားပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္


=======

Unicode

ရွှေတြိဂံဒေသထွက် စိတ်ကြွဆေး ၁၉ သန်း ထိုင်းအာဏာပိုင်ဖမ်းမိ

ထိုင်းနိုင်ငံမှာ ကာလတန်ဖိုး ဘတ်ငွေ သန်းပေါင်း ၁,၀၀၀ ကျော် တန်ဖိုးရှိတဲ့ ရွှေတြိဂံဒေသထုတ် စိတ်ကြွဆေး ၁၉သန်းကို နှစ်ရက်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်းနဲ့မူးယစ်ဂိုဏ်း အဓိကနှစ်ဖွဲ့က အဖွဲ့ဝင် ၁၀ ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း သြဂုတ်လ ၂၀ ရက်နေ့မှာ ထိုင်းရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထား ပါတယ်။

ထိုင်း-မြန်မာ-လာအို သုံးနိုင်ငံနယ်စပ် ရွှေတြိဂံဒေသကထုတ်တဲ့ မူးယစ်ဆေးတွေဟာ ထိုင်းနိုင်ငံအတွင်းပိုင်းကို ဆက်တိုက် ဝင်ရောက်လာ နေပြီး ပထုံဌာနီပြည်နယ်နဲ့လော့ဘူရီပြည်နယ်တွေမှာ မူးယစ်ဆေးပြားတွေကို သန်းနဲ့ချီပြီး ဖမ်းမိခဲ့တာဖြစ်ပါတယ်။ ဘန်ကောက်မြို့ ရဲတပ်ဖွဲ့ ဌာနချုပ်မှာ သြဂုတ်လ ၂၀ ရက်နေ့က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲအတွင်း ဒီရက်ပိုင်း ဖမ်းမိတဲ့ စိတ်ကြွဆေးပြား ၁၉သန်းကို ပြသထား ပြီး နိုင်ငံတွင်း အဓိက မူးယစ်ဂိုဏ်းနှစ်ဂိုဏ်းက အဖွဲ့ဝင် ၁၀ ဦးကိုပါ ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲချုပ် PhakphongPongphetra ထိုင်းဘာသာနဲ့ ပြောသွားပါတယ်။

“အခုလို မူးယစ်ဆေးဝါး အမြောက်အများကိုဖမ်းဆီးနိုင်ခဲ့တာဟာ ၁၉၁ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းဖော်ထုတ်ခဲ့မှုကြောင့်ဖြစ်သလို သြဂုတ်လ ၁၉ ရက်နေ့က ပထုံဌာနီပြည်နယ်၊ လန်လုကာမြို့နေအိမ်အတွင်းမှာ ကားစင်းလုံးပြည့် တင်ဆောင်ထားတဲ့ စိတ်ကြွဆေး ၁၁ သန်းကိုလည်း မူးယဏ်ဂိုဏ်းဝင်တွေနဲ့အတူ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ စိတ်ကြွဆေးပြတွေကို အဓိက တင်ပို့ပေးနေသူဟာ ရွှေတြိဂံဒေသမှာလှုပ်ရှားနေတဲ့ ရဲတပ်ဖွဲ့က အလိုရှိနေတဲ့ ထိုင်းနိုင်ငံသား နိုင်အပ် ဆိုသူဖြစ်” …ကြောင်း ပြောသွားတာပါ။

ဒီရက်ပိုင်းမှာပဲ လော့ဘူရီပြည်နယ်၊ အမြန်လမ်းရဲတပ်ဖွဲ့ဝင်တွေဟာ စိတ်ကြွဆေးပြား ၈ သန်း သယ်ဆောင်မောင်းနှင်လာတဲ့ကားတစီးကို ဖမ်းမိပြီး ဆက်လက် ဖော်ထုတ်စစ်ဆေးချက်အရ အဓိက မူးယစ်မှောင်ခိုဂိုဏ်း နှစ်ဂိုဏ်းကို ဆက်တိုက် ဖော်ထုတ် ဖမ်းဆီးမိနိုင်တာဖြစ်ကြောင်းကိုလည်း ပြောသွားပါတယ်။ ရွှေတြိဂံဒေသက မူးယစ်မှောင်ခိုဂိုဏ်းတွေဟာ စိတ်ကြွဆေး၊ မူးယစ်ဆေးတွေကို အရင်ကထက် ပိုထုတ်လာနေပြီး ထိုင်းနိုင်ငံဘက်ကို အလုံးအရင်းနဲ့တင်သွင်းနေတယ်လို့လည်း ထိုင်းနိုင်ငံရဲ့ဒေသဆိုင်ရာ သတင်းတွေ မှာလည်း ဒီရက်ပိုင်းတွေအတွင်း ဖော်ပြနေကြပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါး ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ ဒီနှစ်ဆန်းမှာ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ ဘိန်းထုတ်လုပ်မှု နှစ်စဉ် အစီရင်ခံစာ မှာတော့ ဒေသတွင်းမှာ ဓာတုပစ္စည်းတွေကို အခြေခံထုတ်လုပ်တဲ့ မူးယစ်ဆေးဝါးတွေ တွင်ကျယ်လာတယ်လို့လည်း ရေးသားထားပါတယ်ရှင်။

#ThailandMyanamr #Drugtrafficking #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG