{{Zawgyi/Unicode}}
ထိုင္းႏုိင္ငံေျမာက္ပုိင္း၊ ခ်င္းမိုင္ျပည္နယ္၊ ဖန္ျမိဳ႕နယ္ထဲမွာ ထိုင္းနယ္ျခားေစာင့္တပ္ဖြဲ႔နဲ့ ထိုင္း မူးယစ္ေမွာင္ခုိသမားေတြၾကား တိုက္ပြဲျဖစ္ၿပီး ဘတ္သန္းေပါင္းမ်ားစြာ တန္ဖိုးရွိတဲ့ ေရႊၾတိဂံေဒသထုတ္ မူးယစ္ေဆး၀ါးေတြကိုဖမ္းမိခဲ့ပါတယ္။ ဒီအေၾကာင္း ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။
ထိုင္း- ျမန္မာ-လာအို သံုးႏိုင္ငံ နယ္စပ္ခ်င္းထိေနတဲ့ ေရႊြႀတိဂံေဒသကေန ထိုင္းနိုင္ငံထဲကို စိတ္ႂကြေဆး သန္းနဲ႔ခ်ီၿပီး ၀င္လာမယ္ဆိုတဲ့သတင္းကို ၾကိဳရထားခဲ့တာေၾကာင့္ ထိုင္းအာဏာပိုင္ေတြက နယ္စပ္လမ္းေတြကို ပိတ္ဆို ့ေစာင့္ၾကည့္ေနခ်ိန္မွာ ဇူလိုင္လ ၁၅ ရက္ေန့က မူးယစ္ေမွာင္ခိုသမားေတြနဲ့ တိုက္ပဲြျဖစ္ျပီး မူးယစ္ေဆး၀ါးေတြကိုဖမ္းမိခဲ့တာပါ။
"ႀကိဳတင္သတင္းရတဲ့အတြက္ ေစာင့္ျပီးဖမ္းဆီးခဲ့ခ်ိန္မ ွာ အခုလို မူးယစ္ေဆး၀ါးေတြကို ဖမ္းမိခဲ့တာပါ၊ ထိုင္း- ျမန္မာနယ္စပ္ ခ်င္းမိုင္ျပည္နယ္ ဖန္ျမိဳ ့နယ္ ေနာက္ေသာင္ နယ္စပ္ေက်းရြာအနီးမွာ နုယ္ျခားေစာင့့္ကင္းလွည့္တပ္ဖြဲ ့နဲ ့ စိတ္ႂကြေဆး သယ္ေဆာင္လာတဲ့ လက္နက္ကိုင္အဖြဲ ့တို့ ရင္ဆိုင္ေတြခဲ့ျပီး ထိုင္းစစ္တပ္က ပစ္ခတ္ခဲ့တာေၾကာင့္ မူးယစ္ေဆးသယ္ေဆာင္လာတဲ့ ဂိုဏ္း၀င္ေတြဟာ သူတို့သယ္ေဆာင္လာတဲ့ အိပ္ ၃၃ လံုးကိုစြန့္ပစ္ျပီး ထြက္ေျပးသြားခဲ့ၾကတယ္" လို ့ထိုင္းနယ္ျခားေစာင့္တပ္ဖြဲ႔၊ အမွတ္ ၅ ေဒသ တပ္ဖြဲ႔မွဴး ဗုိလ္ခ်ဳပ္ နရစ္ ထာ၀မ္ (Maj. Gen. Narut thawarong) က ဒီကေန ့သတင္းစာရွင္းလင္းပြဲမွာ ေျပာသြားပါတယ္။
စြန္႔ပစ္ထားခဲ့တဲ့ အိပ္ ၃၃ လံုးအတြင္းမွာ ထည့္ထားတဲ့ စိတ္ႂကြေဆး သံုးသန္းကိုးသိန္းေက်ာ္ကို ဖမ္းဆီးနိုင္ခဲ့တယ္လို႔ဆုိပါတယ္။
ဇူလိုင္လ ၁၄ ရက္ေန ့ကေတာ့ ဘန္ေကာက္ျမိဳ ့ ဖက္ကစံရပ္ကြက္က ေနအိမ္တစ္လံုးမွာ ထိုင္း- ့့ျမန္မာနယ္စပ္ ရေနာင္းျပည္နယ္ကိုပို ့မယ့္ Ice မူးယစ္ေဆး၀ါး ကီလို ၂၀၀ ေက်ာ္ကိုလည္း ဖမ္းမိခဲ့ပါတယ္။
သာသနာ လွဴဖြယ္ပစၥည္းေတြထဲမွာ ဖြက္ယူသယ္ေဆာင္ဖို့လုပ္ေဆာင္ထားတဲ့ မူးယစ္ေဆးေတြကို သံဃာတစ္ပါးနဲ့အတူ ဖမ္းမိခဲ့တာပါ။
ဒီေဆးေတြဟာလည္းေရြၾတိဂံေဒသကလာတာလို့ ထုိင္းအာဏာပုိင္ေတြက ဆုိပါတယ္။ အခုရက္ပိုင္းအတြင္းမွာပဲ ထိုင္းတနိုင္ငံလံုးမွာ စိတ္ႂကြေဆးျပား အေရအတြက္ သန္း ၂၀ နီးပါး၊ ကာလတန္ဖိုးအားျဖင့္ ဘတ္ေငြ သန္းေပါင္း ၃,၀၀၀ ေက်ာ္ေလာက္ ဖမ္းမိခဲ့ၿပီးျဖစ္ပါတယ္။
ျမန္မာ့နိုင္ငံေရး မတည္ျငိမ္တဲ့ကာလမွာ ေရႊႀတိဂံေဒသက မူးယစ္ေမွာင္ဂိုဏ္းေတြဟာ စိတ္ႂကြေဆးေတြကို အရင္ကထက္ ပိုထုတ္လုပ္ေနျပီး ထိုင္းဘက္ကို အလံုးအရင္းနဲ႔ သယ္ေဆာင္တင္သြင္းေနတယ္လို႔ ထိုင္းႏုိင္ငံတြင္းသတင္းေတြမွာ ေဖာ္ျပႀကပါတယ္။
ကုလသမဂၢ မူးယစ္ေဆးဝါးနဲ႔ ရာဇဝတ္မႈဆိုင္ရာ႐ုံး (UNODC) က ဒီႏွစ္ဆန္းမွာထုတ္ျပန္တဲ့ ျမန္မာႏိုင္ငံ ဘိန္းထုတ္လုပ္မႈ ႏွစ္စဥ္အစီရင္ခံစာမွာေတာ့ ေဒသတြင္းမွာ ဓာတုပစၥည္းေတြကို အေျခခံထုတ္လုပ္တဲ့ မူးယစ္ေဆးဝါးေတြ တြင္က်ယ္လာတယ္လို့ ေဖာ္ျပထားပါတယ္။
...............................................
{{Unicode}}
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ပြည်နယ်၊ ဖန်မြို့နယ်ထဲမှာ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့နဲ့ ထိုင်း မူးယစ်မှောင်ခိုသမားတွေကြား တိုက်ပွဲဖြစ်ပြီး ဘတ်သန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ ရွှေတြိဂံဒေသထုတ် မူးယစ်ဆေးဝါးတွေကိုဖမ်းမိခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်း- မြန်မာ-လာအို သုံးနိုင်ငံ နယ်စပ်ချင်းထိနေတဲ့ ရွှွေတြိဂံဒေသကနေ ထိုင်းနိုင်ငံထဲကို စိတ်ကြွဆေး သန်းနဲ့ချီပြီး ဝင်လာမယ်ဆိုတဲ့သတင်းကို ကြိုရထားခဲ့တာကြောင့် ထိုင်းအာဏာပိုင်တွေက နယ်စပ်လမ်းတွေကို ပိတ်ဆို့စောင့်ကြည့်နေချိန်မှာ ဇူလိုင်လ ၁၅ ရက်နေ့က မူးယစ်မှောင်ခိုသမားတွေနဲ့ တိုက်ပွဲဖြစ်ပြီး မူးယစ်ဆေးဝါးတွေကိုဖမ်းမိခဲ့တာပါ။
"ကြိုတင်သတင်းရတဲ့အတွက် စောင့်ပြီးဖမ်းဆီးခဲ့ချိန်မ ှာ အခုလို မူးယစ်ဆေးဝါးတွေကို ဖမ်းမိခဲ့တာပါ၊ ထိုင်း- မြန်မာနယ်စပ် ချင်းမိုင်ပြည်နယ် ဖန်မြို့နယ် နောက်သောင် နယ်စပ်ကျေးရွာအနီးမှာ နုယ်ခြားစောင့်ကင်းလှည့်တပ်ဖွဲ့နဲ့ စိတ်ကြွဆေး သယ်ဆောင်လာတဲ့ လက်နက်ကိုင်အဖွဲ့တို့ ရင်ဆိုင်တွေခဲ့ပြီး ထိုင်းစစ်တပ်က ပစ်ခတ်ခဲ့တာကြောင့် မူးယစ်ဆေးသယ်ဆောင်လာတဲ့ ဂိုဏ်းဝင်တွေဟာ သူတို့သယ်ဆောင်လာတဲ့ အိပ် ၃၃ လုံးကိုစွန့်ပစ်ပြီး ထွက်ပြေးသွားခဲ့ကြတယ်" လို့ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့၊ အမှတ် ၅ ဒေသ တပ်ဖွဲ့မှူး ဗိုလ်ချုပ် နရစ် ထာဝမ် (Maj. Gen. Narut thawarong) က ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
စွန့်ပစ်ထားခဲ့တဲ့ အိပ် ၃၃ လုံးအတွင်းမှာ ထည့်ထားတဲ့ စိတ်ကြွဆေး သုံးသန်းကိုးသိန်းကျော်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။
ဇူလိုင်လ ၁၄ ရက်နေ့ကတော့ ဘန်ကောက်မြို့ ဖက်ကစံရပ်ကွက်က နေအိမ်တစ်လုံးမှာ ထိုင်း-့မြန်မာနယ်စပ် ရနောင်းပြည်နယ်ကိုပို့မယ့် Ice မူးယစ်ဆေးဝါး ကီလို ၂၀၀ ကျော်ကိုလည်း ဖမ်းမိခဲ့ပါတယ်။
သာသနာ လှူဖွယ်ပစ္စည်းတွေထဲမှာ ဖွက်ယူသယ်ဆောင်ဖို့လုပ်ဆောင်ထားတဲ့ မူးယစ်ဆေးတွေကို သံဃာတစ်ပါးနဲ့အတူ ဖမ်းမိခဲ့တာပါ။
ဒီဆေးတွေဟာလည်း ရွေတြိဂံဒေသကလာတာလို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။ အခုရက်ပိုင်းအတွင်းမှာပဲ ထိုင်းတနိုင်ငံလုံးမှာ စိတ်ကြွဆေးပြား အရေအတွက် သန်း ၂၀ နီးပါး၊ ကာလတန်ဖိုးအားဖြင့် ဘတ်ငွေ သန်းပေါင်း ၃,၀၀၀ ကျော်လောက် ဖမ်းမိခဲ့ပြီးဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေး မတည်ငြိမ်တဲ့ကာလမှာ ရွှေတြိဂံဒေသက မူးယစ်မှောင်ဂိုဏ်းတွေဟာ စိတ်ကြွဆေးတွေကို အရင်ကထက် ပိုထုတ်လုပ်နေပြီး ထိုင်းဘက်ကို အလုံးအရင်းနဲ့ သယ်ဆောင်တင်သွင်းနေတယ်လို့ ထိုင်းနိုင်ငံတွင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ဒီနှစ်ဆန်းမှာထုတ်ပြန်တဲ့ မြန်မာနိုင်ငံ ဘိန်းထုတ်လုပ်မှု နှစ်စဉ်အစီရင်ခံစာမှာတော့ ဒေသတွင်းမှာ ဓာတုပစ္စည်းတွေကို အခြေခံထုတ်လုပ်တဲ့ မူးယစ်ဆေးဝါးတွေ တွင်ကျယ်လာတယ်လို့ ဖော်ပြထားပါတယ်။