သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တနသၤာရီဘက္ ထိုင္း-ျမန္မာနယ္စပ္ဂိတ္ ကိုဗစ္ေၾကာင့္ တပတ္ပိတ္


ဆင္ခြန္ နယ္စပ္ဂိတ္ျမင္ကြင္း (ဓာတ္ပံု-CJ)

(Zawgyi/Unicode)

ထိုင္း-ျမန္မာနယ္စပ္ဂိတ္တခုျဖစ္တဲ့ ဆင္ခြန္ (Sin Khon- Maw Daung) နယ္စပ္ စစ္ေဆးေရးဂိတ္ကို ထိုင္းဘက္က တပတ္ ပိတ္လိုက္ပါတယ္။ နယ္စပ္ဂိတ္႐ွိတဲ့ ထိုင္းဘက္အျခမ္း Prachuap Khiri Khan ျပည္နယ္ထဲက Prachuap အက်ဥ္းေထာင္မွာ အက်ဥ္းသားတခ်ဳိ႕ ကူးဗစ္ေရာဂါ ကူးစက္ေနတာ ေတ႔ြ႐ွိခဲ့ၿပီးေနာက္ ခုလို နယ္စပ္ဂိတ္ ပိတ္တာအပါအဝင္ ကန္႔သတ္ခ်က္ေတြကို လုပ္လိုက္တာပါ။ ဆင္ခြန္နယ္စပ္ဂိတ္ ပိတ္လိုက္တဲ့အတြက္ ကုန္သြယ္ေရးအပါအဝင္ ဘယ္လို သက္ေရာက္မႈ႐ွိႏိုင္သလဲဆိုတာ ထိုင္းအေျခစိုက္သတင္းေထာက္ မေအးေအးမာက ေျပာျပပါမယ္။

တနသၤာရီတိုင္း ၿမိတ္ၿမိဳ႕နဲ႔ ထိဆက္ေနတဲ့ ထိုင္းႏိုင္ငံ Prachuap Khiri Khan ျပည္နယ္ထဲမွာ ကိုဗစ္ကပ္ေရာဂါပုိး ကူးစက္ေနသူေတြ ေတြ႔႐ွိခဲ့ၿပီးေနာက္ ထိုင္းျမန္မာနယ္စပ္ စစ္ေဆးေရးဂိတ္ကို ထိုင္းဘက္က ယာယီပိတ္လိုက္တာပါ။

Prachuap အက်ဥ္းေထာင္တြင္းက ေထာင္ဝါဒါတခ်ဳိ႕နဲ႔ အက်ဥ္းသားဆယ္ဂဏန္းေလာက္ ကိုဗစ္ကပ္ေရာဂါကူးစက္ေနတာေၾကာင့္ ကုန္ပစၥည္းပို႔ေဆာင္ေရးအပါအဝင္ ထိန္းခ်ဳပ္မႈေတြလုပ္တဲ့အေနနဲ႔ နယ္စပ္ဂိတ္ပိတ္ဖုိ႔ ဆံုးျဖတ္ခဲ့တာလို႔ ျပည္နယ္ ဒုတိယအုပ္ခ်ဳပ္ေရးမႉး ဖြန္ပီရီယ ကႏူဆြန္ (Phrompiriya Kitnuson) ဦးေဆာင္တဲ့ ျပည္နယ္ ကပ္ေရာဂါထိမ္းခ်ဳပ္ေရးေကာ္မတီ္က ေၾကညာခဲ့ပါတယ္။
ဆင္ခြန္နယ္စပ္ဂိတ္ ပိတ္လိုက္တာနဲ႔ပတ္သက္လို႔ ထိုင္းေတာင္ပိုင္းအေျခစိုက္ ပညာေရးနဲ႔ ဖြံ႔ၿဖိဳးေရးအဖဲြ ့အလုပ္သမားေရးရာတာ၀န္ခံ ဦးမင္းဦးက အခုလိုေျပာပါတယ္။

"အဓိက ပက်ြတ္အက်ဥ္းေထာင္က အက်ဥ္းသားေတြနဲ့ ေထာင္၀န္ထမ္းေတြမွာ ကိုဗစ္ကူးဆက္မူေတြျဖစ္တဲ့အတြက္ ေတြ့တဲ့အတြက္ ေရာဂါကူးစက္မူမျဖစ္ေအာင္လုိ့ အကုန္လံုးကိုပိ္တ္လိုက္တာ။ အ၀င္အထြက္ေတြပိတ္လိုက္တာ အထူးသျဖင့္ ဆင္ခြန္ဂိတ္ကို လူေကာ ကုန္ေရာ အကုန္လံုးပိ္တ္လိုက္တာ ေထာင္ထဲမွာရွိတဲ့၀န္ထမ္းေတြကိုလည္း အျပင္ေပးမထြက္ေတာ့ဘူး ၂၈ ရက္ေထာင္ထဲမွာပဲေနေပါ့ ။"
ျမန္မာဘက္အျခမ္းက မိုးေထာင္နယ္စပ္ၿမိဳ႕နဲ႔ ထိုင္းဘက္အျခမ္းက Klong Wan နယ္စပ္ၿမိဳ႕ကို ညီအမၿမိဳ႕အျဖစ္သတ္မွတ္ထားၿပီး ျမန္မာဘက္ကအလုပ္သမားေတြ လနဲ႔ခ်ီ အလုပ္လုပ္ကိုင္ေနထုိင္လို႔ရတဲ့ နယ္စပ္ျဖစ္ပါတယ္။ အဲဒီနယ္စပ္ဂိတ္ဘက္ကေန ထိုင္းႏိုင္ငံက လ ွ်ပ္စစ္ပစၥည္းေတြ၊ အစားအေသာက္ သီးႏွံထြက္ကုန္ေတြအေျမာက္အမ်ား ျမန္မာဘက္ကုိ ပို႔ေဆာင္ေနတာပါ။

နယ္စပ္စစ္ေဆးဂိတ္ တပတ္ပိတ္လိုက္တဲ့အတြက္ ကုန္စည္စီးဆင္းမႈနဲ႔ နယ္စပ္မွာ အလုပ္လုပ္ေနတဲ့ ျမန္မာအလုပ္သမားေတြ ဘယ္ေလာက္ ထိခိုက္ႏိုင္သလဲဆိုတာ ကိုမင္းဦးက ခုလုိ သံုးသပ္ပါတယ္။

"မဲေဆာက္တို႔ ရေနာင္းတို႕လည္း လေပးလုပ္တဲ့သူေတြရိွတယ္ ၃ လ အလုပ္လုပ္လို႔ရတဲ့ျမိဳ႕ျဖစ္တယ္ေလ ပစၥည္း၀ယ္ေစ်း၀ယ္ ကုန္စည္ေတြ ထုတ္ကုန္မွာ ႏွစ္မ်ိဳးရွိတယ္။ စားေသာက္ကုန္တို႔ လွ်ပ္စစ္အေျခခံ အသံုးအေဆာင္ပစၥည္းေတြ ပါတယ္ ထုတ္ကုန္အေနနဲ႔ ငါးေသတၱာတို႔ု ဟာမ်ိုးေတြ ပို႔တာရွိတယ္ စားေသာက္ကုန္နဲ႔ပတ္သက္လို႔ အသီးအႏွံတို႔ပါတယ္ အထူးသျဖင့္ ကုန္စည္နဲ႔ပတ္သက္ၿပီး ပို႔ေနတဲ့ သယ္ယူပုိ႔ေဆာင္ေရးလုပ္ေနတဲ့သူေတြအတြက္ အလုပ္သမားေတြအတြက္ကေတာ့ အလုပ္က ကိုဗစ္ျဖစ္ျပီးေနာက္ပုိင္း အ၀င္အထြက္လုပ္မရေတာ့ အခက္အခဲျဖစ္ေနတာေတာ့ႀကာျပီ က်ေနာ္တို႔ေရႊ႕ေျပာင္းအလုပ္သမားေတြအတြက္ကေတာ့ေပါ့။"

ထိုင္းျမန္မာ နယ္စပ္ၿမိဳ႕ ေနာက္တခုျဖစ္တဲ့ မဲေဆာက္ၿမိဳ႕မွာ ျမန္မာႏိုင္ငံက ေ႐ႊ႕ေျပာင္းအလုပ္သမား အမ်ားအျပား ကိုဗစ္ကပ္ေရာဂါ ကူးစက္ေနၾကတဲ့အတြက္လည္း ကန္႔သတ္ထိန္းခ်ဳပ္မႈေတြ ထိုင္းအာဏာပိုင္ေတြက လုပ္ေနပါတယ္။
ကိုဗစ္ကပ္ေရာဂါစတင္ခ်ိန္၂၀၂၀ ႏွစ္ဆန္းေလာက္ကစျပီး ထို္င္းက နယ္စပ္ဂိတ္ေတြကေန ခရီးသည္အသြားအလာပိတ္ထားၿပီး ကုန္တင္ပို႔ တင္သြင္းမႈေတြကိုပဲ ခြင့္ျပဳထားပါတယ္။

ျမိတ္ၿမိဳ႕နဲ႔ ကပ္ေနတဲ့ ဆင္ခြန္နယ္စပ္ဂိတ္ဟာ ထုိင္းႏိုင္ငံဘက္က ျမန္မာႏိုင္ငံဘက္ကုိ ဘတ္သန္း ၁,၄၀၀ ေလာက္ တန္ဖိုးရွိတဲ့ ကုန္စည္ေတြ ႏွစ္စဥ္ တင္ပို႔ေရာင္းခ် ကုန္စည္စီးဆင္းေနတဲ့ နယ္စပ္ဂိတ္တခုလည္းျဖစ္ပါတယ္ ျမန္မာႏိုင္ငံဘက္ကေတာ့ ေဒသထြက္ကုန္ေတြ စားေသာက္ကုန္ေတြကိုသာ ပို႔ေဆာင္ေနတာျဖစ္ပါတယ္။

......................................................................................

တိုက္႐ိုက္ လင့္ခ္


တနင်္သာရီဘက် ထိုင်း-မြန်မာနယ်စပ်ဂိတ် ကိုဗစ်ကြောင့် တပတ်ပိတ်

(Unicode)

ထိုင်း-မြန်မာနယ်စပ်ဂိတ်တခုဖြစ်တဲ့ ဆင်ခွန် (Sin Khon- Maw Daung) နယ်စပ် စစ်ဆေးရေးဂိတ်ကို ထိုင်းဘက်က တပတ် ပိတ်လိုက်ပါတယ်။ နယ်စပ်ဂိတ်ရှိတဲ့ ထိုင်းဘက်အခြမ်း Prachuap Khiri Khan ပြည်နယ်ထဲက Prachuap အကျဉ်းထောင်မှာ အကျဉ်းသားတချို့ ကူးဗစ်ရောဂါ ကူးစက်နေတာ တေ့ွရှိခဲ့ပြီးနောက် ခုလို နယ်စပ်ဂိတ် ပိတ်တာအပါအဝင် ကန့်သတ်ချက်တွေကို လုပ်လိုက်တာပါ။ ဆင်ခွန်နယ်စပ်ဂိတ် ပိတ်လိုက်တဲ့အတွက် ကုန်သွယ်ရေးအပါအဝင် ဘယ်လို သက်ရောက်မှုရှိနိုင်သလဲဆိုတာ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက ပြောပြပါမယ်။

တနင်္သာရီတိုင်း မြိတ်မြို့နဲ့ ထိဆက်နေတဲ့ ထိုင်းနိုင်ငံ Prachuap Khiri Khan ပြည်နယ်ထဲမှာ ကိုဗစ်ကပ်ရောဂါပိုး ကူးစက်နေသူတွေ တွေ့ရှိခဲ့ပြီးနောက် ထိုင်းမြန်မာနယ်စပ် စစ်ဆေးရေးဂိတ်ကို ထိုင်းဘက်က ယာယီပိတ်လိုက်တာပါ။

Prachuap အကျဉ်းထောင်တွင်းက ထောင်ဝါဒါတချို့နဲ့ အကျဉ်းသားဆယ်ဂဏန်းလောက် ကိုဗစ်ကပ်ရောဂါကူးစက်နေတာကြောင့် ကုန်ပစ္စည်းပို့ဆောင်ရေးအပါအဝင် ထိန်းချုပ်မှုတွေလုပ်တဲ့အနေနဲ့ နယ်စပ်ဂိတ်ပိတ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဖွန်ပီရီယ ကနူဆွန် (Phrompiriya Kitnuson) ဦးဆောင်တဲ့ ပြည်နယ် ကပ်ရောဂါထိမ်းချုပ်ရေးကော်မတီ်က ကြေညာခဲ့ပါတယ်။
ဆင်ခွန်နယ်စပ်ဂိတ် ပိတ်လိုက်တာနဲ့ပတ်သက်လို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးက အခုလိုပြောပါတယ်။

"အဓိက ပကျွတ်အကျဉ်းထောင်က အကျဉ်းသားတွေနဲ့ ထောင်ဝန်ထမ်းတွေမှာ ကိုဗစ်ကူးဆက်မူတွေဖြစ်တဲ့အတွက် တွေ့တဲ့အတွက် ရောဂါကူးစက်မူမဖြစ်အောင်လို့ အကုန်လုံးကိုပိတ်လိုက်တာ။ အဝင်အထွက်တွေပိတ်လိုက်တာ အထူးသဖြင့် ဆင်ခွန်ဂိတ်ကို လူကော ကုန်ရော အကုန်လုံးပိတ်လိုက်တာ ထောင်ထဲမှာရှိတဲ့ဝန်ထမ်းတွေကိုလည်း အပြင်ပေးမထွက်တော့ဘူး ၂၈ ရက်ထောင်ထဲမှာပဲနေပေါ့ ။"
မြန်မာဘက်အခြမ်းက မိုးထောင်နယ်စပ်မြို့နဲ့ ထိုင်းဘက်အခြမ်းက Klong Wan နယ်စပ်မြို့ကို ညီအမမြို့အဖြစ်သတ်မှတ်ထားပြီး မြန်မာဘက်ကအလုပ်သမားတွေ လနဲ့ချီ အလုပ်လုပ်ကိုင်နေထိုင်လို့ရတဲ့ နယ်စပ်ဖြစ်ပါတယ်။ အဲဒီနယ်စပ်ဂိတ်ဘက်ကနေ ထိုင်းနိုင်ငံက လ ျှပ်စစ်ပစ္စည်းတွေ၊ အစားအသောက် သီးနှံထွက်ကုန်တွေအမြောက်အများ မြန်မာဘက်ကို ပို့ဆောင်နေတာပါ။

နယ်စပ်စစ်ဆေးဂိတ် တပတ်ပိတ်လိုက်တဲ့အတွက် ကုန်စည်စီးဆင်းမှုနဲ့ နယ်စပ်မှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေ ဘယ်လောက် ထိခိုက်နိုင်သလဲဆိုတာ ကိုမင်းဦးက ခုလို သုံးသပ်ပါတယ်။

"မဲဆောက်တို့ ရနောင်းတို့လည်း လပေးလုပ်တဲ့သူတွေရှိတယ် ၃ လ အလုပ်လုပ်လို့ရတဲ့မြို့ဖြစ်တယ်လေ ပစ္စည်းဝယ်ဈေးဝယ် ကုန်စည်တွေ ထုတ်ကုန်မှာ နှစ်မျိုးရှိတယ်။ စားသောက်ကုန်တို့ လျှပ်စစ်အခြေခံ အသုံးအဆောင်ပစ္စည်းတွေ ပါတယ် ထုတ်ကုန်အနေနဲ့ ငါးသေတ္တာတို့ ဟာမျိုးတွေ ပို့တာရှိတယ် စားသောက်ကုန်နဲ့ပတ်သက်လို့ အသီးအနှံတို့ပါတယ် အထူးသဖြင့် ကုန်စည်နဲ့ပတ်သက်ပြီး ပို့နေတဲ့ သယ်ယူပို့ဆောင်ရေးလုပ်နေတဲ့သူတွေအတွက် အလုပ်သမားတွေအတွက်ကတော့ အလုပ်က ကိုဗစ်ဖြစ်ပြီးနောက်ပိုင်း အဝင်အထွက်လုပ်မရတော့ အခက်အခဲဖြစ်နေတာတော့ကြာပြီ ကျနော်တို့ရွှေ့ပြောင်းအလုပ်သမားတွေအတွက်ကတော့ပေါ့။"

ထိုင်းမြန်မာ နယ်စပ်မြို့ နောက်တခုဖြစ်တဲ့ မဲဆောက်မြို့မှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမား အများအပြား ကိုဗစ်ကပ်ရောဂါ ကူးစက်နေကြတဲ့အတွက်လည်း ကန့်သတ်ထိန်းချုပ်မှုတွေ ထိုင်းအာဏာပိုင်တွေက လုပ်နေပါတယ်။
ကိုဗစ်ကပ်ရောဂါစတင်ချိန်၂၀၂၀ နှစ်ဆန်းလောက်ကစပြီး ထိုင်းက နယ်စပ်ဂိတ်တွေကနေ ခရီးသည်အသွားအလာပိတ်ထားပြီး ကုန်တင်ပို့ တင်သွင်းမှုတွေကိုပဲ ခွင့်ပြုထားပါတယ်။

မြိတ်မြို့နဲ့ ကပ်နေတဲ့ ဆင်ခွန်နယ်စပ်ဂိတ်ဟာ ထိုင်းနိုင်ငံဘက်က မြန်မာနိုင်ငံဘက်ကို ဘတ်သန်း ၁,၄၀၀ လောက် တန်ဖိုးရှိတဲ့ ကုန်စည်တွေ နှစ်စဉ် တင်ပို့ရောင်းချ ကုန်စည်စီးဆင်းနေတဲ့ နယ်စပ်ဂိတ်တခုလည်းဖြစ်ပါတယ် မြန်မာနိုင်ငံဘက်ကတော့ ဒေသထွက်ကုန်တွေ စားသောက်ကုန်တွေကိုသာ ပို့ဆောင်နေတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG