သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္း-ျမန္မာနယ္စပ္ ဒုကၡသည္စခန္းေတြမွာ ကိုဗစ္ကူးစက္သူေတြ ထပ္မံေတြ႕ရွိ


မယ္လအူးဒုကၡသည္စခန္း။

Zawgyi/Unicode

ထိုင္းႏိုင္ငံေျမာက္ပုိ္င္း၊ မယ္ေဟာင္ေဆာင္ျပည္နယ္မွာရွိတဲ့ မယ္လအူး ဒုကၡသည္စခန္းမွာ ကန့္သတ္ပိတ္ဆုိ့မူေတြလုပ္ထားခ်ိန္မွာပဲ ကုိဗစ္ကူးစက္သူ ဒုကၡသည္ ၃ဦးထပ္ေတြ ့ရွိခဲ့ရသလို၊ တာ့ခ္ျပည္နယ္ထဲက မယ္လဒုကၡစခန္းမွာေတာ့ ၂၆ဦး၊ အုန္းျဖန္စခန္းမွာေတာ့ ၄ဦး ေတြ႔ရွိခဲ့ေႀကာင္း ကရင္ဒုကၡသည္ေကာ္မတီ KRC က ေျပာပါတယ္။ ဒီအေၾကာင္း ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္းႏိုင္ငံမွာကိုဗစ္ကူးစက္မူေတြ ေနစဥ္ေသာင္းခ်ီတိုးေနခ်ိန္မွာပဲ နယ္စပ္ဒုကၡသည္စခန္းေတြမွာလဲ ဒီရက္ပုိင္းအတြင္ းကူးစက္မူေတြ ရွိလာေႀကာင္း ကရင္ဒုကၡသည္ေကာ္မတီဥကၠဌ ဦးေရာဘတ္ေထြးက ေျပာျပပါတယ္။

"ေနာက္ထပ္ ၃ ေယာက္ေပါ့ေနာ္။ ေနာက္ထပ္ ၃ ေယာက္နဲ့ အားလံုး၉ေယာက္ေပါ့ေနာ္။ မယ္လစခန္းမွာေတာ့ ၂၆ ေယာက္။ ေစာင့္ႀကည့္စင္တာ Quarantine မွာ၀င္ေနရတာက ၁၅၀ရွိတယ္။ အုန္းျဖန္က ၄ေယာက္ ေစာင့္ႀကည့္စင္တာ Quarantine မွာ၀င္တာက ၂ေယာက္။ မယ္လက ၂၆ ေယာက္။ ဒီေန့ဆရာ၀န္က ေျပာတယ္ကုိ္ယ္ပူခ်ိန္ေတြ နည္းနည္းက်လာျပီတဲ့ ႀကည့္တာေတာ့ ျဖစ္တာ ၂၆ေယာက္ ေစာင့္ႀကည့္စင္တာ Quarantine ၀င္ရတာ ၁၅၀ ရွိတယ္။"

မယ္လအူးဒုကၡသည္စခန္းရဲ႕ ေဖြးေဘာလူဆိုတဲ့ေနရာမွာေတာ့ ဒုကၡသည္ ၃ဦး ကိုဗစ္ကပ္ေရာဂါျဖစ္တာနဲ့ပတ္သက္လုိ့ စခန္းတြင္းက ဒုကၡသည္တဦးက အခုလိုေျပာျပပါတယ္။

"ထိုင္းေတာင္ေပၚရြာေတြမွာ အလုပ္သြားလုပ္ျပီးျပန္လာႀကတယ္။ ျပီးခဲ့တဲ့အပတ္ကေပါ့ ျပီးခဲ့တဲအပတ္ကျပန္လာႀကတဲ့သူေတြက သတ္မွတ္ထားတဲ့ ေစာင့္ႀကည့္စင္တာကိုသြားရတယ္။ က်န္းမာေရးစစ္ေဆးမူေတြလုပ္ေတာ့ ေသာႀကာညမွ ာအေျဖလာတယ္လို့စခန္းတာ၀န္ရွိသူကေျပာတာေပါ့။ အေျဖသိရေတာ့ စေန့မနက္မွာလာေခၚသြားတယ္။ ကိုဗစ္ေတြထားတဲ့ေနရာကို ပုိ့ေဆာင္လိုက္တယ္၊ ၃ ေယာက္ေပါ့။ ရပ္ကြက္ ၆ က ၂ေယာက္၊ ရပ္ကြက္ ၃ က တေယာက္ေပါ့။ သြားလာတာေတာ့ ကန္႔သတ္ထားတယ္။ ေျပာရရင္ မယ္လအူးဆိုတာ ေအာက္နဲ႔အေပၚဆိုတာရွိတယ္။ အခုပိုးေတြ႕တာ ေအာက္ဖက္အျခမ္း။ ေဖြးေပၚလူဘက္အျခမ္းေပါ့။ အဲဒါကို အေပၚကလူ ေအာက္ကိုဆင္းမယ္ဆိုရင္ ရပ္ကြက္ေထာက္ခံစာယူၿပီးသြားေပါ့။ ကိစၥအေၾကာင္းအရာမရွိလဲ မသြားရဘူး။ အဲဒီလို ေျပာထားတယ္။"

ဒုကၡသည္ေတြႀကားမွာကုိဗစ္ျဖစ္ေနတာေႀကာင့္ ဒုကၡသည္ေတြ ကာကြယ္ေဆးထိုးခြင့္အေျခအေနနဲပတ္သက္လို့ က်န္းမာေရး၀န္ထမ္းေတြကိုသာဦးစားေပးအေနနဲ့ လက္ရွိမွာ ကာကြယ္ေဆးေတြ စတင္ထုိးေပးေနတဲ့အေႀကာင္း၊ ဒုကၡသည္ေတြေတာ့ ကာကြယ္ေဆးထိုးခြင့္မရေသးေႀကာင္း ေျပာျပပါတယ္။

"က်န္းမာေရး၀န္ထမ္းေတြပဲ ထုိးရတယ္။ အေႀကာင္းအရာတခုခုျဖစ္ရင္ ၀န္ထမ္းေတြပဲေရွ့ဆံုးကပဲလုပ္ေဆာင္ရေတာ့ အရင္သြားရေတာ့သူတို့ကို အရင္ဦးစားေပး ထုိးေပးတာေပါ့။ စခန္းေကာ္မတီေတြလည္း မထုိးရေသးပါဘူး။ စခန္းသူ စခန္းသားေတြလည္းမထုိးရ ေသးပါဘူး။ ထုိးေပးမလား၊ မထုိးေပးဘူးလား ဘယ္အခ်ိန္ျဖစ္မလဲ မသိရ ေသးပါဘူး။ က်ေနာ္တို့ကစိုးရိမ္တာေပါ့ စိုးရိမ္လို့အျပင္ေတြဘာေတြမထြက္ပါဘူး အိမ္ထဲမွာပဲေနႀကတာေပါ့။"

ထိုင္းျမန္မာနယ္စပ္မွာ ဒုကၡသည္စခန္း (၉) ခုရိွျပီး ဒုကၡသည္ တသိန္းနီးပါးခိုလွံဳေနထုိင္ေနႀကတာပါ။ အခု ကုိဗစ္လူနာေတြေတြ႕တဲ့ မယ္လစခန္းမွာေတာ့ ဒုကၡသည္ ၄ေသာင္းေက်ာ္ ခိုလွံုေနထုိင္ေနတာျဖစ္ျပီး မယ္လာအူးစခန္းမွာတာ့ ဒုကၡသည္ ၉ေထာင္ေလာက္ရွိပါတယ္။ ဒုကၡသည္စခန္းေတြမွာေတာ့ အျပင္သြားလာခြင့္ေတြကုိ တင္းႀကပ္ထားပါတယ္။

ထိုိင္းႏို္င္ငံမွာ ကိုဗစ္အတည္ျပဳလူနာ ၁၁၇,၄၀၀၀ ေက်ာ္ရွိေနျပီး ႀသဂုတ္လ ၂၉ ရက္ေန့ တေန့တည္းကူးစက္သူက၁၆, ၅၀၀ ေက်ာ္ရွိပါတယ္။ စုစုေပါင္းေသဆံုးသူကေတာ့ ၁၁,၁၀၀ ေက်ာ္ထိ ရွိလာေႀကာင္း ထုိင္းက်န္းမာေရး၀န္ႀကီးဌာနက အတည္ျ႔ပဳထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


[[Unicode]]

ထိုင်းနိုင်ငံမြောက်ပိုင်း၊ မယ်ဟောင်ဆောင်ပြည်နယ်မှာရှိတဲ့ မယ်လအူး ဒုက္ခသည်စခန်းမှာ ကန့်သတ်ပိတ်ဆို့မူတွေလုပ်ထားချိန်မှာပဲ ကိုဗစ်ကူးစက်သူ ဒုက္ခသည် ၃ဦးထပ်တွေ့ရှိခဲ့ရသလို၊ တာ့ခ်ပြည်နယ်ထဲက မယ်လဒုက္ခစခန်းမှာတော့ ၂၆ဦး၊ အုန်းဖြန်စခန်းမှာတော့ ၄ဦး တွေ့ရှိခဲ့ကြောင်း ကရင်ဒုက္ခသည်ကော်မတီ KRC က ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမှာကိုဗစ်ကူးစက်မူတွေ နေစဉ်သောင်းချီတိုးနေချိန်မှာပဲ နယ်စပ်ဒုက္ခသည်စခန်းတွေမှာလဲ ဒီရက်ပိုင်းအတွင် းကူးစက်မူတွေ ရှိလာကြောင်း ကရင်ဒုက္ခသည်ကော်မတီဥက္ကဌ ဦးရောဘတ်ထွေးက ပြောပြပါတယ်။

"နောက်ထပ် ၃ ယောက်ပေါ့နော်။ နောက်ထပ် ၃ ယောက်နဲ့ အားလုံး၉ယောက်ပေါ့နော်။ မယ်လစခန်းမှာတော့ ၂၆ ယောက်။ စောင့်ကြည့်စင်တာ Quarantine မှာဝင်နေရတာက ၁၅၀ရှိတယ်။ အုန်းဖြန်က ၄ယောက် စောင့်ကြည့်စင်တာ Quarantine မှာဝင်တာက ၂ယောက်။ မယ်လက ၂၆ ယောက်။ ဒီနေ့ဆရာဝန်က ပြောတယ်ကိုယ်ပူချိန်တွေ နည်းနည်းကျလာပြီတဲ့ ကြည့်တာတော့ ဖြစ်တာ ၂၆ယောက် စောင့်ကြည့်စင်တာ Quarantine ဝင်ရတာ ၁၅၀ ရှိတယ်။"

မယ်လအူးဒုက္ခသည်စခန်းရဲ့ ဖွေးဘောလူဆိုတဲ့နေရာမှာတော့ ဒုက္ခသည် ၃ဦး ကိုဗစ်ကပ်ရောဂါဖြစ်တာနဲ့ပတ်သက်လို့ စခန်းတွင်းက ဒုက္ခသည်တဦးက အခုလိုပြောပြပါတယ်။

"ထိုင်းတောင်ပေါ်ရွာတွေမှာ အလုပ်သွားလုပ်ပြီးပြန်လာကြတယ်။ ပြီးခဲ့တဲ့အပတ်ကပေါ့ ပြီးခဲ့တဲအပတ်ကပြန်လာကြတဲ့သူတွေက သတ်မှတ်ထားတဲ့ စောင့်ကြည့်စင်တာကိုသွားရတယ်။ ကျန်းမာရေးစစ်ဆေးမူတွေလုပ်တော့ သောကြာညမှ ာအဖြေလာတယ်လို့စခန်းတာဝန်ရှိသူကပြောတာပေါ့။ အဖြေသိရတော့ စနေ့မနက်မှာလာခေါ်သွားတယ်။ ကိုဗစ်တွေထားတဲ့နေရာကို ပို့ဆောင်လိုက်တယ်၊ ၃ ယောက်ပေါ့။ ရပ်ကွက် ၆ က ၂ယောက်၊ ရပ်ကွက် ၃ က တယောက်ပေါ့။ သွားလာတာတော့ ကန့်သတ်ထားတယ်။ ပြောရရင် မယ်လအူးဆိုတာ အောက်နဲ့အပေါ်ဆိုတာရှိတယ်။ အခုပိုးတွေ့တာ အောက်ဖက်အခြမ်း။ ဖွေးပေါ်လူဘက်အခြမ်းပေါ့။ အဲဒါကို အပေါ်ကလူ အောက်ကိုဆင်းမယ်ဆိုရင် ရပ်ကွက်ထောက်ခံစာယူပြီးသွားပေါ့။ ကိစ္စအကြောင်းအရာမရှိလဲ မသွားရဘူး။ အဲဒီလို ပြောထားတယ်။"

ဒုက္ခသည်တွေကြားမှာကိုဗစ်ဖြစ်နေတာကြောင့် ဒုက္ခသည်တွေ ကာကွယ်ဆေးထိုးခွင့်အခြေအနေနဲပတ်သက်လို့ ကျန်းမာရေးဝန်ထမ်းတွေကိုသာဦးစားပေးအနေနဲ့ လက်ရှိမှာ ကာကွယ်ဆေးတွေ စတင်ထိုးပေးနေတဲ့အကြောင်း၊ ဒုက္ခသည်တွေတော့ ကာကွယ်ဆေးထိုးခွင့်မရသေးကြောင်း ပြောပြပါတယ်။

"ကျန်းမာရေးဝန်ထမ်းတွေပဲ ထိုးရတယ်။ အကြောင်းအရာတခုခုဖြစ်ရင် ဝန်ထမ်းတွေပဲရှေ့ဆုံးကပဲလုပ်ဆောင်ရတော့ အရင်သွားရတော့သူတို့ကို အရင်ဦးစားပေး ထိုးပေးတာပေါ့။ စခန်းကော်မတီတွေလည်း မထိုးရသေးပါဘူး။ စခန်းသူ စခန်းသားတွေလည်းမထိုးရ သေးပါဘူး။ ထိုးပေးမလား၊ မထိုးပေးဘူးလား ဘယ်အချိန်ဖြစ်မလဲ မသိရ သေးပါဘူး။ ကျနော်တို့ကစိုးရိမ်တာပေါ့ စိုးရိမ်လို့အပြင်တွေဘာတွေမထွက်ပါဘူး အိမ်ထဲမှာပဲနေကြတာပေါ့။"

ထိုင်းမြန်မာနယ်စပ်မှ ာဒုက္ခသည်စခန်း (၉) ခုရှိပြီး ဒုက္ခသည် တသိန်းနီးပါးခိုလှုံနေထိုင်နေကြတာပါ။ အခု ကိုဗစ်လူနာတွေတွေ့တဲ့ မယ်လစခန်းမှာတော့ ဒုက္ခသည် ၄သောင်းကျော် ခိုလှုံနေထိုင်နေတာဖြစ်ပြီး မယ်လာအူးစခန်းမှာတာ့ ဒုက္ခသည် ၉ထောင်လောက်ရှိပါတယ်။ ဒုက္ခသည်စခန်းတွေမှာတော့ အပြင်သွားလာခွင့်တွေကို တင်းကြပ်ထားပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ ၁၁၇,၄၀၀၀ ကျော်ရှိနေပြီး သြဂုတ်လ ၂၉ ရက်နေ့ တနေ့တည်းကူးစက်သူက၁၆, ၅၀၀ ကျော်ရှိပါတယ်။ စုစုပေါင်းသေဆုံးသူကတော့ ၁၁,၁၀၀ ကျော်ထိ ရှိလာကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနက အတည်ြ့ပုထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG