သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေ႐ႊႀတိဂံေဒသထြက္ စိတ္ႂကြေဆးျပား ၁၀ သန္းနဲ႔ မသကၤာသူ ၄ ဦး ထိုင္းႏိုင္ငံမွာ ဖမ္းဆီးမိ


တာ့ခ္ျပည္နယ္ကိုျဖတ္ၿပီး သယ္လာတဲ့မူးယစ္ေဆးေတြကိုစင္ဘူရီျပည္နယ္မွာဖမ္းမိပုံ(ဓာတ္ပံု - Police)

(Zawgyi/Unicode)

ထိုင္းႏိုင္ငံတာ့ခ္ျပည္နယ္ ကေန သယ္ေဆာင္လာတဲ့ ကာလတန္ဖိုး ဘတ္ေငြ သန္း ၁,၀၀၀ ေက်ာ္တန္ဖိုးရွိတဲ့ ေ႐ႊႀကိဂံေဒသထုတ္ စိတ္ႂကြေဆးျပား ၁၀ သန္းကို စင္ဘူရီျပည္နယ္မွာ ဖမ္းဆီးႏိုင္ခဲ့ၿပီး မဲေဆာက္ကလာတဲ့ မူးယစ္ေမွာင္ခိုဂိုဏ္းဝင္ ၄ ဦးကို ဖမ္းမိခဲ့ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ခဲ့ပါတယ္။ ထိုင္းအေျခစိုက္ ဗြီအိုေအ သတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။

ဘန္ေကာက္ၿမိဳ႕ မူးယစ္ႏွိမ္နင္းေရး ဗ်ဴ႐ို မွာ ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ တာ့ခ္ျပည္နယ္က တဆင့္ ထိုင္းႏိုင္ငံ အတြင္းပိုင္း စင္ဘူရီျပည္နယ္ကို ဝင္လာတဲ့ မူးယစ္ေဆးဝါး အေျမာက္အျမားပိတ္ဆို႔ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕ရဲ႕အႀကီးအကဲ မြန္သရီ ရင္းယန္ က စေန႔ေန႔ သတင္းစားရွင္းလင္းပြဲမွာ ထိုင္းဘာသာနဲ႔ ေျပာသြားပါတယ္။

ထိုင္းေျမာက္ပိုင္း နယ္စပ္မွာ အေျခစိုက္ထားၿပီး ထိုင္းႏိုင္ငံအတြင္းကို အလုံးအရင္းပို႔ေနၾကတဲ့ မူးယစ္ေမွာင္ခိုဂိုဏ္းက မူးယစ္ေဆးေတြျဖစ္တယ္။ မၾကာေသးခင္က စိတ္ႂကြေဆးျပား ၆ သန္းဖမ္းမိခဲ့ၿပီး အခုတႀကိမ္ ၁၀ သန္းထပ္ပို႔တာပါ။ သူတို႔ဟာ ခ်င္း႐ိုင္ျပည္နယ္မွာ အဖမ္းဆီးအစစ္ေဆးေတြမ်ားလာ ေနတာေၾကာင့္ အခုလို တာခ့္ျပည္နယ္ထဲကေန တဆင့္ ထပ္သြင္းဘို႔ ႀကိဳးစားခဲ့တာလို႔ ေျပာသြားတာပါ။

တာ့ခ္ျပည္နယ္ကေန စိတ္ႂကြေဆး ေတြပါတဲ့ အိတ္ေပါင္း ၅၀ သယ္ေဆာင္ ေမာင္းႏွင္လာတဲ့ ကုန္တင္ယာဥ္ငယ္တစ္စီးနဲ႔ လမ္းေၾကာင္း ၾကည့္ ေပးတဲ့ ကား၃ စီး အပါအဝင္ မူးယစ္ေမွာင္ခိုသမားေတြကို ဖမ္းဆီးခဲ့ပါတယ္။

ဖမ္းမိတဲ့ မူးယစ္ေမွာင္ခိုသမား ၄ းဦးဟာ မဲေဆာက္ၿမိဳ႕နယ္မွာ ေနထိုင္ေနၾကတဲ့ ေတာင္ယာလုပ္ကိုင္သူ ထိုင္းႏိုင္ငံသားသုံးဦးနဲ႔ ေတာင္ေပၚတိုင္းရင္းသား တဦးတို႔ ျဖစ္ပါတယ္။ သူတို႔ကို နယ္စပ္က မူးယစ္ကုန္သည္ေတြက ဘတ္ေငြ ေလးသိန္းနဲ႔ အခေၾကးေငြေပးၿပီး သယ္ခိုင္းခဲ့တာလို႔ဖမ္းမိသူေတြက ထြက္ဆိုထားေၾကာင္း မူးယစ္ႏွိမ္နင္းေရး ရဲတပ္ဖြဲ႕က ထုတ္ျပန္သြားပါတယ္။

အခုလို ကိုဗစ္ကပ္ေရာဂါကူးစက္မူေတြ ထိုင္းမွာျမင့္တက္ေနခ်ိန္မွာ မူးယစ္ဂိုဏ္းေတြဟာ အခြင့္ေကာင္းယူၿပီး အလုံးအရင္းနဲ႔ သယ္ေဆာင္ေနၾကတာျဖစ္တယ္လို႔ ထိုင္းအာဏာပိုင္ေတြကဆိုပါတယ္။

ေ႐ႊႀကိဂံေဒသက မူးယစ္ေမွာင္ဂိုဏ္းေတြဟာ စိတ္ႂကြေဆးေတြကို အရင္ကထက္ ပိုထုတ္လုပ္ေနၿပီး ထိုင္းဘက္ကိုအလုံးအရင္း သယ္ေဆာင္ တင္သြင္းေနတယ္လို႔လည္း ဒီရက္ပိုင္းမွာပဲ ထိုင္းႏိုင္ငံရဲ႕ေဒသဆိုင္ရာသတင္းေတြမွာ ေဖၚျပၾကပါတယ္။

ကုလသမဂၢ မူးယစ္ေဆးဝါးနဲ႔ ရာဇဝတ္မႈဆိုင္ရာ႐ုံး (UNODC) ရဲ႕ ဒီႏွစ္ဆန္းမွာ ထုတ္ျပန္တဲ့ ျမန္မာႏိုင္ငံ ဘိန္းထုတ္လုပ္မႈ ႏွစ္စဥ္ အစီရင္ခံစာမွာေတာ့ ေဒသတြင္းမွာ ဓာတုပစၥည္းေတြကို အေျခခံထုတ္လုပ္တဲ့ မူးယစ္ေဆးဝါးေတြ တြင္က်ယ္လာတယ္လို႔လည္း ေရးသားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ရွှေတြိဂံဒေသထွက် စိတ်ကြွဆေးပြား ၁၀ သန်းနဲ့ မသင်္ကာသူ ၄ ဦး ထိုင်းနိုင်ငံမှာ ဖမ်းဆီးမိ

ထိုင်းနိုင်ငံတာ့ခ်ပြည်နယ် ကနေ သယ်ဆောင်လာတဲ့ ကာလတန်ဖိုး ဘတ်ငွေ သန်း ၁,၀၀၀ ကျော်တန်ဖိုးရှိတဲ့ ရွှေကြိဂံဒေသထုတ် စိတ်ကြွဆေးပြား ၁၀ သန်းကို စင်ဘူရီပြည်နယ်မှာ ဖမ်းဆီးနိုင်ခဲ့ပြီး မဲဆောက်ကလာတဲ့ မူးယစ်မှောင်ခိုဂိုဏ်းဝင် ၄ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ဘန်ကောက်မြို့ မူးယစ်နှိမ်နင်းရေး ဗျူရို မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ တာ့ခ်ပြည်နယ်က တဆင့် ထိုင်းနိုင်ငံ အတွင်းပိုင်း စင်ဘူရီပြည်နယ်ကို ဝင်လာတဲ့ မူးယစ်ဆေးဝါး အမြောက်အမြားပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ရဲ့အကြီးအကဲ မွန်သရီ ရင်းယန် က စနေ့နေ့ သတင်းစားရှင်းလင်းပွဲမှာ ထိုင်းဘာသာနဲ့ ပြောသွားပါတယ်။

ထိုင်းမြောက်ပိုင်း နယ်စပ်မှာ အခြေစိုက်ထားပြီး ထိုင်းနိုင်ငံအတွင်းကို အလုံးအရင်းပို့နေကြတဲ့ မူးယစ်မှောင်ခိုဂိုဏ်းက မူးယစ်ဆေးတွေဖြစ်တယ်။ မကြာသေးခင်က စိတ်ကြွဆေးပြား ၆ သန်းဖမ်းမိခဲ့ပြီး အခုတကြိမ် ၁၀ သန်းထပ်ပို့တာပါ။ သူတို့ဟာ ချင်းရိုင်ပြည်နယ်မှာ အဖမ်းဆီးအစစ်ဆေးတွေများလာ နေတာကြောင့် အခုလို တာခ့်ပြည်နယ်ထဲကနေ တဆင့် ထပ်သွင်းဘို့ ကြိုးစားခဲ့တာလို့ ပြောသွားတာပါ။

တာ့ခ်ပြည်နယ်ကနေ စိတ်ကြွဆေး တွေပါတဲ့ အိတ်ပေါင်း ၅၀ သယ်ဆောင် မောင်းနှင်လာတဲ့ ကုန်တင်ယာဉ်ငယ်တစ်စီးနဲ့ လမ်းကြောင်း ကြည့် ပေးတဲ့ ကား၃ စီး အပါအဝင် မူးယစ်မှောင်ခိုသမားတွေကို ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းမိတဲ့ မူးယစ်မှောင်ခိုသမား ၄ းဦးဟာ မဲဆောက်မြို့နယ်မှာ နေထိုင်နေကြတဲ့ တောင်ယာလုပ်ကိုင်သူ ထိုင်းနိုင်ငံသားသုံးဦးနဲ့ တောင်ပေါ်တိုင်းရင်းသား တဦးတို့ ဖြစ်ပါတယ်။ သူတို့ကို နယ်စပ်က မူးယစ်ကုန်သည်တွေက ဘတ်ငွေ လေးသိန်းနဲ့ အခကြေးငွေပေးပြီး သယ်ခိုင်းခဲ့တာလို့ဖမ်းမိသူတွေက ထွက်ဆိုထားကြောင်း မူးယစ်နှိမ်နင်းရေး ရဲတပ်ဖွဲ့က ထုတ်ပြန်သွားပါတယ်။

အခုလို ကိုဗစ်ကပ်ရောဂါကူးစက်မူတွေ ထိုင်းမှာမြင့်တက်နေချိန်မှာ မူးယစ်ဂိုဏ်းတွေဟာ အခွင့်ကောင်းယူပြီး အလုံးအရင်းနဲ့ သယ်ဆောင်နေကြတာဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေကဆိုပါတယ်။

ရွှေကြိဂံဒေသက မူးယစ်မှောင်ဂိုဏ်းတွေဟာ စိတ်ကြွဆေးတွေကို အရင်ကထက် ပိုထုတ်လုပ်နေပြီး ထိုင်းဘက်ကိုအလုံးအရင်း သယ်ဆောင် တင်သွင်းနေတယ်လို့လည်း ဒီရက်ပိုင်းမှာပဲ ထိုင်းနိုင်ငံရဲ့ဒေသဆိုင်ရာသတင်းတွေမှာ ဖေါ်ပြကြပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ ဒီနှစ်ဆန်းမှာ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ ဘိန်းထုတ်လုပ်မှု နှစ်စဉ် အစီရင်ခံစာမှာတော့ ဒေသတွင်းမှာ ဓာတုပစ္စည်းတွေကို အခြေခံထုတ်လုပ်တဲ့ မူးယစ်ဆေးဝါးတွေ တွင်ကျယ်လာတယ်လို့လည်း ရေးသားထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG