သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာနယ္စပ္အပါ နယ္စပ္ဂိတ္ေတြ ျပန္ဖြင့္ဖို႔ ထိုင္းစဥ္းစားေန


မယ္ဆိုင္နယ္စပ္ေစ်းကိုျပန္ဖြင့္ဖို့ျပင္ဆင္ေနပံု (ဓာတ္ပံု - CJ)

(Zawgyi/Unicode)

ထိုင္းႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ၂၀၂၀ ခုႏွစ္ထဲက ပိတ္ထားတဲ့ ျမန္မာအပါအဝင္ အိမ္နီးခ်င္းနယ္စပ္ဂိတ္ေတြကို ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလမွာ ျပန္ဖြင့္ႏိုင္ဖုိ႔ ထိုင္းႏိုင္ငံ အားကစားနဲ႔ ခရီသြားလုပ္ငန္းဝန္ႀကီးက ေျပာၾကားခဲ့ပါတယ္။ ထိုင္းျပည္သူ ၇၀% ေလာက္ ကိုဗစ္ကာကြယ္ေဆးထိုးၿပီးသြားၿပီဆိုရင္ ျပည္ပက ဝင္လာသူေတြ ကြာရန္တင္းလုပ္စရာ မလိုဘဲ သြားလာခြင့္ေပးဖုိ႔အထိ စဥ္းစားေနတယ္လို႔ သူကေျပာပါတယ္။ ဒါေပမဲ့ ၄ လအတြင္း ထုိင္းျပည္သူ ၇၀% အထိ ကာကြယ္ေဆးထိုးေပးႏုိင္ဖုိ႔အတြက္ စိန္ေခၚမႈေတြ႐ွိတယ္လို႔ တခ်ဳိ႕က ေထာက္ျပေနၾကပါတယ္။ ဒီအေၾကာင္း ထုိင္းအေျခစိုက္သတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ႔ထားပါတယ္။

ကိုဗစ္ကပ္ေရာဂါေၾကာင့္ စီးပြားေရးနဲ႔ ခရီးသြားလုပ္ငန္း အႀကီးအက်ယ္ထိခိုက္ေနတဲ့ ထိုင္းႏိုင္ငံက စက္တင္ဘာ ၁ ရက္ေန႔ကစလုိ႔ ျပည္တြင္းခရီးသြားလုပ္ငန္းေတြကုိ ကိုဗစ္စည္းကမ္းတခ်ိဳ ့ေျဖေလ်ာ့ၿပီး ျပန္ဖြင့္ခြင့္ေပးခဲ့ပါတယ္။ ေနာက္ေလးလ အတြင္းမွာလည္း ျမန္မာႏိုင္ငံနဲ႔ နယ္စပ္အပါအဝင္ အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ နယ္စပ္ဂိတ္ေတြကို ျပန္ဖြင့္ႏိုင္ဖုိ႔ ေမ ွ်ာ္မွန္းထားတယ္လို႔ ထုိင္းအားကစားနဲ႔ ခရီးသြားလုပ္ငန္းဝန္ႀကီး Phiphat Ratchakitprakarn နိုင္ဖိဘတ္ ရခ်ကစ္ပရကမ္က ေျပာၾကားခဲ့ပါတယ္။ ထုိင္းႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါကို ကာကြယ္ထိန္းခ်ဳပ္ရင္း စီးပြားေရးလုပ္ငန္းေတြ ျပန္လည္စတင္ဖုိ႔ ေဆာင္႐ြက္ေနတာပါ။ ထိုင္းမွာ႐ွိေနသူ ၇၀% ေလာက္အထိကို ကာကြယ္ေဆးထိုးၿပီးသြားရင္ေတာ့ ျပည္ပကလာသူေတြ သီးျခားခဲြေနရတဲ့ ကြာရန္တင္း လုပ္ဖုိ႔ မလိုဘဲ သြားလာခြင့္ေပးဖုိ႔စဥ္းစားေနတယ္လို႔ ဝန္ႀကီး Phiphat က လြတ္ေတာ္အစည္းေ၀းမွာ အခုလိုတင္ျပသြားခဲ့ပါတယ္။

စက္တင္ဘာလ ၁ ရက္ေန ့ လြတ္ေတာ္အစည္းအေ၀းမွာ အားကစားနဲ့ ခရီးသြား လာေရး ၀န္ၾကီး Phiphat Ratchakitprakarn နိုုင္ဖိဘတ္ ရခ်ကစ္ပရကမ္ေျပာသြားတာကေတာ့ ထိုုင္းအစိုုးရအေနနဲ့ ၀န္ၾကီးခ်ဳပ္ပရယု က်န္အိုခ်ာ အတည္ျပဳခ်မွတ္ထားတဲ့ မူ၀ါဒအတိုုင္း ဆက္လက္လုပ္ေဆာင္ေနပါတယ္ အရင္ဆံုး ဖူးခက္ျပည္နယ္ကိုု နိုုင္ငံတကာ ကမၻာလွည့္ခရီးသည္ေတြအတြက္ စတင္ဖြင့္ေပးခဲ့ရာမွာ ခရီးသည္ ၂၀၀၀၀မွာ ၈၀ သာ ပိုးကူးဆက္ေနတာေတြ႔ရျပီး ကုသေရးလုပ္ငန္းေတြလုပ္ေဆာင္ေပးနိုုင္ခဲ့တာကိုေတြ ့ရပါတယ္ အခုလည္းနိုင္ငံအတြင္းက ျပည္နယ္ေတြမွာ ကိုဗစ္ကာကြယ္ေဆး ၇၀ ရာကိုုင္နႏုွ္းအထိ ထိုးျပီးရင္ ကပ္ေရာဂါပုိးရွိမရွိစစ္ေဆးေရးလုပ္ငန္းေတြ ရာႏွုန္းျပည့္ျပီးသြားျပီဆုိရင္ သက္ဆိုင္ရာျမိဳ နယ္စပ္အာဏာပိုုင္ ျပည္ထဲေရးဌာန တို့နဲ့ညိႏႈီင္းၿပီး ရက္ေပါင္း ၁၂၀ အတြင္းမွာ ပံုမွန္အေျခအေနျဖစ္လာေအာင္ ျပန္ဖြင့္ေပးမွာ ျဖစ္ပါတယ္ဆုိျပီးထုိင္းဘာသာနဲ႔ ေျပာသြားတာပါ ။

၂၀၂၀ခုႏွစ္ မတ္လကထဲက ကိုဗစ္ကပ္ေရာဂါေၾကာင့္ အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ နယ္စပ္ဂိတ္ေတြ အားလံုးကို ပိတ္ထားပါတယ္။ တာခ်ီလိတ္ၿမိဳ႕ တဘက္ျခမ္းမွာ႐ွိတဲ့ ခ်င္းရိုင္ျပည္နယ္ မယ္ဆိုင္ဘက္က နယ္စပ္ေစ်းကိုေတာ့ အခု စက္တင္ဘာလမွာ ျပန္ဖြင့္ဖုိ႔ စီစဥ္ထားပါတယ္။

ထိုင္းအစိုးရက ခရီးသြားလုပ္ငန္းျမႇင့္တင္ေရးအတြက္ ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလ (၁) ရက္ေန့က ထုိင္းျမန္မာနယ္စပ္ အပါအ၀င္ ကေမာၻဒီးယား၊ လာအို၊ မေလးရွားႏိုင္ငံေတြနဲ့ ထိစပ္ေတြနဲ့ နယ္စပ္ဂိတ္မ်ားကို ျပန္လည္ဖြင့္လွစ္ရန္ လ်ာထားေပမယ့္ စိန္ေခၚမူေတြကေတာ့ ရွိေနအုန္းမွာ ျဖစ္တယ္လို႔ ထုိင္းေတာင္ပုိင္းအေျခစိုက္ပညာေရးနဲ့ဖြံျဖိဳးေရးအဖဲြက အလုပ္သမားေရးတာ၀န္ခံဦးမင္းဦးကေျပာပါတယ္။

"အရမ္းကာေရာဒီကာလမွာ open ဖြင့္တာမ်ိဳးေတြလုပ္လို့ေတာ့မရေသးဘူး ကိုယ္ခ်ည္းပဲ ဖြင့္လုိ့မရဘူး အိမ္နီးခ်င္းႏိုင္ငံမွာ က်ေနာ္တို့ျမန္မာႏိုင္ငံဘက္မွာေတာ့ Delta ေတြ တာေတြ ျဖစ္ေနတယ္မဟုတ္လား ဒီဘက္ကအဆင္ေျပလို့ဖြင့္ရင္ေတာင္မွ ဟိုဘက္ျခမ္းအိမ္နီခ်င္းႏိုင္ငံေတြရဲ ့ေရာဂါျဖစ္ပြားမူ့ႏွန္းေတြကိုႀကည့္ရအုန္းမွာေလ။ဒီကာလအတြင္းမွာ သူတို့ေရာာဂါကူးစက္မူေတြြ ဘယ္ေလာက္္ႀကာမလဲ ကာကြယ္ေဆးေတြဘယ္ေလာက္ထုိးႏိုင္မလဲဆိုတာလည္းအဲဒါေတြျပီးမူတည္ျပီးမွ ဖြင့္တယ္မဖြင့္ဘူးဆိုတာသြားမွာ။ ႀကည့္္ရအုန္းမွာ လူမူ့ဖူလံုေရးနဲ့ပတ္သက္လို႔ သူတို႔ကုန္္တာက ၁၃ ဒသမ ၅ဘီလ်ံေလာက္ကုန္တယ္ ဒုတိယတေခါက္မွာကုနု္တယ္ ပထမ တေခါက္မွာကုန္တာ ကာကြယ္ေဆးနဲပတ္သက္တာက်န္းမားေရးနဲ့ပတ္သက္တာ သူတို့အရန္ဘ႑ာရွိတယ္မပူနဲ့ဆုိေတာေတာ့ေျပာထားတာရွိတယ္ ဒါေပမယ္ အဲဒီ ၁၃ ဘီလ်ံေက်ာ္ကိစၥကိုေတာင္မွအဲဒါေတြကုိလည္း ၂ႀကိမ္ေလာက္၀န္ႀကီးအဖဲြက ဆံုးျဖတ္ျပီးမွ လုပ္ရတာေလ ေရာဂါအမ်ားႀကီးျဖစ္တဲ့ အနီရင့္ေရာင္ဇုန္ကိုပဲသူတို့ကဦးတည္ျပီးစဥ္းစားေနရတာ ။ အဲဒါေတြကိုလည္းမူတည္တယ္နယ္စပ္ေတြျပန္ဖြင့္မယ့္ကိစၥကေတာ့"

ထိခိုက္ေနတဲ့ ခရီးသြားလုပ္ငန္းကို ျပန္လည္အသက္သြင္းႏိုင္ဖုိ႔ ႀကိဳးစားတဲ့အေနနဲ႔ ကမာၻလွည့္ဧည့္သည္ အသြားမ်ားတဲ့ ဖူးခက္ျပည္နယ္ကို ဇူလိုင္လက စတင္ျပန္ဖြင့္ခဲ့ပါတယ္။ ဒုတိယအဆင့္အေနနဲ႔ဘန္ေကာက္ကို အျပည့္အဝ ျပန္ဖြင့္ဖုိ႔စီစဥ္ထားေပမဲ့ လူဦးေရအျပည့္ ကိုဗစ္ကာကြယ္ေဆး မထိုးမေပးႏုိင္ေသးတာေၾကာင့္ႏုိ၀င္ဘာလအထိေနာက္ဆုတ္ထားပါတယ္။ ခ်င္းမိုင္ ဟြာဟင္ ခၽြန္ဘူရီ စတဲ့ ေဒသေတြကိုေတာ့ ေအာက္တုိဘာလထဲမွာ ဖြင့္ႏိုင္ဖုိ႔ စီစဥ္ေနႀကပါတယ္။ ၿပီးခဲ့တဲ့ ၂ ႏွစ္ ထိုင္းႏိုင္ငံံမွာ ကိုဗစ္ေၾကာင့္ စီးပြားေရး ဆက္တိုက္ က်ဆင္းေနတာေၾကာင့္ စက္တင္ဘာလကစျပီး ကိုဗစ္ကုိ ကာကြယ္ကုသရင္းနဲ့ ကပ္ေရာဂါနဲ႔ အတူယွဥ္တဲြေနထုိင္ဖို႔ဆိုတာမ်ိဳးေတြကို ဆံုးျဖတ္လာခဲ့တယ္လို႔ ဦးမင္းဦးက ေျပာပါတယ္။

"ကုိဗစ္နဲ့ယွဥ္တဲြေနထုိင္ေရးနဲပတ္သက္လုိ့ အခုေနာက္ပုိင္း က်န္းမာေရးဌာနကေကာသက္ဆုိင္ရာပညာရွင္ေတြကေကာေျပာတယ္ ကုိဗစ္နဲ့ ယွဥ္တဲြေနထုိင္ဖို့ပဲ သြားရေတာ့ မယ္ ၀န္ႀကီးခ်ဳပ္ကေတာ့အဲဒီလိုပဲေျပာတယ္ေလ"

ထိုင္းအစုိးရအေနနဲ့ အခုလိုနယ္စပ္ေတြဖြင့္ႏိုင္ဖို႔ တတိုင္းျပည္လံုးဖြင့္ႏိုင္ဖုိ့လ်ာထားခ်က္ရွိေပမယ့္ အနည္းဆုံး တိုင္းျပည္မွာရွိတဲ့ လူဦးေရရဲ့ ၇၀ ရာခိုင္ႏႈန္းကို ကာကြယ္ေဆးထိုးႏွံေပးၿပီးမွသာ ဖြင့္လွစ္ႏိုင္မည္ျဖစ္တယ္လို႔ ထိုင္းအစုိးရက ေျပာထားပါတယ္။ အခုခ်ိန္ထိ ျမန္မာအပါအ၀င္သန္းနဲ့ခ်ီရွိေနတဲ့ ႏိုင္ငံျခားသားေရြေျပာင္းအလုပ္သမားေတြကုိ ထိုင္းႏိုင္ငံတြင္းကာကြယ္ေဆးထုိးႏိုင္ဖုိ့ေတြကလည္း အကန့္အသတ္ေတြရိွေနဆဲျဖစ္ပါတယ္။

..............................................................................................

တိုက္႐ိုက္ လင့္ခ္


မြန်မာနယ်စပ်အပါ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ဖို့ ထိုင်းစဉ်းစားနေ

(Unicode)

ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်ထဲက ပိတ်ထားတဲ့ မြန်မာအပါအဝင် အိမ်နီးချင်းနယ်စပ်ဂိတ်တွေကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ပြန်ဖွင့်နိုင်ဖို့ ထိုင်းနိုင်ငံ အားကစားနဲ့ ခရီသွားလုပ်ငန်းဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ထိုင်းပြည်သူ ၇၀% လောက် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသွားပြီဆိုရင် ပြည်ပက ဝင်လာသူတွေ ကွာရန်တင်းလုပ်စရာ မလိုဘဲ သွားလာခွင့်ပေးဖို့အထိ စဉ်းစားနေတယ်လို့ သူကပြောပါတယ်။ ဒါပေမဲ့ ၄ လအတွင်း ထိုင်းပြည်သူ ၇၀% အထိ ကာကွယ်ဆေးထိုးပေးနိုင်ဖို့အတွက် စိန်ခေါ်မှုတွေရှိတယ်လို့ တချို့က ထောက်ပြနေကြပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်း အကြီးအကျယ်ထိခိုက်နေတဲ့ ထိုင်းနိုင်ငံက စက်တင်ဘာ ၁ ရက်နေ့ကစလို့ ပြည်တွင်းခရီးသွားလုပ်ငန်းတွေကို ကိုဗစ်စည်းကမ်းတချို့ဖြေလျော့ပြီး ပြန်ဖွင့်ခွင့်ပေးခဲ့ပါတယ်။ နောက်လေးလ အတွင်းမှာလည်း မြန်မာနိုင်ငံနဲ့ နယ်စပ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်နိုင်ဖို့ မေ ျှာ်မှန်းထားတယ်လို့ ထိုင်းအားကစားနဲ့ ခရီးသွားလုပ်ငန်းဝန်ကြီး Phiphat Ratchakitprakarn နိုင်ဖိဘတ် ရချကစ်ပရကမ်က ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်ရင်း စီးပွားရေးလုပ်ငန်းတွေ ပြန်လည်စတင်ဖို့ ဆောင်ရွက်နေတာပါ။ ထိုင်းမှာရှိနေသူ ၇၀% လောက်အထိကို ကာကွယ်ဆေးထိုးပြီးသွားရင်တော့ ပြည်ပကလာသူတွေ သီးခြားခွဲနေရတဲ့ ကွာရန်တင်း လုပ်ဖို့ မလိုဘဲ သွားလာခွင့်ပေးဖို့စဉ်းစားနေတယ်လို့ ဝန်ကြီး Phiphat က လွတ်တော်အစည်းဝေးမှာ အခုလိုတင်ပြသွားခဲ့ပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့ လွတ်တော်အစည်းအဝေးမှာ အားကစားနဲ့ ခရီးသွား လာရေး ဝန်ကြီး Phiphat Ratchakitprakarn နိုင်ဖိဘတ် ရချကစ်ပရကမ်ပြောသွားတာကတော့ ထိုင်းအစိုးရအနေနဲ့ ဝန်ကြီးချုပ်ပရယု ကျန်အိုချာ အတည်ပြုချမှတ်ထားတဲ့ မူဝါဒအတိုင်း ဆက်လက်လုပ်ဆောင်နေပါတယ် အရင်ဆုံး ဖူးခက်ပြည်နယ်ကို နိုင်ငံတကာ ကမ္ဘာလှည့်ခရီးသည်တွေအတွက် စတင်ဖွင့်ပေးခဲ့ရာမှာ ခရီးသည် ၂၀၀၀၀မှာ ၈၀ သာ ပိုးကူးဆက်နေတာတွေ့ရပြီး ကုသရေးလုပ်ငန်းတွေလုပ်ဆောင်ပေးနိုင်ခဲ့တာကိုတွေ့ရပါတယ် အခုလည်းနိုင်ငံအတွင်းက ပြည်နယ်တွေမှာ ကိုဗစ်ကာကွယ်ဆေး ၇၀ ရာကိုင်နနုှ်းအထိ ထိုးပြီးရင် ကပ်ရောဂါပိုးရှိမရှိစစ်ဆေးရေးလုပ်ငန်းတွေ ရာနှုန်းပြည့်ပြီးသွားပြီဆိုရင် သက်ဆိုင်ရာမြို နယ်စပ်အာဏာပိုင် ပြည်ထဲရေးဌာန တို့နဲ့ညိနှီုင်းပြီး ရက်ပေါင်း ၁၂၀ အတွင်းမှာ ပုံမှန်အခြေအနေဖြစ်လာအောင် ပြန်ဖွင့်ပေးမှာ ဖြစ်ပါတယ်ဆိုပြီးထိုင်းဘာသာနဲ့ ပြောသွားတာပါ ။

၂၀၂၀ခုနှစ် မတ်လကထဲက ကိုဗစ်ကပ်ရောဂါကြောင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စပ်ဂိတ်တွေ အားလုံးကို ပိတ်ထားပါတယ်။ တာချီလိတ်မြို့ တဘက်ခြမ်းမှာရှိတဲ့ ချင်းရိုင်ပြည်နယ် မယ်ဆိုင်ဘက်က နယ်စပ်ဈေးကိုတော့ အခု စက်တင်ဘာလမှာ ပြန်ဖွင့်ဖို့ စီစဉ်ထားပါတယ်။

ထိုင်းအစိုးရက ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့က ထိုင်းမြန်မာနယ်စပ် အပါအဝင် ကမ္ဘောဒီးယား၊ လာအို၊ မလေးရှားနိုင်ငံတွေနဲ့ ထိစပ်တွေနဲ့ နယ်စပ်ဂိတ်များကို ပြန်လည်ဖွင့်လှစ်ရန် လျာထားပေမယ့် စိန်ခေါ်မူတွေကတော့ ရှိနေအုန်းမှာ ဖြစ်တယ်လို့ ထိုင်းတောင်ပိုင်းအခြေစိုက်ပညာရေးနဲ့ဖွံဖြိုးရေးအဖွဲက အလုပ်သမားရေးတာဝန်ခံဦးမင်းဦးကပြောပါတယ်။

"အရမ်းကာရောဒီကာလမှာ open ဖွင့်တာမျိုးတွေလုပ်လို့တော့မရသေးဘူး ကိုယ်ချည်းပဲ ဖွင့်လို့မရဘူး အိမ်နီးချင်းနိုင်ငံမှာ ကျနော်တို့မြန်မာနိုင်ငံဘက်မှာတော့ Delta တွေ တာတွေ ဖြစ်နေတယ်မဟုတ်လား ဒီဘက်ကအဆင်ပြေလို့ဖွင့်ရင်တောင်မှ ဟိုဘက်ခြမ်းအိမ်နီချင်းနိုင်ငံတွေရဲ့ရောဂါဖြစ်ပွားမူ့နှန်းတွေကိုကြည့်ရအုန်းမှာလေ။ဒီကာလအတွင်းမှာ သူတို့ရောာဂါကူးစက်မူတွေ ဘယ်လောက်ကြာမလဲ ကာကွယ်ဆေးတွေဘယ်လောက်ထိုးနိုင်မလဲဆိုတာလည်းအဲဒါတွေပြီးမူတည်ပြီးမှ ဖွင့်တယ်မဖွင့်ဘူးဆိုတာသွားမှာ။ ကြည့်ရအုန်းမှာ လူမူ့ဖူလုံရေးနဲ့ပတ်သက်လို့ သူတို့ကုန်တာက ၁၃ ဒသမ ၅ဘီလျံလောက်ကုန်တယ် ဒုတိယတခေါက်မှာကုနု်တယ် ပထမ တခေါက်မှာကုန်တာ ကာကွယ်ဆေးနဲပတ်သက်တာကျန်းမားရေးနဲ့ပတ်သက်တာ သူတို့အရန်ဘဏ္ဍာရှိတယ်မပူနဲ့ဆိုတောတော့ပြောထားတာရှိတယ် ဒါပေမယ် အဲဒီ ၁၃ ဘီလျံကျော်ကိစ္စကိုတောင်မှအဲဒါတွေကိုလည်း ၂ကြိမ်လောက်ဝန်ကြီးအဖွဲက ဆုံးဖြတ်ပြီးမှ လုပ်ရတာလေ ရောဂါအများကြီးဖြစ်တဲ့ အနီရင့်ရောင်ဇုန်ကိုပဲသူတို့ကဦးတည်ပြီးစဉ်းစားနေရတာ ။ အဲဒါတွေကိုလည်းမူတည်တယ်နယ်စပ်တွေပြန်ဖွင့်မယ့်ကိစ္စကတော့"

ထိခိုက်နေတဲ့ ခရီးသွားလုပ်ငန်းကို ပြန်လည်အသက်သွင်းနိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ ကမ္ဘာလှည့်ဧည့်သည် အသွားများတဲ့ ဖူးခက်ပြည်နယ်ကို ဇူလိုင်လက စတင်ပြန်ဖွင့်ခဲ့ပါတယ်။ ဒုတိယအဆင့်အနေနဲ့ဘန်ကောက်ကို အပြည့်အဝ ပြန်ဖွင့်ဖို့စီစဉ်ထားပေမဲ့ လူဦးရေအပြည့် ကိုဗစ်ကာကွယ်ဆေး မထိုးမပေးနိုင်သေးတာကြောင့်နိုဝင်ဘာလအထိနောက်ဆုတ်ထားပါတယ်။ ချင်းမိုင် ဟွာဟင် ချွန်ဘူရီ စတဲ့ ဒေသတွေကိုတော့ အောက်တိုဘာလထဲမှာ ဖွင့်နိုင်ဖို့ စီစဉ်နေကြပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ် ထိုင်းနိုင်ငံံမှာ ကိုဗစ်ကြောင့် စီးပွားရေး ဆက်တိုက် ကျဆင်းနေတာကြောင့် စက်တင်ဘာလကစပြီး ကိုဗစ်ကို ကာကွယ်ကုသရင်းနဲ့ ကပ်ရောဂါနဲ့ အတူယှဉ်တွဲနေထိုင်ဖို့ဆိုတာမျိုးတွေကို ဆုံးဖြတ်လာခဲ့တယ်လို့ ဦးမင်းဦးက ပြောပါတယ်။

"ကိုဗစ်နဲ့ယှဉ်တွဲနေထိုင်ရေးနဲပတ်သက်လို့ အခုနောက်ပိုင်း ကျန်းမာရေးဌာနကကောသက်ဆိုင်ရာပညာရှင်တွေကကောပြောတယ် ကိုဗစ်နဲ့ ယှဉ်တွဲနေထိုင်ဖို့ပဲ သွားရတော့ မယ် ဝန်ကြီးချုပ်ကတော့အဲဒီလိုပဲပြောတယ်လေ"

ထိုင်းအစိုးရအနေနဲ့ အခုလိုနယ်စပ်တွေဖွင့်နိုင်ဖို့ တတိုင်းပြည်လုံးဖွင့်နိုင်ဖို့လျာထားချက်ရှိပေမယ့် အနည်းဆုံး တိုင်းပြည်မှာရှိတဲ့ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပေးပြီးမှသာ ဖွင့်လှစ်နိုင်မည်ဖြစ်တယ်လို့ ထိုင်းအစိုးရက ပြောထားပါတယ်။ အခုချိန်ထိ မြန်မာအပါအဝင်သန်းနဲ့ချီရှိနေတဲ့ နိုင်ငံခြားသားရွေပြောင်းအလုပ်သမားတွေကို ထိုင်းနိုင်ငံတွင်းကာကွယ်ဆေးထိုးနိုင်ဖို့တွေကလည်း အကန့်အသတ်တွေရှိနေဆဲဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG